Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Sunday, July 21, 2013

မိမိသာ အဆိုတော်ဆိုတေး၏ တရားဝင်ဇနီး ဖြစ်သည်ဟု မချိုချို ပြောဆို

မိမိသာ အဆိုတော်ဆိုတေး၏ တရားဝင်ဇနီး ဖြစ်သည်ဟု မြန်မာ သတင်းထောက်များ အားလုံးရှေ့တွင် ၀န်ခံရင်း သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည့် မချိုချိုအား တွေ့ရစဉ် - The First Media Group

အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီးအဖြစ် လက်မခံဘူး ဆိုရင် ခိုင်လုံတဲ့ သက်သေ အထောက်အထား များ အရ တရားစွဲဆို သွားမည်ဟု မချိုချိုမှ မြန်မာနိုင်ငံ သတင်းထောက်များ ကွန်ရက်ရုံးခန်းတွင် ၂၀-၇-၂၀၁၃ နေ့လယ် ၁၁ နာရီတွင် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပခဲ့သည်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည ဖိုးချစ်ဇာတ်အဖွဲ့နဲ့အတူ သီချင်းသီဆိုရန် ထွက်ခွာသွားတဲ့ အဆိုတော်ဆိုတေး၊ ဇနီးဖြစ်သူမချောချောနှင့် ယာဉ်မောင်း၊ မိတ်ဆွေအမျိုးသမီးတစ်ဦးတို့ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ဇနီးဖြစ်သူ မချောချော ပွဲချင်းပြီးသေဆုံးသွားသလို အဆိုတော်ဆိုတေးဟာလည်း မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရဆဲအချိန်မှာပဲ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ မိမိရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်ဆိုတေးအား ထိုင်းနိုင်ငံကို ခေါ်ဆောင်ကုသပေးမည်ဟူသည့် သတင်းများ ကျယ်ကျယ်ပြန့် ပြန့်ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြန်မာ့အလင်းသတင်းစာ ဇူလိုင် ၁၉ ရက်နေ့ထုတ်မှာတော့ အဆိုတော်ဆိုတေးရဲ့ မိဘညီအစ်ကိုမောင်နှမများရဲ့ ဖြေရှင်းချက်လို့အမည်တပ်ထားတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်လာပါတယ်။

ကွယ်လွန်သွားရှာတဲ့ မချောချော (ခ) မ၀င့်ကုဋေသူဟာ ကျွန်တော်ဦးတင်မြင့်ရဲ့သား ဆိုတေး၏ဇနီးဖြစ်ပါကြောင်း၊ ၁၆-၁၁-၂၀၁၂ နေ့တွင် နှစ်ဖက်မိဘများနှင့် သထုံခရုင်တရားသူကြီး ဒေါ်အေးအေးသင်းတို့၏ရှေ့မှောက်မှာ နှစ်ဦးသဘောတူလက်မှတ်ထိုးပြီး အကြင်လင်မယားအရာရောက်ခဲ့ပြီးဖြစ်ကြောင်း စသဖြင့် ကြေညာချက်ထွက်ပေါ်ပြီးနောက်တစ်ရက်မှာပဲ အဆိုတော်ဆိုတေးဟာ မိမိရဲ့ခင်ပွန်းဖြစ်ကြောင်း ၂၀-၇-၂၀၁၃ ရက်နေ့ စနေနေ့ နေ့လယ် ၁၁ နာရီမှာ ကာယကံရှင် စီဆူဒါးထိုင်းမိုင် (ခ) မချိုချိုက မြန်မာနိုင်ငံသတင်းထောက်များကွန်ရက် ရုံးခန်းမှာ စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

မီဒီယာအများအပြား၊ သတင်းထောက်အများအပြားတက်ရောက်လာတဲ့ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ မချိုချိုက
''အခုလို စာနယ်ဇင်းသတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရတဲ့အကြောင်းအရင်းကတော့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ကစပြီး မိမိနှင့်အဆိုတော် ဆိုတေးတို့ဟာ အကြင်လင်မယားအဖြစ် အတူတူပေါင်းသင်းနေခဲ့ကြကြောင်း အဆိုတော်ဆိုတေး သတိမရသေးတဲ့အချိန်မှာ မိမိဟာ အဆိုတော်ဆိုတေးနဲ့ မပတ်သက်ကြောင်း ထုတ်ပြန်ကြေညာလာတဲ့အတွက် မိမိအနေနဲ့ ဂုဏ်သိက္ခာထိခိုက်ခဲ့ကြောင်း၊ မိမိအနေနဲ့ သက်သေအထောက်အထားပြစရာ အများကြီးရှိကြောင်းနဲ့ အသိ သက်သေတွေလည်းရှိပါကြောင်း တကယ်လို့ အဆိုတော်ဆိုတေး သတိပြန်ရ လာတဲ့အချိန်မှာ မိမိကိုသူ့ဇနီးအဖြစ် လက်ခံ၊ မခံဆိုတာ တိကျတဲ့အဖြေ ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ အကယ်ရွေ့ အဆိုတော်ဆိုတေးမှ မိမိအား ၄င်း၏ဇနီးအဖြစ် လက်မခံ၊ ငြင်းပယ်ခဲ့မယ်ဆိုရင်ဖြင့် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တင်ပြကာ တရားစွဲဆိုသွားမှာဖြစ်ကြောင်း တက်ရောက်လာကြတဲ့ သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

ဘယ်သတင်းဟာ အမှန်အမှားဆိုတာနဲ့ ဘယ်ဇနီးဟာ မိမိရဲ့တရားဝင်ဇနီးဖြစ်ကြောင်း အတည်ပြုပေးနိုင်မယ့် ကာယကံရှင်ဖြစ်သူ အဆိုတော်ဆိုတေးကတော့ ယခုအခါ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သတိပြန်လည်ရရှိလာစေဖို့အတွက် သက်ဆိုင်ရာဆရာဝန်ကြီးများ၊ မိသားစုများက အပူတပြင်း ဂရုစိုက်ဆေးဝါးကုသနေကြောင်းသိရှိရတဲ့အတွက် ဘယ်သတင်းအမှန်၊ အမှားနဲ့ ဘယ်သူဟာ တရားဝင်ဇနီးအစစ်အမှန်ဆိုတာကို အဆိုတော်ဆိုတေးမှာအပ ဘယ်သူမှသိနိုင်မှာမဟုတ်ကြောင်းလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲကိုတက်ရောက်လာတဲ့ သတင်းထောက်များက မှတ်ချက်ပြုခဲ့ကြကြောင်း သိရှိရပါတယ်။
The First Media Group

အိမ်ထောင်သက်ကိုးလပြည့်မှာ ဆိုတေး ဇနီးဝင့်ကုဋေသူ၏ ကြေကွဲဖွယ်ဈာပန

အဆိုတော်ဆိုတေး ၏ ဇနီးဖြစ်သူ မ၀င့်ကုဋေသူ (ခေါ်) မချောချော ၏ ကျန်ရစ်သောရုပ်ကပ်လ်အား ၁၆ရက် ဇူလိုင်လ ၂၀၁၃ခုနှစ် နေ့လည် ၁း၀၀ အချိန်တွင် ရေးဝေးသုဿန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ပါသည်။


မန္တလေးပြည်သူ့ဆေးရုံ ကြီးမှာဆေးကုသမှုခံယူနေတဲ့ ဆိုတေးကိုခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းစကားများ ဆိုကြ သလို၊ ကိုယ်တိုင်သွားရောက်သတင်းမေးမြန်းကြသူတွေလဲရှိကြပါတယ်။

 ဒီလိုကိုယ်တိုင်သွားရောက်သတင်းမေးမြန်းသူတစ်ဦးဖြစ်တဲ့သရုပ်ဆောင်နန္ဒက ဆိုတေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး... “ကျွန်တော်မနေ့ကနေ့လည်၁နာရီခွဲလောက်က ဆိုတေးကို သတင်း သွားမေးဖြစ် ပါတယ်။ သူက ဦးခေါင်းကိုထိသွားတယ်။ ဦးခေါင်းချုပ်တာ အားလုံး ၄၁ချက်ချုပ်ရတယ်။ အဲ့ဒီရဲ့မေ့ဆေးအရှိန်နဲ့ နောက်ထပ်၁ရက် ၂ရက်လောက်တော့ သတိရဖို့ ကြာဦးမယ်။ သူ့မှာ အသိလေးတော့ ရှိပါတယ်။ သူ့ကိုအနီးကပ်ကြည့်ခဲ့တယ် ။အောက်ဆီဂျင်ပေးထား တာတွေရှိ တယ်။ ဝမ်းသာစရာကောင်းတဲ့ တိုးတက်မှုကတော့ လူတစ်ယောက်မှာ ဦးနှောက် အသိဥာဏ် က ၁၅ ရှိတယ်။ အခုသူက ဆေးရုံစရောက်လာ တဲ့အချိန်မှာ ၃.၅ပဲရှိတယ်။ မနေ့က ကျွန်တော်ရောက်တုန်းက ၄ ရှိတယ်။ ဒီနေ့မနက်မှာ ၅ ရှိလာပြီ။ ၇ ရောက်လာပြီဆိုရင်တော့ သူသတိရလာလိမ့်မယ် လို့ ပြောတယ်” လို့ ပြောပါတယ်။

ဆိုတေးနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်စဉ်က ကွယ်လွန်သွားတဲ့ ဆို တေးရေးရဲ့ဇနီး ဝင့်ကုဋေသူ(ခ)မချောချောဈာပနကို ယနေ့ ဇူလိုင်လ ၁၆ရက် နေ့ လည်တစ်နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရပါတယ်။

ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)မချောချာက ဆိုတေးရဲ့ ဇနီး လား၊ ချစ်သူလားဆိုပြီး ဝိဝါဒကွဲပြားတာတွေ ရှိနေပေမဲ့ဆိုတေးရဲ့ အစ်ကိုဖြစ်သူ ကိုဇာနည်ရဲ့ ပြောပြချက်နဲ့အတူ ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ကြောင်းကို သရုပ်ဆောင် နန္ဒက“အပြင်က သတင်းတွေက ဒီကောင်မလေးက ဆိုတေးနဲ့ တရားဝင် မယူရသေးဘူးလို့ ကြားတာတွေနဲ့ ပြောကြတဲ့ အပေါ်မှာ ကောင်မလေးရဲ့ မိဘတွေက ပြန်ကြားတော့ သူတို့သမီးလေးရဲ့ ဆုံးသွားတဲ့အတိုင်းအတာမှာ သူ့နောက်ဆုံးခရီးတောင် ဖြောင့်ဖြောင့်သွားစေချင်တယ်။ ဆိုတေးတို့ဘက်က လည်း ဆိုတေးတို့ အသိုင်းအဝိုင်း ဆိုတေးတို့ အစ်ကိုတွေ၊မိဘတွေက ဒီကိစ္စ ကို ပြောတာမဟုတ်ဘူး။ ဆိုတေးအစ်ကို ဇာနည်ကိုယ်တိုင်က ကျွန်တော့်ကို ပြောပြီး အကူအညီတောင်းတယ်။ သူလည်း ဆေးရုံထဲမှာရောက်နေတဲ့ အတွက် ဒါလေးတော့ အားလုံးသိအောင် ကြေညာပေးပါ။ သူကိုယ်တိုင်ပြော တာပါ။ အခု သေဆုံးသွား တဲ့ကောင်မလေးက ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ပါတယ်ဆိုတာကို အားလုံး သိအောင် ပြောပေးစေချင်တာပါ”လို့ ပြောပါ တယ်။

ဆိုတေးနဲ့ ဝင့်ကုဋေသူ (ခ)ချောချောတို့က ၂ဝ၁၂ခုနှစ်၊ အောက်တို ဘာ ၁၆ရက်နေ့၊ ညနေ၄နာရီတွင် သထုံမြို့ အမှတ်(၁)၊ သီဟဓန လျှပ်စစ် ပစ္စည်းဆိုင်နေအိမ်မှာ ဘားအံမြို့က တရား သူကြီးရှေ့မှောက်တွင် နှစ်ဖက် မိဘအစုံနဲ့ တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။



ခိုင်ဝေလွင် - Popular Journal

ဆိုတေးဇနီးဖြစ်သည်ဟု ဆိုလာသူ ချိုချိုနဲ့ ပတ်သက်သည့် ဆိုတေး ဖခင်၏ သဘောထား

ဆိုတေး ဖခင် ဦးတင်မြင့်

ဆိုတေးရဲ့ ဇနီးဖြစ်တယ်ဆိုတဲ့ ချိုချိုဟာ သူနဲ့ ဆိုတေးတို့ တရားဝင် ယူထားတာ ဇူလိုင်လ 9ရက်နေ့ကလို့ သတင်းထောက်တွေကို ဇူလိုင် 20မှာ ရှင်းလင်းပြောကြားပါတယ်။ သူမကို အသိအမှတ်မပြုရင်တော့ တရားဥပဒေအရ ရင်ဆိုင်သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုတေးရဲ့ ဖခင်ဖြစ်သူကို မေးမြန်းကြည့်တဲ့အခါ..ဦးတို့သိတာက ဆိုတေးနဲ့ တရားဝင်လက်မှတ်ထိုးတာက ဆုံးသွားတဲ့ ကောင်မလေး ၀င့်ကုဋေသူပါ။ 2012ကတည်းက လက်မှတ်ထိုး လက်ထပ်ထားပါတယ်။ အခု မယားလို့ ပြောတဲ့အမျိုးသမီးကိုတော့ ဦးတို့လည်း လုံးဝမသိသလို၊ အသိအမှတ်မပြုဘူး။ သူသာ ဆိုတေးမိန်းမ အစစ်ဆိုရင် အခုအချိန်မှာ ဒီလိုရှင်းနေစရာတောင်မလိုဘဲ ပူဆွေးသောက ရောက်နေရမှာပေါ့။ သူဒီလိုဆက်ပြီးနှောင့်ယှက်မယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာလုပ်ရမယ်။ အဲဒီမိန်းမက ကင်ဆာဖြစ်နေတယ်လို့ပြောတယ်။ သူ့ကို ဆိုတေး အက်စီးဒင့် မဖြစ်ခင် တစ်ပတ်လောက်အလိုမှာမှ ပွဲစားကတဆင့် သီချင်းဆိုဖို့ နယ်စပ်ဘက်သွားရင်းသိလာတယ်လို့ ထင်တယ်။ သီချင်းဆိုတာကနေ ပြန်လာတော့ ချောချောမွေးနေ့လုပ်ပေးတယ်။ နောက်နေ့ ဖိုးချစ်ဆီသွားသီချင်းဆိုမယ်ဆိုပြီးထွက်သွားရင်း ကားအက်စီးဒင့်ဖြစ်တာပါပဲ။ ချောချောနဲ့ဆိုတေးက စမ်းချောင်းမှာနေတယ်။ ဒါပေမယ့် ပရိသတ်ကို အသိမပေးသေးဘူးလို့ ချောချောတို့ဘက်က မိဘ၊ ဆိုတေး ယောက္ခတွေနဲ့ နားလည်မှုယူထားတယ်။ စီးရီးတစ်ခွေလောက်ထပ် ထွက်ပြီးတော့မှ သူတို့ ပရိသတ်ကို အသိပေးမယ် လို့ ပြောတယ်။ သထုံမှာ ချောချော မိဘအိမ် မှာ သူတို့လက်ထပ်တုန်းက ဦးတို့လည်း သထုံကို လိုက်သွားပြီး နှစ်ညတောင် အိပ်ခဲ့တယ်။ မိဘတွေ အချင်းချင်းလည်း ခင်မင်ရင်းနှီးပါတယ်။ သားအတွက် ဗျာများနေတဲ့အပြင် အဲဒီလိုကိစ္စတွေကြောင့် ဦးလည်း စိတ်အနှောက်အယှက်ဖြစ်ရပါတယ်... လို့ ဆိုတေးရဲ့ ဖခင်ဖြစ်သူ ဦးတင်မြင့် က ဇူလိုင်လ 20ရက် ညနေက Sunday Journal ကိုပြောပြခဲ့ပါတယ်။ ဆိုတေးသတိရ၊ နေကောင်းလာတဲ့အချိန်ကျမှ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း သိမ်မွေ့(ဓါတ်ပုံ .. The First Meida, )

Sunday Journal

Dolly Myat Noe - New Myanmar Model

Dolly Myat Noe - New Myanmar Model


ီDolly Myat Noe - New Myanmar Model

ီDolly Myat Noe - New Myanmar Model

ီDolly Myat Noe - New Myanmar Model

ီDolly Myat Noe - New Myanmar Model

ီDolly Myat Noe - New Myanmar Model

Chan Chan and Bhone Thaik Wedding Photos

Chan Chan and Bhone Thaik Wedding Photos


Chan Chan and Bhone Thaik Wedding Photos


Chan Chan and Bhone Thaik Wedding Photos


Chan Chan and Bhone Thaik Wedding Photos
                            Myanmar Popular Singer Chan Chan and Model Bhone Thaik prewedding photos.

Myanmar Sexy Girls Collection Photos - 5

Myanmar Sexy Girls Collection


Myanmar Sexy Girls Collection

Myanmar Sexy Girls Collection

Myanmar Sexy Girls Collection

Myanmar Sexy Girls Collection

Myanmar Sexy Girls Collection

Myanmar Sexy Girls Collection

Myanmar Sexy Girls Collection

Myanmar Sexy Girls Collection

                                      Myanmar Sexy Girls Photos Collection 5
  Nang Thiri Mg , Marina , Wut Hmone Shwe Yi , M Seng Lu , May Thun Kha

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More