Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Friday, June 21, 2013

လူပြောများနေသည့် Selena Gomez ၏ ချစ်သူအသစ်

အမေရိကန် အဆိုတော်နှင့် သရုပ်ဆောင် ဖြစ်သူ Selena Gomez သည် ဆယ်ကျော်သက် ဂီတပါရမီရှင် Justin Bieber နှင့် တွဲလိုက်ကွဲလိုက်အချစ် ဇာတ်လမ်းများဖြင့် နောက်ဆုံးတွင် လမ်းခွဲခဲ့ပြီးနောက် လအတန်ကြာ သူငယ်ချင်းများနှင့်သာ အဖော်ပြုပြီး သူမ၏ အနုပညာလုပ်ငန်းများတွင်သာ
ဇောက်ချ လုပ်ကိုင်နေခဲ့သည်။

ယခုအခါ Selena Gomez သည် သူငယ်ချင်းများ အနက် အမေရိကန် သရုပ်ဆောင်လည်းဖြစ် ၊ ရုပ်သံဇာတ်ညွှန်းရေးသူလည်းဖြစ် ၊ ထုတ်လုပ်သူ လည်း ဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိ David Henrie နှင့် ပိုမို ရင်းနှီး တွဲသွားတွဲလာလုပ်နေသည့်အတွက် Selena Gomez မကြာမီ ထုတ်ဖော်ပြောကြားမည့် ချစ်သူလောဟု ဝေဖန် သုံးသပ်လျက်ရှိသည်။

အချစ်ရေးတွင် ကံမကောင်းသူဟု ပြောကြသည့် Selena Gomez အနေဖြင့် အနုပညာတွင် ဘက်စုံတော်ပြီး အောင်မြင်နေသူ ၊ နှစ်လိုဖွယ်ရှိသည့်ရုပ်ရည် ၊ အပေါင်းအသင်းဆန့်သူ၊ သူမကဲ့သို့ ကလေး ငွေကြယ်ပွင့် သရုပ်ဆောင်ဖြစ် သည့် David Henrie အပေါ် အလေးသာကာ ချစ်သူအဖြစ် လက်ခံနိုင်သည့် အနေအထား ဖြစ်ကြောင်း အမေရိကန်ဂီတ လောကတွင် ထင်ကြေးပေးလျက်
ရှိနေကြောင်း သိရသည်။

Mrtv-4

အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်း

အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်းမယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲမှာ ကတည်းက ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ တေးသံရှင် အိုင်ရင်းဇင်မာမြင့်က မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့ စုပေါင်းထွက်ရှိ ထားတဲ့ စီးရီး အတွဲခွေ ထဲက “နှလုံးသား အရင်းအနှီး” သီချင်းဟာ အမျိုးသမီး ပရိသတ်တွေ ကြားထဲမှာ ရေပန်းစား နေပါတယ်။

ဒီသီချင်းနဲ့ ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့်က “နှလုံးသား အရင်းအနှီး” သီချင်းကို ကိုဖိုးတု ရေးပေးတာ အိုင်ရင်းက အဲဒီ သီချင်းလေး ကောင်းတယ်။ အိုင်ရင်း ဆိုရင်ကောင်းမလား မသိဘူးလို့။ ဒီတော့ အဲဒီသီချင်းကို အကြမ်းဆိုဖို့ ပေးတော့ အကုန်လုံးက ကောင်းတယ်။ အိုင်ရင်း အသံနဲ့ လိုက်ဖက်မှု ရှိတယ်ဆိုလို့ အဲဒီသီချင်းကို ဆိုဖြစ် သွားတာ။

အဲဒီလောက်ထိ အောင်မြင်မယ်လို့ လုံးဝမထင် ထားခဲ့ဘူး။ ရွေးချယ်မှုလည်း မှန်ခဲ့တာ ပေါ့နော်။ အဲဒီသီချင်းက အမှတ်တမဲ့ ကနေ ဘဝမှတ်တိုင် တစ်ခုထိ ဖြစ်စေခဲ့ပါတယ်။ နယ်တွေ သွားရင် အိုင်ရင်းဇင်မာမြင့် ဆိုတာနဲ့ “နှလုံးသား အရင်းအနှီး” သီချင်းကို အလုအ ယက်တောင်း ဆိုကြတယ်” လို့ ပြောပါတယ်။ အိုင်ရင်းဇင်မာမြင့်က “ယိမ်းလိုက်” ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုထွက်ရှိထားသူဖြစ်ပြီး “ယိမ်းလိုက်” အခွေမှာ အားစိုက် ထားပုံကို ” အိုင်ရင်း စိတ်ကြိုက်လုပ် ထားတာ။ အကောင်းဆုံး ဖြစ်အောင် လုပ်ထားတာ။

ဒီအခွေကို ပရိသတ် လက်ခံအားပေး တယ်လို့ ကြားရတော့ ကြိုးစားရ ကျိုးနပ်ပါတယ်။ အမှန်တော့ ပရိသတ်က အိုင်ရင်းကို အသိအမှတ်ပြု စေချင်ရုံ သက်သက်ပါ။ ပထမဆုံး တစ်ကိုယ်တော် ခွေမှာ ပေါက်မြောက် အောင်မြင်ဖို့ ဆိုတာ နည်းတဲ့ အကြောင်းတရား မဟုတ်ဘူးလေ။ တော်တော် ခက်ခဲပါတယ်။ အိုင်ရင်းကံကောင်း တယ်လို့ ပြောရမယ်။

မန္တလေးမြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကအစ တစ်မြို့လုံးလိုလိုမှာ ဖွင့်နားထောင်ကြတယ်ဆိုတဲ့ အသံကြား တော့အတိုင်း ထက်မသိဝမ်းသာ ရတယ်။ အိုင်ရင်းကအခု ဒုတိယ အခွေအတွက်ပြင်ဆင်နေတယ်။ ပထမအခွေ “ယိမ်းလိုက်” အောင်မြင်သလို ဒုတိယအခွေကိုလည်း ဒီ့ထက်အောင်မြင်စေချင်တယ်။ သီချင်းတွေထပ်ပြီး အိုင်မသွားချင်ဘူး။ တချို့ပထမခွေမှာအောင်မြင်သလောက် ဒုတိယခွေမှာ ငုပ်သွားတာ တွေရှိတယ်။ အဲဒါကိုတော့အိုင်ရင်းကြောက်တာ အမှန်ပဲ။ လာမယ့် ၂ဝ၁၄ လောက်မှာ ထွက်နိုင်အောင် ကြိုးစားမယ်။

အခုက အတွဲခွေအနေနဲ့ အိုင်ရင်းရယ်၊ ဇမ်နူးရယ်၊ ချမ်းချမ်းရယ် သုံးယောက်ပေါင်း အတွဲခွေအတွက် လည်း ပြင်ဆင်နေတယ်။ ဒီ့ပြင် Group ခွေအနေနဲ့ အမျိုးသမီးများနေ့အတွက် ရည်ရွယ်တဲ့အခွေထဲမှာလည်း ပါဝင်သီဆိုထားတယ်”လို့ပြောတဲ့ အိုင်ရင်းဇင် မာမြင့် က ရော့ခ်ဂီတဘက်ကို ကြိုက်တာပိုအား သန်လာတယ်လို့လည်းဆိုပါတယ်။ Pop, R & B ကိုလည်း ကြိုက်တယ်။

ရော့ခ်ဂီတဘက်ကို ပိုအားသန်လာတာက အခုမှမဟုတ်ပါဘူး။ကြာပါပြီ။ အခုလိုမျိုး IC နဲ့တွဲ ပြီး ဆိုရတဲ့အခါ ပိုပြီးစိတ်ဝင်စား လာတယ်။ အတွေ့အကြုံပိုရလာတယ်။ IC အဖွဲ့သားတွေ ကလည်း သင်ပြပေး ပါတယ်။ ဝမ်းသာ အားရကြိုဆို ကြတယ်။ ဒီအတွက်ပိုလို့ အားရှိလာခဲ့ တယ်။

ပရိသတ် လက်ခံ အားပေးတဲ့ အဆိုတော် တစ်ယောက်ဖြစ် အောင်ဥာဏ်စွမ်း ရှိသလောက် ကြိုးစား သွားမယ်။ ပရိသတ်တွေလည်း အိုင်ရင်းရဲ့ နောက်ထွက် လာမယ့်အခွေတွေ ကို စောင့် ပြီးအားပေးပါဦး။ ပရိသတ်ရဲ့အသံကို အမြဲနားစွင့်နေပါတယ်” လို့ယိမ်းလိုက်အခွေပိုင်ရှင် အိုင်ရင်းဇင်မာမြင့် က ပြောပါတယ်။

M ဘွယ်
 By Popular News

ခွဲစိတ်ပြုပြင်ထားခြင်းမရှိကြောင်း နန်းဆုရတီစိုးပြော

ဓာတ်ပုံ-နန်းစုရတီစိုး ။ ဖေ့ဘုတ်စ်စာမျက်နှာ

ရန်ကုန်။ ။ ဇွန် ၁၇

ယခုရက်ပိုင်းဖေ့ဘုတ်စ် စာမျက်နှာတွင်ပျံနှံနေသောသတင်းမှာ ကောလဟလသာ
ဖြစ်ပြီး ရင်သားကိုခွဲစိတ်ပြုပြင်ထားခြင်းမရှိကြောင်း နန်းဆုရတီစိုးက Venus News Weekly သို.ယနေ. နေ.လည်ပိုင်းတွင်ပြောကြားသည်။

"ညီမခွဲစိတ်ပြုပြင်မူမလုပ်ထားပါဘူး၊ ဒီသတင်းဟာရယ်စရာကောင်းတဲ့ ကောလဟလသတင်း လို.ပဲထင်ပါတယ်၊ဒီလိုမြင်ကြတာလည်း
အချို.အင်္ကျီတွေမှာ ပိတ်သားမှာရင်ပုံခံတာတွေရှိတယ်၊အဲဒါကြောင့်ကြီးသွားတယ်
ထင်ပြီး သာမန်ရိုးရိုးဖက်ရှင်နဲ.ကျတော့ကွာသွားတာပေါ့နော်" ဟုဌင်းကဆိုသည်။

ဖေ့ဘုတ်စ်စာမျက်နှာတွင်အတည် မပြုနိုင်သောသတင်းဌာနများက မြန်မာမင်းသမီးများထဲမှပထမဆုံးရင်သားခွဲ စိတ်ပြုပြင်မူနန်းဆုရတီစိုးမှစတင် ခေါင်းစဉ်ဖြင့်ရေးသားနေပြီး ဂျပန်နိုင်ငံတွင်ခွဲစိတ်ပြုပြင်ခဲ့ကြောင်းပါရှိသည်။

Venus News Weekly

အမျိုးသမီးများကို ခွဲခြား မဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်

အမျိုးသမီးများကို ခွဲခြား မဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်သရုပ်ဆောင် အဆိုတော် စန္ဒီမြင့် လွင်က အမျိုးသမီးများ ခွဲခြား ဆက်ဆံ ခြင်းကို မကြိုက်ကြောင်း ပြောသည်။ ”မိန်းမတွေ မို့လို့ နောက်မှာ ပဲနေရမယ် ဆိုတာမျိုးကို ဒီးဒီ မကြိုက်ဘူး။ ငယ်ငယ်တုန်း က သင်တန်းတွေ တက်ရင် မိန်းကလေး က သတ်သတ် နေရ တယ် ။ ယောက်ျားလေး က သတ်သတ်နေရ တယ်။ တို့ယောက်ျားလေးက ပိုမြင့်တယ် ပြောကြတယ်။

ယောက်ျားတွေ အလုပ် လုပ်နိုင်သလို မိန်းကလေးလည်း အလုပ် လုပ်နိုင် ရမယ်လို့ ထင်တာပဲ။ အဲဒီလိုဖြစ် သင့်တာ ကြာပါပြီ။ နိုင်ငံတကာ မှာလည်း မိန်းကလေးတွေ ရင်ပေါင် တန်းပြီး ရှေ့ ကနေ အမြဲ ရပ်နိုင်တာတွေ ရှိတာပါပဲ”ဟု ၄င်း က ဆိုသည်။

”ဒီးဒီတို့ စဆိုချိန်က ဆိုရင် ပိုဆိုး တယ်။ ဟစ်ဟော့ပ် လိုင်းကိုဆိုတဲ့ မိန်း ကလေး တအား နည်းတယ်။ ဘယ်နေရာ သွားသွား ဟစ်ဟော့ပ် ဆိုရင် အမျိုးသား တွေက များတယ်။ တီးဝိုင်း သမားတွေ လည်းပါတော့ မိန်းကလေးက ဒီးဒီတစ် ယောက်တည်းရယ်။ ခက်ခဲတာပေါ့။ ကိုယ့်သီချင်းကို ကြိုက်မှ ကြိုက်ပါ့မလား။ နယ်ပရိ သတ်တွေ ဆို ပိုဆိုးတယ်။

ဒါပေမဲ့ ပရိသတ်တွေ ကိုယ့်ကို ဆိုစေချင်လို့ကို ငှားတာလေ။ ကိုယ့်သီချင်းကို သိအောင် ဟစ်ဟော့ပ် သီချင်းတွေကို ပရိသတ်တွေ သိအောင် ကြိုးစားပြီး ဆိုလာ ရတယ်။ နောက်ပိုင်း ကျတော့ နယ်တွေမှာ ပွင့် လင်းမြင်သာ ပြီးတော့ ဟစ်ဟော့ပ်ကို ပို ပြီး နားလည် လက်ခံလာကြပါတယ်”ဟု ၄င်းက ပြောသည်။

နေပြည်တော်က ကျောက်မျက်ပြပွဲ မှာ ဖျော်ဖြေဖို့ ရှိသလို နယ်ရှိုးပွဲတွေနဲ့ ဘန်ကောက် မှာလည်း ဖျော်ဖြေရေးသွား ရောက်ဖို့ ရှိကြောင်း၊ လတ်တလော မှာ သူ့ရဲ့တတိယ တစ်ကိုယ်တော် အခွေ အ တွက် သီချင်းတွေ စုနေသလို အတွဲခွေ အတွက်လည်း သီချင်းတွေ ပါဝင်သီဆို ပေးဖို့ရှိကြောင်း စန္ဒီမြင့်လွင်က ပြောသည်။

ခိုင်ဝေလွင်
 By Popular News

သင်္ကန်းစီး အလှူခံအတုများ မြိတ်တွင် ဖမ်းဆီး

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ မြိတ်တောင် နယ်မြေတွင် ပြီးခဲ့သည့် အပတ်က သင်္ကန်းဝတ် ဖြင့် ရပ်ကွက်အတွင်း လိုက်လံအ လှူခံပြီး မူးယစ် သောက်စားမှု ပြု သည့် ရဟန်းတု သုံးဦး၊ ကိုရင်တု သုံးဦး၊ ကပ္ပိယ အယောင်ဆောင် နှစ်ဦး အပါအဝင် စုစုပေါင်း ရှစ် ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီး ရာတွင် ပါဝင် သည့် မြိတ်တောင် ကျေးရွာပါရမီ (၂)ရပ်ကွက် အရန် မီးသတ် တပ်ဖွဲ့ဝင်များထံမှ သိရ သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဖားနှင့်မှိုချက်စား၍ လူနှင့်ခွေးများသေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်ဖ ကျေးရွာအုပ်စု၌ လွယ် တိုင်းရင်းသားများ နေထိုင်သည့် ဝမ်ခမ်း မိုင်ရွာတွင် တောင်ယာလုပ်ကိုင်ရာ မှ တွေ့ရှိသော မှိုများကို ဖားနှင့် ရောနှော ချက်ပြုတ် စားသောက်ရာမှ ကလေးနှစ်ဦး အပါအဝင် လူငါးဦးနှင့် ခွေးလေးကောင် သေဆုံးသွားကြောင်း အဆိုပါ ကျေးရွာခံများထံမှ သိရသည်။ "ဆေးရုံကို ဇွန် ၉ ရက်က မှိုစားလို့ မူးမော်ပြီး အန်နေတဲ့ လူနာရှစ်ဦး ရောက် လာတယ်။ ဇွန် ၁၁ ရက်မှာ အသက် ခုနစ်နှစ်အရွယ် မောင်အိုက်ဆန်းနဲ့ ဇွန် ၁၄ ရက် မှာ အသက် ၁၄ နှစ်အရွယ် နန်းအွေစွတ်တို့ ဆုံးသွားတယ်" ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘော်ဒါကျောင်းသားများ အစိုးရကျောင်းများနှင့် ကင်း၍မရသေး

ကိုယ်ပိုင် ကျောင်း လက်မှတ်မ ရှိသော ပုဂ္ဂလိက ဘော်ဒါကျောင်း တစ်ခုသည် ကျောင်း သား၊ ကျောင်းသူများအား အချိန်ပြည့် စာသင်ခြင်း၊ စာမေးပွဲ စစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့ပြီး ကျောင်းပြောင်း လက် မှတ်ထုတ်မ ပေးနိုင်ခြင်းကြောင့် လှိုင်သာယာ ရဲစခန်းတွင် အရေးယူ ခံနေရပြီ ဖြစ်သည်။ လှိုင်သာယာမြို့နယ်၊ န၀ဒေးအိမ်ရာရှိ ပုဂ္ဂလိကဘော်ဒါ ဆောင်တစ်ခု၌ ယခင်ပညာသင် နှစ်တွင် ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း၊ န၀မတန်း ပညာသင်ယူသော ကျောင်းသား၊ ကျောင်းသူများသည် ယခု ပညာသင်နှစ်တွင် ၎င်းဘော်ဒါကျောင်း၌ ဆက်လက် ပညာသင်ယူလိုခြင်း မရှိတော့သဖြင့် ကျောင်းထွက်လက်မှတ် ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ထုတ်ပေးနိုင်ခြင်း မရှိသဖြင့် ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal

သရုပ်ဆောင် မေဇွန်ကို လူသတ်မှုဖြင့် ထောင်ဒဏ် ၉နှစ်ကျော် ချမှတ်


MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသော သရုပ်ဆောင် မေဇွန်ကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်ပိုင်း ခရိုင် တရားရုံးက လူသတ်မှု ၊နာကျင်စေမှုများ ကျူးလွန်ခဲ့သည့် အတွက် ထောင်ဒဏ် ၉နှစ် နှင့် ၄ လ ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း အဆိုပါ တရားခွင်သို့ ရောက်ရှိနေသူ The Voice သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly


ထိုင်းကို မြန်မာက ဆင်ဖြူ မငှားနိုင်

အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ဇွန်လ ၁၃ ရက်က လုပ်တဲ့ အရှေ့ အာရှနဲ့ လက်တင် အမေရိက ဖိုရမ်မှာ ထိုင်း ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတို့ သီးခြား ဆွေးနွေးခဲ့ ကြပါတယ်။ ဆွေးနွေးပွဲမှာ ထိုင်း ဝန်ကြီး ဆူရာပေါင်း က ဇင်းမယ် တိရစ္ဆာန်ရုံမှာ ပြဖို့ မြန်မာ ဆင်ဖြူတော်ကို ၆ လ ငှားရမ်းဖို့ မြန်မာ ဝန်ကြီး ဦး ဝဏ္ဏမောင်လွင် ကို ကမ်းလှမ်း ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမှုမှန်ပေါ်ပေါက်ရေးခေါ်ယူစစ်ဆေးရာ အမှုမှန်မပေါ်ဘဲ ရုပ်အလောင်းသာ ပေါ်ခဲ့

ပုသိမ်မြို့  လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာမှ မသန်းသန်းအေးအား ရဲတပ်ဖွဲ့ ဝင် များမှ စစ်ဆေးရန်ခေါ်ယူသွားပြီး မိသားစုဝင်များကို တွေ့ ခွင့်မပေးဘဲ တပတ်ခန့် ကြာသောအခါ လက်ထိပ်နောက်ပြန်နှင့် ရုပ်အလောင်းကို မြစ်တွင်းမှ တွေ့ ရှိခဲ့ ကြောင်း သတင်းရှိသည်။

မသန်းသန်းအေး၏ ရုပ်အလောင်းအား ပုသိမ်မြို့  လူမှုရေးအဖွဲ့ များမှ ဇွန်လ (၂၀)ရက်နေ့ နေ့ လည် ၂ နာရီ အချိန်တွင် သစ်ညိုကုန်း သုဿန်တွင် မြုပ်နှံလိုက်သည် ၊

သတင်း - ဓါတ်ပုံ Heinn Htet (facebook)





ခိုးမှုသံသယဖြင့် ဖမ်းဆီးခံထားရသူ ပုသိမ်မြို့နယ်မှ အမျိုးသမီးအလောင်း ငဝန်မြစ်တွင် ပြန်လည်တွေ့ရှိမှု ခုံရုံးဖွဲ့စစ်ဆေးမည်

ဖြစ်စဉ်မှာ ပုသိမ်မြို့ လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာနေ ဒေါ်မြင့်မြင့်ခင်က ယင်း၏နေအိမ်တွင် ထားရှိသောငွေကျပ် ၆၅ သိန်း၊ ၈ သောင်းကျော်တန်ဖိုးရှိ ရွှေထည်များ ပျောက်ဆုံးသွားခဲ့၍ ပုသိမ်မြို့နယ် သင်္ဘောကျင်း ရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရဲက ပြစ်မှုကျူးလွန်သူဟု ယူဆရသူ တစ်ရွာထဲနေ ကိုနန်းဝင်းကို ဖမ်းဆီးခဲ့ပြီး ၄င်း၏ ထွက်ဆိုချက်အရ ကိုနန်းဝင်း၏ မိန်းမ မသန်းသန်းအေးကိုပါ ထပ်မံဖမ်းဆီးကာ ရဲက စစ်ဆေးခဲ့ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Heinn Htet  (facebook)

မြန်မာငွေမဲ ခဝါချပေးခဲ့တဲ့ ဂျပန်ဘဏ် ဒဏ်ရိုက်ခံရ

အမေရိကန် နိုင်ငံက အီရန်၊ ဆူဒန် နဲ့ မြန်မာ  နိုင်ငံတွေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ တားမြစ် ပိတ်ပင်ထားတဲ့ အချိန်မှာ ၊ အမေရိကန် နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်း ကနေ တဆင့် အဲဒီနိုင်ငံတွေ ကိုယ်စား ငွေမည်း ခ၀ါချမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ဘဏ်ကို ဒေါ်လာသန်း ၂၅၀ ဒဏ်ရိုက်လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာငွေများ။ သြဂုတ် ၁၈၊ ၂၀၁၁။

Times Magazine အား ပြင်းထန်စွာကန့်ကွက် ရှုတ်ချ

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ ပုံနှိပ်ရေးသား ဖော်ပြချက် အချို့အား ကျွန်ုပ်တို့မှ ပြင်းထန်စွာကန့်ကွက် ရှုတ်ချ လိုက်သည်

21, June 2013 သောကြာနေ့
နံနက် 9 နာရီ

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ်းခြောက်သော အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ လူ့အသက် အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့် အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ ယနေ့အထိ ဆရာတော်ဦးဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း၊ အဆောက်အအုံဖျက်ဆီးခြင်း စသည့်အစွန်းရောက် လုပ်ရပ်များအား စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသူမဟုတ်ဟု ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်သည်။

 မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။

ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။

ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်။ ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။

The First Weekly News Journal နှင့်
The First Media Group

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More