From :
.... Ko Zay
https://www.facebook.com/zay.min.142
ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။
ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလည်း ထည့်ပြီးပါပြီ။ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက်တာလဲတဲ့။
ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။
ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ။
အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ။ ပထမတော့ က လေးက မယူပါဘူး။ နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ။်
ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့။
ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို
ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို
သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ။
တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။

မနေ့က
နံနက် ၁၁ နာရီခွဲခန့်က အမြန်လမ်း မိုင်တိုင် ၂၉၁/၃ တွင် ရန်ကုန်မှ
-မန္တလေးသို့ မောင်းနှင်သွားသော တေးသံရှင် အဆိုတော် ဆိုတေး တောင်သာ
မြို့သို့ ပွဲဆိုဖို့ သွားစဉ် ကားဘီးပေါက်ကာ ယာဉ်တိမ်းမှောက်မှု
ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးမှာ သေဆုံး သွားကြောင်း သတင်းရရှိသည်။
မိုင်တိုင် ၂၉၁/၃တွင် ဖြစ်ပွားခဲ့ပြီး ညာဘက်ရှေ့ဘီးပေါက်ကာ ကားမှာ
လမ်းဘေးဝယ် ယာသို့ နှစ်ပတ်သုံးပတ် လည်၍ကျသွားခဲ့ပြီး ယာဉ်ပေါ်တွင်
ယာဉ်မောင်း သန်းဝင်းလှိုင် အပါအ၀င် ဆိုတေး(ခ)အောင် သက်ပိုင်(၂၃)နှစ်၊
မချောချော(ခ)၀င်းဂရိသူ(၂၂)နှစ်၊ မစံပယ်မွန်(၁၈)နှစ်တို့ပါရှိပြီး
မချောချော(ခ)မ၀င်းဂရိသူမှာ မိတ္တီလာ ဆေးရုံသို့ ပို့ဆောင် ကုသစဉ် သေဆုံး
သွားကြောင်း သိရပြီး မစံပယ်မွန်မှာ ပွန်းပဲ့ ဒဏ်ရာသာရရှိပြီး
ပြင်ပလူနာအဖြစ် ဆေးကုသလျှက် ရှိပြီး ဆိုတေးနှင့် ယာဉ်မောင်း
သန်းဝင်းလှိုင်မှာ စိုးရိမ်ရသည့် အခြေနေ ရှိကြောင်း သိရသည်။ ယာဉ်မောင်း
သန်းဝင်လှိုင်မှာ သတိရ လာပြီ ဖြစ်သော်လည်း တေးသံရှင် ဆိုတေးမှာ မနေ့က ညနေ
၎နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း သိရသည် ။ အဆိုပါ ဖြစ်စဉ်နှင့်
ပတ်သက်ပြီး ယာဉ်မောင်း သန်းဝင်းလှိုင်အား သီးကုန်းရဲစခန်းမှ ပုဒ်မ
၃၀၄-က/၃၈၈ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။ 

- 
- See more at: http://4wadi.blogspot.com/2013/06/test_8.html#sthash.x5kXvZwl.dpuf