၁၈.၇.၂၀၁၃ ရက်နေ့ (၂၁၀၀) အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ၊
မြန်အောင်မြို့နယ် ၊ ဇလုပ်ကြီးအုပ်စု ၊ ပိန်းအင်းကျေးရွာနေ ၊ ဒေါ်---- (၅၆)
နှစ် သားဖြစ်သူ ကျော်မင်းထိုက် (၂၂) နှစ် ၊ တို့သည် တစ်ရွာတည်းနေ
ကျော်နိုင်မှ ဒုတ်နှင့်ပစ်၍ ဒဏ်ရာ ရရှိသဖြင့် ကျေးရွာ
အုပ်ချုပ်ရေးမှူးထံတွင် တိုင်ကြားပြီးနောက် အတူပြန်လာစဉ် ဦးသိန်းမြင့်၏
လယ်စောင့်တဲ အရောက် အရက်ပုလင်းကျန်ရစ်ခဲ့၍ လယ်စောင့်တဲအတွင်း
သွားရောက်ယူမည်ဟု ပြော၍ မိခင်အား လယ်စောင့်တဲ့ အတွင်း ခေါ်သွားပြီးနောက်
ကျော်မင်းထိုက်မှ ၄င်း၏ မိခင် ဒေါ်မစိန်အား သားမယားအဖြစ် အတင်းအဓမ္မ
ပြုကျင့်မည်ပြုလုပ်စဉ် မိခင် ဒေါ်မစိန်မှ “ သားရယ် အမေလေ အဲသည်လို မလုပ်ရဘူး
” ဟု ပြောရာ ရုန်းရဲရုန်းကြည့် ရုန်းလျှင် ဓါးနှင့် ထိုးမည်ဟု
ခြိမ်းခြောက် ပြောဆို၍ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မြန်အောင်မြို့နယ် ၊
ရွှေကျင်ရဲစခန်းတွင် (ပ) ၃၁ / ၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ
အမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရှိရပါသည်။
Myanmar News Now
0 comments:
Post a Comment