Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Friday, July 5, 2013

နန်းခင်ဇေယျာ








နန်းခင်ဇေယျာ










နန်းခင်ဇေယျာ








နန်းခင်ဇေယျာ











နန်းခင်ဇေယျာ







နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုးရ ဂုဏ်ပြု

ဇွန်လ ၃ ရက်တွင် ကျရောက်သည့် မြန် မာအမျိုးသမီးများနေ့ အခမ်းအနားကို တောင် ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မစ္စအင်တာနက် ဆုရှင် နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုး ရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ထူးချွန်အမျိုးသမီးအဖြစ် နန်းခင်ဇေယျာကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းဖြစ်သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေကလည်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်လည်း တက်ရောက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရ၏ ဂုဏ်ပြုခြင်းခံရသူ နန်းခင်ဇေယျာက တောင်ကြီးမြို့ မိဘမဲ့အမျိုးသမီး သင်တန်းကျောင်း သို့ သွားရောက် မည်ဟုလည်းဆိုသည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံရကာ မိဘမဲ့ အမျိုးသမီးသင်တန်းကျောင်းသို့ ရောက်ရှိ နေသည့် မသက်ထားခင်ကိုလည်း တွေ့ဆုံမည်ဟု ဆိုသည်။

''အဓိကကတော့ သူ့ကို အားပေးချင်တယ်။ အပြစ်မဲ့တဲ့ ကလေးငယ်လေးကို စိတ်ဓာတ်ခွန်အားတွေ တက်လာအောင် အားပေးသွားမယ်။ ဒီလို ရိုက်ခံခဲ့တာ ကြားသိရ ရချင်းကတည်းက စိတ်ထဲမှာလုံးဝမကောင်းပါဘူး'' ဟု သူကဆိုသည်။

မသက်ထားခင်သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ ၅ တွင် နေထိုင်သည့် အသက် ၇ နှစ် အရွယ် မိဘမဲ့ ဖြစ်သည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံခဲ့ရခြင်းကြောင့် တောင်ကြီးမြို့ လူမှုဝန်ထမ်းဦးစီးဌာနက မိဘမဲ့အမျိုးသမီးသင်တန်းကျောင်းသို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။

ဂျွန်ချစ်ငြိမ်း
by Mizzima - News in Burmese

သက်တမ်း ၂၀၀ရှိငါးကြီးတစ်ကောင် ဖမ်းမိ

ပြီးခဲ့တဲ့ ၂ရက်နေ့က အမေရိကန်နိုင်ငံ၊ အလက်စကာ ပြည်နယ်မှာ နေထိုင်တဲ့ Henery Liebmanဆိုသူဟာ ၃၉ပေါင် အလေးချိန်ရှိတဲ့ ရေချို ကျောက်ငါးအမျိုးအစား ငါးတစ်ကောင်အား ဖမ်းဆီး ရမိခဲ့ကြောင်းနှင့် အဆိုပါ ဖမ်းမိ ငါးကြီးမှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀၀ခန့် ရှိနိုင်ကြောင်း ဆိုပါတယ်။

 အဆိုပါ ငါးကြီးအား ဖမ်းဆီး ရမိမှုနှင့် ပတ်သက်၍ Dialy Sitka Journalက ရှေးဦးစွာ သတင်းဖော်ပြခဲ့ပြီး စံချိန်သစ်များအား ရိုက်ချိုးနိုင်မည့် ဖမ်းဆီးရရှိမှု ဟူ၍ ဖော်ပြခဲ့ကြောင်း သိရပြီး နောက်ပိုင်းတွင် Yahoo!သို့ပါ တင်ပြသွားခဲ့ပါသေးတယ်။

အဆိုပါ ငါးအမျိုးအစားများမှာ အလက်စကာ မြစ်များအတွင်းတွင်သာ နေထိုင် ကျက်စားလေ့ရှိကြပြီး Liebmanဟာ ၄၁လက်မ အရွယ် ဆွဲပိုက်အမျိုးအစားဖြင့် ဖမ်းမိခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် အခြေစိုက် National Oceanic and Atmospheric Administrationအဖွဲ့ရဲ့ ပြောကြားချက်အရတော့ ဖမ်းမိငါးကြီးမှာ အရှေ့မြောက် ပစိဖိတ်ဒေသတွင်း သက်တမ်း အရှည်ဆုံး ငါးကြီး ဖြစ်နိုင်ကြောင်း ဆိုပါတယ်။

လက်ရှိတွင် ငါးကြီးရဲ့ အသက်နှင့် ပတ်သက်၍ စမ်းသပ်ခန်းမှ အတည်ပြုချက်ရရန် လိုအပ်နေသေးပြီး လက်ရှိတွင်တော့ အဆိုပါ ငါးမျိုးထဲမှ သက်တမ်းအရှည်ဆုံး အဖြစ် ၁၇၅နှစ်ရှိ ငါးတစ်ကောင်က စံချိန်ရယူထားနိုင်ကြောင်း သိရပါတယ်။

Myanmar ICT

Teen Choice ဆုအတွက် တေလာဆွစ်ဖ် ဆုခြောက်ဆု ဆန်ခါတင် ရွေးချယ်ခံရ

ကန်းထရီး အဆိုတော် တေလာဆွစ်ဖ်သည် သြဂုတ်လ၌ ကျင်းပမည့် Teen Choice ဆုပေးပွဲ၌ ဆုသုံးဆုနှင့် အထက် ဆန်ခါတင် ရွေးချယ်ခံရကြောင်း သိရသည်။

Glee ရုပ်သံဇာတ်လမ်း သရုပ်ဆောင်များဖြစ်သည့်Chord Over-street ၊ Melissa Benoist ၊ Heather Benoist ၊ Heather Morris ၊ Blake Jenner နှင့် Becca Tobin တို့သည်လည်း ဆန်ခါတင် ရွေးချယ်ခံရ သူများစာရင်းတွင် ပါဝင်ပြီး Glee ရုပ်သံ ဇာတ်လမ်းသည် စုစုပေါင်း ဆုရှစ်ဆု လျာထားခံရကြောင်း သိရ သည်။ Rebel Wilson၊ Anna Kendrick ပါဝင်သရုပ်ဆောင် ထားသည့် Pitch Perfect ရုပ်ရှင်သည် ရှစ်ဆု ဆန်ခါတင် ရွေးချယ်ခံရသည်။

ဒမ်မီလိုဗာတို (Demi Lovato)၊ မိုင်လီဆိုင်းရပ်စ် (Miley Cyrus) ၊ ဂျက်စတင်ဘီဘာ (Justin Bieber) ၊ ရီးဟားနား (Rihanna) ၊ ဆလီနာဂိုမက်ဇ် (Selena Gomez)၊ ဂျက်စတင် ဘာလိတ်(ခ်) (Justin Timberlake)၊ နစ်ကီမင်နာ့ (Nicki Minaj) စသည့် အနုပညာရှင် များသည် ဆုနှစ်ဆုနှင့် အထက် လျာထားခံရသည်။

Teen Choice ဆုပေးပွဲ အခမ်းအနားကို သြဂုတ် ၁၁ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး Fox ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

သိင်္ဂီဝင်း (Ref:UPI)

Popular Myanmar News Journal

အမှုပွေလွန်းလှတဲ့ မင်းသား ရဲတိုက် တစ်မှုမပြီးခင်မှာဘဲ ဆေးခြောက်မှုနဲ့ ထိန်းသိမ်းခံရ

စိန့်မေရီဘုရားကျောင်းဝင်းထဲတွင် တစ်ကိုယ်တော် ဆန္ဒပြနေစဉ် တွေ့ရတဲ့ သရုပ်ဆောင် ရဲတိုက်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)


ပြီးခဲ့တဲ့ မေလထဲမှာ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်က စိန့်မေရီ ခရစ်ယာန်
ဘုရားကျောင်းဝင်းမှာ တစ်ကိုယ်တော် ဆန္ဒပြသမှုကြောင့် ထိန်းသိမ်းခံခဲ့ရတဲ့ ရဲတိုက်ဟာ အဲဒီအမှု
မပြီးပြတ်ခင်မှာဘဲ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထပ်မံပြီး ထိန်းသိမ်းခံရပြန်ပါပြီ။

သရုပ်ဆောင် ရဲတိုက်ကို ဇူလိုင်လ ၄ ရက်နေ့၊ ညနေပိုင်းမှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး
ရဲစခန်းကနေ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုဥပဒေနဲ့ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ရဲတိုက်ကို ခုလိုမျိုး ထိန်းသိမ်းခဲ့တယ်ဆိုတဲ့ သတင်းကိုလည်း ဇူလိုင်လ ၅ ရက်နေ့ထုတ် The New
Light of Myanmar သတင်းစာမှာလည်း ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။


သတင်းစာထဲမှာ ဖော်ပြချက်အရ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရဲစခန်းမှ ရဲအုပ်
လှမြင့်ထွန်းနဲ့ အဖွဲ့ဝင်တွေဟာ ကျောက်တံခါးမြို့နယ်၊ ဒဂုံမင်းလမ်းပေါ်ရှိ လက်ချမီး လက်ဖက်ရည်
ဆိုင်ပိုင်ရှင်ရဲ့ သတင်းပေးပို့မှုကြောင့် အဲဒီလက်ဖက်ရည်ဆိုင်မှာ ရောက်ရှိနေတဲ့ သရုပ်ဆောင်
ရဲတိုက်၊ အသက် ၃၀ နှစ်ကို ရှာဖွေစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ရဲတိုက်နဲ့အတူ တရုတ်နိုင်ငံလုပ် Kenbo မော်တော်ဆိုင်ကယ်တစ်စီး၊ ဘူးငယ်နဲ့
ထည့်ထားတဲ့ ဆေးခြောက်ရွက်များ၊ အပြာရောင် ဂျင်းဂျာကင် တစ်ထည် အပါအ၀င် ငွေကျပ်
နှစ်သိန်းကို တွေ့ရှိခဲ့ပြီး ရဲစခန်းကနေပဲ တရားလိုပြုလုပ်ပြီး တရားစွဲဆိုမယ်လို့လည်း ဖော်ပြထား
ပါတယ်။

ဧရာဝတီဝက်ဘ်ဆိုက်ရဲ့ ရဲတိုက်သတင်းမှာတော့ မူးယစ်ဆေးဝါးပုဒ်မ ဖြစ်တာကြောင့် ထောင်ဒဏ်
အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်အထိ ကျနိုင်ပါတယ်လို့ ကျောက်တံခါးတရားရုံးမှ တာဝန်ရှိသူ
တစ်ဦး ပြောကြားထားတာကို ဖော်ပြထားပါတယ်။

ငြိမ်းအိအိထွေး
မြန်မာတိုင်း(မ်)

စိုးပြည့်ပြည့်စံ - ရူးသွပ်မှု တစ်ခုတည်းနဲ့ စခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အနုပညာလမ်းက ကြမ်းခဲ့တယ်

နာကြည်းမှုများလေလေ အောင်မြင်မှုလမ်းစကို ရောက်ဖို့ များလေလေဆိုတဲ့ စကားလိုပဲ စိုးပြည့်ကြုံခဲ့ရတဲ့ ဒုက္ခ၊ နာကြည်းမှု တွေက စိုးပြည့်ပြည့်စံလို့ဖြစ်လာဖို့ ပဲလို့သတ်မှတ်လိုက်ပါတယ်။ အဲဒီ လိုသာမကြုံခဲ့ရင် စိုးပြည့်ပြည့်စံက ဒီလောက် စိတ်ဓာတ်ကြံ့ခိုင်လာမယ် မထင်ဘူး။ ကြုံတွေ့ခဲ့တာတွေအား လုံးအတွက် အားလုံးကို ကျေးဇူး တင်ပါတယ်လို့ပဲဆိုထားပါတယ်။

Q. စိုးပြည့် Only One ဗွီစီဒီ ရိုက်နေပြီလား

A. ဗွီစီဒီရိုက်ဖို့စီစဉ်နေပါပြီ။

Q. စီဒီထွက်ပြီးတဲ့ အချိန်ပရိသတ်ရဲ့ အားပေးမှုကို လေ့လာ ဖြစ်လား။

A. Only One စီဒီမထွက်ခင် Flyer တွေကိုယ်တိုင်ကမ်းတယ်။ Wall sheet တွေကိုကိုယ်တိုင်ကပ်တယ်။ စိုးပြည့်ရဲ့ Only One ခွေ မေဒေးနေ့မှာထွက်ပြီး လက်မှတ်ထိုး ပွဲပြီးတာနဲ့ ဘယ်ဆိုင်တွေတင်ထား လဲဆိုတာကအစ သူငယ်ချင်းတွေ အကူအညီနဲ့ လေ့လာပါတယ်။ အခုဆိုရင် ပရိသတ်တွေက facebook ကနေပြောကြပါတယ်။

Q. ခွေရောင်းအားအပေါ်မှာရော..

A. ခွေရောင်းအားဘယ် လောက်ရှိလဲဆိုတာ မသိသေးဘူး။ စီးရီးခွေထုတ်တယ်ဆိုတာ သီချင်း ဆိုတာကို ရူးသွပ်လို့သာထုတ်တာ။ လူတိုင်းရှုံးတယ်။ စိုးပြည့်လည်းမရှိမဲ့ ရှိမဲ့နဲ့ လုပ်ခဲ့တာ။ စိုးပြည့်လိုချင်တာက ပရိသတ်ရဲ့ သဘောကျတဲ့ လက်ခုပ်သံပါ။ မကြာခင်တုန်းက စိုးပြည့်သီချင်းဆိုင်တစ်ဆိုင်မှာ ဖွင့်ထားတာကြားလိုက်ရတယ်။ စိုးပြည့် မှန်းမသိဘဲ ပြောလိုက်ကြတဲ့ အသံက ဒီသီချင်းပဲ ခဏခဏဖွင့်နေတာ မောနေလောက်ပြီဆိုတော့ စိုးပြည့် မျက်ရည်ဝဲမိတဲ့အထိ ၀မ်းသာရတယ်။ ခွေရောင်းရတာ မရောင်းရ တာထက် စိုးပြည့်သီချင်းတွေနား ထောင်ရင်ကို ကျေနပ်ပါပြီ။

Q. Only One ကို အချိန် ဘယ်လောက်ထိ ယူပြီးပြင်ဆင်ခဲ့ တာလဲ။

A. စိုးပြည့်သုံးနှစ်လောက် အချိန်ယူပြင်ဆင်ခဲ့တာပါ။ ဒီအခွေထဲ မှာပါတဲ့ ၁၂ ပုဒ်လုံးက စိုးပြည့် အနှစ်သက်ဆုံးတွေကို ရွေးထားတာပါ။ အဲဒီထဲက အနက်ရှိုင်းဆုံးချစ် လို့ဆိုတဲ့ ကိုယ်တိုင်ရေးထားတဲ့ သီချင်းက ကိုယ်တိုင်လည်းကြိုက်သလို စိုးပြည့်ရဲ့ အနုပညာမောင်နှမတွေကလည်း ကြိုက်တယ်လို့ပြောပါတယ်။ ဦးစိုးလင်းရေးတဲ့ကိုယ့် အတွက် အိပ်မက်မင်းမက်လားက အရင်မချောစုခင်ဆိုထားတဲ့ သီချင်းကိုလည်း စိုးပြည့်ကြိုက်လို့ Version ပြောင်းပြီးပြန်ဆိုထားတယ်။

Q. ဘာကြောင့် Only One လို့ပေးဖြစ်တာလဲ။

A. စိုးပြည့်နဲ့ တေးရေးဦးစိုးလင်းတို့ တိုင်ပင်ပြီးပေးဖြစ်တာပါ။ မေ ၁ ရက်မှာ စိုးပြည့်ပြည့်စံ Only One တစ်ကိုယ်တော်ခွေထွက်တယ် ဆိုတဲ့ သဘောလေးပါ၊

Q. စိုးပြည့်အရင်က ဓာတ်ပုံ ခပ်ဟော့ဟော့တွေ ရိုက်ခဲ့ဖူးတယ်နော်။

A. စိုးပြည့်ဓာတ်ပုံတွေ အမျိုး မျိုးရိုက်ဖူးပါတယ်။ Punk, Sweet ဖြစ်တဲ့ ပုံတွေလည်း ရိုက်ပါတယ်။ ဒါပေမဲ့ Sexy ရိုက်တဲ့ပုံစံကို ပိုနှစ်သက်ကြတယ်။ စိုးပြည့် ဓာတ်ပုံရိုက်တဲ့ အထဲမှာ နိုင်ငံခြား မဂ္ဂဇင်းတစ်ခုအတွက် ဆေးလိပ်သောက်ပြီး ရိုက်ထားတဲ့ ပုံရှိတယ်။ စိုးပြည့်ဆေး လိပ်မသောက်တတ်ဘူး။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့ လူတစ်ယောက်ရဲ့ ပုံစံမျိုးရအောင် ရိုက်ထားတယ်။ ကိုယ့်ပုံကိုကြည့်တဲ့အခါ ခံစားမှုတစ်ခုခုရစေချင်တာပါ။ စိုးပြည့်ရိုက်ခဲ့တဲ့ပုံတွေမှာတော့ မတော်မယော်ဖော်ချွတ်ရိုက်ခဲ့တာမျိုး မရှိပါဘူး။ လုံလုံခြုံခြုံနဲ့ အမိုက်စား ပုံတွေသာ ရိုက်ဖြစ်တာပါ။ သရုပ်ဆောင်ဖြစ်တဲ့အတွက် ဝေဖန်တာ ကိုလက်ခံပါတယ်။

Q. သရုပ်ဆောင်လုပ်မှာလား၊ မော်ဒယ်လုပ်မှာလား၊ အဆိုတော် လုပ်မှာလား။

A. ကိုယ်တိုင်တောင်ဘာလုပ် ရမှန်းမသိတော့ဘူး။ ဒါပေမဲ့ ပရိသတ်က စိုးပြည့်သီချင်းဆိုပါလို့ဆိုတဲ့အတွက် ရှိုးတွေဆိုဖြစ်နေတယ်။ မျှအောင်လုပ်သွားမှာပါ။ သရုပ်ဆောင်တဲ့ဘက်ကို စိုးပြည့်နားထား တယ်။ Only One ဗွီစီဒီအတွက် စိုးပြည့်ပြင်ဆင်နေပါတယ်။

Q. ဒါဆိုငယ်ငယ်က ဘာဖြစ်ချင်ခဲ့တာလဲ။

A. စိုးပြည့်ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တာက သရုပ်ဆောင် တစ်ယောက်ပါ။ ဒါကြောင့်ပဲ ဒီလောကထဲရောက်ခဲ့တာ။ စိုးပြည့် ဆယ်တန်းအောင်ပြီး နောက်နေ့မှာ ကိုဂျွန်လွင်ဆီမှာ သင်တန်းစတက်ဖြစ်တယ်။

Q. အနုပညာလောကကြီးက အသစ်တစ်ယောက်ကို နွေးထွေးစွာ ကြိုဆိုရဲ့လား။

A. အားလုံးကတွန်းထုတ်တယ်။ အမှန်အတိုင်းပြောရရင် မိဘရဲ့ အားပေးပံ့ပိုးမှု၊ ဘယ်သူ့ရဲ့ ထောက်ပံ့မှုမှမပါခဲ့ဘဲ ရူးသွပ်မှု တစ်ခုတည်းနဲ့ စိုးပြည့်စလျှောက်ခဲ့တဲ့ မိန်းကလေးတစ်ယောက် အနေနဲ့ ဒီလောကကြီးက အရမ်းကြမ်းခဲ့ပါတယ်။ မော်ဒယ်လောကမှာလည်း မော်ဒယ်လောကအနေအထားအရ ကိုယ့်ဘာသာကိုယ်ပိုက်ဆံပေး သင်တန်းတက်တာတောင် တန်းစီရတဲ့ စနစ်ဖြစ်နေတယ်။ ရှိုးတစ်ပွဲလျှောက်ရဖို့ ကိုယ့်ကိုခေါ်ဖို့ အများကြီး ပြင်ဆင်ရတယ်။ အဲဒီလိုတွေရှိခဲ့တာ ကြောင့်လည်း စိုးပြည့် Only One ခွေထွက်ဖြစ်တဲ့အထိခိုင်မာခဲ့တာ ထင်ပါတယ်။

ကလောင် - Olive

8 DAYS A WEEK ENTERTAINMENT

နေအိမ်ခြံဝင်းထဲ ကျူးကျော်သူများကို သီချင်းစာသားဖြင့် တေလာဆွစ်ဖ် သတိပေး

မိမိ၏ နေအိမ်ခြံဝင်းထဲ ကျူးကျော်ဝင်ရောက်လေ့ ရှိသူများကို တေလာဆွစ်ဖ်က သီချင်းစာသားဖြင့် သတိပေးထားလိုက်သည်။ Country ဂီတစတား အဆိုတော်မလေးသည် ရုဒ်အိုင်းလန်းရှိ သူမ၏ ဇိမ်ခံအိမ်ကြီးသို့ ကျူးကျော် ဝင်ရောက်လာတတ်သည့် အစွန်းရောက် ပရိသတ်များကြောင့် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရလေ့ ရှိသည်။

ထို့ကြောင့် တေလာက ဝင်ခွင့်မရှိ စာတန်းကို ဒေါ်လာ (၁၇)သန်းတန် စံအိမ်ကြီးရှေ့တွင် ရေးထိုးထားပြီး သူမ၏ သီချင်းစာသားဖြင့် ပိုင်နက်အတွင်း ဝင်ရောက်လာပါက ဒုက္ခတွေ့နိုင်မည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။ သူမသည် (၂၀၁၂)ခုနှစ်က သီချင်းဖြစ်သော ‎#I ‎#Knew ‎#You ‎#Were ‎#Trouble မှ သီချင်းစာသားကို ကိုးကားထားခြင်း ဖြစ်သည်။

အသက်(၂၃)နှစ်ရှိ တေလာသည် "လျှောက်ဝင်လာရင်တော့ မင်းဒုက္ခတွေ့မယ်ဆိုတာ ငါသိထားတယ်"ဟု အဓိပ္ပါယ်ရသည့် 'I knew you were trouble when you walked in'ဆိုသော သီချင်းစာသားကို ဖြတ်သန်းသွားလာခွင့် မပြုဆိုသည့် စာတန်းနှင့်အတူ ရေးသားထားစေခြင်း ဖြစ်သည်။

ငယ်ငယ်ရွယ်ရွယ်နှင့် သန်းပေါင်း အတော်များများ ကြွယ်ဝလာသော သူဌေးမလေးသည် ဘီဗလီဟေးလ်နှင့် တက်နက်ဆီတို့တွင်လည်း အိမ်ကြီးတစ်လုံးစီ ပိုင်ဆိုင်ထားသေးသည်။ ထို့အပြင် မက်ဆာချူးဆက်ရှိ ဟားနစ်ဆိပ်ကမ်းတွင်လည်း အိမ်တစ်လုံး ဝယ်ယူဖူးသော်လည်း မတ်လက ပြန်လည် ရောင်းထုတ်ခဲ့ရာ ဒေါ်လာ(၁)သန်း အမြတ်အစွန်း ရခဲ့သည်။

Planet Myanmar Network

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More