Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Friday, June 7, 2013

ကောလာဟလ အမျိုးမျိုးနှင့် F4 မင်းသား ဂျီဟို ဘာဆက်လုပ်မှာလဲ

ကောလာဟလ အမျိုးမျိုးနှင့် F4 မင်းသား ဂျီဟို ဘာဆက်လုပ်မှာလဲ
SS501 ဂီတအဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်ပြီး မြန်မာ ပရိတ်သတ်များကြား ဂျီဟို ဟု လူသိများသော Boys Over Flowers (F4) ရုပ်သံဇတ်လမ်းမှ သရုပ်ဆောင် မင်းသား Kim Hyun Joong သည် လက်ရှိအချိန်တွင် သူ၏ အေဂျင်စီနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်း ပြည့်တော့မည်ဖြစ်၍ ဘာဆက်လုပ်ရမလဲ ဝေခွဲမရလောက်အောင် အကျပ်ရိုက်နေသည်ဟု ဆိုသည်။
Kim Hyun Joong ၏ DSP Entertainment နှင့် ချုပ်ဆိုထားသော စာချုပ်မှာ ဇွန် ၂၈ တွင် သက်တမ်းပြည့်တော့မည် ဖြစ်သည်။ ထို့ကြောင့် Kim Hyun Joong သည် SS501 အဖွဲ့မှခွဲထွက်ပြီး သရုပ်ဆောင် လုပ်ငန်းကိုသာ ဆက်လက် လုပ်ဆောင်တော့မည်ဟု ကောလာဟလ များထွက်လျက်ရှိသည်။ တစ်ခြားတစ်ဘက် တွင်လည်း ထိုကောလဟာလ များနှင့် ဆန့်ကျင်ပြီး SS501 ၌သာဆက်လက်ပါဝင်ပြီး ကုမ္ပဏီ နှင့် စာချုပ်အသစ် ဆက်လုပ်ချုပ်ဆိုမည်ဟုလဲ ကောလာဟလများ အမျိုးမျိုးထွက်ပေါ် လျက်ရှိပါသည်။
Kim Hyun Joong ခေါင်းဆောင်သည့် SS501 ဂီတအဖွဲ့
ထို့အပြင် TVXQ ဂီတအဖွဲ့မှ Jaejoon နှင့် Kim Hyun Joong မှာ အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ကြပြီး Kim Hyun Joong မှာ Jaejoong ၏ ကုမ္ပဏီသို့ ဝင်ရောက်လိမ့်မည် ဟုလည်း အမည်မဖေါ်သော တစ်စုံတစ်ယောက်က ပြောကြားသေးသည်။ ထိုကောလာဟလ ထွက်ပေါ်ရခြင်း အကြောင်းမှာ လက်ရှိအချိန်တွင် Hyun Joong နှင့် Jaejoong တို့သည် အတူနေတိုင်လျက် ရှိပြီး အချစ်ဆုံးသူငယ်ချင်း နှစ်ယောက် ပူးပေါင်းကာ Kim Hyun Joong ၏ အနာဂတ်အတွက် ဂရုတစိုက် ချင့်ချိန်စဉ်းစား နေကြသောကြောင့် ဖြစ်သည်။
ဂျီဟို (Kim Hyun Joong) ၏ အချစ်ဆုံး သူငယ်ချင်း TVXQ ဂီတအဖွဲ့မှ Jaejoon
Kim Hyun Joong သည်  နာမည်ကျော် ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်သော ဘေယောင်ဂျွမ်း (Bae Yong Joon) နှင့်လည်း မကြာသေးခင်က တွေ့ဆုံခဲ့သေးသည်။ ကိုယ်ပိုင် ထုတ်လုပ်ရေး အေဂျင်စီ ပိုင်ဆိုင်ထားသော မင်းသား Bae Yong Joon နှင့် တွေ့ဆုံခြင်းသည်  Kim Hyun Joong ၏ စာချုပ်ပြည့်တော့မည့် ကိစ္စနှင့်ပါတ်သက် မည်ဟု ထင်ကြေးပေးကာ တိုကိစ္စကို ပရိတ်သတ်များက စူးစမ်းနေကြသည်။ သို့သော် ဘေယောင်ဂျွမ်း ၏ ကိုယ်စားလှကမှု ဤတွေ့ဆုံမှုသည် ကိုယ်ရေးကိုယ်တာ သက်သက်သာ ဖြစ်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။
ဘာဆက်လုပ်ရမလဲ ဝေခွဲမရဖြစ်နေတဲ့ ဂျီဟို (Kim Hyun Joong)
DSP Entertainment ကတော့ လတ်တလောတွင် Kim Hyun Joong အား သူ၏ သရုပ်ဆောင်လုပ်ငန်းအတွက် အပြည့်အဝလုပ်ဆောင်ခွင့် ပေးထားပြီး ၊ SS501 အဖွဲ့တွင်လည်း ဆက်လက်ရှိနေစေရန် အတွက်  ညှိနှိုင်းမှုများပြုလုပ်ရန် ကြိုးစားနေသည်ဟု သိရသည်။
မြန်မာပရိတ်သတ်များကြား ဂျီဟိုဟု လူသိများသော Kim Hyun Joong သည် လက်ရှိအချိန်တွင် ဂီတလောကအတွင်း အောင်မြင် ကျော်ကြားရုံသာမက Boys Over Flowers (F4) ရုပ်သံဇတ်လမ်း၏ အောင်မြင်မှုကြောင့် နာမည်ကျော် သရုပ်ဆောင်တစ်ဦး ဖြစ်လာကာ ကိုရီယား ကြော်ငြာလောကကိုပါ လွှမ်းမိုးထားနိုင်သည့် တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် တစ်ဦးဖြစ်သည်။( မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity Newsမှအလင်းရောင်စေတမန် ကူးယူဖော်ပြသည်)

ပန်းငုံလေးတွေ ပွင့်ကြပါစေ …

ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ အခန်းပေါင်း နှစ်ဆယ် ပါဝင်သည့် ခပ်လတ်လတ် ဟိုတယ်တခုထဲသို့ စုံတွဲတတွဲ ၀င်လာသည်။ ညနေ လေးနာရီဝန်းကျင်။ ဟိုတယ်အမည်ခံ အချိန်ပိုင်း အခန်းငှားသည့် တည်းခိုခန်းများရှိ ၀န်ထမ်းအားလုံး နားလည်ပြီးသားဖြစ်ပါသည်။ ဧည့်သည်ကို မျက်လုံးချင်း မဆုံစေရ။ လိုအပ်သည့် စကားသာပြောရမည်။ အကဲခတ်မကြည့်ရ။ ဧည့်သည်အကြောင်းကို အချင်းချင်း သော်လည်းကောင်း၊ အပြင်ကိုသော်လည်းကောင်း လုံးဝမပြောရ။


ရန်ကုန်မြို့မှ ညဥ့်ငှက်ကလေးများ (ဓာတ်ပုံ - Felix Features)

လက်ခံကောင်တာရှေ့ ရှိကြွေပြားများကို အ၀တ်တံမြက်စည်းနှင့် မတ်တတ်ရပ်ရင်း ပွတ်တိုက်နေသည့် မအိတာ၏ မြင်ကွင်းထဲသို့ ခြေထောက် ဖောင်းဖောင်းလေး တစုံဝင်လာသည်။ ခြေညှပ်ဖိနပ် ဖြူဖြူလေး စီးထားသည့် ခြေဖမိုးပေါ်မှာ ဘဲခေါင်းစိမ်းရောင် လုံချည် ပျော့လေး ပုံကျနေသည်။ ထိုမှတဆင့် သော့ချိတ်ကလေးများနှင့် အပြာရောင်ကျောပိုးအိတ်လေး။ စာအုပ်တချို့ကိုပိုက်ထား သည့် လက်ကလေးများ။ လက်မောင်းနှင့် ရင်ဘတ်မှာ တံဆိပ်တချို့တပ်ထားသည့် အင်္ကျီဖြူ ။

မအိတာ မလုပ်သင့်တာကို လုပ်လိုက်မိသည်။ ဧည့်သည်မိန်းကလေး၏ မျက်နှာကို ခပ်ရှန်းရှန်းကြည့်လိုက် သည်။ ပုခုံး မရောက် တရောက် ဖြောင့်စင်းစင်း ဆံပင်နက်ကလေး နှင့် မိန်းကလေးမှာ အသက် ဆယ့်ငါးနှစ်ထက် ပိုပုံမရ။ မအိတာသက်ပြင်းချလိုက်ရင်း ကြွေပြားများကိုသာ ခပ်ဖိဖိဆက်ပြီး တိုက်နေလိုက်သည်။

တနာရီခွဲခန့် ကြာသောအခါ ဧည့်သည်များထွက်သွားသည့် အခန်းကို ရှင်းရန် မန်နေဂျာ အစ်မက မအိတာကို ခေါ်ပြောသည်။ အခန်းထဲဝင်လိုက်တော့ ခုတင်ဘေးက စားပွဲပေါ်တွင် ပုံနှိပ်စာအုပ်တချို့ ရှိနေသည်။

၂၀၀၂ ခုနှစ်မှာ ဆယ်တန်းကျပြီး ကျောင်းထွက်ခဲ.ရသည့် မအိတာ Grade 10 ဆိုတာ ဆယ်တန်းလား၊ ကိုးတန်းလား မသိပေမယ့် အထဲက စာနှင့် ပုံများကြောင့် န၀မတန်း ဇီဝဗေဒ ဖတ်စာအုပ်မှန်းတော့ သိပါသည်။ အခန်းရှင်းပြီး ကျန်ခဲ့သည့် စာအုပ်ကို အပ်ရန် ယူလာစဉ် စောစောက အဖြူအစိမ်း ကောင်မလေး ကောင်တာမှာ ရပ်နေသည်ကို တွေ့ရသည်။

“သြော် အဲဒါ သမီးစာအုပ်တွေ မကြီး။ ရှင် ဟုတ်ကဲ့။ လေးအုပ်ပါ။ ယူသွားမယ်နော်။ ကျေးဇူးတင်ပါတယ် မကြီး။ ဘယ်လိုမှသဘော မထားပါနဲ့နော်။ သမီးလက်ဆောင်ပေးတာပါ”ဟု ဆိုပြီး မအိတာ လက်ထဲကို ကျပ် ၁၀၀၀ တန် တရွက် အတင်းထိုးထည့်ရင်း ပြော ပြောဆိုဆိုနှင့် ခပ်သုတ်သုတ် ပြန်ထွက် သွားသည်။

ဟိုတယ်နှင့် တည်းခိုခန်းများသို့ အချိန်ပိုင်းလာရောက်ကြသော စုံတွဲများတွင် အမျိုးသမီးငယ်များ၏ အသက်သည် ဆယ်ကျော်သက် ၀န်းကျင်များဖြစ်လာကြသည်ဟု သိရသည်။ သမီးရည်းစား အနေနှင့် လာသောစုံတွဲများဖြစ်စေ၊ အခကြေးငွေနှင့် ခေါ်လာ သော စုံတွဲများဖြစ်စေ မိန်းကလေးများသည် ခပ်ငယ်ငယ်သာ များသည်။

သမီးရည်းစားအနေနှင့် လာသည့် စုံတွဲများတွင်ပင် ယောက်ျားလေးက မိန်းကလေးထက် အတန်ငယ်အသက်ကြီးပုံရပြီး တခြား စုံ တွဲများသည်ကြည့်ရုံနှင့်ပင် အသက် သုံးဆယ်ထက် မနည်း ကွာဟကြောင်း သိနိုင်သည်ဟု တည်းခိုခန်း ၀န်ထမ်းများ၏ ပြောပြချက် အရ သိရသည်။

ဟိုတယ်သို့ တဦးတည်း ပုံမှန်လာသော အမျိုးသားများအတွက် အဖော်ရှာပေးရသော ဟိုတယ်ဝန်ထမ်း အမျိုးသားတဦးက“ကျနော် တို့နဲ့ ချိတ်ထားတဲ့ အထဲမှာ ခပ်ငယ်ငယ်လေးတွေတော့ ရှိပါတယ်။ ၁၆နှစ်ကတော့ အငယ်ဆုံးပဲ။သူတို့ဘာသာ ခေါ်လာတာ လေး တွေက ပိုတောင်ငယ်သေးတယ်။ အခုခေတ်က အသက်၂၀ကျော်ရင် အွတ်ပြီလေ(အရွယ်ဟိုင်းသွားခြင်းကို ဆိုလိုသည်)”ဟုပြော သည်။

လိင်အလုပ်သမ အဖြစ် လုပ်ကိုင်ကြသည့် အမျိုးသမီးငယ်အများစုသည် ဘီယာဆိုင်တွင် သီချင်းဆိုရင်း၊ ဆေးလိပ်နှင့် အရက် အရောင်းမြှင့်တင်ရေး ၀န်ထမ်းအဖြစ် လုပ်ကိုင်ရင်း၊ ကေတီဗီနှင့် အနှိပ်ခန်း စသည့် ယောက်ျားများနှင့် လက်ပွန်းတတီး ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းခွင်များမှတဆင့် ထိုလမ်းကြောင်းပေါ်သို့ အလွယ်တကူရောက်လာကြသည်ဟု ကာယကံရှင်နှင့် နီးစပ် သည့် အသိုင်းအ၀ိုင်း၏ ပြောပြချက်များအရ သိရသည်။

မိသားစု စီးပွားရေး အဆင်မပြေမှုကို မနိုင်ဝန်ထမ်းရခြင်းနှင့် အများနည်းတူ သုံးစွဲဝတ်စားချင်သည့် စိတ်ဆန္ဒတို့ သည် မိန်းကလေး ငယ် များအား ထိုလမ်းကြောင်းပေါ်ရောက်စေသည့် အကြောင်းများဖြစ်သည်။ အုပ်ထိန်းသူပေါ့လျော့ခြင်း၊ အသက်မပြည့်ခင် အိမ် ထောင်ပြုခြင်း၊ အိမ်ထောင်ပြိုကွဲခြင်း၊ မက်လုံးပေး စည်းရုံးသိမ်းသွင်း ခံရခြင်းများလည်း ပါဝင်သည်။

“သမီးက အရင်က မာဆတ်မှာ လုပ်တာ။ တနေ့လုံး ညောင်းချိထူပူနေအောင် နှိပ်မှ ကော်မရှင်က ဘယ်လောက်မှ ရတာ မဟုတ် ဘူး။ လုပ်ခါစကတော့ တော်တော်ရှက်တာ။ ဒါပေမယ့် ဧည့်သည်က အအေးထဲမှာ ဘာထည့်တိုက်လိုက်လဲ မသိဘူး။ အဲဒီတော့မှစိတ်ထဲမှာ ရဲသွားတာ။ မာဆတ်က မဟုတ်ဘဲ ပလိန်းကြီးလိုင်းဝင်သွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုပဲပေါ့”ဟု ပြောပြသည့် အသက် ၁၆ နှစ်ခန့်ရှိ စနိုး ၏ ပုံစံက ပေါ့ပေါ့ပါးပါးပင်။

ပုံပန်းမကျသည့် ဆံပင်ကျဲကျဲ၊ ငယ်နုသည့်မျက်နှာနှင့် ဘာမှပြင်ဆင်ခြယ်သ ထားခြင်းမရှိသည့် မိညိုက စကပ်တိုတိုနှင့် ကားမှတ် တိုင်မှာ ထိုင်နေသည်။ တရပ်ကွက်တည်းနေ အမျိုးသမီးကြီးက သူ့အကြောင်းကို ဖောက်သည်ချသည်။

“ကလေးမလေးက သိပ်ကျပ်မပြည့်ဘူး။ သူ့အမေအသုံးမကျလို့ ဖြစ်ရတာ။ ရူးတူးပေါတောနဲ့ သူ့အကြောင်းတွေမေးရင် အကုန်ပြော တာ။ နိုင်ငံခြားသားကြီးက ချမ်းချမ်းစီးစီးကြီးမှာ ရေချိုးခိုင်းတာ။ ချမ်းလည်း ချိုးရတယ်တဲ့။ သူ့ ရွံလို့ နေမှာပေါ့။ ဖွံ့ဖွံ့ထွားထွားလည်း မဟုတ်ပါဘူး။ ငယ်ဂုဏ်လေးရှိလို့ ခေါ်ကြတာ”ဟု မိညို မကြားနိုင်လောက်သော်လည်း အမျိုးသမီးကြီးက အသံကို နှိမ့်ပြီး အနားကပ် ပြောသည်။

“အဘောရှင်းလည်း နှစ်ခါဖြစ်ဖူးတယ် လေ။ အဲဒါတောင် ကြာကြာ မနားလိုက်ရပါဘူး။ ပိုက်ဆံပြန်ရှာရတာပဲ။ သနားဖို့လည်း ကောင်း ပါတယ်”ဟု အမျိုးသမီးကြီးက ဆက်ပြောပြသည်။

လိင်အလုပ်သမ အဖြစ် အမြဲတစေ အသက်မွေးရန် မရည်ရွယ်ဘဲ တကြိမ် အစပြုလိုက်ရာမှ အစရှိနောင်နောင် ဆိုသကဲ့သို့ မထူးဇာတ် ခင်းကြရသည့် မိန်းကလေးငယ်တချို့လည်း ရှိသည်။

တည်းခိုခန်း လုပ်ငန်းများရှိသော ရန်ကုန်မြို့လယ် မြင်ကွင်း (ဓာတ်ပုံ - notesfromawanderingtraveller.blogspot.com)

ထို မိန်းကလေးများသည် အကင်ရောင်းသည်။ တချို့က ဂေါက်ကွင်းတွင် ကယ်ရီလိုက်သည်။ တချို့က အရောင်းဝန်ထမ်း။ အရောင်းအ၀ယ်ပါးပြီး အကင်များ မကုန်သည့် ရက်များ ဆက်လာသောအခါ၊ ဂေါက်ကွင်း လူမလာ၍ လက်ဗလာနှင့် အိမ်ပြန်ရ သော အခါများတွင် သူတို့ အိမ်ပြန် နောက်ကျကြလေသည်။

သို့သော် အတန်အသင့် ပြည့်ဖောင်းသော ပိုက်ဆံအိတ်ငယ် ကိုယ်စီနှင့် ဖြစ်သည်။ ထိုငွေသည် သုံးလေးရက်စာ အိမ် အသုံး စရိတ် ပြေလည်စေပြီး ရံဖန်ရံခါ သဘောကျသည့် အ၀တ်ဆန်းကလေးများ ၀ယ်ရသည်ထက်တော့ ဘာမှ မပိုခဲ့ပါ။

“တညလုံး ရှာလာတဲ့ ပိုက်ဆံကို မနက်ကျတော့ အဆောင်မှာအတူတူနေတဲ့ ကောင်မလေးတွေနဲ့ ဖဲရှုံးသွားတဲ့ ရက်တွေလည်းရှိဖူး တယ်”ဟု လူသိများသည့် နာမည်ကြီး တံဆိပ် ဘီယာ အရောင်းမြှင့်တင်ရေး ၀န်ထမ်း ကောင်မလေး၏ ပြောစကားဖြစ်သည်။

အဌမတန်း အရွယ်မှာ အိမ်ထောင်ကျပြီး အလုပ်လက်မဲ့ ခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းနေသူ ချစ်ယု(အမည် အပြည့်အစုံမဟုတ်)၏ လက်ရှိ အလုပ်ခွင်က အနှိပ်ခန်းတခုတွင် ဖြစ်သည်။ အိမ်ထောင်သက် ၂ နှစ် ရှိပြီဖြစ်သည့် သူမကတော့ အလုပ်သွားတိုင်း လိုက်ပို့ လိုက်ကြို ပေးသော သူ့ထက် ၅ နှစ်ကြီးသည့် သူမ၏ အိမ်ဦးနတ်ကို ချစ်သည်ဟု ဆိုပါသည်။

အဆောင်ငှားခ ပေးရန် ပိုက်ဆံပြတ်လပ်ခိုက် သူငယ်ချင်းတယောက် အဆက်အသွယ်ဖြင့် ပထမဆုံး အတွေ့အကြုံကို ငွေကျပ် နှစ် သိန်း နှင့် လဲလှယ်ခဲ့သော တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးလည်း ရှိကြောင်း ချစ်ယု၏ သူငယ်ချင်းကတဆင့် သိရသည်။

နယ်မှရန်ကုန်သို့ လာရောက်နေထိုင်အလုပ်လုပ်သူ မိန်းကလေးများသည် သာမာန်အသုံးစရိတ်အပြင် အဆောင်ငှားခနှင့် စားစရိတ် ပါ ပိုမိုကုန်ကျလေသည်။ ထို့သို့သော အထည်ချုပ် စက်ရုံ ၀န်ထမ်း မိန်းကလေးတချို့နှင့် လခစားဝန်ထမ်း မိန်းကလေးတချို့သည် အဖိုးနည်း ၀န်ပါ စပွန်ဆာပေးသူများနှင့် ပတ်သက်ရလေသည်။

အိမ်တဆောင် မီးတပြောင်မဟုတ်သော်လည်း အဆောင်ငှားခနှင့် စက်ရုံမှ တလစာနီးပါး ပိုက်ဆံတို့သည် အမြဲတမ်း မဟုတ်သည့် ရံဖန်ရံခါ လိုက်လျောမှုများနှင့် ထိုက်တန်ပါသည်ဟု ချုပ်ထည်ပါးလို့ ညည်းညူနေသည့် မိန်းကလေးငယ်တချို့က ခပ်ဆိုင်းဆိုင်းဖြေ သည်။

ဟိုတယ်သို့ လာသော ကောင်မလေးငယ်ငယ်လေးများကို တွေ့ရဖန် များလာသောအခါ အလုပ်ထွက်ချင်စိတ်ပင် ပေါက်သည်ဟု မအိတာက ပြောသည်။

ဧည့်သည် အ၀င်များလျှင် မုန့်ဖိုးပိုရသည်မှန်သော်လည်း ထိုမိန်းကလေးများ၏ ပိုက်ဆံကို သူမယူရက်တာ မှန်သောသစ္စာပါဟု ဆို သည်။ မအိတာ တခါတခါ တွေးမိတာက သူတို့ နောင်တချိန် လင်ကောင်းသားကောင်းမှ ရပါ့မလား။ အသက်ကငယ်တော့ အမှု အခင်းတွေများ ဖြစ်မလား၊ ကျန်းမာရေးကိစ္စတွေ ဘယ်လိုများဖြစ်မလဲ ဆိုတာပါတဲ့။

မအိတာက သူတို့ ဟိုတယ်အနောက် အပြင်ဘက်က ခုံတန်းမှာထိုင်ရင်း၊ တထောင် တန် အသစ်ကလေးကို ထုတ်ပြရင်း“ကျမ အိမ်မှာ မဟာစည် သာသနာ့ရိပ်သာ အတွက် ရည်စူးပြီး တနှစ်စာထည့်ရတဲ စုဘူး ရှိတယ်။ သူတို့ပေးတဲ့ မုန့်ဖိုး ရလာတိုင်း မသုံးဘူး။ စုဘူးထဲ ထည့်တယ်။ သူတို့ကတော့ ဒီဘ၀က ကျွတ်ချင်လား မကျွတ်ချင်လား မသိဘူး။ ကျမကတော့ ထည့်တိုင်း အသံ ထွက်ပြီး ဆုတောင်းတယ်။ နောင်ဘ၀မှာတောင် မဟုတ်ပါဘူး။ အခုဘ၀မှာတင် ဒီလိုမလုပ်စားရဘဲ အဆင်ပြေပါစေ။ ထီရင်လည်း ပေါက်ကြပါစေ။ ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ ဝေးပါစေလို့”ဟု ပြောပြသွားပါသည်။ ။

 By ,

ဧရာဝတီ

ဟာသသရုပ်ဆောင် ဒါရိုက်တာ ကိုကုသိုလ် 7*6*2013 ဒီနေ့ မနက် တွင် ဆေးရုံသို့ရောက်ရှိ

ဟာသသရုပ်ဆောင် ဒါရိုက်တာ ကိုကုသိုလ် 7*6*2013 ဒီနေ့ မနက် အောင်ရတနာ ဆေးရုံကို အသည်း ရောဂါဖြင့်ဆေးရုံတက်ရတယ် ။ရှူတင်ကအပြန် သတင်းသွားမေးခဲ့ တယ်။ အနုပညာကြယ် တစ်ပွင့်အတွက်ဝိုင်းပြီးဆုတောင်းပေးကြပါအုံးနော် ။ ။်

၂၀၁၂ခုနှစ်အတွက် တာချီလိတ်မြို့နယ်၏ တက္ကသိုလ်ဝင်တန်း အောင်စာရင်း

၂၀၁၂ခုနှစ်၌ တာချီလိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာပေးပွဲဖြေဆိုရန်အတွက် စာရင်းသွင်းထားကြသူများမှာ ( ၇၆၃ )ဦးရှိပြီး လာရောက်ဖြေဆိုသူ ( ၆၆၇ )ဦးရှိခဲ့ပါသည်။ ( ၁၀ )တန်းအောင်မြင်သွားကြသူများမှာ ( ၁၂၅ ) ဦး အောင်မြင်ကြပြီး တာချီလိတ်မြို့နယ်ရဲ့ အောင်ချက်ရာခိုင်နှုန်းမှာ ( ၁၈.၇၄)ရှိသည်။
ဖြေဆိုခြင်းနှင့် ဖြေဆိုနိုင်သူများ ရဲ့ ကျောင်းစာရင်း
ကျောင်းအမည် စာရင်းအရ ဖြေဆိုသူများ ဖြေဆိုနိုင်သူများ ရာခိုင်နှုန်း
အ.ထ.က (တာချီလိတ်) ( ၂၃၆ )ဦး ( ၂၁၈ )ဦး ( ၂၆ )ဦး ၁၁.၉၄%
အ.ထ.က (ဆန်ဆိုင်း) ( ၉၁ )ဦး ( ၈၀ )ဦး ( ၈ )ဦး ၁၀%
အ.ထ.က (တာလေ) ( ၈၈ )ဦး ( ၈၆ )ဦး ( ၁၂ )ဦး ၁၃.၉၅%
အ.ထ.က-ခွဲ (ဟောင်လိတ်) ( ၃၀ )ဦး ( ၂၈ )ဦး ( ၅ )ဦး ၁၇.၈၆%
အ.ထ.က-ခွဲ (မိုင်းကိုး) ( ၁၅ )ဦး ( ၁၅ )ဦး ( ၇ )ဦး ၆၄.၆၇%
အ.ထ.က (၀မ်နက်) ( ၇ )ဦး ( ၆ )ဦး ( ၁ )ဦး ၁၆.၆၇%

ကျောင်းများမှ လာရောက်ဖြေဆိုသူ ( ၄၃၃ )ဦး နှင့် ဖြေဆိုနိုင်သူများမှာ ( ၅၉ )ဦးရှိသည်။ အပြင်ဖြေများမှာ
( ၂၃၄ )ဦးရှိပြီး ( ၆၆ )ဦးတို့မှာ ဖြေဆိုနိုင်ခဲ့ကြသူများဖြစ်သည်။

***ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများမှာ***
ခုံအမှတ် အမည် ဂုဏ်ထူး/ဘာသာ ကျောင်းအမည်
( ၂၆ ) မဂျောဆာ သချာင်္ ၊ ရူပဗေဒ အ.ထ.က (တာချီလိတ်)
( ၃၂ ) မသူဇာဌေး ဓာတုဗေဒ အ.ထ.က (တာချီလိတ်)
( ၅၁ ) မောင်ရှဲန်းနန် သချာင်္ ၊ ရူပဗေဒ အ.ထ.က (တာချီလိတ်)
( ၁၈၅ ) မောင်ကျော်ဟိန်း ရူပဗေဒ အ.ထ.က-ခွဲ (မိုင်းကိုး)
( ၃၁၀ ) မောင်ဆက်မှူးအိမ် မြန်မာ၊သချာင်္၊ဓာတု၊ ရူပ ပြင်ပ
( ၄၆၀ ) မကေသွယ်ဖြိုး ဘောဂဗေဒ အ.ထ.က (တာချီလိတ်)
( ၅၂၆ ) မနန်းဆွတ်ခမ်း သချာင်္ အ.ထ.က (တာချီလိတ်)
( ၅၄၅ ) မောင်ဂျာထီး သချာင်္ အ.ထ.က (တာလေ)

ဖြေဆိုနိုင်သွားကြသူများရဲ့ စာရင်းများ နှင့် အောင်စာရင်းသို့ လာရောက်ကြည့်ရှုကြသူများရဲ့ ပုံများကို အောက်က လင့်ကိုနိပ်၍ ကြည့်ပါ။
2012 ခုနှစ်၌ ဖြေဆိုခဲ့သော တာချီလိတ်မြို့နယ်ရဲ့(၁၀)တန်းအောင်စာရင်း 16 photos

၁၀ တန်း စာမေးပွဲအောင် စာရင်း မနက်ဖြန် ဇွန်လ ၈ ရက်နေ့ တွင် ထွက်မည်


၁၀ တန်း စာမေးပွဲအောင် စာရင်း မနက်ဖြန် ဇွန်လ ၈ ရက်နေ့ တွင် ထွက်မည် ပညာရေး ၀န်ကြီး ဌာန မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနမှ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း မနက်ဖြန် ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။ အောင်စာရင်းများအား ယနေ့ ည အထက်တန်းကျောင်း အားလုံးကို ပေးပို့ နေပြီ ဖြစ်ကြောင်း သိရသည်။

ဖြေဆိုသူ၏ စာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်ကို မြန်မာဘာသာ(Zawgyi-One Font, Myanmar2 Font, Myanmar3 Font)ဖြင့် ရိုက်ထည့်ပြီး၊ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

http://moemyanmar.net/education/result-search-2012.php

အပိုင်းပိုင်းပြတ် အမျိုး သမီး အလောင်း ဖြူး တစ်မြို့ လုံး အုတ်အော်သောင်းနင်း ဖြစ်

ပဲခူးတိုင်း ဖြူး မြို့  နယ် တွင်း ရှိ သပြေ လှ ချောင်း ထဲ တွင် တွေ့ ရှိရသည့် အပိုင်းပိုင်း
ပြတ်နေသော အမျိုး သမီး အလောင်း တစ်ခု အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့  မနက်
တွင် ပီနံ အိတ် တစ်ခု ထဲ တွင် ထည့် သွင်း ထား ပြီး တွေ့  ရှိရသည် ဟု ဖြူး မြို့ နယ် ရဲ
တပ် ဖွဲ့  မှုး ရုံး မှ ရဲ ၀န်ထမ်း တစ်ဦး က FNG ကို ပြောသည်။
စတင် တွေ့  ရှိ ချိန် က ဦးခေါင်းမ ပါ လာ သော် လည်း ထို့  နေ့ ညနေ တွင် ခန္တာ ပိုင်း
ကို တွေ့  ရှိ ရာ နှင့် မိုင် အနည်း ငယ် အကွာ တွင် ဦးခေါင်း ကို တွေ့  ထပ်မံ တွေ့  ရှိ
ရသည်။

ဖြူး မြို့  နယ် ပြည်သူ့  ဆေး ရုံ ကြီး မှာ သေမှု သေခင်း ဆိုင်ရာ စစ်ဆေး ချက် များ ကို
မကြာခင် ထုတ် ပြန် ပေး မည် ဟု ပြောကြားခဲ့ ပြီး ဦးခေါင်း နှင့် ခန္တာ ကိုယ် မှာ တစ်
ဆက် စပ် တည်း ဖြစ်သည် ဟု သတင်း ထုတ် ပြန်သည်။
ရွာသား တစ်ဦး ၏ အသိပေး ချက် အရ တွေ့ ရှိသော အမျိုး သမီး အလောင်းသည်
ဖြူး မြို့  တစ် မြို့ လုံး သဲ ထိတ် ရင် ဖို ဖွယ် ပင် ဖြစ်နေသည် ဟု သိရသည်။
ဖြူး မြို့  မှ ပညာရေး ၀န်ထမ်း တစ်ဦး က ကလေး တွေ ကို မျက်စေ့ အောက်က အပျောက်
မခံ တော့ ဘူး ၊ ညနေ ဆို အပြင် ကို မလွှတ်တော့ ဘူး ၊ သတင်း က တစ်မြို့  လုံး အုတ်
အော် သောင်းနင်း ပဲ ဟု FNG ကို ပြောသည်။
ဖြူး မြို့ နယ် ရဲ စခန်း က ပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်ထား ပြီး တရားခံ ကို ဖမ်းမိရေး အတွက်
အပူ တပြင်း ကြိုး ပမ်း လျှက် ရှိသည်။
သေဆုံးသူ မှာ ဖြူး မြို့  မှ မဟုတ် ဟု သိရသည်။

သတင်း-FNG ဓာတ်ပုံ-သစ်ထူးလွင်
ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
(ထိတ်လန့် ခြောက်ခြား စရာ ဓါတ်ပုံများ ဖြစ်ပါ သဖြင့် ကလေးများနှင့် နှလုံးရောဂါ ရှိသူများ လုံးဝ မကြည့်ရှုရန် အထူး သတိပေး မေတ္တာရပ်ခံပါသည်။)

အကယ်ဒမီစိုးမြတ်နန္ဒာရဲ့ Karat Silk ပိုးထည်ဆိုင် ကြော်ငြာခဲ့

ဇွန်လ၅ရက်နေ့ ကအကယ်ဒမီစိုးမြတ်နန္ဒာရဲ့ Karat Silk ပိုးထည်ဆိုင် ကြော်ငြာကို သရုပ်ဆောင်ဝတ်မှုန်ရွှေရည်နဲ့ ဓါတ်ပုံ ကိုနိုင်နိုင်ထွန်း ( exposure)တို့ က ပုံဖေါ်ရိုက်ကူး ခဲ့ကြောင်းသိရပြီး
အဆိုပါကြော်ငြာ ဓါတ်ပုံဖန်တီးမူ ရိုက်ကွင်းကပေါ်က အနုပညာဖန်တီးမူ အကြောင်းကို ပိုးထည်ဆိုင်လုပ်ငန်း ရှင်တစ်ဖြစ်လဲ အကယ်ဒမီစိုးမြတ်နန္ဒာ က“2013 အတွက် ဒါဒါ့ ဆိုင်ကြော်ငြာ ကို မနေ့ကတနေ့လုံး ရိုက်ကြတယ်၊ မေတ္တာနဲ့ ရိုက်ကူးပေးတဲ့ ကစ်ကစ် (ဝတ်မှုန်ရွှေရည်) နဲ့ ဓါတ်ပုံ ကိုနိုင်နိုင်ထွန်း ( exposure) တော့ ဘယ်လောက်ပင်ပန်း လဲမသိ၊ ဘေးကနေလိုက်စီစဉ် ပေးရတာတော့ ဘာမှမဟုတ်ပဲ အတော်ပင်ပန်းသား။ ဘာလိုအပ်မလဲဆိုပြီး ပူနေရတဲ့ စိတ်က ပိုဆိုးတယ်..ပိုပင်ပန်းတယ်။

ဒါပေမဲ့ အစစအရာရာ အဆင်ပြေခဲ့တယ်..စိတ်တိုင်း ကျခဲ့တယ်။ ပြီးတော့ကိုယ်ကိုတိုင် အနုပညာသမားဖြစ်ခဲ့ရတာကိုလဲကျေနပ်မိတယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးက တကယ့်ကို စိတ်ပါလက်ပါ ကူညီကြတယ်။ ကစ်ကစ်၊ ကိုနိုင်နိုင်ထွန်း၊ ကျော်ကျော်(designer)၊ မေဦး (makeup)၊ မယဉ် နဲ့ မလေး ( emerald jewellery )တို့ကို တကယ် ကျေးဇူး တင်ပါတယ်။

အထူးသဖြင့် ဓါတ်ပုံဆရာ ကြိုက်တဲ့ location တွေ က အရမ်းခွင့်တောင်းရခက်တဲ့ နေရာတွေပါ။ဒါပေမဲ့ သဘောကောင်းကောင်းနဲ့ ခွင့်ပြုပေးခဲ့ကြတဲ့ ဗဟိုလမ်းထောင့်က ခရစ်ယာန် အသင်းချုပ် မှ တာဝန်ရှိသူတွေရယ်'ငွေကျားတိုက် လျှပ်စစ်ပစ္စည်း ဆိုင် မှ မမာလာ ရယ် ကိုလည်းကျေးဇူးအထူးတင်ရပါတယ်”လို့ SOE MYAT NANDARဖေ့ဘုတ်မှာရင်ဖွင့်ကျေးဇူးစကားဆိုထားပါတယ်။

Popular Journal

ဓါတ်ပုံ -ကိုနိုင်နိုင်ထွန်း ( exposure )


သွန်းဆက် - ဆယ်ကျော်သက်တုန်းကတော့ ဖြစ်ချင်တာက အများကြီးပဲ

အိပ်မက်တွေအများကြီးပဲ

ဆယ်ကျော်သက်အရွယ်ဆို တာ စိတ်အပြောင်းအလဲအရမ်းမြန် တဲ့ အရွယ်ပါ။ အဲဒါကြောင့် လေ ယာဉ်မယ်ဖြစ်ချင်လိုက်၊ ကျောင်း ဆရာမဖြစ်ချင်လိုက်၊ မင်းသမီးဖြစ် ချင်လိုက်နဲ့ အမျိုးမျိုးပြောင်းလဲနေခဲ့ တာပေါ့။ အခုတော့ သွန်းဆက်က ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုကို သေသေချာချာသိခဲ့ပြီမို့ အဲဒီအိပ် မက်ကို အကောင်အထည်ဖော်နိုင် အောင် ကြိုးစားနေပါတယ်။

မိဘစကားဆိုတာ အမှားမရှိ ဘူး

ဆယ်ကျော်သက်ဆိုတာမိဘ ရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေရ မယ့် အရွယ်ပါ။ မိဘဆိုတာက လည်း ကိုယ့်ရဲ့ အသက်ကို အဆုံး အရှုံးခံပြီး ကိုယ့်သားသမီးကို လူ့ လောကထဲရောက်အောင်ကိုးလလွယ် ဆယ်လမွေးဖွားပေးခဲ့တဲ့ ကျေးဇူး ရှင်တွေပါ။ မိဘစကားဆိုတာ အမှား မရှိပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ ဘဘောထားမတိုက်ဆိုင်မှုတွေ ကြုံ လာတတ်တယ်။ အဲဒီအခါမှာ မိဘ က တားမြစ်တဲ့အခါ ဆုံးမတယ်။ ထိန်းချုပ်တယ်ဆိုပြီး အထင်လွဲတတ် ကြပါတယ်။ ဘယ်လောက်ပဲ စကား များများဘယ်လောက်ပဲ မတည့် မတည့်အရေးကြုံလာရင် သွေးနီးကြ တာကိုယ့်မိသားစုပါပဲ။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး မခေါ်ဘဲလည်း မနေနိုင်ကြပါဘူး။ အဲဒီအခါ မိဘ တွေလည်း ကိုယ့်သားသမီးရဲ့ ဆန္ဒ ကိုပြန်လိုက်လျောပေးတာတွေလည်း ရှိပါတယ်။

ကမ်းစပ်က ကျောက်ဆောင် တွေတောင် ရေတိုက်စားတာများ ရင် နှဲ့သွားတတ်တယ်

သားသမီးတွေကလည်း ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒရှိရင် ကိုယ့်မိဘကို သေချာနားလည်အောင် ဂရုတစိုက် နဲ့ ရှင်းပြသင့်တယ်။ အကယ်၍ ခွင့်မပြုဘူးဆိုရင်တောင် အထပ်ထပ် အခါခါ မိဘတွေနားဝင်လာအောင် ပြောပြရမယ်။ ကမ်းစပ်မှာရှိတဲ့ ကျောက်တုံးတွေကျောက်ဆောင် တွေတောင် ရေတိုက်စားတာများ လာရင် နှဲ့သွားတတ်ပါတယ်။ မိဘ ဆိုတာကတော့ ကိုယ်မွေးထုတ်ထား တဲ့ သားသမီးတွေမို့လို့ အထူးပြော စရာတောင် လိုမယ်မထင်ပါဘူး။ မိ ဘနဲ့ သားသမီးဆက်ဆံရေးက ပွင့် ပွင့်လင်းလင်းရှိပြီး သူငယ်ချင်းလို ဆိုပိုကောင်းမယ်။ မိဘတွေက ရင်း နှီးမှုမရှိတဲ့အခါ သားသမီးက ကိုယ့် ဆန္ဒကို ကိုယ်ဖြစ်ချင်တာကို မပြော ရဲလို့ ခိုးလုပ်တဲ့အခါ မှားယွင်းမှုတွေ ဖြစ်လာကြရော။ သွန်းဆက်ကတော့ ဘယ်ကိစ္စမဆို မေမေနဲ့ တိုင်ပင် တယ်။ မေမေကလည်း ဘာလုပ်ရင် ကောင်းမယ်၊ သမီးရေ ဘယ်လိုလေး လုပ်လိုက်ဆို ပြီးဘေးကနေ အမြဲ အကြံပေးပါ တယ်။

ရှုံးနိမ့်မှုတွေကို သင်ခန်းစာ ယူပါ

လူတိုင်းမှာ မျှော်လင့်ချက်နဲ့ အိပ်မက်ကိုယ်စီရှိပါတယ်။ အဲဒီလို အိပ်မက်ကို အကောင်အထည်ဖော် တဲ့နေရာမှာ အချိန်ယူဖို့တော့လို မယ်။ အောင်မြင်မှုဆိုတဲ့ ပန်းတိုင် ကိုသွားတဲ့ လမ်းမှာကျရှုံးမှုဆိုတဲ့ လှေကားထစ်တွေလည်းရှိပါတယ်။ ကိုယ်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေကို သင်ခန်းစာယူပြီး ကိုယ့်လမ်းကို ဖြောင့်အောင် ဆက် လျှောက်ကြပါ။ ကိုယ်ဖြစ်ချစ်တဲ့ အိပ် မက်ကို အကောင်အထည်ဖော် ပါ။ အားလုံး အိပ်မက်နဲ့ ဘ၀တစ် ထပ်တည်းကျကြပါစေ။

ကလောင် - တယော

8 DAYS A WEEK ENTERTAINMENT

myanmar model cutie boy and smart boy

Burmese Actor Burma Model Boys Myanmar Sexy Cute Beautiful

Burmese Actor Burma Model Boys Myanmar Sexy Cute Beautiful


Burmese Actor Burma Model Boys Myanmar Sexy Cute Beautiful



Nann Myat Phyo Thin is beautiful girl

Nann Myat Phyo Thinn Beauty Perfect Shape Myanmar Model Girls

Nann Myat Phyo Thinn


Myanmar Beautiful Model Girl Melody Fashion Collection


lovely and cutie girl nann myat Phyo Thin Photos of us

Cute Myanmar Girl Nann Myat Phyo Thinn Airplane Basic Guide News

Asian Cute Girl Popular Celebrity Sexy Girls

Nann Myat Phyo Thin Beauty Red Rose Myanmar Model Girls

Nann Myat Phyo Thinn

Lovely Myanmar Model Girl Nann Myat Phyo Thinn

New Face Teenage Model Nann Myat Phyo Thinn Myanmar







myanmar cutie girl and myanmar girls



Cute Myanmar Girl Nann Myat Phyo Thinn


Myanmar Girls

Really Cute Myanmar Girls


Myanmar Model Sweet Smile Girls

New Series Girls And Women From Till Myanmar

Myanmar Girls Burmese

Index Content Extra Myanmar Girls San Yati Moe Myint







myanmar hot girl and cutie girl

Myanmar Model Sweet Smile Girls

Myanmar Model Girls And News

Semi Professional Model From Singapore Myanmar Girls

Myanmar Cute Model Girl Nann Khin Zayar Fashion

Myanmar Girls The


Collection Thandar Tin Myanmar Model Girls


Myanmar Model Myanmarlovestory Bucket

Myanmar Girls

Model Chit Colorful Fashion Myanmar Girls







Model Girls Fashion and hot fashion girl

Myanmar Celebrities Maw Phoo Maung New Face Model

Myanmar Model Girls And Actress Cute Maw Phu

Girl Maw Phu Maung Classic Clothes Cute

Myanmar Fashion Dress Cute Burmese Girls Models And Actress

Model Girls Fashion From Idea Magazine Myanmar


Model Maw Phu Maung Beautiful Floral White Long Dress Myanmar

Cute Model Maw Phu Maung Sexy Style Golf Stick Myanmar

Cute New Face Model San Yati Moe Myint Myanmar Girls


Myanmar Model Girls






Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More