Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Monday, August 5, 2013

ဆွိဝတ်ရည်သောင်း၏ နံပါတ်တစ်

(ရန်ကုန်၊ ဇူလိုင် ၂၉) ဆွိဝတ်ရည်သောင်းက သူ့အတွက် ဂီတသည် နံပါတ် တစ်ဖြစ်ကြောင်း ပြောသည်။ ‘သီချင်းချစ်သူ’ အမည်ရှိ ဆွိဝတ်ရည်သောင်း၏ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီး ဒီဇင်ဘာလမှာ ထွက်ရှိ တော့မည် ဖြစ်သည်။ ”တစ်ကိုယ်တော် အခွေလေးကို ဒီဇင်ဘာလလောက် မှာထွက်ဖို့ မှန်းထားပါတယ်။ Title ကိုတော့ လောလော ဆယ် ‘သီချင်းချစ်သူ’ လို့ စဉ်းစားထားတယ်။ တေးရေးတွေ အနေနဲ့ ကေအေတီ၊ မြင့်မိုးအောင်၊ Rခိုင်၊ စိုင်းဝင်းဦး၊ ကိုဥ၊ မောင်သစ်မင်း၊ စံပီးတို့ ရေးပေးထားတယ်။ စုံတွဲတွေ က ကျော်သီဟရယ်၊ စိုင်းလိတ်ရယ် နဲ့ ဆိုထား တယ်။ ပေါ့ပ်၊ ရော့ခ်၊ စလိုး ရော့ခ်လေးတွေ ပါမယ်။ ဒါပေမဲ့ ရော့ခ်သီးသန့် ချည်းတော့ မဆိုဖြစ်ပါဘူး။ ဒီအခွေက ကျွန်မရဲ့ ပထမဆုံး အခွေ ဆိုတော့ အခက်အခဲတွေ အများကြီး...

ခံစားချက် နဲ့ ဆိုင်တဲ့ သီချင်းတွေ ပါဝင်မယ့် ဆုပန်ထွာ ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေ

သရုပ်ဆောင် ဘက်ရော၊ ဂီတ ဘက်မှာပါ ခုချိန်ထိ ပရိသတ် လက်ခံ အားပေးမှုကို ရရှိနေသူကတော့ ဆုပန်ထွာ ပဲ ဖြစ်ပါတယ်။ ဆုပန်ထွာ က အခု လက်ရှိ မှာလည်း ကားရိုက်ကူးမှုတွေ အပြင် ဂီတဘက်ကိုပါမျှ အောင် လုပ်ဆောင်နေပြီး “မတည့်အတူနေ” ဆိုတဲ့ ပထမစီးရီးခွေလည်း ထွက်ရှိပြီး ဖြစ်ပါတယ်။ နောက်ထပ် ဒုတိယ စီးရီးခွေ ကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။ ဆုပန်ထွာကို ပထမ စီးရီးခွေဖြစ်တဲ့ “မတည့်အတူနေ” ဆိုတဲ့အခွေနဲ့ မတူအောင် ဘယ်လို ဖန်တီးထားလဲ လို့မေး ကြည့်ဖြစ်တဲ့အခါ “စီးရီး title တော့ မပေးရသေးဘူး။ နည်းနည်းပဲ ပြီးသေးတယ် ဆိုတော့လေ။ အားလုံး သီချင်း ၁၂ ပုဒ် စလုံးပြီးမှပဲ အဲ ဒီထဲကနေပန်ပန် သဘောကျ တာ လေးကို ပြန်ရွေးပြီးတော့မှ ပေးမယ်။ ဒီတစ်ခါ သီချင်းလေးတွေက အေးအေး လေးတွေ ပိုများမယ်။...

တေးဂီတပညာရှင် ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း

မြန်မာ့ ဂီတလောကတွင် လွန်ခဲ့သေ နှစ်ပေါင်း(၄၀)ခန့် ကထဲက တေးသီချင်း များစွာ ရေးသားခဲ့ပြီး အောင်မြင်သော အဆိုတော်များ ဖြစ်သည့်- အနိုင်၊ အောင်သူ၊ မင်းအောင် ၊ ပိုင်ဆက်ကျော်၊ ဇေယျာနိုင်၊ စိမ့်နေခြည်၊ အိအိချွန်တို့၏ အောင်မြင်သော တေးသီချင်းများ ကိုရေးသား သီကုံးပေးခဲ့သော  နိုင်ငံကျော် တေးရေးပညာရှင် ရွှေပြည်သာမြို့ နယ် ဂီတအစည်းအရုံး တွဲဘက်အတွင်းရေးမှူး ဦးထွန်းရင်(ခ)နေထွဏ်းဦး အသက်(၅၈)နှစ်သည် ( ၃၀-၇-၂၀၁၃)ရက်၊ ဗုဒ္ခဟူးနေ့၊ နေ့လည်(၁၂း၀၀)နာရီတွင် အင်းစိန်သီရိစန္ဒာ ဆေးရုံတွင်ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။စင်ကြယ်မြတ်နိုးby Myanmar News Now ...

၄၉ လမ်းထောင့် တိုက်ခေါင်မိုးထပ်က ပြည့်တန်ဆာလုပ်ငန်း ရဲဝင်ဖမ်းလိုက်ပြီ

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလမ်းနှင့် ၄၉ လမ်းထောင့်ရှိ တိုက်ခေါင်မိုးထပ်မှ ပြည့်တန်ဆာ လုပ်ငန်းကို ဇူလိုင် ၂၈ ရက် ညနေက ရဲများဝင်ဖမ်း လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ရဲများက ထိုတိုက်ခန်းတွင် အနှိပ်ခန်း အမည်ခံကာ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ၀င်ရောက် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟုလည်း ရဲဌာနကဆိုသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ...

အမေ ကို သားဖြစ်သူမှ အဓမ္မပြုကျင့်မှု ဖြစ်ပွား

၁၈.၇.၂၀၁၃ ရက်နေ့ (၂၁၀၀) အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ၊  မြန်အောင်မြို့နယ် ၊ ဇလုပ်ကြီးအုပ်စု ၊ ပိန်းအင်းကျေးရွာနေ ၊ ဒေါ်---- (၅၆) နှစ် သားဖြစ်သူ ကျော်မင်းထိုက် (၂၂) နှစ် ၊ တို့သည် တစ်ရွာတည်းနေ ကျော်နိုင်မှ ဒုတ်နှင့်ပစ်၍ ဒဏ်ရာ ရရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် တိုင်ကြားပြီးနောက် အတူပြန်လာစဉ် ဦးသိန်းမြင့်၏ လယ်စောင့်တဲ အရောက် အရက်ပုလင်းကျန်ရစ်ခဲ့၍ လယ်စောင့်တဲအတွင်း သွားရောက်ယူမည်ဟု ပြော၍ မိခင်အား လယ်စောင့်တဲ့ အတွင်း ခေါ်သွားပြီးနောက် ကျော်မင်းထိုက်မှ ၄င်း၏ မိခင် ဒေါ်မစိန်အား သားမယားအဖြစ် အတင်းအဓမ္မ ပြုကျင့်မည်ပြုလုပ်စဉ် မိခင် ဒေါ်မစိန်မှ “ သားရယ် အမေလေ အဲသည်လို မလုပ်ရဘူး ” ဟု ပြောရာ ရုန်းရဲရုန်းကြည့် ရုန်းလျှင် ဓါးနှင့် ထိုးမည်ဟု...

၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများ အတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့် သွင်းနိုင်ရန် ဆောင်ရွက်

အသစ်ထွက်ရှိသော ၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများကို အွန်လိုင်းမှ တစ်ဆင့် တိုက်ရိုက် ငွေဖြည့် သွင်းနိုင်ရန် စတင်ဆောင်ရွက် လိုက်ကြောင်း သိရသည်။ www.topup.com.mm ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက်အနေဖြင့် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz ဖုန်းများအား အွန်လိုင်းမှ ငွေဖြည့် သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရာမှ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ...

သမီး ဖြစ်သူအား စည်းရုံး ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံတွင် ရောင်းစား ထားကြောင်း သိရှိရသဖြင့် အရေးယူပေး ရန်တိုင်ကြား

၃၀.၃.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရွှေပြည်သာ မြို့နယ်နေ ဦးသန်းအေးသည် သမီးဖြစ်သူ မ----- အား ရွှေပြည်သာမြို့နယ် နေသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေးနှင့်မစိုးစိုး (စိစစ်ဆဲ)တို့ (၃)ဦးမှ စည်းရုံးခေါ်ဆောင်သွားပြီး လာရှိုးမြို့၊ အားကစားကွင်း အနီး၌ ကြိုတင်ရောက်ရှိ နေသူ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ...

MNL ဖလားပိတ်ပွဲ မိနစ်(၃၀)အတွင်း ရုန်းရင်း ဆံခတ်ဖြစ်ခြင်း

ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းတွင် ကစားမည့် MNL ဖလား ပိတ်ပွဲပြိုင်ပွဲ မစမှီ အချိန် (၁)နာရီ အလိုခန့်ကပင် ပွဲကြည့်စဉ် တောင်ဘက်ရှိ ရန်ကုန် ပရိတ်သတ်များ နှင့် ပွဲကြည့်စဉ် အနောက်တောင်ဘက်ရှိ နေပြည်တော် ပရိတ်သတ်များ တစ်ဖက်နှင့် တစ်ဖက် ရေသန့်ဗူးများ၊ ကွမ်းတတွေးထုတ်များ၊ ပုလင်းခွံများနှင့် ပစ်ပေါက်ခြင်းများ စတင်ဖြစ်ပွား ခဲ့ပါသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ဓါတ်ပုံ - Soccer Myanma...

ရန်ကုန်-နေပြည်တော် ပွဲပျက် ရန်ကုန် ဘောလုံးသမား အချို့ ဒဏ်ရာရ

SEA Games အတွက် တည်ဆောက်ထားသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပသည့် နေပြည်တော်နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ၏ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ကစားပွဲတွင် လုံခြုံရေး အားနည်းမှုကြောင့် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်လာသဖြင့် ပွဲချိန် မိနစ် ၃၀ တွင် ဆက်မကစားနိုင်ဘဲ ပွဲပျက်သွားကာ ရန်ကုန် ကစားသမား အချို့လည်း ထိခိုက် ဒဏ်ရာရကုန်ကြောင်း ပွဲကြည့် ပရိသတ်များထံမှ စုံစမ်း သိရှိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ သြဂုတ်လ ၄ ရက်နေ့ညနေက ကျင်းပခဲ့တဲ့ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ၂၂ တွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် နေပြည်တော် အသင်းတို့ကစားသည့် ပွဲစဉ်အား နေပြည်တော် ၀ဏ္ဏသိဒ္ဓီဘောလုံးကွင်းတွင်းတွင် ယှဉ်ပြိုင်ကစား ခဲ့ကြပါသည်။ ပွဲကစားချိန်...

အရောင်းစားခံ ရခိုင်လူမျိုး နောက်ထပ် ၃ ဦးကို ထိုင်းလှေပေါ်မှ ကယ်တင်

ထိုင်းနိုင်ငံ တောင်ပိုင်း ပကျွတ်ခရိုင် ၊ ဖန်ဘူရီမြို့က ငါးဖမ်းလှေပေါ်မှာ လူပွဲစားတွေ ရောင်းစားတာ ခံထားရတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို မနေ့ညနေပိုင်းမှာ ထိုင်းနိုင်ငံ အထူးစုံစမ်း  စစ်ဆေးရေး ဌာန(DSI) အဖွဲ့နဲ့ မြန်မာနိုင်ငံ သားများ အသင်း (MAT) တို့ ပူးပေါင်း  ကယ်တင်နိုင်ခဲ့ တယ်လို့ စုံစမ်းသိရပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ...

မလေးရှား သတင်း

မလေးရှား သတင်း ၃.၈.၂၀၁၃ ည ၁၁ နာရီခွဲခန့် တွင် ဆလာရန်း ဈေးကြီး ပလက်ဖောင်းအနီး မြန်မာနိုင်ငံသားတစ်ဦး ဓားဒဏ်ရာ များစွာဖြင့်သေဆုံးနေကြောင်း ဘနားမားသတင်းဌာနမှ တင်ဆက်သွားခဲ့ကြောင်း သတင်းရရှိပါသည်။ [ တစ်ဆက်တည်းသတိပေးလိုက်ပါရစေခင်ဗျာ။ဒီလ ၉ ရက်နေ့ မှ စပြီးတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အဖမ်းအဆီးများပြုလုပ်မည်ဟု သိရပြီး။ယနေ့ ဂျိုဟိုး(မလေးရှားတောင်ပိုင်းမြို့ တော်တွင်)ယနေ့ နေ့  လည်ခန့် ကအဖမ်းအဆီးများပြုလုပ်သွားပြီး မွန်တိုင်းရင်းသားတစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၄င်းစက်ရုံနဲ့ နီးစပ်သူထံမှသိရှိရပါသည်။...

နိုင်ငံခြား ခရီးသွားများကို လုယက်မှုများ ကျူးလွန်နေသဖြင့် Tourist Police များတိုးချဲ့တာဝန်ပေးမည်

ပုဂံဒေသတွင် နိုင်ငံခြားသား ခရီးသွားများကို လုယက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိ သဖြင့် Tourist Police ၂၀ ဦး တိုးချဲ့တာဝန်ချ ထားပေးမည် ဖြစ်ကြောင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့၊ ပုဂံတပ်ဖွဲ့ စုမှူးက မဇ္ဈိမသို့ ပြောသည်။ သြဂုတ်လမှ စတင်ကာ Tourist Police ၂၀ ဦးအား ထပ်မံတာဝန် ချထားပေး မည်ဖြစ်ရာ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ...

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More