Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Showing posts with label nannthuzar. Show all posts
Showing posts with label nannthuzar. Show all posts

Saturday, September 14, 2013

Nan Thu Zar

She is a famous myanmar model girl.
myanmar model girl

myanmar model girl

myanmar model girl
myanmar model girl

myanmar model girl

myanmar model girl

myanmar model girl


myanmar model girl

myanmar model girl

Monday, September 2, 2013

နန်းသူဇာ နှင့် တွေ့ဆုံခြင်း



အခုချိန်ထိလည်း ဓာတ်ပုံ မော်ဒယ်ပါပဲ

နန်းသူဇာကြော်ငြာများ ရိုက်ကူးရင်းမှ ပရိသတ်များသိထားခဲ့ပြီး ယခုအခါတွင် ပထမစီးရီး အနေဖြင့် စထွက်မယ်လို့ရည်ရွယ်ထားခဲ့ပြီး ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း နှင့်ပတ်သက်၍ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပါလား။

ဖြေ - လတ်တလောကတော့ သီချင်းခွေအတွက် လုပ်နေတယ်။ မဂ0x081ဂဇင်းနဲ့ ကြော်ငြာတွေကတော့ ပုံမှန်ပဲရိုက်ဖြစ် နေတယ်။ အလုပ်လာအပ်တော့ ကိုယ်နဲ့အဆင်ပြေမယ့်အရာမျိုးဆို လက်ခံပြီးရိုက်ဖြစ်ပါတယ်။

မေး - Photo မော်ဒယ်တွေ၊ ကြော်ငြာတွေရိုက်ရင်းကနေမှ အဆိုတော်ဘက်ကိုပြောင်းဖို့ စီစဉ်ဖြစ်ခဲ့တာကရော။

ဖြေ - မော်ဒယ်လုပ်ဖို့ကို ငယ်ငယ်ကတည်းက အစီအစဉ်မရှိပါဘူး။ အဆိုတော်လုပ်ဖို့က အစီအစဉ်ရှိတယ်။ ဒါကတော့ ဝါသနာအရင်းခံပေါ့နော်။ အဆိုတော်လုပ်ဖို့ဆိုတာ။ ဒါပေမဲ့ ပရိသတ်လက်ခံဖို့ မခံဖို့ဆိုတာ ကိုယ်ကြိုးစားမှုပေါ်မှာပဲ မူတည်တယ်ပေါ့နော်။ အခွေထွက်ဖို့က အမှတ်တရအနေနဲ့ရော ပရိသတ်ကြီးကို ဒီထက်မက ဆိုပြချင်သေးတာလဲ ပါတယ်။

မေး - သီချင်းပုံစံက ဘယ်လိုပုံစံမျိုးတွေထည့်ပြီး သီဆိုသွားမှာလဲ။

ဖြေ - သိပ်မကြာသေးဘူးပေါ့နော်။ ဒါပေမဲ့ လုပ်ချင်နေတာတော့ကြာပြီ။ အခုလဲ တဖြည်းဖြည်းချင်းတော့ လုပ် နေတာပါ၊ ချစ်စရာကောင်းတဲ့ပုံစံမျိုးတွေပါမယ်။ နောက်ပြီးတော့ရွှေ  FM ထဲမှာ တစ်ပုဒ်ပါထားတယ်လေ။ အဲဒီပုံစံနဲ့ မတူတဲ့ကွဲပြားတဲ့ပုံစံတွေလည်းပါမယ်။ ပုံစံအမျိုးမျိုးတော့ပါမယ်။ စီးရီးခေါင်းစဉ်ပေးထားတာတော့ရှိပါတယ်။ သူငယ်ချင်းလို့တော့ ပေးဖို့လျာထားတယ်။

မေး - ဘယ်အချိန်ကနေစပြီး မော်ဒယ်လောကထဲ စဝင်လာခဲ့တာလဲ။

ဖြေ - STEP  ဖက်ရှင်ပြိုင်ပွဲမှာဆုရပြီးတော့ ဖိုတိုမော်ဒယ်ထဲကို ဝင်လာတာပေါ့နော်။ အခုအချိန်ထိလည်း Photo  မော်ဒယ်ပါပဲ။ ရုပ်ရှင်မရိုက်တော့လေ ၂၀၀၉မှာဝင်ခဲ့တယ်။ ၂၀၁ဝလောက်မှ တကယ်အခြေချပြီး ဝင်ခဲ့တာပေါ့နော်။

မေး - ပထမဆုံးစီးရီးခွေဆိုတော့ နန်းသူဇာကို ကူညီပံ့ပိုးခဲ့တဲ့သူတွေရောရှိလား။

ဖြေ - ကိုယ့်ပတ်ဝန်းကျင်က လူတွေပဲပေါ့နော်။ ကိုဘိုဆန်းတို့ရော သူငယ်ချင်းတွေအကုန်လုံးကလဲ ရေးပေးဆိုပေး ဖို့တွေရှိပါတယ်။ ကိုယ်တိုင်တော့ သီချင်းရေးကြည့်သေးတယ်။ ဒါပေမဲ့ အဆင်မပြေတာနဲ့ပဲ ထည့်မထားဘူး။နောက်မှ အေးဆေးပေါ့။ ဒီလထဲမှာတော့ ထွက်ဖို့စဉ်းစားထားတယ်။ မှီရင်ပေါ့နော်။ ဇာတ်ကားရိုက်ဖို့တော့ အစီ အစဉ်မရှိပါဘူး၊

မေး - နန်းသူဇာ အချစ်ရေးရောအဆင်ပြေလား။

ဖြေ - အချစ်ရေးကအဆင်ပြေပါတယ်။ ၂၀၁၁ခုနှစ်လောက်က စပြီးတော့တွဲဖြစ်ခဲ့တယ်။ အခု အခွေအတွက်ကိုလဲ သူက နည်းနည်းပါးပါး ကူညီပေးပါတယ်။

မေး - ဖက်ရှင်က ဘယ်လိုဒီဇိုင်းမျိုးနဲ့ဆို ကိုယ်နဲ့အလိုက်ဖက်ဆုံးလဲ။

ဖြေ - ဖက်ရှင်ပုံစံကတော့အမျိုးမျိုးပါပဲ။ ပွဲတွေဆိုလည်း ပွဲပုံစံပေါ့နော်။ အဆင်ပြေသလိုဝတ်ဖြစ်တာပဲ များပါတယ်။

မေး - မြန်မာ့ရိုးရာအဝတ်အစားတွေ ပြန်လည်ခေတ်စားလာတာနဲ့ပတ်သက်ပြီး ညီမအမြင်က။

ဖြေ - အခုအချိန်မှာမြန်မာ့ရိုးရာဝတ်စုံတွေကို ပုံစံအမျိုးမျိုးနဲ့ချုပ်ပြီး ဝတ်ဆင်လာကြတာဆိုတော့။ ပြန်ပြီးတော့လဲ ခေတ်စားလာကြတယ်။ အဲဒီလိုခတ်စားလာတဲ့အချိန်မှာ သဘောကျပါတယ်။ အရင်တုန်းကလို ချိတ်ဝတ်စုံတွေဝတ် မှတော့မဟုတ်ဘူး။ ပုံစံအမျိုးမျိုးတွေရှိလာတယ်။ ဒီဇိုင်းတွေကအစ ဒီဇိုင်နာတွေက အပြိုင်အဆိုင်ချုပ်လာကြတာ ဆိုတော့ အများစုကောင်မလေးတွေက ဝတ်လာကြပါတယ်။ ပိုကောင်းတာပေါ့နော်။ မြန်မာဝတ်စုံတွေဝတ်လာ တာ။ ဒါပေမဲ့ သူ့နေရာနဲ့သူပေါ့နော်၊

မေး - မော်ဒယ်လောကထဲကိုဝင်တော့ အခက်အခဲတွေရှိခဲ့သေးလား။

ဖြေ - အခက်အခဲကတော့ အများကြီးပါပဲ။ သရုပ်မဆောင်တတ်တာက အစပေါ့၊ အကင်0x081ျီစီစဉ်တာကအစ စစချင်း ဘာမှမလုပ်တတ်ဘူး။ အများကြီးတော့အခက်အခဲတွေက ကျော်ဖြတ်ခဲ့ရတာချည်းပဲ။ ဒါပေမဲ့ ကိုယ်မှားတဲ့အမှား တွေကနေပြီးတော့ သင်ယူရတာပေါ့၊

မေး - နန်းသူဇာပရိသတ်အတွက် စကားတစ်ခွန်းလောက်။

ဖြေ - ပရိသတ်ကို အရမ်းလည်းချစ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ပြီးတော့ နန်းသူဇာ အခွေထွက်ရင်လဲ အားပေးပါလို့။

ရတနာ တွေ့ဆုံမေးမြန်းသည်။

Yangon Media Group

Saturday, May 25, 2013

မော်ဒယ် နန်းသူဇာ

မော်ဒယ် နန်းသူဇာ Myanmar Model Nan Thuzar
မော်ဒယ် နန်းသူဇာ Model Nan Thuzar
မော်ဒယ် နန်းသူဇာnanthuzar မော်ဒယ် နန်းသူဇာ

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More