Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts

Thursday, September 12, 2013

မသေသေးတဲ့ သန္ဓေသားတွေကို အရှင်လတ်လတ် ပြုတ်စားခြင်း


မျိုးအောင်ထားတဲ့ ဘဲသန္ဓေသားကို balut လို့ခေါ်ပါတယ် ။ ရေပူထဲမှာ သူတို့ကို ထည့်ပြုတ်ထားကြပေမယ့် အသက်ရှင် သန်နေတုန်းပါပဲ ။ ဒီလို မျိုးအောင်ပြီးအကောင်ပေါက်လုနီးနီး ဘဲဥ တွေကို ရရှိနိုင်တဲ့ နေရာတချို့က လမ်းဘေး ဆိုင်တွေမှာတော့ ပရိုတိန်းပြည့်ဝခြင်း ၊ စားသောက်ကောင်းတဲ့ လမ်းဘေးစာဖြစ် ခြင်း ကြောင့် balut တွေကို ကမ္ဘာပေါ်မှာ ရှိတဲ့ လူတော်တော်များများစားသုံးနေကြတာဟာ ယဉ်ကျေးမှု တစ်ခုလို ဖြစ်လို့နေ ပါတယ် ။ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ အတော်လေးကို ရောင်း ကောင်းပြီး ၀ယ်စားသူလည်းများပါတယ် ။ ဒီဘဲသန္ဓေသားပေါက်ကိုစားတဲ့ သူတွေဟာ ဆား ၊ ငရုတ်ဆီ ၊ ကြက်သွန်ဖြူနဲ့ ဗီနီဂါ တွေရောစပ်ပြီး အချဉ်အဖြစ် တွဲဖက်စားသုံးကြပါတယ် ။

ဒီဥ တွေရဲ့ ဘေးမှာ ဟင်းခတ်အမွှေးအကြိုင်တွေကို အလွန်ပဲ မွှေးပျံ့တဲ့ရနံ့ ရအောင်ပြုလုပ်ထားတဲံ အတွက် အထဲမှာရှိတဲ့ ဘဲသန္ဓေသားလောင်းလေးနဲ့ အကောင်ပေါက်လေးတွေကိုစားရတာ အလွန်သာရှိ တယ်လို့ စားသုံး သူတွေက ဆိုပါတယ် ။ မျိုးအောင်ထားတဲ့ဘဲဥတွေရဲ့ အသက်အရွယ်ကိုကြည့်ပြီး ဘေးနား က အဖြူဖတ်တွေ ကို တော့သိပ်မစားကြပါဘူး ။ ဘာကြောင့်လည်းဆိုတော့ အသက်နည်းနည်းကြီးလာရင် အရိုးနု တွေက စားရတာ နည်းနည်း မာလို့ဖြစ်ပါသတဲ့ ။

ဒါ ဖိလစ်ပိုင်မှာပါ ။ နိုင်ငံခြားသားတွေက သူတို့အစားအသောက်ခုံမင်မှုအတွက် သက်ရှိသတ္တ၀ါတွေကို စိမ်ခေါ် မှုပြုနေ ပါပြီ ။ ဘယ်လိုပဲ စားသောက်ဖို့အရသာရှိရှိ ဘယ်လိုပဲမွှေးကြိုင်နေပါသော သန္ဓေအောင်ပြီး အကောင်ပေါက် လုဆဲဆဲ ဘဲသန္ဓေသားတွေကိုစားသောက်တာဟာ အသက်ရှိနေတဲ့ သတ္တ၀ါတစ်ကောင် ကိုစားနေ သလိုပါပဲ ။ ဒီလုပ်ရပ်ကို တိရိစ္ဆာန်ညှင်းပန်း ကာကွယ်ရေးအသင်းတွေကလည်း ရှုံချထားပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့လမ်းကြားတွေမှာတော့ စည်ကားနေတုန်းပါပဲ ။

By သက်တန့်ချို

Saturday, July 27, 2013

လေထဲမှာ ဒရမ်တီးပြသူ (ရုပ်/သံ)

ထိုင်းအမျိုးသားတစ်ဦး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရောင်စုံမြေဖြူတွေသုံးပြီး နံရံတခုမှာ ဒရမ်တီးဝိုင်းသဏ္ဍန် ရေးဆွဲပြီး ရော့ခ် ဂီတကို တီးခတ် ပြတာပါ။ Weerachat "Note" Premananda ဆိုတဲ့ တီးကွက်နဲ့ Nakhon Pathom Rajabhat တက္ကသိုလ်က ဂျက်ဇ် ဒရမ်မာ၊ ဂီတ ဆရာက သရုပ်ဆောင်တီးခတ်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ သရဲအခြောက်ဆုံး ဆေးရုံ

Beechworth Lunatic Asylum ဆေးရုံဟာ ဗစ်တိုးရီးယားမြို့၊သြစတေးလျ မှာရှိပါတယ်။နှစ်ပေါင်း ၁၂၈ နှစ်ကျော်ပါပြီ။Mayday Hills Lunatic Asylum က မူလနာမည်ဖြစ်ပါတယ်။

အဲဒီဆေးရုံဟာ စိတ်ကျန်းမာရေးဆေးရုံဖြစ်ပြီးတော့ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ဒီဆေးရုံက လူနာတွေဟာ ထူးဆန်းစွာ မဖော်ထုတ်နိုင်ဘဲ သေဆုံးခဲ့ကြပြီးတော့ အချို့ကတော့ ဆေးရုံထဲမှာပဲ ထူးဆန်းစွာပျောက်ဆုံးပြီး နောက်ထပ်ပြန်မပေါ်လာတော့ပါဘူး။

ဒီဆေးရုံမှာ နှစ်ပေါင်း ၁၀၀ အတွင်း လူ ၉၀၀၀ ခန့် ထူးဆန်းစွာပျောက်ဆုံးခဲ့ကြပါတယ်တဲ့။၁၉၉၅ ခုနှစ်မှာ အစိုးရက အဲဒီဆေးရုံကို ပိတ်ပစ်ခဲ့ပါတယ်။

ကမ္ဘာ့ သရဲအခြောက်ဆုံးဆေးရုံ၁၀ရုံစာရင်းမှာ နံပါတ် ၁ နေရာချိတ် ခဲ့ပါတယ်။

မောင်စိုင်း
(ကနောင်)
Scientist Myanmar

မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့

အမေရိကန် နိုင်ငံ မီချီဂန် ပြည်နယ်တွင် မျက်လှည့်ဆရာ အန်ဒီဂရော့စ်၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွားဟန်လွဲ ပြသခဲ့ရာ လမ်းသွား လမ်းလာများ အထိတ်တလန့်  ဖြစ်ခဲ့ရသည့် အကြောင်း  ပြည်မြန်မာ နေ့ စဉ် သတင်းစာမှာ အခုလို ဖော်ပြထားပါသည်။




ခန္ဓာကိုယ် တစ်ပိုင်းကို ဖြုတ်ပြီး လမ်းလျှောက်ပြခဲ့သော အမိုက်စား မှော်ဆရာ

မှော်ဆရာတစ်ယောက်ဟာ သူ၏ ခန္ဓာကိုယ်ကို တစ်ပိုင်းဖြုတ်၍
အချိန်အတော်ကြာကြာ လမ်းလျှောက်ပြခဲ့ပါတယ်။ အလွန်ပင် အံ့သြဖွယ် ကောင်းသော ပြကွက်ဖြစ်ပါတယ်။

၎င်းမှော်ဆရာဟာ သူ၏ခြေထောက်နှစ်ချောင်းကို လက်ဖြင့်ကိုင်၍
လမ်းလျှောက်ပါတယ်။ မှော်ဆရာဟာ ဟာသပြကွက်များကိုလည်း
ပြခဲ့ပါတယ်။ လမ်းလျှောက်နေစဉ် ဗီဒီကိုလည်း ရိုက်ကူးထား ခဲ့ပါတယ်။
ထို့ကြောင့် အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သူအခုလို ခန္ဓာကိုယ် တစ်ပိုင်းကို ဖြုတ်ပြီးလမ်းလျှောက် ပြတာဟာ
မြင်ရသူတွေအဖို့ကတော့ အလွန်ပင် ထူးဆန်းလှပါတယ်။
သူ့အနေနဲ့ကတော့ အခက်အခဲမရှိ လွယ်ကူစွာ လျှောက်ပြနိုင်ခဲ့ပါတယ်။

Kyaw Lin Naing ( MM Social Sky )

Monday, July 15, 2013

၁၃-၇-၂၀၁၃ မြန်မာယဉ်ထိမ်းရဲ ဂမ်းနားစတိုင်လ်(သရုပ်ဆောင်သတင်းဗွီဒီယို)

ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအား အရေးယူ ရန်ကုန်၊ ဇူလိုင် ၁၃ ၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် facebook တွင် ယာဉ်ထိန်းရဲ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းလယ်တွင် ယာဉ်ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင့် သရုပ်ပျက်ကခုန် လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်စုံစမ်းရာ အဆိုပါသူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ) ကြော်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊ သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်း ရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင် ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

မြန်မာနိုင်ငံမှာ (၆)ယောက်မြောက်လို့ သတ်မှတ်ရမယ့် ရင်ချင်းဆက် အမွှာ


အမွှာ ညီအစ်မကို ဇူလိုင် (၉ )ရက်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အခုချိန်မှာ အမွှာ မိန်းကလေးတွေကို ရန်ကင်း ကလေးဆေးရုံကြီး ပြောင်းရွှေ့ထားပြီး ခွဲစိတ်မှု အစီအစဉ်တွေ ကိုတော့ မသိရသေးပါဘူး။

မြန်မာနိုင်ငံ Conjoined Twins ခွဲစိတ်မှုသမိုင်း -
၁ . ၁၉၇၁ ခုနှစ် ရင်ချင်းဆက် မနန်းစိုး ၊ မနန်းစံ ရန်ကုန်မြို့
၂ . ၁၉၉၃ ခုနှစ် ရင်ချင်းဆက် အေးအေးငြိမ်း ၊ အိအိငြိမ်း ရန်ကုန်မြို့
၃ . ၂၀၀၂ ခုနှစ် တင်ပဆုံအရိုးကွင်းဆက် မိုးမမအောင် ၊ မိုးပပအောင် မန္တလေးမြို့
၎ . ၂၀၀၉ ခုနှစ် ရင်ချင်းဆက် စိုပြေလင်း ၊ စိုးပြေဝင်း ရန်ကုန်မြို့
၅ . ၂၀၁၁ ရင်ချင်းဆက် အင်ကြင်းခိုင် ၊ အင်ကြင်းလှိုင် ရန်ကုန်မြို့
၆. ၂၀၁၁ ရင်ချင်းဆက် ရန်ကင်း ၊ ရန်ရှင်း ရန်ကုန်မြို့
၇ . ၂၀၁၂ တင်ချင်းဆက် အောင်ခန့်ကျော် ၊ အောင်မြတ်ကျော် မန္တလေးမြို့

Photo: Soe Thu Aung

လမင်းမြတ်(TCK)

Sunday, July 7, 2013

ပိန်ဖို့ကြိုးစားရင်း ထာဝရပိန်သွားရသူ


ရုရှားနိုင်ငံ မော်စကိုမြို့ က အသက် ၃၉ နှစ်အရွယ် Valeria Levitina အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ယခုတော့ မိုနာကို နိုင်ငံမှာ နေထိုင်ပါတယ်။

တကယ် တစ်ဦးတည်းပါ။ ဘယ်ရော၊ ညာရော သူမ တစ်ယောက် တည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်က အရမ်းပိန်ချင်ခဲ့ပါတယ်။ ဖက်ရှင်ရှိုး လျှောက်တဲ့ မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် ဘဝကတည်းက ပိန်ဖို့အတွက် အစာလျော့စာတာမျိုး၊ ပိန်ဆေး စားတာမျိုးတို့ ပြုလုပ်ခဲ့ပါတယ်။

ယင်းကဲ့သို့ လုပ်ရင်း၊ လုပ်ရင်းနဲ့ပဲ Anorexia လို့ခေါ်တဲ့ ရောဂါတစ်မျိုး ရသွားပါတယ်။ အစားစားချင်စိတ်လုံးဝ မရှိပါဘူး။ ဗိုက်ဆာလို့ စားရင်တောင် ယင်းအစာက အဟာရမဖြစ်သလောက်ကို နည်းပါတယ်။ ဒီတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လုံးဝကို ပိန်ချုံးသွားပါတယ်။ ဒီအတွက် ဆရာဝန်များက ကြိုးစားလို့ အဖြေရှာပေးနေပါတယ်။

ပိန်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ်ခံအားနည်း အတော်နည်းပါတယ်။ ပိန်ချင်လို့ အစားလျော့စားရင်း ထာဝရပိန်သွားရတဲ့ သူမရဲ့  ဓာတ်ပုံ အစုံအလင်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
--
http://bit.ly/Roxhmi

International news for myanmar

အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 



အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

တည်နေရာကတော့ အမေရိကန်နိုင်ငံ အလယ်ပိုင်း Nebraska ပြည်နယ်ရှိ Monowi အမည်ရ မြို့ ငယ် ဖြစ်ပါတယ်။ သို့ပေမယ့် ရွာငယ် တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာတော့ Only one woman town လို့ နာမည်ကြီးပါတယ်။ ၁၉၃၀ ခုနှစ် ကာလအတွင်းမှာတော့ လူဦးရေ ၁၅၀ ကျော်ရှိပြီး တစ်နှစ်ထက် တစ်နှစ် နည်းလာပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်အရောက်မှာတော့ လင်မယား နှစ်ဦးသာ နေထိုင်ပါတော့တယ်။ Rudy နဲ့ Elsie Eiler တို့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။

သို့ပေမယ့် Rudy ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Elsie Eiler အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့တယ်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။ ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံ ခဲ့ပါဘူး။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ စာကြည့်တိုက် ကျန်ရှိနေ လို့ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက် ဆက် စုဆောင်းလာတဲ့ အဖိုးတန် စာအုပ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ ငယ်လေး Monowi ကိုမထားခဲ့နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ကိုယ်တိုင် ရွေးကောက်ပွဲလုပ်၊ ကိုယ်တိုင်မဲပေးပြီး ကိုယ်တိုင် မြို့  တော်ဝန်ခန့်ပါတယ်။ လမ်း လေး၊ငါးလမ်း ဝန်းကျင်သာ ရှိတဲ့ ယင်း ရွာငယ်လေးကို လျှပ်စစ်မီးထိန်းလင်းနေစေဖို့ အစိုးရထံ ပုံမှန် အခွန်ငွေ ဆောင်ပါတယ်။ အခြားသော အခွန်များလည်း ပေးဆောင်ပါတယ်။ ဒါကြောင့် Town တစ်ခုအနေနဲ့ မဖျက်ပဲ ဆက်လက် ထားရှိစေတာ ဖြစ်ပါ တယ်။ အဓိက စီးပွားရေး လုပ်ငန်းကတော့ စားတော်ဆက် တစ်ခု ဖွင့်ထားပြီး မိုင ၈၀ အကွာရှိ မြို့ က လူတွေ လာရောက် စားသောက်ပါတယ်။

လမ်းကြုံ ဝင်လည်သူများ ရှိသလို၊ စိတ်ဝင်စားလို့ လာရောက် ကြည့်ရှု သူများကြောင့် Eiler ရဲ့  စာကြည့်တိုက်နဲ့ မြို့ ဟာ လတိုင်း လူစည်ကား တယ်လို့ သိရပါတယ်။
---
Ref: wiki

အင်ဒိုနီးရှားမှ လူသေပြုစုပွဲ

အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။
ယင်းပွဲသည် သေဆုံးသွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်းများကို ပြန်လည်တူးဖော်ပြီး အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသပေးခြင်းတို့ကို ပြုလုပ်သောပွဲဖြစ်သည်။
ထိုကဲ့သို့  ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး အလောင်းပြန်တူးဖော်ခွင့်ရရှိကြသည်။ အလောင်းပြန်တူးဖော်ခွင့် ရသော မိသားစုများမှ ၎င်းတို့ မိဘ၊ ဘိုးဘွား၊ သားသမီး၊ ဇနီးခင်ပွန်း အစရှိသဖြင့် ဆွေမျိုးရင်းချာတို့ အလောင်း ကို သန့်စင်ပေးပြီး အဝတ်အစားသစ်များဝတ်ပေးသည်။ အစားအသောက်များ ပူဇော်ပေးပြီး မြေနေရာသို့ ပြန်လည် မြှုပ်နှံပေးသည်။
ယင်းကဲ့သို့ ပွဲတော် Ma' Nene festival သည် အင်ဒိုနီးရှားတို့၏ ကမ္ဘာကျော် ရိုးရာပွဲ တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
---
Ref:renews.cn











Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More