Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Showing posts with label ဗုဒ္ဓစာပေ. Show all posts
Showing posts with label ဗုဒ္ဓစာပေ. Show all posts

Monday, July 15, 2013

ဓမ္မနှင့် လုံးဝဆန့်ကျင်ရာ ….

ဓမ္မနှင့် လုံးဝဆန့်ကျင်ရာ ….

ဘာသာပြန်-စိုင်ဖုလ္လာပာ်(မြန်မာမွတ်စလင်မ်မီဒီယာ)

မော်လမြိုင်။
          အချိန်က ည ၈ နာရီခန့်။ နေရာက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ အုတ်ကျင်းရပ်ကွက် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာပေါ့။ ဒီည ဆရာတော်ဦးဝိမလဘိဝံသ တရားဟောဖို့ ရှိတယ်။ ဆရာတော်ဟာ အထင်ကရ ဘုန်းကြီးတစ်ပါးဖြစ်ပေမယ့် ဓမ္မာရုံထဲက တရားပွဲလာ ပရိသတ်ကတော့ ၁၀၀ ခန့် မရှိတတ်ရှိတတ်၊ ဒါပေမယ့် အပြင်ဘက်မှာ ကလေးအယောက် ၁၀၀ လောက်တော့ ရှိနေပါသေးတယ်။

          “ကျေးဇူးပြုပြီး အထဲကို ၀င်ကြပါရှင်”  
လို့ အမျိုးသမီးတစ်ယောက်က အပြင်မှာရပ်ကြည့်နေတဲ့ ကျွန်တော်နဲ့ တချို့သူတွေကို လှမ်းပြောလိုက်တယ်။ 
“ဒီည လူမရှိရင်တော့ ဆရာတော် စိတ်ဆိုးတော့မှာပဲ”
မိနစ်အနည်းအငယ်အကြာမှာ ဆရာတော်ဦးဝိမလရောက်လာတယ်။ သူ့ပုံကြည့်ရတာ အသက် ၄၀ လို့ မထင်ရလောက်အောင် ငယ်ဂုဏ်ရှိပါတယ်။ ဆရာတော်ရောက်ရှိလာပြီး သြကာသ ရွတ်ဆို ရှိခိုးပူဇော်ပြီးနောက် တရားစတင်ဟောကြားပါတော့တယ်။

“ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေဟာ မြုပ်နေတဲ့ သင်္ဘောထဲက လူတွေနဲ့ တူပါတယ်၊ အချိန်မီ မကုစားနိုင်ဘူးဆိုရင် တို့လူမျိုးနဲ့ တို့သာသနာ ကွယ်ပျောက်သွားလိမ့်မယ်”
လို့ ဦးဝိမလက မိန့်တယ်။ “ဒါကြောင့် ဒီနေ့ည ဟောမယ့်တရားက ၉၆၉ အကြောင်းပဲ”
“ဘာတဲ့လဲ ပရိသတ်ကြီး” လို့ ဦးဇင်းက တရားနာပရိသတ်ကို မေးလိုက်ပါတယ်။
“၉၆၉ တရားပါ ဘုရား” ပရိသတ်က ပြန်ဖြေပါတယ်။
“ဘာအကြောင်း ဟောမှာလဲ ပရိသတ်” လို့ ဘုန်းကြီးက မိုက်ခရိုဖုန်းနားကပ် အသံကိုမြှင့်ပြီး ထပ်မေးလိုက်ပြန်တယ်။
“…၉ ၆ ၉ …” 
“ကျယ်ကျယ်ပြော၊ မင်းတို့အသံတွေ ကျယ်ကျယ်အော်စမ်းပါ၊ ကျယ်ကျယ်အော်လို့ ဒီဓမ္မာရုံကြီးပြိုကျသွားရင် ဦးဇင်း အသစ်ပြန်ဆောက်ပေးမယ်”
ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခုပါပဲ။ 

ဗုဒ္ဓဘာသာဘုန်းကြီးတရားဟောတာနဲ့မတူဘဲ နိုင်ငံရေးမဲဆွယ်ပွဲနဲ့ တူနေပါတော့တယ်။ ဒါပေမယ့် ဒါဟာ အံ့သြစရာတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာတော်ဦးဝိမလဟာ အကြာသေးခင်က မြန်မာမှာရော ကမ္ဘာကပါ စိတ်ဝင်စားခြင်းခံရတဲ့ “၉၆၉”လှုပ်ရှားမှုကို ဦးဆောင်ထောက်ခံအားပေးတဲ့ သွေးကြွတဲ့ ရဟန်းတစ်ပါးလည်း ဖြစ်တယ်။ ဗုဒ္ဓဘာသာအစွန်းရောက်အမျိုးသားရေး အမှတ်တံဆိပ်လို့ ယူဆရတဲ့ အဲဒီ ၉၆၉ ဟာ ပြီးခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းက မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေနဲ့ ဆက်နွှယ်မှုရှိနေပြီး တနိုင်ငံလုံးအတိုင်းအတာထိ ပျံ့နှံ့ကာ ပဋိပက္ခမီး ဟုန်းဟုန်းတောက်သွားမှာကို အများစုက စိုးရိမ်ခဲ့ရပါတယ်။

          အမျိုးသမီးတစ်ဦးက အဆောက်အဦးထဲကို လမ်းပြခေါ်ဆောင်သွားပြီး ကျွန်တော်တို့ကို ၉၆၉ နဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ဝေပေးပါတယ်။ လက်ကမ်းစာစောင်မှာတော့ ၉၆၉ ဘာအတွက် ရပ်တည်သလဲဆိုတာကို ရှင်းလင်းထားတယ်။
          “ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ၉၆၉ကို အသုံးပြုရင်း ရှိခိုးပူဇော်ရင်းနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်သာသနာကို ကာကွယ်ရမယ်” လို့ လက်ကမ်းစာစောင်မှာ ဖော်ပြထားတယ်။
          အဲဒီအချိန်မှာပဲ အသံချဲ့စက်ကလည်း အလားတူအဓိပ္ပာယ်ဆောင်တဲ့ သီချင်းတစ်ပုဒ် ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။

          “…… ဗုဒ္ဓဘာသာ ရှင်လူများ သွေးအေးလို့မနေသင့်ပြီ…… သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်လို့ ကွယ်လိမ့်မည် ……(လူမျိုးပျောက်လို့ ကွယ်လိမ့်မည်)….”
          ဦးဝိမလကတော့ သူ့တရားထဲမှာ  “၉၆၉”ဟာ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါးနဲ့ သံဃာဂုဏ်တော် ၉ ပါးကို ကိုယ်စားပြုကြောင်း ထည့်ဟောပါတယ်။ အများစုက ၉၆၉ ဆိုတာ အခုမှပေါ်လာတဲ့ လှုပ်ရှားမှုလို့ဆိုပေမယ့် ဦးဝိမလကတော့ ဒါဟာ ဗုဒ္ဓ၀ါဒရဲ့ မူလလက်ဟောင်း အမှတ်တံဆိပ်ပါတဲ့။
          “မှတ်ထား…. ၉၆၉ ပေါ်တာ နှစ်ပေါင်း ၂၆၀၀ ရှိပြီ၊ ခရစ်ယာန်မပေါ်ခင် နှစ်ပေါင်း ၆၂၀ လောက်ကတည်းက ၉၆၉ ပေါ်တာ၊ အစ္စလာမ်မပေါ်ခင် နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက ၉၆၉ ရှိတာကွ”
တပြိုင်တည်းမှာ လက်ရှိပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုကတော့ဖြင့် နာမည်ဆိုးနဲ့ကျော်ကြားနေမှန်းလည်း ဦးဇင်းက အသိအမှတ်ပြုပုံရတယ်။
“တစ်ချို့ဒါကာတွေက လျှောက်တင်တယ်၊ ဒီလှုပ်ရှားမှုဟာ တရားဥပဒေနဲ့ ညီရဲ့လား၊ တရားဝင်ဖြစ်ရဲ့လားပေါ့၊ ကျုပ်ဘယ်လိုဖြေရမှန်းတောင် မသိတော့ဘူး၊ ဒီမှာ ဗုဒ္ဓက တရားဝင်မဟုတ်လို့လား၊ ကျုပ်တို့ ဘုန်းကြီးတွေကရော တရားဥပဒေနဲ့မညီလို့လား”
ဦးဇင်းက သူတို့လှုပ်ရှားမှုရဲ့ ပန်းတိုင်ဟာ မြန်မာပြည်မှာ “ဟလာလ်”စားသောက်ဆိုင်၊ ဈေးဆိုင်တွေအဖြစ် အသုံးပြုတဲ့ ၇၈၆ တံဆိပ်ပါတဲ့ မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ဆန့်ကျင်ကြဖို့ပဲ၊ အကြမ်းဖက်မှုမပါဘူးလို့ ခုခံပြောဆိုပါတယ်။

“ဘာသာမတူသူတွေကို သတ်ဖို့ ရိုက်ဖို့ ကျုပ်တို့ ဘယ်တော့မှ မပြောခဲ့ဘူး၊ ကျုပ်တို့ ဗုဒ္ဓဘုရားရှင်ကလည်း သတ္တ၀ါတွေကို ဘယ်တော့မှ မသတ်ဖို့ သွန်သင်ခဲ့တယ်၊ လူတစ်ဦးချင်းပဲဖြစ်ဖြစ်၊ ဘာသာမတူသူတွေကိုပဲဖြစ်ဖြစ် ” လို့ ဘုန်းကြီးက ကာကွယ်ပြောဆိုသွားပါတယ်။
ဒါပေမယ့် တကယ်လို့ ဒီစကားတွေဟာ မော်လမြိုင် အုတ်ကျင်းရပ်ကွက်မှာ တစ်ဝက်လောက်နီးပါး နေထိုင်တဲ့ မွတ်စလင်တွေကို စိတ်အေးစေဖို့ ရည်ရွယ်ပြောတာမျိုးဆိုရင်တော့ သူပြောတာ မအောင်မြင်ပါဘူး။
“ဒီဘုန်းကြီးပြောတာတွေက ကြောက်ဖို့ကောင်းတယ်” လို့ ၆၈ နှစ်အရွယ် မွတ်စလင်အမျိုးသား ဦးတင်အောင်က တရားပွဲအပြီး ဓမ္မာရုံအပြင်ဘက်မှာ ပြောပြပါတယ်။ စကားကတော့ အများကြီး မဟုတ်ဘူး၊ ဒါပေမယ့် ဘုန်းကြီးတရားတွေထဲမှာတော့ ဒါဟာ တော်တော် ပြင်းထန်ပါတယ်။

ဓမ္မ လက်တလုံးခြား

          မွတ်စလင်တွေပဲ ထိတ်လန့်ချောက်ချားဖွယ်ရာတွေကို စိုးရိမ်ခံစားနေရတာ မဟုတ်ပါဘူး။ မွတ်စလင်တွေဟာ နှစ်ပေါင်း ၂ထောင်အရင်ကတည်းက မြန်မာပြည်မှာ အခြေခိုင်ခဲ့တဲ့ ယုံကြည်မှုကို တိုင်းပြည်ကနေ ပျောက်သွားအောင်ကြံစည်လုပ်ဆောင်နေတဲ့အကြောင်းကို  ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးသားထဲမှာ စိုးရိမ်ခံစားလာအောင်  ၉၆၉ လှုပ်ရှားမှုက သွတ်သွင်းပေးပါတယ်။
“ဒါဟာ ပထမအကြိမ်နဲ့ နောက်ဆုံးပါပဲ၊ ကျွန်တော်တို့က လူငယ်တွေ၊ ကလေးတွေအတွက် ရည်ရွယ်ခဲ့တာ၊ ဘုန်းကြီးက ၉၆၉ ကိစ္စတွေပဲ ပြောလိမ့်လို့ မထင်ခဲ့ဘူး” လို့ ပွဲစီစဉ်သူတစ်ဦးက ဆိုပါတယ်။
          ကျွန်တော် မေးကြည့်ခဲ့တဲ့ အဲဒီက အခြားသူတွေကလည်း ဦးဝိမလရဲ့ ဒေါသတကြီးလေသံ တွေကို သိပ်ပြီး မခံစားကြပါဘူး။
“သူ့အသံတွေက ဟစ်တလာလိုပဲ”လို့ ၉၀ ရွေးကောက်ပွဲအမတ်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသား ဟောင်းလည်းဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် ဦးထွန်းသန်းက ဆိုတယ်။“သူတို့အုပ်စု အင်အားတောင့်လာရင်တော့ အဲဒါပြဿနာပဲ” လို့ တရားပွဲအပြီးမှာ အလွတ်သဘောပြောပါတယ်။
နောက်ထပ် NLD ပါတီမှဒေသခံ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးကျော်ကျော်ကလည်း ဒါကို ထောက်ခံပါတယ်။ 

“ခင်ဗျား ကြားတယ်မဟုတ်လား၊ အဲဒီသီချင်းကို…… ဗုဒ္ဓဘာသာ ရှင်လူများ သွေးအေးလို့ မနေသင့်ပြီ ……သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်လို့…ကွယ်လိမ့်မည်…..တဲ့… အဲဒါ ဘာသဘောလဲ။ လူတွေကို ဆွပေးနေတာပဲဗျ။ ဒါကို ရပ်ပစ်ရမယ်” 
ကျွန်တော်တို့ စကားပြောနေရင်းနဲ့ ဦးကျော်ကျော်က ၉၆၉ လှုပ်ရှားမှုဟာ ဗုဒ္ဓဘာသာယုံကြည်မှု အတွက် ခံတပ်ဖြစ်တဲ့ မော်လမြိုင်မှာ သန္ဓေတည်ခဲ့တာဖြစ်ကြောင်း ပြန်ပြောင်းပြောဆိုပါတယ်။
လွန်ခဲ့နှစ်ပေါင်း ၂၀၀ လောက်က ဒီမော်လမြိုင်မြို့မှာ ဗုဒ္ဓဘာသာကျောင်းသားတွေ ခရစ်ယာန်သာသနာကို ကူးပြောင်းသွားခဲ့တဲ့အတွက် ဒေသခံတွေက ကန့်ကွက်ပြီး သာသနာပြုကျောင်းတွေကို အတင်းအဓမ္မပိတ်ပစ်ခဲ့တဲ့ သမိုင်းကြောင်းရှိတယ်။ ၁၈၂၄ ခုနှစ်မှာ အောက်မြန်မာပြည်ကို ဗြိတိသျှတွေ သိမ်းပိုက်ပြီးနောက် ၁၂ နှစ်အကြာမှာ အဲဒီပြဿနာဖြစ်ခဲ့ပြီး မော်လမြိုင်မြို့ဟာ ဗုဒ္ဓဘာသာဝင်သစ္စာခံများအတွက် ဂုဏ်သတင်းကြီးမားခဲ့ပါတယ်။ ဗြိတိသျှလက်အောက်မှာ အိန္ဒိယကနေ မွတ်စလင်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်ခဲ့ပြီး အခုတော့ သူတို့ရဲ့မျိုးဆက်တွေဟာ မြန်မာပြည်ရဲ့ ၅ ပုံတစ်ပုံလောက်ရှိနေတယ်။
၁၉၉၇ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် မော်လမြိုင်မြို့မှာ နှစ်ဖက်လှဦးကျော်လွင် ရေးသားထုတ်ဝေတဲ့ “၉၆၉”အမည်နဲ့ စာမျက်နှာ ၄၀ ပါ စာအုပ်ထွက်ရှိလာပါတယ်။ စာအုပ်ရဲ့အဓိကလိုရင်းကတော့ ဗုဒ္ဓဘာသာဝင်တွေကို သူတို့ရဲ့အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ယာဉ်တွေမှာ “၉၆၉”တံဆိပ်ကို ထင်ထင်ရှားရှား ကပ်ထားဖို့ တိုက်တွန်းထားတာပါ။ တခြားဘာသာကို ဝေဖန်တိုက်ခိုက်ဖို့ ပြောထားတာ တစ်ခုမှမရှိပေမယ့် ဗုဒ္ဓဘာသာဝင်တွေကို လူကောင်းတွေဖြစ်စေဖို့နဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ထောက်ပံ့ဖို့ တိုက်တွန်းထားပါတယ်။

          နှစ်အနည်းငယ်ကြာတဲ့အခါမှာ နောက်ထပ် ထွက်လာတဲ့စာအုပ်ကတော့ မွတ်စလင် မုန်းတီးရေးအကြောင်းရေးထားတဲ့ “အမျိုးပျောက်မှာ စိုးကြောက်စရာ”ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်မှာလည်း ဗုဒ္ဓဘာသာဝင်တွေကို ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ အလေးပေးပြောကြားထား ပေမယ့် ဗုဒ္ဓဘာသာကာကွယ်ရေးဖို့အတွက်ဆိုပြီးတော့ မွတ်စလင်တွေကို ခွဲခြားဆက်ဆံဖို့ အားပေးတဲ့ ပညတ်ချက် ၁၇ ချက် ထုတ်ပြန်ထားတာတော့ရှိပါတယ်။
ဒီစာအုပ်ကို ၂၀၀၀ပြည့်နှစ်လောက်မှာ ပထမဆုံးကြိမ် ထုတ်ဝေခဲ့ပေမယ့် တရားဝင်တော့ မဟုတ်ခဲ့ပါဘူး။ ဒီလိုစာအုပ်မျိုးကို လက်ဝယ်တွေ့ရှိရင်လည်း ၁၉၅၀ အရေးပေါ်အက်ဥပဒေ ပုဒ်မ ၅(ည)အရ ထောင်ဒဏ် ၇ နှစ်အရေးယူခံရနိုင်ပါတယ်။ 
ဒီစာအုပ်မှာ ဗုဒ္ဓဘာသာဝင်တွေကို မွတ်စလင်အပေါ် “ဖြတ် သုံးဖြတ်”ကျင့်သုံးဖို့ တိုက်တွန်းထားတယ်။ ပထမ“ဖြတ်”ကတော့ မွတ်စလင်တွေနဲ့ စီးပွားရေးအားလုံး ဖြတ်တောက်ဖို့၊ နောက်တစ်ခုက မွတ်စလင်တွေ ဗုဒ္ဓဘာသာဝင်နဲ့လက်ထပ်တာကို ခွင့်မပြုဖို့၊ နောက်ထပ်တစ်ခု ကတော့ လူမှုဆက်ဆံရေးမှာ မွတ်စလင်တွေနဲ့ ကင်းကင်းရှင်းရှင်းနေပြီး မေးထူးခေါ်ပြောလေးတောင် မလုပ်ဘဲ အဆက်အသွယ် ဖြတ်တောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာမှမဟုတ်သလိုထင်ရပေမယ့် အဓိကရုဏ်းတွေကို ဦးတည်နေပါတယ်။

          မွတ်စလင်ဆန့်ကျင်ရေးလှုံ့ဆော်မှုတွေမှာ အဓိက လှုပ်ရှားနေတာကို အထင်အရှား တွေ့မြင်လာရတဲ့ အခုအချိန်မှာတောင် ၉၆၉ လှုပ်ရှားမှုဟာ အကြမ်းမဖက်ပါဘူးလို့ ငြင်းဆို နေတုန်းပါပဲ။ အပြင်ပန်းအားဖြင့်တော့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုပေါ့။ 
          ဥပမာအားဖြင့် ဦးဝိမလက ကလေးတွေအတွက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးတဲ့အခါ မိဘတစ်ချို့က သူတို့ကလေးတွေကို ဒီကျောင်းကို ပို့ဖို တွန့်ကြတယ်၊ ဘာလို့လဲဆိုတော့ မုန်းတီးရေးတရားတွေ ရိုက်သွင်းခံရမှာစိုးလို့ပါ။  ဒါပေမယ့် ဒီလိုကျောင်းတချို့မှာ တော့ ရာနဲ့ချီတဲ့  ကျောင်းသားတွေကို စည်းရုံးနိုင်ပြီး သူတို့ရဲ့ အောင်မြင်မှုကို ပြသပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ တုန့်ပြန်ချက်

          ၉၆၉ လှုပ်ရှားမှုကို ထောက်ခံသူတွေက သူတို့ရဲ့ပန်းတိုင်ဟာ ကိုယ့်သာသနာကို ကာကွယ်ဖို့ပဲဖြစ်ပြီး တခြားဘာသာကို တိုက်ခိုက်ဖို့မဟုတ်ဘူးလို့ ခုခံကာကွယ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် မွတ်စလင် စီးပွားရေးတွေကို ဆန့်ကျင်သပိတ်မှောက်ရတာပါလဲလို့ မေးတဲ့အခါမှာတော့ မော်လမြိုင် နန်းဦးကျောင်းဆရာတော် ဦးရေ၀တ က ဒါဟာ မွတ်စလင်တွေက ဗုဒ္ဓဘာသာဝင်တွေကို ခွဲခြားဆက်ဆံတာထက် မပိုပါဘူးလို့ ခုခံပြောဆိုပါတယ်။
          “ကျုပ်မေးချင်တယ်… ဒီမူဝါဒကို ဘယ်သူစပြီးကျင့်သုံးတာလဲ၊ နှစ်ပေါင်းများစွာ မွတ်စလင်တွေက ဗုဒ္ဓဘာသာဝင်တွေရဲ့ ဆိုင်က ဈေးဝယ်ဖို့ ငြင်းပယ်ခဲ့တာ၊ နောက်ဆုံး ကွမ်းယာဆိုင်ကတောင် မ၀ယ်ဘူး၊ ၇၈၆ အချင်းချင်းပဲ  အားပေးတာ၊ ဒီအတိုင်း ဦးဇင်းတို့က လိုက်လုပ်တာပဲ” လို့ ဦးရေ၀တက မိန့်တယ်။
          ၉၆၉ စတေကာအပြည့်ကပ်ထားတဲ့ လွတ်အိတ်လေး ဘေးချထိုင်ရင်း ဦးဇင်းက ဆက်လက်မိန့်ပါတယ်။
          “မွတ်စလင်တွေနဲ့ညားတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကိုယ့်ဘာသာကို ကျင့်သုံးခွင့် အစ္စလာမ်က ဘာကြောင့်လို့ မပေးတာလဲ၊ မွေးလာတဲ့ ကလေးတွေကိုလည်း မွတ်စလင်ဖြစ်ရမယ်လုပ်တယ်၊ သူတို့ဘာသာမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် မပေးထားဘူး၊ သူတို့ဟာ လူ့အခွင့်ရေးကို ချိုးဖောက်နေတယ်”
          သူတို့ရဲ့ စွတ်စွဲချက်နဲ့အတူ ၉၆၉ အဖွဲ့သားတွေရဲ့ လက်တွေ့ကျင့်သုံးမှုဟာ တကယ်လည်း ထိရောက်ပါတယ်။ 

ဦးတင်အောင်ဆိုသူ မွတ်စလင်အမျိုးသားက သူ့သားရဲ့ မော်တော်ဆိုင်ကယ် အပိုပစ္စည်းဆိုင်လည်း တစ်ဝက်လောက် အရင်းပြုတ်နေပါပြီလို့ ပြောပြတယ်။ သူ့သားဆိုင်က ဈေးနှုန်းချိုသာပြီး ၀န်ဆောင်မှုကောင်းတယ်ဆိုတဲ့ နာမည်ရှိတဲ့တိုင်အောင် ဖောက်သည်အများစုက ပြန်လှည့်သွားကြတယ်လို့ ဆိုပါတယ်။
တဘက်မှာလည်း ဗုဒ္ဓဘာသာဝင်အချို့က သူတို့ရဲ့ အိမ်တွေ၊ ဆိုင်တွေနဲ့ ယာဉ်တွေမှာ ကပ်ထားတဲ့ ၉၆၉ တံဆိပ်တွေကို စတင် ခွာပစ်နေပါပြီ။ ဆိုင်ကယ်တက္ကစီ မောင်းသူတစ်ဦးကတော့ သူ့ဆိုင်ကယ်မှာ ၉၆၉ တံဆိပ်ကပ်တုန်းက မွတ်စလင် ဖောက်သည်တွေ မရပါဘူးတဲ့။ သူ့အတွက် ၀င်ငွေဆုံးရှုံးလို့ အခုတော့ အဲဒီတံဆိပ်ကို ခွာပစ်လိုက်ပါပြီ။ ဒီလှုပ်ရှားမှုဟာ အခြေခံလူမျိုးရေးခွဲခြားမှုပဲလို့ သူက အသိအမှတ်ပြုပါတယ်။
“လူတွေက အသစ်အဆန်းကို စိတ်ဝင်စားတယ်၊ ဒါလူ့ဗီဇပဲလေ၊ ဒါပေမယ့် ရေရှည်မှာတော့ မရပါဘူး၊ ဘာသာတရားတိုင်းရဲ့ အနှစ်သာရက ငြိမ်းချမ်းမှု၊ စာနာထောက်ထားမှု၊ လှပမှုတွေုပါပဲ”လို့ ဦးတင်အောင်က ရှင်းပြပါတယ်။
 
နိုင်ငံရေးနွယ်တဲ့ ဘာသာရေး

၉၆၉ လှုပ်ရှားမှုဟာ မြန်မာပြည်မှာ တော်တော်လေး အံ့သြဖွယ်ရာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကံမကောင်းတာကတော့ တိုင်းပြည်အတွက် ဘာတစ်ခုမှ မဆောင်ကျဉ်းပေးနိုင်ခဲ့ပါဘူး။ ဒီလိုပဋိပက္ခတွေ ဖြစ်ပွားရတာဟာ ဘာသာရေးရဲ့ တွန်းအားတွေပါတယ်လို့ ယူဆကြပေမယ့် တချိန်တည်းမှာ လေ့လာသုံးသပ်သူတစ်ချို့ကတော့ အစိုးရရဲ့ မူဝါဒတွေမှာ စစ်အာဏာခိုင်မြဲဖို့ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှု ပေါ်လစီကို ကာလရှည်ကြာစွာ ကျင့်သုံးခဲ့တယ်လို့ ထောက်ပြပါတယ်။
“နေ၀င်းက အဓိကတရားခံပဲ၊ ၉၆၉ မဟုတ်ဘူး”လို့ ၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးသမား ဦးထွန်းသန်းက ပြောပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း တိုင်းပြည်အာဏာမသိမ်းကခင် မွတ်စလင်တွေဟာ တန်းတူအခွင့်ရေးရခဲ့လို့ ပျော်ရွှင်ခဲ့တယ်။ မြန်မာပြည်က မတူညီကွဲပြားတဲ့ ဘာသာတရားတွေကြားမှာ ယုံကြည်မှုပျက်ယွင်းခဲ့တာဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ကျင့်သုံးခဲ့တဲ့ ပေါ်လစီတွေကြောင့်ပဲဖြစ်တယ်လို့ ဦးထွန်းသန်းက ပြစ်တင်ဝေဖန်ပါတယ်။
“မ.ဆ.လ က ဘာသာရေးခွဲခြားဆက်မှုတွေကို တရားဝင်ပေါ်လစီအနေနဲ့ ကျင့်သုံးတယ်၊ အဲဒီပေါ်လစီကပဲ မွတ်စလင်တွေကို အချင်းချင်း အပြန်အလှန်ထောက်ပံ့ဖို့ အခြေအနေတစ်ရပ်ကို ဖန်တီးပေးလိုက်တာပါပဲ၊ အဲဒီရလာဒ်ကြောင့်ပဲ ဗုဒ္ဓဘာသာဝင်တွေကြားမှာလည်း မွတ်စလင်တွေဟာ သူတို့နဲ့မတူဘဲ သီးခြားခွဲထွက်နေတယ်လို့ မြင်လာကြတာပေါ့”လို့ သူက ဆိုပါတယ်။
ဆယ်စုနှစ်နဲ့ချီပြီး မွတ်စလင်တွေကို အဖက်မလုပ်ပေမယ့်လည်း မွတ်စလင်တွေအတွက်က ပြည့်ဝတဲ့ နိုင်ငံသားဖြစ်ခွင့် မပေးတာလောက် မခံစားခဲ့ရပါဘူး။
“ကျွန်တော်တို့ကို ကုလားလို့ခေါ်လည်း ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် အခြေခံ လူ့အခွင့်ရေးပဲ ကျွန်တော်တို့ လိုချင်ပါတယ်”လို့ မော်လမြိုင်မြို့ စွမ်းကြီးရပ်ကွက်ရှိ မိုရီဗလီက ဆရာတစ်ဦးဖြစ်တဲ့ ဦးမြင့်လွင့်က ပြောပြပါတယ်။


ပြီးခဲ့တဲ့ မတ်လကဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့က မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုအပြီးမှာ သမ္မတ ဦးသိန်းစိန်က မွတ်စလင်တွေရဲ့ အခွင့်ရေးကို ကာကွယ်ပေးပါမယ်လို့ ကတိပေးခဲ့တယ်။ သို့သော်လည်း အစိုးရရဲ့ ရပ်တည်ချက်က ရှင်းလင်းပြတ်သားမှုမရှိဘူးလို့ ဦးမြင့်လွင့်က ဆိုပါတယ်။
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို ဘယ်လို အလျင်အမြန်ဖြိုခွဲခဲ့လဲဆိုတာ ကြည့်ပါ၊ မိတ္ထီလာအပါအ၀င် တခြားမြို့တွေမှာ အကြမ်းဖက်မှုတွေဖြစ်တာကိုတော့ ဘာကြောင့် မြန်မြန်ဆန်ဆန် အရေးမယူရတာလဲ၊ အဲဒီနေရာမှာ သူတို့ရဲ့ အကျိုးစီးပွားသာ ရှိနေမယ်ဆိုရင် သေဆုံးမှုတွေ ပျက်စီးဆုံးရှုံးမှုတွေ ဒီလောက်အထိ ဖြစ်လာမှာမဟုတ်ဘူး”လို့ ဦးမြင့်လွင်က ထောက်ပြပါတယ်။
နိုဗယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ် NLD ပါတီခေါင်းဆောင်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မွတ်စလင်တွေအတိုက်ခိုက်ခံနေရတာနဲ့ပတ်သက်ပြီး တခွန်းမှမပြောတဲ့အတွက် စိတ်မကောင်းဖြစ်မိပါသလားလို့ မေးကြည့်တဲ့အခါမှာတော့ ဦးမြင့်လွင့်က သူမအနေနဲ့ သူတို့ကိုယ်စား မပြောဘဲနေတာက ပိုပြီးသင့်တော်ပါမယ်လို့ ဆိုပါတယ်။
“သူ့ကို ဒီပြဿနာထဲ ၀င်မပါစေချင်ဘူး၊ ဒီအတိုင်းပဲနေစေချင်တယ်၊ ဒါပေမယ့် သူလည်း ကျွန်တော်တို့အတွက် စိတ်မကောင်းဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်”လို့ ဦးမြင့်လွင့်က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင်တော့ အခြေအနေတွေ ကောင်းမွန်လာမယ်လို့ ယုံကြည်တဲ့အကြောင်းလည်း သူက ထပ်ပြောပါတယ်။
 
နိုးကြားသတိနဲ့ လူ့အဖွဲ့အစည်း

          မိတ္ထီလာမှာဖြစ်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး ပဋိပက္ခမှာ လူ ၄၃ ယောက်သေပြီးကတည်းက နိုင်ငံအနှံ့အပြားက မြို့တော်တော်များများမှာ မြန်မာမွတ်စလင်တွေဟာ တိုက်ခိုက်ခံရမှုတွေ ပိုမိုကြုံတွေ့လာရပါတယ်။
“မိတ္ထီလာပဋိပက္ခဖြစ်ပြီးကတည်းက တစ်ညမှ ကောင်းကောင်းအိပ်လို့မရတော့ဘူး”လို့ မိုရီဗလီမှ မွတ်စလင်တစ်ဦးဖြစ်သူ ဦးဇော်နိုင်က ဆိုတယ်။
မော်လမြိုင်မှာရှိတဲ့ ဗလီတွေမှာလည်း အနည်းငယ် ပြဿနာရှာတာတွေတော့ ရှိပါတယ်။ ဗလီကို ခဲနဲ့ပေါက်တာတွေရှိတယ်။ စွမ်းကြီးရပ်ကွက်မှာ လူစိမ်းတစ်ယောက်ရောက်လာရင်ကို ဒေသခံတွေအတွက် ရင်ထိတ်နေရတယ်။
“ဘယ်သူ့ကိုမှ အပြစ်မပြောချင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ခဲပေါက်တဲ့သူကိုလည်း ကျွန်တော်တို့ မသိဘူး၊ ဒါပေမယ့် တစ်ခုသေချာတာကတော့ ၉၆၉ ဒီဗီဒီခွေတွေ စဝေပြီးတဲ့နောက်မှာ ဒါတွေဖြစ်တာပဲ”လို့ ဦးမြင့်လွင့်က ရှင်းပြတယ်။
“ခဲဘယ်သူပေါက်ဆိုတာက အဓိကမကျပါဘူး၊ လှုံ့ဆော်သူနဲ့ အမုန်းတရားဖြန့်ချိသူကိုပဲ ကျွန်တော်တို့ သတိထားတယ်၊ ၉၆၉ အုပ်စုက ဘယ်သူတွေဆိုတာလဲ ကျွန်တော်တို့ သိပါတယ်”
          နောက်ဆုံးမှာ ဒီပဋိပက္ခတွေက ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့မယ်ဆိုရင်တော့ လုပ်တဲ့သူရော ခံရတဲ့သူရော အားလုံး အကြီးအကျယ် ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရမှာပါပဲလို့ ဦးမြင့်လွင်က ပြောပြသွားပါ တယ်။

(မှတ်ချက်- ဒီဆောင်းပါးကို ၂၀၁၃ ခုနှစ် ဇွန်လထုတ် ဧရာဝတီမဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်ပါသည်။)
Irrawaddy Megizine ပါ A Radically Different Dhamma ဆောင်းပါးကို စိုင်ဖုလ္လာပာ်(မြန်မာမွတ်စလင်မ်မီဒီယာ)ဘာသာပြန်ဆိုသည်။


၂၇.၆.၂၀၁၃
အချိန်ကည ၈ နာရီခန့်။ နေရာကမွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့အုတ်ကျင်းရပ်ကွက်ဘုန်းကြီးကျောင်းတစ်
ကျောင်းမှာပေါ့။ဒီညဆရာတော်ဦးဝိမလဘိဝံသတရားဟောဖို့ရှိတယ်။ဆရာတော်ဟာအထင်ကရ ဘုန်းကြီး
တစ်ပါးဖြစ်ပေမယ့်ဓမ္မာရုံထဲကတရားပွဲလာပရိသတ်ကတော့၁၀၀ ခန့် မရှိတတ်ရှိတတ်၊ဒါပေမယ့်အပြင်ဘက်
မှာ ကလေးအယောက် ၁၀၀ လောက်တော့ ရှိနေပါသေးတယ်။ “ကျေးဇူးပြုပြီးအထဲကိုဝင်ကြပါရှင်”လို့ အမျိုးသမီးတစ်ယောက်ကအပြင်မှာရပ်ကြည့်နေတဲ့ကျွန်တော်နဲ့တချို့
သူတွေကို လှမ်းပြောလိုက်တယ်။ “ဒီည လူမရှိရင်တော့ဆရာတော်စိတ်ဆိုးတော့မှာပဲမိနစ်အနည်းအငယ်
အကြာမှာ ဆရာတော်ဦးဝိမလရောက်လာတယ်။ သူ့ပုံကြည့်ရတာ အသက် ၄၀ လို့ မထင်ရလောက်အောင် ငယ်ဂုဏ်ရှိပါတယ်။ ဆရာတော်ရောက်ရှိလာပြီး သြကာသ ရွတ်ဆို ရှိခိုးပူဇော်ပြီးနောက် တရားစတင်ဟော
ကြားပါတော့တယ်။

“ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေဟာ မြုပ်နေတဲ့ သင်္ဘောထဲက လူတွေနဲ့ တူပါတယ်၊ အချိန်မီ မကုစားနိုင်ဘူးဆို
ရင် တို့လူမျိုးနဲ့ တို့သာသနာ ကွယ်ပျောက်သွားလိမ့်မယ်”လို့ ဦးဝိမလက မိန့်တယ်။ “ဒါကြောင့် ဒီနေ့ည ဟော
မယ့်တရားက ၉၆၉ အကြောင်းပဲ”“ဘာတဲ့လဲ ပရိသတ်ကြီး” လို့ ဦးဇင်းက တရားနာပရိသတ်ကို မေးလိုက်ပါ
တယ်။“၉၆၉ တရားပါ ဘုရား” ပရိသတ်က ပြန်ဖြေပါတယ်။

“ဘာအကြောင်း ဟောမှာလဲ ပရိသတ်” လို့ ဘုန်းကြီးက မိုက်ခရိုဖုန်းနားကပ် အသံကိုမြှင့်ပြီး ထပ်မေးလိုက်
ပြန်တယ်။“…၉ ၆ ၉ …” “ကျယ်ကျယ်ပြော၊ မင်းတို့အသံတွေ ကျယ်ကျယ်အော်စမ်းပါ၊ ကျယ်ကျယ်အော်လို့
ဒီဓမ္မာရုံကြီးပြိုကျသွားရင် ဦးဇင်း အသစ်ပြန်ဆောက်ပေးမယ်”ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခုပါပဲ။

ဗုဒ္ဓဘာသာဘုန်းကြီးတရားဟောတာနဲ့မတူဘဲ နိုင်ငံရေးမဲဆွယ်ပွဲနဲ့တူနေပါတော့တယ်။ဒါပေမယ့်ဒါဟာအံ့သြ
စရာတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာတော်ဦးဝိမလဟာ အကြာသေးခင်က မြန်မာမှာရော ကမ္ဘာကပါ စိတ်ဝင်စားခြင်းခံရတဲ့ “၉၆၉”လှုပ်ရှားမှုကို ဦးဆောင်ထောက်ခံအားပေးတဲ့ သွေးကြွတဲ့ ရဟန်း
တစ်ပါးလည်း ဖြစ်တယ်။ 
 
ဗုဒ္ဓဘာသာအစွန်းရောက်အမျိုးသားရေးအမှတ်တံဆိပ်လို့ယူဆရတဲ့အဲဒီ၉၆၉ဟာပြီးခဲ့တဲ့ မြန်မာပြည်အလယ်
ပိုင်းကမွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေနဲ့ဆက်နွှယ်မှုရှိနေပြီးတနိုင်ငံလုံးအတိုင်းအတာထိ ပျံ့နှံ့
ကာ ပဋိပက္ခမီး ဟုန်းဟုန်းတောက်သွားမှာကို အများစုက စိုးရိမ်ခဲ့ရပါတယ်။

အမျိုးသမီးတစ်ဦးက အဆောက်အဦးထဲကို လမ်းပြခေါ်ဆောင်သွားပြီး ကျွန်တော်တို့ကို ၉၆၉ နဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ဝေပေးပါတယ်။ လက်ကမ်းစာစောင်မှာတော့ ၉၆၉ ဘာအတွက် ရပ်တည်သလဲဆို
တာကို ရှင်းလင်းထားတယ်။

“ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ၉၆၉ကို အသုံးပြုရင်း ရှိခိုးပူဇော်ရင်းနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်သာသနာကို ကာ
ကွယ်ရမယ်” လို့ လက်ကမ်းစာစောင်မှာ ဖော်ပြထားတယ်။အဲဒီအချိန်မှာပဲ အသံချဲ့စက်ကလည်း အလားတူ
အဓိပ္ပာယ်ဆောင်တဲ့ သီချင်းတစ်ပုဒ် ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။

“…… ဗုဒ္ဓဘာသာ ရှင်လူများ သွေးအေးလို့မနေသင့်ပြီ…… သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုး
ပျောက်လို့ ကွယ်လိမ့်မည် ……(လူမျိုးပျောက်လို့ ကွယ်လိမ့်မည်)….”ဦးဝိမလကတော့သူ့တရားထဲမှာ “၉၆၉
”ဟာ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါးနဲ့ သံဃာဂုဏ်တော် ၉ ပါးကို ကိုယ်စားပြုကြောင်း ထည့်
ဟောပါတယ်။ အများစုက ၉၆၉ ဆိုတာ အခုမှပေါ်လာတဲ့ လှုပ်ရှားမှုလို့ဆိုပေမယ့် ဦးဝိမလကတော့ ဒါဟာ ဗုဒ္ဓ၀ါဒရဲ့ မူလလက်ဟောင်း အမှတ်တံဆိပ်ပါတဲ့။

“မှတ်ထား…. ၉၆၉ ပေါ်တာ နှစ်ပေါင်း ၂၆၀၀ ရှိပြီ၊ ခရစ်ယာန်မပေါ်ခင် နှစ်ပေါင်း ၆၂၀ လောက်ကတည်းက ၉၆၉ ပေါ်တာ၊ အစ္စလာမ်မပေါ်ခင် နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက ၉၆၉ ရှိတာကွ”တပြိုင်တည်းမှာ 
လက်ရှိပေါ်ပေါက်လာတဲ့လှုပ်ရှားမှုကတော့ဖြင့်နာမည်ဆိုးနဲ့ကျော်ကြားနေမှန်းလည်း ဦးဇင်းကအသိအမှတ်
ပြုပုံရတယ်။

“တစ်ချို့ဒါကာတွေက လျှောက်တင်တယ်၊ ဒီလှုပ်ရှားမှုဟာ တရားဥပဒေနဲ့ ညီရဲ့လား၊ တရားဝင်ဖြစ်ရဲ့လား
ပေါ့၊ ကျုပ်ဘယ်လိုဖြေရမှန်းတောင် မသိတော့ဘူး၊ ဒီမှာ ဗုဒ္ဓက တရားဝင်မဟုတ်လို့လား၊ ကျုပ်တို့ ဘုန်းကြီး
တွေကရောတရားဥပဒေနဲ့မညီလို့လား”ဦးဇင်းကသူတို့လှုပ်ရှားမှုရဲ့ပန်းတိုင်ဟာ မြန်မာပြည်မှာ“ဟလာလ်”
စားသောက်ဆိုင်၊ ဈေးဆိုင်တွေအဖြစ် အသုံးပြုတဲ့ ၇၈၆ တံဆိပ်ပါတဲ့ မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းတွေ
ကို ဆန့်ကျင်ကြဖို့ပဲ၊ အကြမ်းဖက်မှုမပါဘူးလို့ ခုခံပြောဆိုပါတယ်။

“ဘာသာမတူသူတွေကို သတ်ဖို့ ရိုက်ဖို့ ကျုပ်တို့ ဘယ်တော့မှ မပြောခဲ့ဘူး၊ ကျုပ်တို့ ဗုဒ္ဓဘုရားရှင်ကလည်း သတ္တ၀ါတွေကို ဘယ်တော့မှ မသတ်ဖို့ သွန်သင်ခဲ့တယ်၊ လူတစ်ဦးချင်းပဲဖြစ်ဖြစ်၊ ဘာသာမတူသူတွေကိုပဲ
ဖြစ်ဖြစ် ” လို့ ဘုန်းကြီးက ကာကွယ်ပြောဆိုသွားပါတယ်။ဒါပေမယ့် တကယ်လို့ ဒီစကားတွေဟာ မော်လမြိုင်
အုတ်ကျင်းရပ်ကွက်မှာ တစ်ဝက်လောက်နီးပါး နေထိုင်တဲ့ မွတ်စလင်တွေကို စိတ်အေးစေဖို့ ရည်ရွယ်ပြော
တာမျိုးဆိုရင်တော့ သူပြောတာ မအောင်မြင်ပါဘူး။

“ဒီဘုန်းကြီးပြောတာတွေက ကြောက်ဖို့ကောင်းတယ်”လို့ ၆၈ နှစ်အရွယ် မွတ်စလင်အမျိုးသား ဦးတင်အောင်
ကတရားပွဲအပြီးဓမ္မာရုံအပြင်ဘက်မှာ ပြောပြပါတယ်။စကားကတော့ အများကြီး မဟုတ်ဘူး၊ ဒါပေမယ့် ဘုန်း
ကြီးတရားတွေထဲမှာတော့ ဒါဟာ တော်တော် ပြင်းထန်ပါတယ်။

ဓမ္မ လက်တလုံးခြား

မွတ်စလင်တွေပဲ ထိတ်လန့်ချောက်ချားဖွယ်ရာတွေကို စိုးရိမ်ခံစားနေရတာ မဟုတ်ပါဘူး။ မွတ်စလင်တွေ
ဟာ နှစ်ပေါင်း၂ထောင်အရင်ကတည်းက မြန်မာပြည်မှာအခြေခိုင်ခဲ့တဲ့ယုံကြည်မှုကိုတိုင်းပြည်ကနေ ပျောက်
သွားအောင်ကြံစည်လုပ်ဆောင်နေတဲ့အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးသားထဲမှာ စိုးရိမ်ခံစား
လာအောင် ၉၆၉ လှုပ်ရှားမှုက သွတ်သွင်းပေးပါတယ်။“ဒါဟာ ပထမအကြိမ်နဲ့ နောက်ဆုံးပါပဲ၊ ကျွန်တော်တို့
က လူငယ်တွေ၊ ကလေးတွေအတွက် ရည်ရွယ်ခဲ့တာ၊ ဘုန်းကြီးက ၉၆၉ ကိစ္စတွေပဲ ပြောလိမ့်လို့ မထင်ခဲ့ဘူး” လို့ ပွဲစီစဉ်သူတစ်ဦးက ဆိုပါတယ်။ကျွန်တော် မေးကြည့်ခဲ့တဲ့ အဲဒီက အခြားသူတွေကလည်း ဦးဝိမလရဲ့ ဒေါ
သတကြီးလေသံ တွေကို သိပ်ပြီး မခံစားကြပါဘူး။

“သူ့အသံတွေက ဟစ်တလာလိုပဲ”လို့ ၉၀ ရွေးကောက်ပွဲအမတ်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသား ဟောင်း
လည်းဖြစ်သူအသက် ၅၇ နှစ်အရွယ်ဗုဒ္ဓဘာသာဝင်ဦးထွန်းသန်းက ဆိုတယ်။“သူတို့အုပ်စု အင်အားတောင့်
လာရင်တော့ အဲဒါပြဿနာပဲ”လို့တရားပွဲအပြီးမှာအလွတ်သဘောပြောပါတယ်။နောက်ထပ် NLDပါတီမှဒေ
သခံ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးကျော်ကျော်ကလည်း ဒါကို ထောက်ခံပါတယ်။

“ခင်ဗျား ကြားတယ်မဟုတ်လား၊ အဲဒီသီချင်းကို…… ဗုဒ္ဓဘာသာ ရှင်လူများ သွေးအေးလို့ မနေသင့်ပြီ သွေး
အေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်လို့…ကွယ်လိမ့်မည်…..တဲ့… အဲဒါ ဘာသဘောလဲ။ လူတွေ
ကို ဆွပေးနေတာပဲဗျ။ ဒါကို ရပ်ပစ်ရမယ်” ကျွန်တော်တို့ စကားပြောနေရင်းနဲ့ ဦးကျော်ကျော်က ၉၆၉ လှုပ်
ရှားမှုဟာဗုဒ္ဓဘာသာယုံကြည်မှုအတွက်ခံတပ်ဖြစ်တဲ့ မော်လမြိုင်မှာသန္ဓေတည်ခဲ့တာဖြစ်ကြောင်း ပြန်ပြောင်း
ပြောဆိုပါတယ်။

လွန်ခဲ့နှစ်ပေါင်း ၂၀၀ လောက်က ဒီမော်လမြိုင်မြို့မှာ ဗုဒ္ဓဘာသာကျောင်းသားတွေ ခရစ်ယာန်သာသနာကို ကူးပြောင်းသွားခဲ့တဲ့အတွက် ဒေသခံတွေကကန့်ကွက်ပြီးသာသနာပြုကျောင်းတွေကို အတင်းအဓမ္မပိတ်ပစ်
ခဲ့တဲ့သမိုင်းကြောင်းရှိတယ်။၁၈၂၄ ခုနှစ်မှာ အောက်မြန်မာပြည်ကို ဗြိတိသျှတွေ သိမ်းပိုက်ပြီးနောက်၁၂ နှစ်
အကြာမှာ အဲဒီပြဿနာဖြစ်ခဲ့ပြီး မော်လမြိုင်မြို့ဟာ ဗုဒ္ဓဘာသာဝင်သစ္စာခံများအတွက် ဂုဏ်သတင်းကြီးမား
ခဲ့ပါတယ်။ ဗြိတိသျှလက်အောက်မှာ အိန္ဒိယကနေ မွတ်စလင်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်ခဲ့ပြီး အခု
တော့ သူတို့ရဲ့မျိုးဆက်တွေဟာ မြန်မာပြည်ရဲ့ ၅ ပုံတစ်ပုံလောက်ရှိနေတယ်။

၁၉၉၇ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် မော်လမြိုင်မြို့မှာ နှစ်ဖက်လှဦးကျော်လွင် ရေးသားထုတ်ဝေတဲ့ “၉၆၉”
အမည်နဲ့ စာမျက်နှာ ၄၀ ပါ စာအုပ်ထွက်ရှိလာပါတယ်။ စာအုပ်ရဲ့အဓိကလိုရင်းကတော့ ဗုဒ္ဓဘာသာဝင်တွေ
ကို သူတို့ရဲ့အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ယာဉ်တွေမှာ “၉၆၉”တံဆိပ်ကို ထင်ထင်ရှားရှား ကပ်ထားဖို့ တိုက်တွန်းထားတာပါ။တခြားဘာသာကို ဝေဖန်တိုက်ခိုက်ဖို့ ပြောထားတာတစ်ခုမှမရှိပေမယ့်ဗုဒ္ဓဘာသာဝင်
တွေကို လူကောင်းတွေဖြစ်စေဖို့နဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ထောက်ပံ့ဖို့ တိုက်တွန်းထား
ပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါမှာ နောက်ထပ် ထွက်လာတဲ့စာအုပ်ကတော့ မွတ်စလင် မုန်းတီးရေးအကြောင်း
ရေးထားတဲ့ “အမျိုးပျောက်မှာ စိုးကြောက်စရာ”ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်မှာလည်း ဗုဒ္ဓဘာသာ
ဝင်တွေကို ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ အလေးပေးပြောကြားထား ပေမယ့် ဗုဒ္ဓဘာသာကာကွယ်ရေးဖို့
အတွက်ဆိုပြီးတော့ မွတ်စလင်တွေကို ခွဲခြားဆက်ဆံဖို့ အားပေးတဲ့ ပညတ်ချက် ၁၇ ချက် ထုတ်ပြန်ထားတာ
တော့ရှိပါတယ်။

ဒီစာအုပ်ကို ၂၀၀၀ပြည့်နှစ်လောက်မှာ ပထမဆုံးကြိမ် ထုတ်ဝေခဲ့ပေမယ့် တရားဝင်တော့ မဟုတ်ခဲ့ပါဘူး။ ဒီလိုစာအုပ်မျိုးကို လက်ဝယ်တွေ့ရှိရင်လည်း ၁၉၅၀ အရေးပေါ်အက်ဥပဒေ ပုဒ်မ ၅(ည)အရ ထောင်ဒဏ် ၇ နှစ်အရေးယူခံရနိုင်ပါတယ်။ 

ဒီစာအုပ်မှာ ဗုဒ္ဓဘာသာဝင်တွေကို မွတ်စလင်အပေါ် “ဖြတ် သုံးဖြတ်”ကျင့်သုံးဖို့ တိုက်တွန်းထားတယ်။ ပထမ
“ဖြတ်”ကတော့မွတ်စလင်တွေနဲ့စီးပွားရေးအားလုံး ဖြတ်တောက်ဖို့၊ နောက်တစ်ခုက မွတ်စလင်တွေ ဗုဒ္ဓဘာ
သာဝင်နဲ့လက်ထပ်တာကို ခွင့်မပြုဖို့၊ နောက်ထပ်တစ်ခု ကတော့ လူမှုဆက်ဆံရေးမှာ မွတ်စလင်တွေနဲ့ ကင်း
ကင်းရှင်းရှင်းနေပြီး မေးထူးခေါ်ပြောလေးတောင် မလုပ်ဘဲ အဆက်အသွယ် ဖြတ်တောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ
ဟာ ဘာမှမဟုတ်သလိုထင်ရပေမယ့် အဓိကရုဏ်းတွေကို ဦးတည်နေပါတယ်။

မွတ်စလင်ဆန့်ကျင်ရေးလှုံ့ဆော်မှုတွေမှာ အဓိက လှုပ်ရှားနေတာကို အထင်အရှား တွေ့မြင်လာရတဲ့ အခု
အချိန်မှာတောင် ၉၆၉ လှုပ်ရှားမှုဟာ အကြမ်းမဖက်ပါဘူးလို့ ငြင်းဆို နေတုန်းပါပဲ။ အပြင်ပန်းအားဖြင့်တော့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုပေါ့။ 

ဥပမာအားဖြင့် ဦးဝိမလက ကလေးတွေအတွက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကိုဖွင့်လှစ်သင်ကြားပေး
တဲ့အခါ မိဘတစ်ချို့က သူတို့ကလေးတွေကို ဒီကျောင်းကို ပို့ဖို တွန့်ကြတယ်၊ ဘာလို့လဲဆိုတော့ မုန်းတီးရေး
တရားတွေ ရိုက်သွင်းခံရမှာစိုးလို့ပါ။ ဒါပေမယ့် ဒီလိုကျောင်းတချို့မှာ တော့ ရာနဲ့ချီတဲ့ ကျောင်းသားတွေကို စည်းရုံးနိုင်ပြီး သူတို့ရဲ့ အောင်မြင်မှုကို ပြသပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ တုန့်ပြန်ချက်

၉၆၉ လှုပ်ရှားမှုကို ထောက်ခံသူတွေက သူတို့ရဲ့ပန်းတိုင်ဟာ ကိုယ့်သာသနာကို ကာကွယ်ဖို့ပဲဖြစ်ပြီး တခြား
ဘာသာကို တိုက်ခိုက်ဖို့မဟုတ်ဘူးလို့ ခုခံကာကွယ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် မွတ်စလင်စီးပွားရေးတွေ
ကို ဆန့်ကျင်သပိတ်မှောက်ရတာပါလဲလို့ မေးတဲ့အခါမှာတော့ မော်လမြိုင် နန်းဦးကျောင်းဆရာတော် ဦးရေ
ဝတ က ဒါဟာ မွတ်စလင်တွေက ဗုဒ္ဓဘာသာဝင်တွေကို ခွဲခြားဆက်ဆံတာထက် မပိုပါဘူးလို့ ခုခံပြောဆိုပါ
တယ်။

“ကျုပ်မေးချင်တယ်… ဒီမူဝါဒကို ဘယ်သူစပြီးကျင့်သုံးတာလဲ၊ နှစ်ပေါင်းများစွာမွတ်စလင်တွေကဗုဒ္ဓဘာသာ
ဝင်တွေရဲ့ ဆိုင်က ဈေးဝယ်ဖို့ ငြင်းပယ်ခဲ့တာ၊ နောက်ဆုံး ကွမ်းယာဆိုင်ကတောင် မ၀ယ်ဘူး၊ ၇၈၆ အချင်း
ချင်းပဲ အားပေးတာ၊ဒီအတိုင်းဦးဇင်းတို့ကလိုက်လုပ်တာပဲ”လို့ ဦးရေ၀တက မိန့်တယ်။၉၆၉ စတေကာအပြည့်
ကပ်ထားတဲ့ လွတ်အိတ်လေး ဘေးချထိုင်ရင်း ဦးဇင်းက ဆက်လက်မိန့်ပါတယ်။“မွတ်စလင်တွေနဲ့ညားတဲ့ ဗုဒ္ဓ
ဘာသာဝင်တွေကို ကိုယ့်ဘာသာကို ကျင့်သုံးခွင့် အစ္စလာမ်က ဘာကြောင့်လို့ မပေးတာလဲ၊ မွေးလာတဲ့ က
လေးတွေကိုလည်းမွတ်စလင်ဖြစ်ရမယ်လုပ်တယ်၊သူတို့ဘာသာမှာလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် မပေး
ထားဘူး၊ သူတို့ဟာ လူ့အခွင့်ရေးကို ချိုးဖောက်နေတယ်”သူတို့ရဲ့ စွတ်စွဲချက်နဲ့အတူ ၉၆၉ အဖွဲ့သားတွေရဲ့ 
လက်တွေ့ကျင့်သုံးမှုဟာ တကယ်လည်း ထိရောက်ပါတယ်။

ဦးတင်အောင်ဆိုသူမွတ်စလင်အမျိုးသားကသူ့သားရဲ့ မော်တော်ဆိုင်ကယ် အပိုပစ္စည်းဆိုင်လည်း တစ်ဝက်
လောက် အရင်းပြုတ်နေပါပြီလို့ ပြောပြတယ်။ သူ့သားဆိုင်က ဈေးနှုန်းချိုသာပြီးဝန်ဆောင်မှုကောင်းတယ်ဆို
တဲ့ နာမည်ရှိတဲ့တိုင်အောင် ဖောက်သည်အများစုက ပြန်လှည့်သွားကြတယ်လို့ ဆိုပါတယ်။

တဘက်မှာလည်း ဗုဒ္ဓဘာသာဝင်အချို့က သူတို့ရဲ့ အိမ်တွေ၊ ဆိုင်တွေနဲ့ ယာဉ်တွေမှာ ကပ်ထားတဲ့ ၉၆၉ တံ
ဆိပ်တွေကို စတင် ခွာပစ်နေပါပြီ။ ဆိုင်ကယ်တက္ကစီ မောင်းသူတစ်ဦးကတော့ သူ့ဆိုင်ကယ်မှာ ၉၆၉ တံဆိပ်
ကပ်တုန်းက မွတ်စလင် ဖောက်သည်တွေ မရပါဘူးတဲ့။ သူ့အတွက် ၀င်ငွေဆုံးရှုံးလို့ အခုတော့ အဲဒီတံဆိပ်
ကို ခွာပစ်လိုက်ပါပြီ။ဒီလှုပ်ရှားမှုဟာအခြေခံလူမျိုးရေးခွဲခြားမှုပဲလို့ သူက အသိအမှတ်ပြုပါတယ်။“လူတွေက
အသစ်အဆန်းကိုစိတ်ဝင်စားတယ်၊ဒါလူ့ဗီဇပဲလေ၊ ဒါပေမယ့် ရေရှည်မှာတော့မရပါဘူး၊ဘာသာတရားတိုင်း
ရဲ့ အနှစ်သာရက ငြိမ်းချမ်းမှု၊ စာနာထောက်ထားမှု၊ လှပမှုတွေုပါပဲ”လို့ ဦးတင်အောင်က ရှင်းပြပါတယ်။

နိုင်ငံရေးနွယ်တဲ့ ဘာသာရေး

၉၆၉ လှုပ်ရှားမှုဟာ မြန်မာပြည်မှာ တော်တော်လေးအံ့သြဖွယ်ရာဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကံမကောင်းတာ
ကတော့ တိုင်းပြည်အတွက် ဘာတစ်ခုမှ မဆောင်ကျဉ်းပေးနိုင်ခဲ့ပါဘူး။ ဒီလိုပဋိပက္ခတွေ ဖြစ်ပွားရတာဟာ ဘာသာရေးရဲ့တွန်းအားတွေပါတယ်လို့ယူဆကြပေမယ့်တချိန်တည်းမှာ လေ့လာသုံးသပ်သူတစ်ချို့ကတော့
အစိုးရရဲ့ မူဝါဒတွေမှာ စစ်အာဏာခိုင်မြဲဖို့ဘာသာရေး၊လူမျိုးရေးခွဲခြားမှု ပေါ်လစီကို ကာလရှည်ကြာစွာကျင့်
သုံးခဲ့တယ်လို့ ထောက်ပြပါတယ်။

“နေ၀င်းကအဓိကတရားခံပဲ၊၉၆၉ မဟုတ်ဘူးလို့ ၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးသမား ဦးထွန်းသန်းက ပြော
ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း တိုင်းပြည်အာဏာမသိမ်းကခင် မွတ်စလင်တွေဟာ တန်းတူအခွင့်ရေး
ရခဲ့လို့ ပျော်ရွှင်ခဲ့တယ်။ မြန်မာပြည်က မတူညီကွဲပြားတဲ့ ဘာသာတရားတွေကြားမှာ ယုံကြည်မှုပျက်ယွင်းခဲ့
တာဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ကျင့်သုံးခဲ့တဲ့ ပေါ်လစီတွေကြောင့်ပဲဖြစ်တယ်လို့ ဦးထွန်းသန်း
က ပြစ်တင်ဝေဖန်ပါတယ်။

“မ.ဆ.လ က ဘာသာရေးခွဲခြားဆက်မှုတွေကို တရားဝင်ပေါ်လစီအနေနဲ့ ကျင့်သုံးတယ်၊ အဲဒီပေါ်လစီကပဲ မွတ်စလင်တွေကို အချင်းချင်း အပြန်အလှန်ထောက်ပံ့ဖို့ အခြေအနေတစ်ရပ်ကို ဖန်တီးပေးလိုက်တာပါပဲ၊ အဲ
ဒီရလာဒ်ကြောင့်ပဲ ဗုဒ္ဓဘာသာဝင်တွေကြားမှာလည်း မွတ်စလင်တွေဟာ သူတို့နဲ့မတူဘဲ သီးခြားခွဲထွက်နေ
တယ်လို့ မြင်လာကြတာပေါ့”လို့ သူက ဆိုပါတယ်။ဆယ်စုနှစ်နဲ့ချီပြီး မွတ်စလင်တွေကို အဖက်မလုပ်ပေမယ့်
လည်းမွတ်စလင်တွေအတွက်က ပြည့်ဝတဲ့ နိုင်ငံသားဖြစ်ခွင့်မပေးတာလောက်မခံစားခဲ့ရပါဘူး။“ကျွန်တော်
တို့ကို ကုလားလို့ခေါ်လည်း ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် အခြေခံ လူ့အခွင့်ရေးပဲ ကျွန်တော်တို့ လိုချင်ပါတယ်”
လို့ မော်လမြိုင်မြို့ စွမ်းကြီးရပ်ကွက်ရှိ မိုရီဗလီက ဆရာတစ်ဦးဖြစ်တဲ့ ဦးမြင့်လွင့်က ပြောပြပါတယ်။

ပြီးခဲ့တဲ့ မတ်လကဖြစ်ပွားခဲ့တဲ့မိတ္ထီလာမြို့ကမွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုအပြီးမှာ သမ္မတ ဦးသိန်း
စိန်ကမွတ်စလင်တွေရဲ့အခွင့်ရေးကို ကာကွယ်ပေးပါမယ်လို့ ကတိပေးခဲ့တယ်။ သို့သော်လည်း အစိုးရရဲ့ ရပ်
တည်ချက်က ရှင်းလင်းပြတ်သားမှုမရှိဘူးလို့ ဦးမြင့်လွင့်က ဆိုပါတယ်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို ဘယ်လို အလျင်အမြန်ဖြိုခွဲခဲ့လဲဆိုတာ ကြည့်ပါ၊ မိတ္ထီလာအပါအ၀င်တခြားမြို့တွေမှာအကြမ်းဖက်မှုတွေဖြစ်တာကိုတော့ဘာကြောင့် မြန်မြန်ဆန်ဆန် အရေး
မယူရတာလဲ၊ အဲဒီနေရာမှာ သူတို့ရဲ့ အကျိုးစီးပွားသာ ရှိနေမယ်ဆိုရင် သေဆုံးမှုတွေ ပျက်စီးဆုံးရှုံးမှုတွေ ဒီ
လောက်အထိ ဖြစ်လာမှာမဟုတ်ဘူး”လို့ ဦးမြင့်လွင်က ထောက်ပြပါတယ်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်NLDပါတီခေါင်းဆောင်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကမွတ်စ
လင်တွေအတိုက်ခိုက်ခံနေရတာနဲ့ပတ်သက်ပြီး တခွန်းမှမပြောတဲ့အတွက် စိတ်မကောင်းဖြစ်မိပါသလားလို့
မေးကြည့်တဲ့အခါမှာတော့ ဦးမြင့်လွင့်က သူမအနေနဲ့ သူတို့ကိုယ်စား မပြောဘဲနေတာက ပိုပြီးသင့်တော်ပါ
မယ်လို့ ဆိုပါတယ်။

“သူ့ကို ဒီပြဿနာထဲ ၀င်မပါစေချင်ဘူး၊ ဒီအတိုင်းပဲနေစေချင်တယ်၊ ဒါပေမယ့် သူလည်း ကျွန်တော်တို့အ
တွက် စိတ်မကောင်းဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်”လို့ ဦးမြင့်လွင့်က ဆိုပါတယ်။ ဒေါ်အောင်ဆန်း
စုကြည် သမ္မတဖြစ်လာရင်တော့ အခြေအနေတွေ ကောင်းမွန်လာမယ်လို့ ယုံကြည်တဲ့အကြောင်းလည်း သူ
က ထပ်ပြောပါတယ်။

နိုးကြားသတိနဲ့ လူ့အဖွဲ့အစည်း

မိတ္ထီလာမှာဖြစ်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေးပဋိပက္ခမှာလူ ၄၃ ယောက်သေပြီးကတည်းက နိုင်ငံအနှံ့အပြား
က မြို့တော်တော်များများမှာ မြန်မာမွတ်စလင်တွေဟာတိုက်ခိုက်ခံရမှုတွေပိုမိုကြုံတွေလာရပါတယ်။“မိတ္ထီ
လာပဋိပက္ခဖြစ်ပြီးကတည်းက တစ်ညမှ ကောင်းကောင်းအိပ်လို့မရတော့ဘူး”လို့ မိုရီဗလီမှ မွတ်စလင်တစ်
ဦးဖြစ်သူ ဦးဇော်နိုင်က ဆိုတယ်။

မော်လမြိုင်မှာရှိတဲ့ဗလီတွေမှာလည်းအနည်းငယ် ပြဿနာရှာတာတွေတော့ရှိပါတယ်။ဗလီကိုခဲနဲ့ပေါက်တာ
တွေရှိတယ်။ စွမ်းကြီးရပ်ကွက်မှာ လူစိမ်းတစ်ယောက်ရောက်လာရင်ကို ဒေသခံတွေအတွက် ရင်ထိတ်နေရ
တယ်။

“ဘယ်သူ့ကိုမှ အပြစ်မပြောချင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ခဲပေါက်တဲ့သူကိုလည်း ကျွန်တော်တို့ မသိဘူး၊ ဒါပေမယ့် တစ်ခုသေချာတာကတော့ ၉၆၉ ဒီဗီဒီခွေတွေ စဝေပြီးတဲ့နောက်မှာ ဒါတွေဖြစ်တာပဲ”လို့ ဦးမြင့်
လွင့်က ရှင်းပြတယ်။

“ခဲဘယ်သူပေါက်ဆိုတာက အဓိကမကျပါဘူး၊ လှုံ့ဆော်သူနဲ့ အမုန်းတရားဖြန့်ချိသူကိုပဲ ကျွန်တော်တို့ သတိ
ထားတယ်၊ ၉၆၉ အုပ်စုက ဘယ်သူတွေဆိုတာလဲ ကျွန်တော်တို့ သိပါတယ်”နောက်ဆုံးမှာ ဒီပဋိပက္ခတွေက
ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့မယ်ဆိုရင်တော့ လုပ်တဲ့သူရော ခံရတဲ့သူရော အားလုံး အကြီးအကျယ် ဆုံးရှုံးမှုနဲ့ ရင်
ဆိုင်ရမှာပါပဲလို့ ဦးမြင့်လွင်က ပြောပြသွားပါ တယ်။

(မှတ်ချက်-ဒီဆောင်းပါးကို၂၀၁၃ ခုနှစ်ဇွန်လထုတ်ဧရာဝတီမဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်ပါသည်။)Irrawaddy
Megizine ပါA Radically Different Dhamma ဆောင်းပါးကိုစိုင်ဖုလ္လာပာ်(မြန်မာမွတ်စလင်မ်မီဒီယာ)ဘာသာပြန်
ဆိုသည်။
 
ဘာသာပြန်-စိုင်ဖုလ္လာပာ်(မြန်မာမွတ်စလင်မ်မီဒီယာ)
မော်လမြိုင်။
 
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၇.၆.၂၀၁၃

Sunday, June 23, 2013

လူငယ်နှင့် ဓမ္မ

မေး။ ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလား။ ကလေးတွေကို ဘယ်လိုနည်းမျိုးနဲ့ တရားဓမ္မ သင်ပေးနိုင်ပါသလဲ။

ဖြေ။ ။ ကလေးတွေဟာ ဖြူစင်ကြတယ်ဆိုတာကို ဘယ်သူ ငြင်းချက်ထုတ်နိုင်ပါသလဲ။ တရားဓမ္မရဲ့ မြင့်မြတ်မှုကိုရော ဘယ်သူ ကန့်ကွက်နိုင်ပါသလဲ။ ရိုးရိုးသားသားနဲ့ ဖြေကြည့်ပါ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလားဆိုတဲ့ မေးခွန်းကိုလည်း ကိုယ့်ဟာကိုယ်ပဲ ဆက်ပြီး ဖြေကြည့်လိုက်ပါဦး။

                              Click Here : For English Version 

သူတစ်ပါးကို အနှောင့်အယှက် မပေးတာနဲ့ သူတစ်ပါးကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးတာတို့ဟာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ဒါကို တစ်ခြားဘာသာတွေကလည်း တန်ဖိုးထားကြပါတယ်။ ဘယ်ဘာသာဝင် မိဘတွေပဲဖြစ်ဖြစ် သူတို့ ကလေးတွေကို ဒီတရားတွေ ကျင့်သုံးကြစေချင်ပါတယ်။ ဘာသာဝင်တွေ အချင်းချင်း အပြန်အလှန် နားလည်ပြီး ညီညီညွတ်ညွတ် နေနိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ပေါ့။ ကလေးတွေကို ကျင့်သုံးစေချင်တယ်ဆိုရင် လူကြီးတွေက လက်တွေ့ ကျင့်သုံးပြတာ အကောင်းဆုံး ဖြစ်ပါတယ်။ လူကြီးတွေ တကယ် ကျင့်သုံးနိုင်ရင် ကလေးတွေအပေါ်မှာ တိုက်ရိုက် သက်ရောက်ပါလိမ့်မယ်။

ကလေးတွေရဲ့ ရင်ထဲမှာ ဗုဒ္ဓဘာသာ သန္ဓေတည်လာအောင် အိမ်မှာ စပြီး လုပ်ပေးသင့်ပါတယ်။ အိမ်မှာ ဘုရားစင် ရှိတယ်ဆိုရင် ကလေးတွေ ဘုရားစင်နဲ့ ပတ်သက်တဲ့ ဝေယျာဝစ္စ ဆောင်ရွက်ခွင့် ရတာပေါ့။ ဘုရားဦးချပုံ၊ ဆွမ်းကပ်ပုံ၊ ပန်းကပ်ပုံ၊ ရေချမ်းကပ်ပုံတွေ သင်ပေးနိုင်တာပေါ့။ ကလေးတွေနဲ့အတူ ဘုရားဝေယျာဝစ္စ ဆောင်ရွက်သင့်ပါတယ်။ ကလေးတွေ ငယ်ငယ်ကတည်းက မိဘနဲ့ သားသမီး ဘာသာရေးအရ ဆက်စပ်နေသင့်ပါတယ်။ ငယ်ငယ်ကတည်းက အလေ့အကျင့် ရထားရင် အရွယ်ရောက်တဲ့ အခါမှာ အလားအလာ ကောင်းတာပေါ့။
ကလေးတွေဟာ ဂီတကို မြတ်နိုးတတ်ကြပါတယ်။ ဂီတသံနဲ့ ရွတ်တာဖတ်တာကို ကလေးတွေ သဘောကျတတ်ပါတယ်။ ခံစားမှုသီချင်းတွေနဲ့ သားချော့တေးတွေအပြင် ဓမ္မဂီတကိုပါ ကလေးတွေနဲ့ မိတ်ဆက်ပေးသင့်ပါတယ်။ ရင်ခွင်ပိုက်အရွယ် ကလေးငယ် ပင်ပန်းနေတာ၊ အလိုမကျ ဖြစ်နေတာ သတိထားမိရင် ကလေးအတွက် ဂါထာမန္တာန် ရွတ်ပေးကြည့်ပါ။ ကလေးရဲ့ အပြုသဘော တုံ့ပြန်မှုကို တွေ့ရပါလိမ့်မယ်။
အသိမိတ်ဆွေ မိသားစု တစ်ခုမှာ ထမင်းမစားခင် မိသားစုလိုက် ဆွမ်းတော်ကပ်ကြတာ တွေ့ဖူးပါတယ်။ ဒီထက် ပိုပြီး ထူးခြားတာက ဆွမ်းတော်ကပ် ၀တ်ရွတ်စဉ်ကို ငါးနှစ်သား ကလေးက ရှေ့ကတိုင်ပေးသွားပါတယ်။ ဒါဟာ ရိုးတယ်ထင်ရပေမယ့် ကလေးနဲ့ မိဘကြားက လေးနက်တဲ့ ဓမ္မဆက်ထုံးတစ်ခု ဖြစ်ပါတယ်။

တစ်ပတ်တစ်ခါ တစ်လတစ်ခါ နီးစပ်ရာ မိသားစုတွေ စုဆုံပြီး ဘာသာရေးကိစ္စ ဆောင်ရွက်ကြတာတွေလည်း တော်တော်များများ တွေ့ဖူးပါတယ်။ ဒီလို ပုံမှန်လုပ်နေတာဟာ ကလေးတွေကို ဓမ္မသင်တန်း အတက်ခိုင်းပြီး သင်တန်းပြီးတာနဲ့ ကိစ္စပြီးသွားတာထက် အများကြီး သာပါတယ်။ မိသားစုကို ပစ်ထားခဲ့ပြီး၊ မိတ်ဆွေတွေကိုလည်း သတိမရနိုင်ဘဲ အချိန်လု စီးပွားရှာကြရတဲ့ ခေတ်ကြီးထဲမှာ ဒီလို ပုံမှန်လေး လုပ်သွားနိုင်ရင် မိသားစုတွေ စုစည်းပျော်ရွှင်မှု လောကီအကျိုးလည်း ရရှိသလို ဘာသာရေးကို ကျင့်သုံးပြီးလည်း ဖြစ်သွားပါတယ်။ မိတ်ဆွေမိသားစုတွေ အချင်းချင်းလည်း အပြန်အလှန် ကူညီခွင့်တွေ ရလာတာပေါ့။ ကလေးငယ်တွေအနဲ့အတူ ဘာသာရေးကိစ္စ တစ်ခုခု သဘောလောက် ခပ်ကျဉ်းကျဉ်း လုပ်လိုက်ပြီး ပျော်ပွဲစားကြတယ်၊ ကစားကြတယ် ဆိုရင်ကိုပဲ တော်တော်လေး ထိရောက်ပါတယ်။ ပျော်ပွဲစာထွက်ရင်း၊ ကစားခုန်စားလုပ်ရင်း ဘာသာရေးကိစ္စ ဆောင်ရွက်သင့်သလားလို့ မေးချင် မေးနိုင်ပါတယ်။ ဘာဖြစ်လို့ မလုပ်သင့်ရမှာလဲ။ လုပ်ရမှာ ကြောင်တယ်လို့ ထင်မိသလား။ မထင်ပါနဲ့။ သူတစ်ပါးက ငကြောင်လို့ အထင်ခံရမှာ ကြောက်သလား။ ထင်ချင်သလို ထင်ကြပါစေ။ ကိုယ့်ဘာသာရေး ကိုယ်လုပ်တာပဲ။

မိဘနဲ့ သားသမီး အတူတူ တရားထိုင်နိုင်ပါတယ်။ ကလေးတွေအတွက် အချိန် သိပ်ကြာစရာ မလိုပါဘူး။ ကလေးတွေကို အားစိုက်သတိထားပြီး အသက်ရှူဖို့ သင်ပေးပါ။ ဘယ်လိုခံစားလိုက်ရတယ် ဆိုတာကို သတိထားမိအောင် အသက်ရှူခိုင်းပါ။ တရားထိုင်တာကို ကြီးလေးမွန်မြတ်တဲ့ ကိစ္စကြီး၊ ကလေးတွေနဲ့ မဆိုင်တဲ့ ဘာသာရေး လုပ်ငန်းကြီးလို့ မသတ်မှတ်ပါနဲ့။ မွန်မြတ်တဲ့ ကိစ္စတိုင်း ကြီးလေးစရာ မလိုပါဘူး။ လွယ်လွယ်လေးနဲ့လည်း မွန်မြတ်လို့ ရပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းက ကလေးတွေအတွက် ခက်နေရင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း အပွားခိုင်းပါ။ ကမ္မဋ္ဌာန်းဆိုပြီး စကားလုံးကသာ ကြီးနေတာ လုပ်ရတာက ရိုးရိုးလေးပါ။ ဘုရားဂုဏ်ကို အာရုံပြုလိုက်ရုံပဲ မဟုတ်လား။ ဘုရားရှင်ရဲ့ ပုံတော်ကို စိတ်ထဲမှာ ပုံဖော်ကြည့်ခိုင်းနိုင်ပါတယ်။ ဒီလောက်တော့ ကလေးတွေအတွက် မခက်ပါဘူး။ မေတ္တာပွားတာလည်း ကလေးတွေ လုပ်နိုင်တာပေါ့။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေတတ်တာဟာ ဘ၀မှာ အရေးကြီးတဲ့ စွမ်းရည်တစ်ခုပါ။ ဒီစွမ်းရည်ကို မေတ္တာပွားခြင်းအားဖြင့် တည်ဆောက်နိုင်ပါတယ်။

မိသားစုလိုက် ကျောင်းကန်ဘုရား စေတီပုထိုးတွေ သွားရောက် လည်ပတ်နိုင်ပါတယ်။ ဘိုးဘွားရိပ်သာလို လူမှုရေး ဆောင်ရွက်တဲ့ နေရာဌာနတွေလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။ လည်ပတ်ရာက ပြန်လာရင် ဘာတွေ မြင်တွေခဲ့ရတယ်၊ ဘယ်လိုတွေ ခံစားခဲ့ရတယ်၊ ဘာတွေ လုပ်ကိုင်ဆောင်ရွက်ချင်စိတ် ဖြစ်ပေါ်ခဲ့တယ် ဆိုတာကို ဆွေးနွေးသင့်ပါတယ်။

ကလေးတွေအတွက် ထုတ်ဝေထားတဲ့ ဗုဒ္ဓ၀င်စာအုပ်တွေကို ကလေးနဲ့မိဘ အတူဖတ်သင့်ပါတယ်။ ဗုဒ္ဓ၀င် ဗီဒီယိုတွေ အတူ ကြည့်သင့်ကြပါတယ်။ မိဘက ကလေးတွေကို လမ်းပြသွန်သင်နိုင်တာပေါ့။ ကလေးတွေအတွက် ထုတ်ဝေတဲ့ ဓမ္မစာအုပ်တွေ အများကြီး ရှိပါတယ်။ ဗုဒ္ဓ၀င် ကာတွန်းဇာတ်လမ်းတွေလည်း ပေါပါတယ်။ စာတွေဖတ်၊ ဗီဒီယိုတွေကြည့်ပြီး ကလေးတွေနဲ့ မသိမသာ ဆွေးနွေးကြည့်ပါ။ ကလေးတွေ ပျော်အောင် ပေါ့ပေါ့ပါးပါး ဆွေးနွေးပါ။ လမ်းညွှန်မှုနဲ့ ဆွဲဆောင်ပြီး ဆွေးနွေးပါ။ ကလေးတွေဟာ နက်နဲတဲ့ ကံတရား၊ ဘ၀သံသရာ သဘောတရားတွေကို လက်ခံဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကလေးတွေဟာ တိရစ္ဆာန်တွေ၊ နိမ့်ကျသူတွေကို သနားတတ်လာတာကိုလည်း တအံ့တသြ တွေ့ရပါလိမ့်မယ်။

ဗုဒ္ဓဘာသာ ကျောင်းကန်ဘုရားတွေမှာ ကာယိနြေ္ဒကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး စောင့်ထိန်းထားတတ်ကြပါတယ်။ ရဟန်းသံဃာတွေ လူကြီးမိဘတွေရှေ့မှာ ငြိမ်ငြိမ်သက်သက် နေတာဟာလည်း ဗုဒ္ဓဘာသာရဲ့ အလေ့အထ တစ်ခုပါပဲ။ ဗုဒ္ဓဘာသာမှာမှ မဟုတ်ပါဘူး။ ကာယိနြေ္ဒ ထိန်သိမ်းခြင်းကို တော်တော်များများက လိုလားကြပါတယ်။ ဒီအလေ့အထနဲ့ ပတ်သက်လို့ “ကလေးတွေ အငြိမ်ကို မနေနိုင်ကြဘူး”လို့ ညည်းညည်းညူညူ ပြောကြတဲ့ မိဘတွေ အများကြီး တွေ့ဖူးပါတယ်။ ကလေးတွေ ဂနာမငြိမ်တာဟာ မိဘတွေဆီက သင်ယူခဲ့တာ ထင်ပါတယ်။ အဲဒီလို မိဘတွေ ငြိမ်ငြိမ်သက်သက် ထိုင်နေတာကို သူတို့ကလေးတွေ တွေ့ရခဲ မြင်ရခဲမယ် ထင်ပါတယ်။ လူကြီးတွေ ဣနြေ္ဒရရ ထိုင်နေတာကို မြင်ရတဲ့ ကလေးတွေဟာ ဣနြေ္ဒရရ ငြိမ်ငြိမ်သက်သက် ထိုင်နေချင်စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ တိတ်ဆိတ်အေးချမ်းမှုကို ကလေးနဲ့မိဘ အတူတူ အလျဉ်းသင့်သလို မျှဝေခံစားသင့်ပါတယ်။ ဥပမာ ကလေးက မိဘရင်ခွင်မှာ ထိုင်နေမယ်၊ မိဘက ဘုရားစာ တရားစာ ရွတ်ဖတ်နေမယ်ပေါ့။ တစ်ချို့ မိဘတွေက တရားထိုင်တဲ့ အခါမှာ ကလေးတွေ လာနှောင့်တာ မခံချင်ကြပါဘူး။ မိဘဆန္ဒကို ကလေးတော်တော်များများက လေးလေးစားစား နားလည်တတ်ကြပါတယ်။ ကလေးက နားမလည်နိုင်လို့ တရားထိုင်နေတုန်း ရင်ခွင်ထဲ လာထိုင်တယ် ဆိုရင်လည်း ပြဿနာလို့ မယူဆသင့်ပါဘူး။ ကလေးကို ရင်ခွင်မှာထားပြီး တရားအားထုတ်လို့လည်း ရတာပါပဲ။

ဆယ်ကျော်သက်တွေနဲ့ စုဖွဲ့ပြီး ဆွေးနွေးတဲ့ နည်းကလည်း ထိရောက်ပါတယ်။ ဖော်ရွေရင်းနှီးမှုအကြောင်း၊ အတင်းအဖျင်း စကားတွေအကြောင်း၊ ချိန်းဆိုတွေဆုံတဲ့အကြောင်း စသည်ဖြင့် ဆယ်ကျော်သက်တွေနဲ့ သက်ဆိုင်တဲ့ ခေါင်းစဉ်တစ်ခုခုကို ယူပြီး လူကြီးက ဦးဆောင်ဆွေးနွေးပေါ့။ အဲဒီလို ဆွေးနွေးတဲ့ နေရာမှာ အကြောင်းအရာ အဖြစ်အပျက်နဲ့ ကိုက်ညီအောင် ဗုဒ္ဓဘာသာကို ဘယ်လို အသုံးချလို့ ရတယ်ဆိုတာ ပေါ်လွင်အောင် ဆွဲယူပြပေါ့။ အကြမ်းမဖက်ခြင်း မေတ္တာ၊ အရေးကိစ္စ ကြုံရတဲ့အခါ ထည့်ဝင်လှူဒါန်းခြင်း ရက်ရောမှု ဒါန အစရှိတဲ့ ဗုဒ္ဓဘာသာ အလေ့အကျင့်တွေကို နေ့စဉ်ဘ၀မှာ အသုံးချလို့ ရတယ်ဆိုတာ ပေါ်လွင်အောင် ပြောပြပေါ့။ ကမ္ဘာကြီးအကြောင်း၊ တစ်ခြားနိုင်ငံက လူသားတွေအကြောင်း လူငယ်တွေ သိနားလည်ခွင့် ရရှိမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ တရားတော်ကို နေ့စဉ်ဘ၀မှာ အသုံးချလို့ ရခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အလှတစ်ပါး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်တရား တန်ဖိုးတွေ၊ အကြင်နာ မေတ္တာတွေ ရှိနေတယ်၊ ဗုဒ္ဓဘာသာဟာ ဘ၀အတွက် အသုံးဝင်တယ်လို့ လူငယ်တွေ သိနိုင်ကြလေလေ သူတို့ရဲ့ ဘာသာတရားကို သူတို့ ပြန်ပြီး လေးစားနိုင်ကြလေလေ ဖြစ်ပါလိမ့်မယ်။
တစ်ခါတုန်းက အသက်နှစ်ဆယ်အရွယ် ကလေးတွေ “ယောက်ျားလေးနဲ့ မိန်းကလေး ဆက်ဆံရေး”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးကြတာကို ဦးဆောင်ပေးခဲ့ဖူးပါတယ်။ တစ်ယောက်ပြီးတစ်ယောက် အပြန်အလှန် ပြောကြတယ်။ သူတို့ဘ၀၊ သူတို့ခံစားချက်တွေအကြောင်း ပြောကြတာ ဖြစ်ပေမယ့် တရားဓမ္မနဲ့ သက်ဆိုင်တဲ့ သဘောတရားတွေ အများကြီး ပါနေပါတယ်။ ဗုဒ္ဓဘာသာ တရားတော်ကိုက သဘာဝတရားကို ဖော်ထုတ်ပြထားတာကိုး။ ဆိုပါစို့ ကိုယ်ကျင့်သိက္ခာ ပြည့်ပြည့်၀၀နဲ့ နေထိုင်ရှင်သန်ဖို့ အရေးကြီးတယ်၊ အမှန်ကိုသာ ပြောကြဖို့ အရေးကြီးတယ်၊ ဘယ်လိုအချိန်မှာ ဘယ်လို ယုံကြည်မှု ရှိသင့်တယ်ဆိုတာ လေ့လာရမယ် ဆိုတာတွေကို ကလေးတွေ ပြောကြဆွေးနွေးကြပါတယ်။ သူတို့ ပြောဆိုဆွေးနွေးတာကို ဦးဆောင်ပေးသူ တစ်ယောက်အနေနဲ့ ဘာမှ ၀င်မပြောခဲ့ပါဘူး။ သူတို့ ပြောကြတာတွေကို လေးလေးစားစားနားထောင်ပေးခဲ့တာပါပဲ။
 ဆွေးနွေးပွဲပြီးတော့ တစ်ချို့ ကောင်လေးတွေ ကောင်မလေးတွေ လာပြောကြတယ်။ “အံ့သြစရာပဲ။ ဘာသာရေး ခေါင်းဆောင်တစ်ယောက်ရှေ့မှာ ဒီလို ပြောရတာ ဒါ ပထမဆုံးပဲ”တဲ့။ ကလေးတွေဟာ အထိအခိုက် အတိမ်းအစောင်း မခံနိုင်တဲ့ အကြောင်းအရာ တစ်ခုကို လူကြီးတစ်ယောက်ရဲ့ ရှေ့မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ နောက်ပြီး ဘာသာရေး ခေါင်းဆောင်တွေဟာ လူငယ်တွေရဲ့ အရေးကိစ္စကို စိတ်ဝင်စားကြပါလား၊ စာနာတတ်ကြပါလားလို့လည်း သတိထားသွားမိကြပါတယ်။ သူတို့ဘ၀နဲ့ တရားဓမ္မ ဆက်စပ်မှု ရှိနေပါလားလို့လည်း သဘောပေါက်သွားကြပါတယ်။
တရားဓမ္မက ကလေးတွေရဲ့ ဘ၀ကို ထောက်ပံ့ပေးနိုင်တယ်၊ ကလေးတွေကို နည်းမျိုးစုံနဲ့ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်ပြီးတော့တစ်မျိုး နည်းအမျိုးမျိုးနဲ့ တရားဓမ္မတွေ သင်ပေးနိုင်တယ်လို့ ပြောချင်ပါတယ်။


                                                  ဘာသာပြန် - ရှင်အာစာရ

                                                            ရည်ညွှန်း -
pp 18-22, “Dealing with Life's Issues, a Buddhist Perspectivs” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies,
                                               .....................................

                         http://www.dhammaweb.net/notes/view.php?id=527
                                              ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

မြတ်စွာဘုရား ဟောထားသော လူလေးမျိုးအကြောင်း

လူနဲ့တိရစ္ဆာန် ခြားနားဟန် နှစ်တန်သိရမည်
အိပ၊် စား၊ ကာမ သိရုံမျှ မှတ်ကြလူမပီ
အကုသိုလ်ပါယ် ကုသိုလ်ဆွယ် တကယ်လူပီသည်
လူမပီက အပါယ်ကျ ဒုက္ခမလွတ်ပြီ
လူပီနေက ချမ်းသာရ ရောက်ရနိဗ္ဗာန်ဆီ တဲ့။



လူ.. လူချင်း.. တူတာတောင်မှ လေးမျိုးခွဲခြား ထားပါတယ်။ လူအများစု ကတော့ ထင်ကြမယ်..။ ဘာတွေများ ကွဲသလဲပေါ့..။ ဘုရားရှင် ဟောကြားခဲ့တဲ့ လူလေးမျိုးကတော့ တော်တော်လေးကို ကွဲပါတယ်။ စာဖတ်သူလည်း လူလေးမျိုး ဆိုတာကို သိပြီးရင် ကိုယ်ဟာ ဘယ်လိုလူမျိုးထဲမှာ ပါတယ်ဆိုတာလေးကို ဝေဖန်ဆန်းစစ်ပြီး
 ကောင်းသထက် ကောင်းအောင် ပြုပြင်ဖို့ လိုအပ်ပါတယ်။ လူစစ်စစ် ဖြစ်ဖို့.. အပါယ်တံခါး ပိတ်ဖို့.. ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ဖို့ ဘာတွေ လိုအပ်တယ် ဆိုတာလေး ဘုရားရှင် ဟောကြားခဲ့တဲ့ လူလေးမျိုးနဲ့ တိုက်ကြည့်ကြရအောင်..။ အရင်ဆုံး လူလေးမျိုးနဲ့ မိတ်ဆက်ပေးပါ့မယ်..။

လူ(၄)မျိုးက ဘာတွေလဲဆိုတော့…
(၁) လူ့ငရဲသား
(၂) လူ့တိရစ္ဆာန်
(၃) လူ့ပြိတ္တာ
(၄) လူ့ ပရမတ္တ ပါပဲ။

(၁) လူ့ငရဲသား
လူ့ငရဲသား ဆိုတာကတော့…။ တချို့ လူတွေဟာ လူတော့ ဖြစ်လာကြပါတယ်။ ဒါပေမယ့် ဘာသာရေးနဲ့ ပါတ်သတ်ရင် ဘာဆိုဘာမှ မသိ.. စိတ်လည်းမ၀င်စား.. ကိုယ့်အဘိုး၊ အဘွား၊ အဖေ၊ အမေတွေက ဗုဒ္ဓဘာသာတွေ ဖြစ်လို့သာ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်လာရတယ်။ တရားစာပေလည်းမဖတ်၊ တရားလည်းမနာ၊ သံဃာတော် မြတ်တွေဆီ တရားတွေ မေးမြန်းရမှန်းလည်းမသိ၊ ကုသိုလ်ဆိုတာကို ဘယ်လိုမှ စိတ်မ၀င်စားပါဘူး။ လူ့ဘ၀ရဲ့ အနှစ်သာရကို လုံးဝနားမလည်ပဲနဲ့ စီးပွားတွေ မတရားတဲ့နည်းနဲ့ ရအောင်ရှာပါတယ်။ ဘယ်သူဘာဖြစ်ဖြစ် ကိုယ်ကောင်းစားရင်ပြီးရော လိမ်ညာပြီးတော့ စီးပွားတွေ ရှာပါတယ်.. ရလာတဲ့ ဥစ္စာပစ္စည်းကိုလည်း ကုသိုလ်ဖြစ်စေမယ့် နေရာတွေမှာ အသုံးမပြုဘဲ အကုသိုလ် ဖြစ်မယ့် နေရာတွေမှာသာ သုံးဖြုန်းပြစ်ပါတယ်။ နောက်ဆုံး မကောင်းတဲ့ အသက်မွေးဝမ်းကြောင်း နဲ့ လုပ်ကိုင်တဲ့အတွက် ရာဇ၀တ်မူသင့်ပြီး ထောင်ကျတဲ့ဘ၀ကို ရောက်ရပါတယ်။
 ထောင်ကျတော့လည်း ကျွန်လို တိရိစ္ဆာန်လို အခိုင်းခံရ..။ ထောင်ကျသွားပြီဆိုတော့.. သူတို့တွေဟာ ငရဲပြည်မှာ ငရဲကျတဲ့သူတွေလိုပါပဲ.. ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ ကုသိုလ်တရားတွေ ဘယ်လိုမှ လုပ်ခွင့် မရကြပါဘူး။ လူ့ဘ၀ကိုသာ ရလာတယ်.. လူ့ဘ၀ရဲ့ အနှစ်သာရကို ဘာတစ်ခုမှ သိမသွားလိုက်ရဘဲ.. ငရဲသားအဖြစ်မျိုးနဲ့ ဘ၀ကို ဆင်းရဲပင်ပန်းစွာ ပေးဆပ်ပြီး နေထိုင်သွားပါတယ်။ ဒီလိုလူမျိုးကိုတော့ ဘုရားရှင်က လူ့ငရဲသားလို့ ဟောကြားခဲ့ပါတယ်။

(၂) လူ့တိရစ္ဆာန်
လူ့တိရိစ္ဆာန် ဆိုတာကတော့..။ ဒီအချက်ကတော့ ရှင်းပါတယ်..။ တိရစ္ဆာန်လိုပါပဲ.. အိပ်တယ် စားတယ် ကာမဂုဏ် ခံစားတယ်.. ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တရားတွေ ဘာမှမလုပ်ပါဘူး။ စီးပွားတွေတော့ ကြီးပွားအောင်ရှာပါရဲ့..။ ဒါပေမယ့် ရရှိလာတဲ့ ငွေကြေးကို အိပ်၊ စား၊ ကာမ ဆိုတဲ့ သုံးခုအတွက်ပဲ အသုံးချတယ်။ ဒီသုံးခုကလွဲရင် ကုသိုလ်အလုပ် ဘာမှ မလုပ်ပါဘူး။ အဲ့လို လူစားမျိုးကိုတော့ ဘုရားရှင်က လူအစစ် မဟုတ်ပါဘူးတဲ့.. လူ့တိရစ္ဆာန်လို့ ဟောကြားခဲ့ပါတယ်။ ဆရာတော် အရှင်ဇ၀န ဟောပြဆုံးမထားတဲ့ စာသားလေးနဲ့ လူနဲ့တိရစ္ဆာန် ခွဲခြားတာလေးကို ဖော်ပြလိုပါတယ်..

လူနဲ့တိရစ္ဆာန် ခြားနားဟန် နှစ်တန်သိရမည်
အိပ၊် စား၊ ကာမ သိရုံမျှ မှတ်ကြလူမပီ
အကုသိုလ်ပါယ် ကုသိုလ်ဆွယ် တကယ်လူပီသည်
လူမပီက အပါယ်ကျ ဒုက္ခမလွတ်ပြီ
လူပီနေက ချမ်းသာရ ရောက်ရနိဗ္ဗာန်ဆီ တဲ့။

(၃) လူ့ပြိတ္တာ
လူ့ပြိတ္တာ ဆိုတာကတော့..။ ပြိတ္တာလို့ ဆိုလိုက်ပြီဆိုရင်ကို တစ္ဆေ၊ သရဲ၊ မှင်စာ၊ ဥစ္စာစောင့် အားလုံးဟာ ပြိတ္တာထဲမှာ ပါပါတယ်။ ပြိတ္တာတွေဟာ သူတို့ဝမ်းရေးကို တစ်သက်လုံး ပင်ပန်းဆင်းရဲစွာနဲ့ ရှာစားကြရတာပါ။ နောက်ပြီး ဘယ်တော့မှလည်း အစားဝတယ်ဆိုတာ မရှိပါဘူး။ ပြီးတော့ သူတို့ဟာ ကောင်းကောင်းမွန်မွန် မစားရဘဲနဲ့ လူတွေထွေးတဲ့ တံတွေးတွေ နှပ်တွေ သလိပ်တွေ ကောက်စားရတာပါ။ ၀မ်းရေးတစ်ခုကိုပဲ ရှာစားကြရင်းနဲ့ သေသွားကြရတာပါ။ ဘာကုသိုလ်မှလည်း လုပ်သွားလို့ မရလိုက်ပါဘူး။ ဒီလိုပါပဲ.. တချို့ လူသားအချို့ဟာလည်း ဆင်းရဲပင်ပန်းစွာ ဘ၀ကို ဖြတ်သန်း ရပါတယ်။ ဆင်းရဲပင်ပန်းတာနဲ့ အမျှ ကုသိုလ်တရားတွေမေ့ပြီး ၀မ်းရေးတစ်ခု အတွက်ပဲ လုံးပန်းကြပါတယ်။ ၀မ်းဝရုံတမယ် စားရတဲ့အတွက်လည်း ဘာဒါနမှ လုပ်မသွားနိုင်ပါဘူး.. ဘာကုသိုလ်မှလည်း လုပ်မသွားနိုင်ပါဘူး။ ဆင်းရဲဒုက္ခတွေ များတဲ့အတွက် ၀မ်းရေးရှာပြီး ဘ၀ကို နိဂုံးချုပ် သွားကြရပါတယ်။ ဒီလိုမျိုး.. ဆင်းရဲဒုက္ခပေါင်း များစွာနဲ့ ၀မ်းရေးတစ်ခုပဲရှာပြီး ကုသိုလ်အလုပ် လုပ်မသွားတဲ့ လူမျိုးကျတော့ ဘုရားရှင်က ဟောကြား ထားခဲ့ပါတယ်။ လူ့ပြိတ္တာပါတဲ့။

(၄) လူ့ ပရမတ္တ ပါပဲ
နောက်ဆုံး လူစစ်စစ်ကတော့ လူ့ ပရမတ္တပါ။ လူ့ပရမတ္ထ ဆိုတာကတော့ စီးပွားရေးကို သမာအာဇီဝ ကျကျရှာတယ်။ မတရားတာဆို ဘာတစ်ခုမှ မလုပ်ပါဘူး။ ကောင်းတဲ့ သမာအာဇီဝလုပ်ငန်းနဲ့ စီးပွားကို သမာသမက်ကျကျ ရှာဖွေတယ်။ ဒီအချက်ထဲမှာ သမာအာဇီဝအကြောင်း ပြောမယ်ဆိုတော့ မိစ္ဆာအာဇီဝဆိုတာလေး ပြောပြလိုပါတယ်။ မိစ္ဆာအာဇီဝ (၅)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ 
(၁) သတ္တ၀ါတွေ သေစေနိုင်သော လက်နက်များ ကုန်ကူးခြင်း၊
(၂) သတ္တ၀ါတွေ သေစေနိုင်သော အဆိပ်များ ကုန်ကူးခြင်း၊
(၃) သားငါးများ ကုန်ကူးခြင်း၊
(၄) အရက်သေစာများ ကုန်ကူးခြင်း၊
(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန်လူများ ကုန်ကူးခြင်း ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ 
ဒီအထဲက လွတ်သွားပြီ ဆိုပြီးလည်း သမာအာဇီဝကျပြီလို့ ယူစလို့ မရပါဘူး။ မိမိသူတစ်ပါး နှစ်ဦးစလုံး နစ်နာစေမယ့် စီးပွားမျိုးဆိုရင်လည်း မိစ္ဆာအာဇီဝ ဖြစ်ပါတယ်။
 ဥပမာ.. စားသောက် ကုန်ဆိုင်ဖွင့်ပြီး ပစ္စည်းဈေးတွေ မတန်တဆ ဈေးတင်တာတွေ.. 
ပစ္စည်းအတုကို အစစ်ဆိုပြီးတော့ ရောင်းတာတွေ..
 နောက်ပြီး သူတစ်ပါးတွေကို လိမ်ညာပြီး မကောင်းတာကို 
အကောင်းပါလို့ ပြောပြီး ရောင်းတဲ့ဟာတွေ.. 
ဒါတွေ အားလုံးဟာ ဒီမိစ္ဆာအာဇီဝထဲမှာ အကျုံးဝင်ပါတယ်။ ဒီလောက်ဆို အားလုံးကို ချဲ့တွေးလို့ ရလောက်ပါပြီ။ ကဲ.. လူ့ပရမတ္တ အကြောင်းလေး ဆက်ရအောင်။ လူ့ပရမတ္တကတော့ စီးပွားရှာရတဲ့ အကြောင်းကို သေချာနားလည်တယ်လို့
 ပြောလို့ရပါတယ်။ သူကတော့ စီးပွားရှာရတာကို ဘယ်လို နားလည်လည်းဆိုတော့.. ဒီစီးပွားရှာရတဲ့ အကြောင်းကိုက ဒါနပြုဖို့.. သာသနာကို အကျိုးပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်.. နောက်ပြီး… ဒီဥစ္စာတွေဟာ တစ်ဘ၀ပဲ သုံးရတယ်ဆိုတာ သိပြီးတော့ သံသရာထိပါအောင် ယူသွားတတ်တဲ့သူပါ။ လူ့ဘ၀ရဲ့ အနှစ်သာရကို နားလည်ပြီးတော့ မိမိသူတစ်ပါး အကျိုးရှိအောင် လုပ်ဆောင် သွားတဲ့လူ…။ အဲ့လိုမျိုး စီးပွားရော ကုသိုလ်ရော နှစ်မျိုးလုံးတိုးပွားအောင် ကြိုးစားပြီး ဘ၀ကိုအကျိုးရှိရှိ အသုံးချတဲ့ လူကိုတော့ … ဘုရားရှင်က လူ့ပရမတ္ထလို့ ဟောပြ ဆုံးမထားပါတယ်။

ဒီလောက်ဆိုရင် ကျွန်တော်တို့တွေဟာ လူလေးမျိုးအကြောင်း သိသွားပါပြီ။ သိသွားပြီဆိုရင် ကိုယ်ဟာ ဘယ်လိုလူထဲမှာ ပါတယ်ဆိုတာကို စဉ်းစားဆင်ခြင်လိုက်ပါ။ စဉ်းစားပြီးပြီ ဆိုတာနဲ့.. လူလေးမျိုးထဲမှာ ဘုရားရှင် သာဓုခေါ်တဲ့ လူ့ပရမတ္ထစစ်စစ် ဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။ လူ့ဘ၀ရဲ့ အနှစ်သာရကို တကယ်နားလည်ပြီးတော့… လူ့ပရမတ္ထစစ်စစ်ဖြစ်အောင် ကြိုးစားရင်း.. တဆင့်ထက်တဆင့် မြင့်သထက်မြင့်အောင် ကြိုစားကျင့်ကြံရင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ဆုံး တက်လှမ်းနိုင်ကြပါစေ…။။။

ဗုဒ္ဓဘာသာဆိုတာ ဘာလဲ ...


(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်   
တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။

ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။

(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။

 (၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။

(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။

  (၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။

  (၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

 (၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။

(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။

(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။

(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။

(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။

(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။

ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။ 
ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက
ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန်
ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ 
အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။

(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ "သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။

ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။

ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။

တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။

စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။ 

ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
  ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ
ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ 
ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။  

ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။ 
နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။

ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေး အမြင် နှင့် မှတ်ချက်များ (၁)


(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)

(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်းကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လိုသတ်ဖြတ်ကြိုးပေးရမလဲ?
လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Ghandi)

(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွားခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်သောဘာသာတရားတစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ်ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ်စိတ်ပါလက်ပါစာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)

(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူးကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Ghandi)

(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)

(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ (မဟတ္တမဂန္ဒီ - Ghandi)

(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။ (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)

(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေထက် အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )

(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကိုကျင့်ကြံအားထုတ်ကြည့်ဖို့သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ်ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၅)သက်ရှိသတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)

(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်ဖြစ်သည်။ (နေရူး - Nehru)

(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင် အကျင့်သိက္ခာ၊ ပညာညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထားအရာတို့၌ အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင် ဖြစ်သည်။ (ရာဟုလာသံ ကစ္စည်း)

(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)

(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှ မရှိပေ။ (Dr. S. Radhakrishnan)

(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )

(၂၁) ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက်တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)

(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏ ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)

(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)

(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွားနိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)

(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာလူသားပန်းတစ်ပွင့်ပါ။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၇) ဗုဒ္ဓဘာသာနှင့်
ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲတားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာနည်းပါးပေသည်။ (ဖရခန္တီပါလော)

(၃၀) စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ။ (ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More