Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်
လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )
News Post
Showing posts with label SeaGames 2013. Show all posts
Showing posts with label SeaGames 2013. Show all posts
Wednesday, December 11, 2013
Sea Game အတွက် ဂုဏ်ယူလိုက်စမ်းပါ ဒို့မြန်မာပြည်.
ချစ်ကြပါ ချစ်ကြပါ I Love Myanmar
နောက်တစ်နေထွက် တစ်မနက်ကူး
မြန်မာတွေ အသုံးမကျဘူးရယ်လို့
ပါးစပ်တွေက မထွက်ကြနဲ့
ဟိုအစိုးရ ဒီအစိုးရ
ဟိုအန်တီ ဒီအန်တီ
အဆင်ပြေတုန်းခဏ သတိမရကြနဲ့
ဂုဏ်ယူကြပါ
ဒီအလံတော်အောက်မှာ
ပြိုင်ကြပီဟေ့ ဆိုမှ ဆဲသံတွေဗရပွ နဲ့
အင်အားမပြကြနဲ့
လိုင်းမကောင်းရင် ဒါ မြန်မာပြည်လို့မပြောနဲ့
မီးပျက်ရင် ဒါမြန်မာပြည်လို့မပြောနဲ့
လမ်းမကောင်းရင် ဒါမြန်မာပြည်လို့မပြောနဲ့
ကားကြပ်ရင် ဒါမြန်မာပြည်လို့မပြောနဲ့
သယံဇာတတွေနဲ့ ဆင်းရဲတဲ့ တိုင်းပြည်
ဒါ မြန် မာ ပြည် လို့ မပြော နဲ့
နိုင်ငံရပ်ခြားမှာ နေတဲ့အတွက် ခင်ဗျားတို့ထက်
ဂုဏ်ယူတတ်ပါတယ်
ရင်ဘတ်ထဲကို ရိုက်ထည့် တစ်သက်စာအတွက် အမိမြေ
တစ်ခဏအတွက် မြန်မာပြည် မဟုတ်ဘူး
Sea Game အတွက်
ဂုဏ်ယူလိုက်ပါတယ် မြန်မာပြည်
•
•
•
SaTaN
(ကြံဖန်ဂုဏ်ယူတတ်သူကြီး မောင်ကန့်လန့်)
နောက်တစ်နေထွက် တစ်မနက်ကူး
မြန်မာတွေ အသုံးမကျဘူးရယ်လို့
ပါးစပ်တွေက မထွက်ကြနဲ့
ဟိုအစိုးရ ဒီအစိုးရ
ဟိုအန်တီ ဒီအန်တီ
အဆင်ပြေတုန်းခဏ သတိမရကြနဲ့
ဂုဏ်ယူကြပါ
ဒီအလံတော်အောက်မှာ
ပြိုင်ကြပီဟေ့ ဆိုမှ ဆဲသံတွေဗရပွ နဲ့
အင်အားမပြကြနဲ့
လိုင်းမကောင်းရင် ဒါ မြန်မာပြည်လို့မပြောနဲ့
မီးပျက်ရင် ဒါမြန်မာပြည်လို့မပြောနဲ့
လမ်းမကောင်းရင် ဒါမြန်မာပြည်လို့မပြောနဲ့
ကားကြပ်ရင် ဒါမြန်မာပြည်လို့မပြောနဲ့
သယံဇာတတွေနဲ့ ဆင်းရဲတဲ့ တိုင်းပြည်
ဒါ မြန် မာ ပြည် လို့ မပြော နဲ့
နိုင်ငံရပ်ခြားမှာ နေတဲ့အတွက် ခင်ဗျားတို့ထက်
ဂုဏ်ယူတတ်ပါတယ်
ရင်ဘတ်ထဲကို ရိုက်ထည့် တစ်သက်စာအတွက် အမိမြေ
တစ်ခဏအတွက် မြန်မာပြည် မဟုတ်ဘူး
Sea Game အတွက်
ဂုဏ်ယူလိုက်ပါတယ် မြန်မာပြည်
•
•
•
SaTaN
(ကြံဖန်ဂုဏ်ယူတတ်သူကြီး မောင်ကန့်လန့်)
re SEA Games Vovinam Test Match 2013 ဖွင့်ပွဲ အခမ်းအနား
news_image:

နေပြည်တော် သြဂုတ် ၂၂
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက် ၉ နာရီတွင်
နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပပြုလုပ်သော Pre SEA Games
Vovinam Test Match 2013 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးသည်။
အခမ်းအနားတွင် ရှေးဦးစွာ (၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစား
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး
ပြိုင်ပွဲအား မောင်းတီးဖွင့်လှစ် ပေးသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ
ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ၊ အရှေ့တောင်အာရှ
ဗိုဗီနမ်(ဗန်တို)အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Oknha RAT SOKHORN ၊
မြန်မာသိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိ ကော်မတီအဖွဲ့ဝင်များ၊ ၂ဝ၁၃ ခုနှစ်
အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအကြို ဗိုဗီနမ်(ဗန်တို)ပြိုင်ပွဲ
ကျင်းပရေး ကော်မတီအဖွဲ့ဝင်များ၊ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်
အားကစားသမားများ၊ အသင်း တာဝန်ခံများ၊ အားကစားပရိသတ်များနှင့်
ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ယင်းနောက် ဒိုင်လူကြီးများကိုယ်စား
ဒိုင်လူကြီးတစ်ဦးနှင့် ပြိုင်ပွဲဝင် အားကစားသမားများ ကိုယ်စား
အားကစားသမားတစ်ဦးက သစ္စာအဓိဋ္ဌာန်များကိုရွတ်ဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ
ပြန်လည်ထွက်ခွာကြပြီး မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ မြန်မာ့သိုင်းပညာ
သရုပ်ပြခြင်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက ဦးရွှေရိုးနှင့်
ဒေါ်မိုး၊ ဗွေးတုတ်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဗိုဗီနမ်(ဗန်တို)အားကစား
ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ လေးယောက် တွဲခြေညှပ်လှဲ
စနစ်သုံးတိုက်ခိုက်ပုံ သရုပ်ဖော်အပြပြိုင်ပွဲကို မြန်မာ-အင်ဒိုနီးရှား၊
ဗီယက်နမ်နှင့် လာအို နိုင်ငံများမှ ပြိုင်ပွဲဝင်အသင်းများက အသင်းလိုက်
သရုပ်ပြ ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပထမဆုရ မြန်မာ(က)အသင်း၊ ဒုတိယဆုရ
အင်ဒိုနီးရှားအသင်းနှင့် တတိယဆုရ လာအို အသင်းတို့ကို ပြည်ထောင်စု ဝန်ကြီးက
ဆုများအသီးသီး ချီးမြှင့်ပေးအပ်သည်။အဆိုပါ ဗိုဗီနမ်(ဗန်တို) အားကစားသည်
ဗီယက်နမ်ရိုးရာကိုယ်ခံပညာရပ်ဖြစ်ပြီး လက်နက်ဖြင့် တိုက်ခိုက်ခြင်းနှင့်
လက်နက်မဲ့ တိုက်ခိုက်ခြင်းဟူ၍ အမျိုးအစားနှစ်မျိုး ရှိကြောင်း သိရသည်။
ဗိုဗီနမ်(ဗန်တို) အားကစားကို ၁၉၃၈ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံသား
ငုယင်လောက်ဆိုသူက စနစ်တကျ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ရည်ရွယ်ချက်မှာ
မိမိကိုယ်ကို ခုခံကာကွယ်နိုင်သော ပညာရပ်အား အချိန်တိုအတွင်း လေ့လာ
တတ်မြောက်စေရန်ဖြစ်သည်။ ဗီယက်နမ်၌ ကိုယ်ခံပညာရပ်နှင့်ပတ်သက်၍ ပြင်ပမှ
လွှမ်းမိုးမှုများ များပြားခဲ့ခြင်းကြောင့် ဗီယက်နမ်ရိုးရာစစ်စစ်
ကိုယ်ခံပညာရပ်ဖြင့် ရပ်တည်လိုခြင်းသည် ၎င်း၏ အဓိက ရည်မှန်းချက် ဖြစ်ခဲ့သည်။
အားကစားပြိုင်ပွဲများ၌ ထည့်သွင်းကျင်းပသော ဗိုဗီနမ်(ဗန်တို)အား
ကစားနည်းတွင် အတိုက်ပြိုင်ပွဲနှင့် သရုပ်ပြပြိုင်ပွဲဟူ၍ ခွဲခြားထားသည်။
ဗိုဗီနမ်(ဗန်တို)အားကစားသည်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ၂ဝ၁၁ ခုနှစ်မှ စတင်
ပါလာပြီးရွှေတံဆိပ်(၁၄)ခု ချီးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံ အိမ်ရှင်အဖြစ်
ယခုနှစ်တွင် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပွဲတွင် ဗိုဗီနမ်(ဗန်တို)အားကစား ပါဝင်မည် ဖြစ်ကာ ရွှေတံဆိပ်(၁၈)ခု
ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။










































- 
- See more at: http://4wadi.blogspot.com/2013/06/test_8.html#sthash.x5kXvZwl.dpuf