Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Monday, September 2, 2013

လတ်တလော ဂုဏ်ရှိန်ဝင့်ထည်

ဂုဏ်ရှိန်ဝင့်ထည်ကစင်ကာပူမှာအလင်းကောက်ကြောင်း ဓာတ်ပုံ အဖွဲ့နဲ့ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့သလို သူ့ရဲ့ ညှို့စီးရီးကို လည်း အဲဒီအဖွဲ့က ဗီစီဒီ ၂ပုဒ် ရိုက်ပေးခဲ့တယ်လို့ ပြောပါတယ်။ စင်ကာပူမှာတော့ ခပ်ဟော့ဟော့ပုံတွေပဲ ရိုက်ဖြစ်ခဲ့တယ်လို့ ပြောပြီး ကြော်ငြာ ၂ခုကိုလည်း စင်ကာပူမှာ လက်ခံရိုက်ကူး ခဲ့တယ်လို့သိရပါတယ်။စင်ကာပူ မှာကျော်ကျော်ဗိုနဲ့ ဓာတ်ပုံ ရိုက်တာတွေ့လို့မေးကြည့်တော့"ကိုကျော်ကျော်ဗို ကစင်ကာပူ ကိုသူ့အလုပ်ကိစ္စနဲ့လာတာပါ။ အလင်းကောက်ကြောင်း က အစ်ကိုတွေနဲ့ သူကခင်တော့ကူညီတဲ့အနေနဲ့ ရိုက်ပေးခဲ့တာပါ" လို့ ပြောပါတယ်။

၉လပိုင်းမှာ စင်ကာပူကို နောက်တစ်ခေါက်ထပ်သွား ဖို့ရှိပြီး နောက်တစ်ခေါက်ထပ်သွားမှာကတော့အလင်းကောက် ကြောင်းအဖွဲ့နဲ့ မြန်မာဆန်တဲ့ဝတ်စုံတွေနဲ့ဓာတ်ပုံ ရိုက်ဖို့ပါပဲလို့ဂုဏ်ရှိန်ဝင့်ထည် ကပြောပါတယ်။ ဂုဏ် ရှိန်ဝင့်ထည်ရဲ့ပုံတွေကို ဖေ့စ်ဘုတ် ပရိသတ်ဆီ ကဘာသံတွေကြားရလဲမေးတော့ "ပရိသတ်တွေ ကတော့ အားပေးကြ တာရှိသလို၊ ဝေဖန်ကြတာ လည်းရှိပါတယ်။အားပေးတဲ့လူတွေကြောင့် ပျော်ရသလိုဝေဖန်တဲ့လူတွေတချို့ကြောင့် စိတ်မကောင်း ဖြစ်မိတာရှိပါတယ်" လို့ ပြောပါတယ်။ ဂုဏ် ရှိန်ဝင့်ထည်က သူ့ရဲ့ညှို့ဗီစီဒီကိုလည်း ၉ လပိုင်း မှာ ထွက် နိုင်ဖို့ကြိုးစားနေပြီး ၉ လပိုင်း အမီထွက်ရင်တော့ စင်ကာပူမှာလည်း ပရို မိုးရှင်းပွဲလုပ်ဖို့ စီစဉ်မယ်လို့ ပြောပါတယ်။ တချို့အဆိုတော်တွေက ဗီစီဒီလုပ်မယ့် ငွေကို ဗီစီဒီမလုပ်တော့ဘဲ နောက်ထပ် တစ်ခွေလုပ်ကြ တာရှိတယ်။ ဂုဏ်ရှိန် ဝင့်ထည်ကောဘာလို့ ဗီစီဒီလုပ်တာ လဲလို့ မေးတော့ "ရှိန့်ကို ပြောကြ တဲ့လူတွေတော့ရှိတယ်။ အဲဒီ လိုပါလားပေါ့။ ဒါပေမဲ့ ကိုယ်က လည်းအနုပညာကို သေချာ လေးလုပ်ထားတာ မို့ပရိသတ်ကို ချပြချင်လို့ လုပ်ဖြစ်တာပါ" လို့ပြောပါတယ်။ ဂုဏ်ရှိန်ဝင့်ထည်ကို ဆွီဒင် က မြန်မာဓာတ်ပုံ အဖွဲ့ကလည်း ဓာတ်ပုံ ရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်လို့ သိရပါတယ်။

နေကွန်းထင်
Popular Journal

အနုပညာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာမျိုးမရှိဟု အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီး အိချောပို ပြော

ဒါရိုက်တာဝင်းထွန်း ထွန်းရိုက်ကူးနေတဲ့ 'ကျွန် တော် နဲ့အဖေ' ဇာတ် ကားမှာ အိချောပိုက လူမင်း၊ မြင့်မြတ်၊ လှမျိုးသဉ္ဇာနွယ်၊ ယုသန္တာတင်၊ မေပန်းချီတို့နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားထဲမှာ အိချောပိုက ပန်းရံအလုပ်သမားတစ်ယောက် ဖြစ်ပြီး မြင့်မြတ်ရဲ့ ချစ်သူအဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက မိသားစုဒရာမာ ဇာတ်ကားလေးဖြစ် တယ်လို့ သိရပါတယ်။

ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ပရိသတ်ရဲ့ အမြင်မရိုး သွားအောင် အတတ်နိုင်ဆုံး ပြင်ဆင် ဖြစ် တယ်လို့ ဆိုလာတဲ့ အိချောပိုက ... "ဒီဇာတ် ကားလေး က ဒရာမာလည်းဖြစ်တယ်။ အိချောလည်း ပန်းရံကောင် မ လေးလိုမျိုး ဝတ်ထားပြီး သရုပ်ဆောင်ဖြစ်တယ်။ ဒရာမာ ဇာတ်လေး ပဲဖြစ်တဲ့အတွက် အိချောအနေနဲ့ လုပ်ရတာ အဆင်ပြေတယ်။ အိချောက ကိုယ်တာဝန်ယူထားတဲ့ဇာတ် ကိုပဲ အပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင် ထားတယ်။ ပြင် ဆင်ဖြစ်တယ်။ အဲဒါမှလည်း ပရိသတ်ရဲ့အမြင်မှာ မရိုးမှာလေ။ ဒီတိုင်းကြီးကျတော့လည်း ပရိသတ်ရဲ့ အမြင် မှာ ကြာရင်ရိုးသွား မှာစိုးတယ်။ အိချောအနေနဲ့ကတော့ ကာရိုက်တာမရွေး သရုပ်ဆောင်ဖြစ်ပါတယ်။ ကာရိုက် တာ အားလုံးကိုလည်း သရုပ်ဆောင်ကြည့်ချင်ပါတယ်။ လူ့ဘဝ ရဲ့ အခက်အခဲလေးတွေကိုလည်း ပီပြင်အောင် သရုပ်ဆောင်ပြီး ရိုက်ကူးပြ ချင်တယ်။ အိချောအနေနဲ့က သဘာဝဇာတ်ရုပ် လေးတွေကို သရုပ် ဆောင်ရတာ ကြိုက်လည်းကြိုက် တယ်။ ဒရာမာကိုလည်း သရုပ်ဆောင် ရတာ ပိုပြီးအားရတယ်" လို့ ပြောပါတယ်။

အနုပညာအလုပ် လုပ်ရတာ တခြားဘာအခက်ခဲမှ မရှိဘဲနဲ့ လုပ်နိုင်ပြီး ကိုယ့်ရဲ့အနုပညာကို ပရိသတ်တွေက အသိအမှတ် ပြုပေးတဲ့အပေါ် မှာလည်း ဝမ်းသာကျေနပ်မိတယ်လို့ အိချောပိုက ဆိုပါတယ်။

"ကိုယ့်ရဲ့ဇာတ်ကား လေးတွေကို ကြည့်ပြီး ပရိသတ်တွေဆီမှာ ကျေ နပ်သွားတယ်။ သဘောကျသွားတယ်ဆိုရင် အိချော အနေနဲ့ အရမ်း ပီတိ ဖြစ်ရတယ်။ ပရိသတ်တွေအတွက်ပဲ ရည်ရွယ်ပြီး ဇာတ်ကားတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ပရိသတ်ရဲ့ အားပေးမှုက ကိုယ့်အတွက်လည်းအားဖြစ်စေတယ်။အိချောအနေနဲ့ကတော့ အနုပညာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာမျိုးတွေတော့ အိချောဆီမှာမရှိ ဘူး။ ကိုယ်တိုင်လည်း အချိန်နဲ့အမျှအနုပညာ အရည် အသွေးပြည့်မီ အောင်လို့ အမြဲကြိုးစားတယ်။ တခြားဘာအခက်အခဲမှတော့ မရှိဘူး နည်းနည်းစိတ်ပင်ပန်းတဲ့အခါ မိသားစုနဲ့ပျော်အောင်နေတယ်" လို့ ပြော ပါတယ်။ အိချောပိုက အချစ်ရေးမှာလည်း အေးအေးဆေးဆေး ပါပဲလို့ ပြောပြီး ကိုယ့်အလုပ်ကို နားလည်ပေးပြီး သစ္စာရှိရှိနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် နားလည်ပေးနိုင်တဲ့ သူကိုပဲရွေးချယ် မှာပါလို့ ပြောပါတယ်။

လွင်လွင်ထွန်း

Popular Journal

အချစ်ဆိုတာ အဓိကကတော့ သစ္စာရှိဖို့ အရေးကြီးပါတယ်ဆိုသူ ဖွေးဖွေး

လတ်တလောမှာတော့ဖွေးဖွေးကဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ ‘ညရေးချညာ’ ဇာတ်ကားကို အောင်ရဲ လင်းနဲ့အတူ ရိုက်ကူးနေပါ တယ်။ နောက်ပိုင်းမှာ ဒရာမာနဲ့ ဟာသဇာတ်လမ်းပုံစံလေးတွေကိုမျှအောင် ရိုက် ဖြစ်နေကြောင်း ပြောတဲ့ဖွေးဖွေးက ဇာတ်ကားတစ်ကား ကောင်း ဖို့အတွက် ဇာတ်ကားထဲမှာပါဝင်တဲ့ အနုပညာရှင် အားလုံးအရေးကြီးေ ကြာင်း ပြောပါတယ်။ “ဇာတ်ကားကောင်းဖို့အတွက် အကုန်လုံးအရေး ကြီးပါတယ်။ ဒါရိုက်တာက အဓိက အရေးကြီးဆုံးပဲ။ ဇာတ်လမ်းတစ်ခုလုံးကို ဒါရိုက်တာ စီစဉ်ညွှန်ကြားတဲ့အတိုင်း ရိုက်ရတာ။ တချို့တွေကျတော့ Edit ပိုင်းပါဝင်ပါရတယ်လေ။

တစ်ခါတလေကျရင်ကိုယ်သရုပ်ဆောင်ကောင်းပေမယ့် တည်းဖြတ် က ကောင်းသင့်သ လောက်မကောင်းတဲ့သဘောရှိသွားတယ်” လို့ ပြောပါတယ်။လက်ရှိရရှိထားတဲ့နေရာလေး ကိုတော့ ကျေနပ်မှုအပိုင်း လည်း ရှိသလို မကျေနပ်သေးတဲ့ အပိုင်းလည်းရှိကြောင်း ဖွေးဖွေး က ပြောပါတယ်။ “အခု ဖွေးဖွေးက ပုံမှန်ဘဝတစ်ခုကိုတော့ရနေ တယ်။လောလောဆယ်မှာ ဖွေးဖွေးအလုပ်ကို အသစ်အဆန်း တစ်ခု လုပ်ချင်စိတ်ပေါက်နေတယ်။

အနုပညာအလုပ်မှာကျေနပ်တဲ့အပိုင်းလည်းရှိပါတယ်။ဒါပေမဲ့ဖွေးဖွေး
မကျေနပ်သေးပါဘူး။ ကြိုးစားရဦးမယ်။ ဖွေးဖွေးတို့လုပ်နေတဲ့အလုပ်က ကံနဲ့လည်းဆိုင်ပါတယ်။ကိုယ့်ရဲ့ကြိုးစားမှုနဲ့လည်းဆိုင်ပါတယ်။အောင်မြင်မှု ဆိုတာကလည်း တစ်သက်လုံးတည်မြဲမယ့် အရာမဟုတ်ဘူးလေ။ဒါပေမဲ့ အ တတ်နိုင်ဆုံးတော့ထိန်း သိမ်းရမှာပေါ့”လို့ ပြောပါတယ်။

အချစ်ဆိုတာ ထက်မေတ္တာနဲ့ သံယောဇဉ်ကို စိတ်ထဲမှာ ပိုရှိကြောင်းပြောတဲ့
ဖွေးဖွေးက အချစ်နဲ့ပတ်သက်ပြီး “အချစ်ကို တစ်ယောက်နဲ့ တစ်ယောက်
အဓိပ္ပာယ် ဖွင့်ဆိုခြင်း ပုံစံမတူကြဘူး။ တစ် ယောက်တစ်မျိုးစီပါပဲ။ ကိုယ့်ကို
လည်း ချစ်ပြီး ကိုယ်ကလည်းပြန်ချစ်ရမယ်။ အဓိက က တော့ သစ္စာရှိဖို့ အရေးကြီးတယ်”လို့ ပြောပါတယ်။

တွယ်တာ၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

အနုပညာမျိုးရိုးရှိလို့ ကိုယ့်ကိုထောက်ပံ့ပေး တယ်ဆိုရင်ကိုယ်က မကြိုးစားဘဲနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ (ပိုးအိဖြူဇင် နှင့်တွေဆုံခြင်း)

မော်ဒယ်လောကတွင် နာမည်တစ်ခုရဖို့ဆိုတာ အင်မတန်မှခက်ခဲသည့် အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ အလှကမ္ဘာလို့ တင်စားခေါ်ဝေါ် ကြသည့် မော်ဒယ်လောကတွင် ရှိုးပွဲများအများ ဆုံးလျှောက်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သရုပ်ဆောင်ဘက်ကိုကူးပြောင်းမည့် ပိုးအိဖြူဇင်နှင့် အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - မော်ဒယ်လောကကို စဝင်ဖြစ်တဲ့အကြောင်း ကရော။

ဖြေ - ၂၀၁၁ ခုနှစ်ကုန်ပိုင်းလောက်က စတင် ပြီး ဝင်ရောက်ခဲ့တယ်။ နောက်ပိုင်းမှာ မော်ဒယ် ပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တယ်။ Miss People မှာ First Runner Up့ စ ရခဲ့တယ်။ နောက်ပိုင်းမှာ Miss International မနန်းခင်ဇေယျာတို့နဲ့အ တူ ဝင်ပြိုင်တုန်းကMiss ငွေဆောင်ဆုရခဲ့တယ်။ မော်ဒယ်လောကထဲကို စဝင်ဝင်ချင်းတော့ အ ခက်အခဲကတော့ ရှိတာပေါ့နော်။

မေး - မော်ဒယ်လောကမှာ ထူးထူးခြားခြား ဆံ ပင်ရှည်ထားတဲ့သူနည်းတယ်နော်။

ဖြေ - ဟုတ်တယ်။ ဆံပင်ရှည်ထားတဲ့သူ သိပ် မရှိဘူး။ ညီမက ဆံပင်အရှည်ကို ငယ်ငယ်လေး ကတည်းကထားတာပါ။ 'ယူရှီးဒိုး' ပြိုင်ပွဲမှာလည်း ဆံပင်နဲ့ဆုရထားဖူးတော့ ပရိသတ်က သိနေ တာပေါ့။ ပိုးအိဖြူစင်လို့ ပရိသတ်တွေ သိတာ ကလည်း ဆံပင်ကြောင့်ပဲ။ တခြားမော်ဒယ်တွေ နဲ့ကွာတာကလည်း ဆံပင်အရှည်ထားတာကြောင့် ပဲ ဖြစ်မှာပါ။ ပရိသတ်တွေကလည်း FACEBOOK ကွန် မန့်တွေပေးတယ်လေ။ ဆံပင်ရှည်နဲ့ပဲလိုက်တယ် လို့။ ဒါပေမဲ့ အခုနည်းနည်းတောင်တိုသွားပြီ။ ဆံပင်က ပုံစံအမျိုးမျိုး ပြောင်းနေရတာဆိုတော့ ပျက်စီးတဲ့ အရာတွေလည်းရှိလို့ နည်းနည်းတော့ တိုသွားပြီ။ တအားကြီးတော့ မဟုတ်ပါဘူး။

မေး - အခုဆိုရင် မြန်မာနိုင်ငံက မော်ဒယ်တ ချို့ ပြည်ပနိုင်ငံတွေကိုသွားပြီးတော့ ပြိုင်ကြရ မယ့်အနေနဲ့ ညီမအနေနဲ့ရော ဝင်ပြိုင်ချင်စိတ် မရှိဘူးလား။

ဖြေ - ရှိတာပေါ့။ အင်မတန်ကို ဝင်ပြိုင်ချင် တယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေကို သွားပြိုင် တယ်ဆိုတာက ဘာသာစကားလိုတယ်။ စန္ဒရား လည်း တီးတတ်ရတယ်။ အဲဒီပြည်ပနိုင်ငံတွေကို သွားပြိုင်ဖို့ဆိုတာက ကိုယ့်မှာလိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ မပြည့်စုံသေးဘူး။ ပြင် ဆင်မှုတွေလုပ်ရမယ်။ ပြည်ပနိုင်ငံတွေကို သွား ပြီးတော့ ပြိုင်ရမယ့်သူတွေကလည်း အကုန်လုံး တတ်ကျွမ်းတဲ့သူတွေက များတယ်လေ။ ဒါပေ မဲ့ ဝင်ပြိုင်ဖြစ်အောင်တော့ ကိုယ့်ဘက်က Ready ဖြစ်အောင် ကြိုးစားနေတယ်။ အကုန်လုံးပြည့် စုံပြီဆိုရင်တော့ ဝင်ပြိုင်ဖြစ်မှာပါ။

မေး - မော်ဒယ်အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်ဖြစ်သွားမှာလား။

ဖြေ - မဟုတ်ပါဘူး။ သရုပ်ဆောင်တစ်ဦး ဖြစ် ချင်တာပါ။ မော်ဒယ်လောကထဲကို ဝင်တာက သရုပ်ဆောင်ဘက်ကို အဲဒီလိုင်းကဝင်ရင်ပိုပြီး တော့ အဆင်ပြေမယ်ထင်လို့ ရွေးချယ်ခဲ့တာ ပါ။ သရုပ်ဆောင်အလုပ်ကို အစိမ်းသက်သက် ကြီးဝင်ရင် အဆင်မပြေနိုင်ဘူးလေ။ မော်ဒယ် ဘက်မှာ နည်းနည်းလောက်ပိုပြီး ကိုယ့်အတွက် နာမည်ရလာတာနဲ့ သရုပ်ဆောင်ဘက်ကိုပြောင်း မှာပါ။

မေး - လတ်တလော အနုပညာလှုပ်ရှားမှု ဘာ တွေ လုပ်နေလဲ။

ဖြေ - လတ်တလောက မဂ္ဂဇင်းကာဗာနဲ့ ဂျာ နယ်ကာဗာတွေ ရိုက်ဖြစ်နေတယ်။ ကြော်ငြာ ရိုက်ဖို့လည်း ရှိတယ်။

မေး - အခုမော်ဒယ်လောကထဲကို ဝင်လာတော့ လက်ဦးဆရာကရော ဘယ်သူတွေဖြစ်မလဲ။ အိမ် ကရော ကန့်ကွက်တာတွေ ရှိလား။

ဖြေ - မရှိပါဘူး။ အိမ်ကလည်း ဒီအနုပညာ အလုပ်ကို ဝါသနာပါတဲ့သူတွေပဲလေ။ လက် ဦးဆရာကတော့ Teacher မိုးပေါ့နော်။ သူက တော့ ပိုးအိရဲ့ လက်ဦးဆရာပါပဲ။

မေး - အနုပညာမျိုးရိုးရှိလား၊ ရှိရင်ရော သူတို့ တွေက ဘယ်လိုအကူအညီမျိုးတွေပေးလဲ။

ဖြေ - အနုပညာမျိုးရိုးရှိပါတယ်။ မစမိုင်းလ်က ညီမရဲ့ အစ်မတစ်ဝမ်းကွဲပါ။ အစ်မကလည်း သူ့ အလုပ်နဲ့သူ၊ ညီမကလည်း ကိုယ့်ဘာသာနေတာ ဆိုတော့ ကူညီပေးတာမျိုးတွေမရှိပါဘူး။ ဒါ ပေမဲ့ အဓိကကတော့ ကိုယ့်ကြိုးစားမှုနဲ့သက်ဆိုင် ပါတယ်။ အနုပညာမျိုးရိုးရှိလို့ ကိုယ့်ကိုထောက် ပံ့ပေးတယ်ဆိုရင် ကိုယ်က မကြိုးစားဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလေ။ ကိုယ်ကိုယ်တိုင် မလုပ်ရင် ဘာမှမရဘူး။ အဲဒီမူကိုပဲ ကျင့်သုံးတယ်။

မေး - ညီမပြောချင်တာများရှိရင် ပြောပေးပါလား။

ဖြေ - ထွေထွေထူးထူးတော့ မရှိပါဘူး။ ညီမ ရှေ့ဆက်ပြီးတော့ အနုပညာအလုပ်ကိုပဲ တစ် စိုက်မတ်မတ်နဲ့ ဆုံးခန်းတိုင်အောင်လုပ်သွားမယ်။ ငယ်ငယ်လေးကတည်းကလည်း ဒီအနုပညာ အလုပ်ကို ဝါသနာပါတဲ့အတွက် သရုပ်ဆောင် လောကမှာ နေရာတစ်နေရာရအောင်လို့ကြိုး စားသွားမယ်။ အခုက ပရိသတ်အနည်းနဲ့အများ ပဲ သိနေတယ်ဆိုပေမယ့် နောက်ပိုင်းမှာ ဒီထက် ပိုမိုပြီးသိရှိအောင် ကြိုးစားလုပ်ကိုင်သွားမယ်။

ရ တနာတွေ့ဆုံမေးမြန်းသည်။
သြဂုတ်(၂၈) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

ဘန်နီဖြိုး၏ လူပျိုလှည့်တေးစီးရီး နိုဝင်ဘာတွင် ထွက်မည်

ရန်ကုန်၊ သြဂုတ် ၂၈

အလွမ်းပြေအနမ်း၊ နှစ်ပတ်လည် စတဲ့သီချင်းတွေနဲ့ လူငယ်ပရိသတ် အားပေးမှုရခဲ့တဲ့ တေးသံရှင်ဘန်နီဖြိုးက သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ လူပျိုလှည့် တေးစီးရီးကို နိုဝင်ဘာလအတွင်း ဖြန့်ချိပေးသွားတော့မှာပါလို့ The Voice ကိုပြောပါတယ်။

"ဒီစီးရီးက ကျွန်တော့်ရဲ့ ပထမတစ်ကိုယ်တော်စီးရီး “ချစ်တယ်ဟုတ်” ထဲက Music ပုံစံတွေနဲ့ နည်းနည်းကွဲလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ဆိုနေကျ သီချင်းပုံစံလည်း မပျောက်အောင် နောက်ထပ် Level တစ်ခုလည်းရောက်အောင် ကြိုးစားထားပါတယ်။ သီချင်းပုဒ်ရေကတော့ ၁၂ ပုဒ် ပါမယ်။ သီချင်းတွေ အကုန်လုံးကို ကျွန်တော်ကိုယ်တိုင် ရေးထားတယ်။ Featuring ဆိုပေးတဲ့ Rapper တွေကတော့ သူတို့ဆိုတဲ့အပိုဒ်ကို ကိုယ်တိုင်ရေးထားကြတယ်။ သီချင်း အကြောင်းအရာတွေ ကတော့ ကျွန်တော်ရဲ့ခံစားချက်တွေကို ဖွဲ့ထားတာ ပါသလို၊ သူငယ်ချင်းတွေရဲ့ ခံစားချက်တွေကို ကိုယ်စားခံစားပြီး ရေးထားတာတွေလည်း ပါမယ်" လို့ ဘန်နီဖြိုးက ပြောပါတယ်။

လူပျိုလှည့် တေးစီးရီးမှာ Featuring သီဆိုသူများ အဖြစ် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ ကိကိနဲ့ Underground မှာ ကျင်လည်နေတဲ့ သူငယ်ချင်းများ ပါဝင်မှာဖြစ်ပြီး အရင်ထွက်ရှိခဲ့တဲ့ စီးရီးများနဲ့ မတူတဲ့ ရသမျိုးကို ပေးနိုင်အောင် ကြိုးစားထားတဲ့အတွက် ပရိသတ်များကို အားပေးစေချင် ပါတယ်လို့ သူက ဆိုပါသေးတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု ကတော့ We Can Do It ဆိုတဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး သီချင်းတစ်ပုဒ်ကို တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေတို့နဲ့ ရိုက်ကူးထားပြီး အဖွဲ့လိုက် တေးစီးရီးများလည်း ထွက်လာဖို့ရှိတယ်လို့ ဘန်နီဖြိုးက ပြောပါတယ်။

The Voice Weekly

နန်းသူဇာ နှင့် တွေ့ဆုံခြင်း



အခုချိန်ထိလည်း ဓာတ်ပုံ မော်ဒယ်ပါပဲ

နန်းသူဇာကြော်ငြာများ ရိုက်ကူးရင်းမှ ပရိသတ်များသိထားခဲ့ပြီး ယခုအခါတွင် ပထမစီးရီး အနေဖြင့် စထွက်မယ်လို့ရည်ရွယ်ထားခဲ့ပြီး ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း နှင့်ပတ်သက်၍ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပါလား။

ဖြေ - လတ်တလောကတော့ သီချင်းခွေအတွက် လုပ်နေတယ်။ မဂ0x081ဂဇင်းနဲ့ ကြော်ငြာတွေကတော့ ပုံမှန်ပဲရိုက်ဖြစ် နေတယ်။ အလုပ်လာအပ်တော့ ကိုယ်နဲ့အဆင်ပြေမယ့်အရာမျိုးဆို လက်ခံပြီးရိုက်ဖြစ်ပါတယ်။

မေး - Photo မော်ဒယ်တွေ၊ ကြော်ငြာတွေရိုက်ရင်းကနေမှ အဆိုတော်ဘက်ကိုပြောင်းဖို့ စီစဉ်ဖြစ်ခဲ့တာကရော။

ဖြေ - မော်ဒယ်လုပ်ဖို့ကို ငယ်ငယ်ကတည်းက အစီအစဉ်မရှိပါဘူး။ အဆိုတော်လုပ်ဖို့က အစီအစဉ်ရှိတယ်။ ဒါကတော့ ဝါသနာအရင်းခံပေါ့နော်။ အဆိုတော်လုပ်ဖို့ဆိုတာ။ ဒါပေမဲ့ ပရိသတ်လက်ခံဖို့ မခံဖို့ဆိုတာ ကိုယ်ကြိုးစားမှုပေါ်မှာပဲ မူတည်တယ်ပေါ့နော်။ အခွေထွက်ဖို့က အမှတ်တရအနေနဲ့ရော ပရိသတ်ကြီးကို ဒီထက်မက ဆိုပြချင်သေးတာလဲ ပါတယ်။

မေး - သီချင်းပုံစံက ဘယ်လိုပုံစံမျိုးတွေထည့်ပြီး သီဆိုသွားမှာလဲ။

ဖြေ - သိပ်မကြာသေးဘူးပေါ့နော်။ ဒါပေမဲ့ လုပ်ချင်နေတာတော့ကြာပြီ။ အခုလဲ တဖြည်းဖြည်းချင်းတော့ လုပ် နေတာပါ၊ ချစ်စရာကောင်းတဲ့ပုံစံမျိုးတွေပါမယ်။ နောက်ပြီးတော့ရွှေ  FM ထဲမှာ တစ်ပုဒ်ပါထားတယ်လေ။ အဲဒီပုံစံနဲ့ မတူတဲ့ကွဲပြားတဲ့ပုံစံတွေလည်းပါမယ်။ ပုံစံအမျိုးမျိုးတော့ပါမယ်။ စီးရီးခေါင်းစဉ်ပေးထားတာတော့ရှိပါတယ်။ သူငယ်ချင်းလို့တော့ ပေးဖို့လျာထားတယ်။

မေး - ဘယ်အချိန်ကနေစပြီး မော်ဒယ်လောကထဲ စဝင်လာခဲ့တာလဲ။

ဖြေ - STEP  ဖက်ရှင်ပြိုင်ပွဲမှာဆုရပြီးတော့ ဖိုတိုမော်ဒယ်ထဲကို ဝင်လာတာပေါ့နော်။ အခုအချိန်ထိလည်း Photo  မော်ဒယ်ပါပဲ။ ရုပ်ရှင်မရိုက်တော့လေ ၂၀၀၉မှာဝင်ခဲ့တယ်။ ၂၀၁ဝလောက်မှ တကယ်အခြေချပြီး ဝင်ခဲ့တာပေါ့နော်။

မေး - ပထမဆုံးစီးရီးခွေဆိုတော့ နန်းသူဇာကို ကူညီပံ့ပိုးခဲ့တဲ့သူတွေရောရှိလား။

ဖြေ - ကိုယ့်ပတ်ဝန်းကျင်က လူတွေပဲပေါ့နော်။ ကိုဘိုဆန်းတို့ရော သူငယ်ချင်းတွေအကုန်လုံးကလဲ ရေးပေးဆိုပေး ဖို့တွေရှိပါတယ်။ ကိုယ်တိုင်တော့ သီချင်းရေးကြည့်သေးတယ်။ ဒါပေမဲ့ အဆင်မပြေတာနဲ့ပဲ ထည့်မထားဘူး။နောက်မှ အေးဆေးပေါ့။ ဒီလထဲမှာတော့ ထွက်ဖို့စဉ်းစားထားတယ်။ မှီရင်ပေါ့နော်။ ဇာတ်ကားရိုက်ဖို့တော့ အစီ အစဉ်မရှိပါဘူး၊

မေး - နန်းသူဇာ အချစ်ရေးရောအဆင်ပြေလား။

ဖြေ - အချစ်ရေးကအဆင်ပြေပါတယ်။ ၂၀၁၁ခုနှစ်လောက်က စပြီးတော့တွဲဖြစ်ခဲ့တယ်။ အခု အခွေအတွက်ကိုလဲ သူက နည်းနည်းပါးပါး ကူညီပေးပါတယ်။

မေး - ဖက်ရှင်က ဘယ်လိုဒီဇိုင်းမျိုးနဲ့ဆို ကိုယ်နဲ့အလိုက်ဖက်ဆုံးလဲ။

ဖြေ - ဖက်ရှင်ပုံစံကတော့အမျိုးမျိုးပါပဲ။ ပွဲတွေဆိုလည်း ပွဲပုံစံပေါ့နော်။ အဆင်ပြေသလိုဝတ်ဖြစ်တာပဲ များပါတယ်။

မေး - မြန်မာ့ရိုးရာအဝတ်အစားတွေ ပြန်လည်ခေတ်စားလာတာနဲ့ပတ်သက်ပြီး ညီမအမြင်က။

ဖြေ - အခုအချိန်မှာမြန်မာ့ရိုးရာဝတ်စုံတွေကို ပုံစံအမျိုးမျိုးနဲ့ချုပ်ပြီး ဝတ်ဆင်လာကြတာဆိုတော့။ ပြန်ပြီးတော့လဲ ခေတ်စားလာကြတယ်။ အဲဒီလိုခတ်စားလာတဲ့အချိန်မှာ သဘောကျပါတယ်။ အရင်တုန်းကလို ချိတ်ဝတ်စုံတွေဝတ် မှတော့မဟုတ်ဘူး။ ပုံစံအမျိုးမျိုးတွေရှိလာတယ်။ ဒီဇိုင်းတွေကအစ ဒီဇိုင်နာတွေက အပြိုင်အဆိုင်ချုပ်လာကြတာ ဆိုတော့ အများစုကောင်မလေးတွေက ဝတ်လာကြပါတယ်။ ပိုကောင်းတာပေါ့နော်။ မြန်မာဝတ်စုံတွေဝတ်လာ တာ။ ဒါပေမဲ့ သူ့နေရာနဲ့သူပေါ့နော်၊

မေး - မော်ဒယ်လောကထဲကိုဝင်တော့ အခက်အခဲတွေရှိခဲ့သေးလား။

ဖြေ - အခက်အခဲကတော့ အများကြီးပါပဲ။ သရုပ်မဆောင်တတ်တာက အစပေါ့၊ အကင်0x081ျီစီစဉ်တာကအစ စစချင်း ဘာမှမလုပ်တတ်ဘူး။ အများကြီးတော့အခက်အခဲတွေက ကျော်ဖြတ်ခဲ့ရတာချည်းပဲ။ ဒါပေမဲ့ ကိုယ်မှားတဲ့အမှား တွေကနေပြီးတော့ သင်ယူရတာပေါ့၊

မေး - နန်းသူဇာပရိသတ်အတွက် စကားတစ်ခွန်းလောက်။

ဖြေ - ပရိသတ်ကို အရမ်းလည်းချစ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ပြီးတော့ နန်းသူဇာ အခွေထွက်ရင်လဲ အားပေးပါလို့။

ရတနာ တွေ့ဆုံမေးမြန်းသည်။

Yangon Media Group

တက်သစ်စမင်းသမီ စိုးနန္ဒာကျော်နှင့်တွေ့ဆုံခြင်း။

The Sign Of Love ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားတဲ့ မြတ်နိုးခင်ဟုပြောလျှင် လူတိုင်းသိကြမှာပါ။ အခု မြတ်နိုးခင်တစ်ယောက် အနုပညာလောကထဲကို တဖြည်းဖြည်းနဲ့ ရောက် ရှိလာနေပါပြီ။ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးတော့မယ်လို့ပြောလာတဲ့ တက်သစ်စမင်းသမီး လေး 'စိုးနန္ဒကျော်'နဲ့ အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - အခုလတ်တလော အနုပညာလှုပ်ရှားမှု လေးပြောပြပေးပါဦး။
ဖြေ - အခုလောလောဆယ်တော့ အချစ် သင်္ကေတဇာတ်လမ်းတွဲအတွက် ရိုက်နေပါ တယ်။ ပြီးတော့မဂ္ဂဇင်းတွေ၊ ကြော်ငြာတွေအ တွက်လည်း ဓာတ်ပုံတွေရိုက်ပေးဖြစ်နေပါတယ်။ အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကားရိုက်ဖို့အတွက် လာကမ်းလှမ်းထားတာတွေလည်းရှိပါတယ်။
မေး - ဗီဒီယိုဇာတ်ကားတွေရိုက်တော့မယ်ဆို တော့ ဘယ်ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ထားလဲ။

ဖြေ - အဲဒီလိုမျိုး စာချုပ်စာတမ်းနဲ့ရိုက်တာ မျိုးတော့ မဟုတ်ပါဘူး။ ဗီဒီယိုထုတ်လုပ်ရေး တွေကို ဇာတ်ညွှန်းတွေလာပြတယ်။ ပြီးတော့ အိမ်ကိုလာပြီးတော့ ဘယ်လိုဇာတ်ကားမျိုးလေး တွေရိုက်ချင်လဲ။ သူတို့ဆီမှာတော့ ဘယ်လိုဇာတ် ကားမျိုးတွေ ရှိနေတယ်ဆိုပြီး လာပြောပြကြ တာပါ။ ဗီဒီယိုဇာတ်ကား ရိုက်ဖြစ်ရင်လည်း ကို နေမင်းတို့နဲ့ အရင်ဆုံးရိုက်ဖြစ်မယ်တော့ ထင် ပါတယ်။ အခုချိန်အထိတော့ ဘယ်ဇာတ်ကားကို ဘယ်သူနဲ့ရိုက်ဖြစ်မယ်ဆိုတာ မစဉ်းစားဖြစ်သေး ပါဘူး။ လာကမ်းလှမ်းတာတွေကိုတော့ အတတ် နိုင်ဆုံး ရိုက်ဖြစ်အောင် ရိုက်သွားမှာပါ။

မေး - ဘယ်လိုဇာတ်ကားမျိုးတွေရိုက်ချင်လဲ။
ဖြေ - အခုချိန်မှာ စိုးနန္ဒကျော်ဆိုတာက တက် သစ်စမင်းသမီးတစ်ဦး ဖြစ်နေတဲ့အတွက် ဘယ် လိုဇာတ်ကားမျိုးကိုမဆို ကမ်းလှမ်းလာရင်ရိုက် ဖြစ်မှာပါ။ အဲဒီလိုကမ်းလှမ်းလာတဲ့ ဇာတ်ကား တွေထဲကမှ ကိုယ့်အတွက် လုပ်ကွက်ရှိမယ့် ကိုယ့်လုပ်လိုက်တဲ့ အမူအရာတစ်ခုက ပရိသတ် ကိုယ့်ကို အသိအမှတ်ပြုစေမယ်။ ပြီးတော့ ပရိသတ်မျက်စိထဲမှာ ကိုယ့်ကိုမှတ်မိစေနိုင်မယ့် ဇာတ်လမ်းဇာတ်ကွက်မျိုးကို အဓိကထားပြီး တော့ ရိုက်ချင်ပါတယ်။

မေး - တကယ်လို့ စိုးနန္ဒကျော်ကို Sexy ပုံစံ ဇာတ်ဝင်ခန်းမျိုး ဇာတ်ကားမျိုးရိုက်ဖို့အတွက် ကမ်းလှမ်းလာမယ်ဆိုရင်ရော ရိုက်ဖြစ်မှာလား။
ဖြေ - မရိုက်ပါဘူး။ သမီးက အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ချင်တယ်။ ပရိသတ် အသိအမှတ်ပြု စံထားနိုင်မယ့်သူတစ်ဦးဖြစ်ချင် တာကြောင့် ဒီလိုဇာတ်ဝင်ခန်းမျိုးရိုက်ရင် ပရိ သတ် မကြိုက်လောက်ဘူးလည်း ထင်တယ်။ ပြီး တော့ Sexy ပုံစံ ဇာတ်ဝင်ခန်းမျိုးပဲဖြစ်ဖြစ်၊ ဇာတ်ကားပဲဖြစ်ဖြစ် သမီးနဲ့မလိုက်ဖက်ဘူးလို့ လည်း ထင်တာကြောင့် Sexy ဇာတ်ကားကို တော့ သမီးဘယ်တော့မှ ရိုက်မှာမဟုတ်သလို ဘယ်တော့မှလည်း Sexy ပုံစံမျိုးနဲ့ ပရိသတ်ရှေ့ ကိုရောက်လာမှာ မဟုတ်ပါဘူး။

မေး - အနုပညာရှင်ကောင်းတစ်ဦးဖြစ်ချင် တယ်ဆိုတော့ အနုပညာရှင်တစ်ဦးရဲ့ဘဝကို ဘယ် လိုခံယူထားလဲ။
ဖြေ - အနုပညာရှင်တစ်ဦးက ဆေးစက်ကျရာ အရုပ်ဖြစ်ရတဲ့ ဘဝပါ။ ဘယ်လိုကာရိုက်တာမျိုး ကိုပဲဖြစ်ဖြစ် ကိုယ်လက်သင့်ခံလိုက်ပြီဆိုရင် ပရိသတ် ကိုယ့်ကိုလက်ခံတဲ့ အနေအထားတစ်ခု ရောက်အောင်၊ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူ တွေရဲ့ စိတ်ကျေနပ်မှုရရှိအောင် သူတို့နဲ့အဆင် ပြေအောင်လုပ်ရပါတယ်။ ဘယ်လို ဇာတ်ရုပ် မျိုးကတော့ ကိုယ့်ကိုပရိသတ် လက်သင့်မခံနိုင် ဘူး လက်သင့်ခံနိုင်တယ်ဆိုတာကိုလည်း စဉ်းစား ရပါတယ်။ အဲဒါကြောင့်လည်း ကျရာဇာတ်ရုပ် ကို သရုပ်ဆောင်နိုင်တဲ့သူက သရုပ်ဆောင် ကောင်းတစ်ဦး၊ အနုပညာရှင်ကောင်းတစ်ဦး ဖြစ်တာလို့သမီးထင်ပါတယ်။ သမီးလည်း ဘယ် လို ဇာတ်ရုပ်မျိုးကိုမဆို သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်ကောင်းတစ်ဦးဖြစ်အောင် သွား မယ်ဆိုတဲ့ဆန္ဒက သမီး အလွန်ကိုဆန္ဒပြင်းပြ နေတဲ့ ပန်းတိုင်တစ်ခုပါ။

မေး - သရုပ်ဆောင်အပြင် ဘာတွေစိတ်ဝင်စား သေးလဲ။
ဖြေ - အကကို စိတ်ဝင်စားပါတယ်။ သရုပ် ဆောင်ကောင်းတစ်ဦးက စွယ်စုံကျွမ်းကျင်ရမယ် လို့သမီးကြားဖူးပါတယ်။ ကတာကလည်း အနု ပညာအလုပ်ထဲက အလုပ်တစ်ခုပဲလေ။ အဲဒါ ကြောင့် အကပိုင်းကိုတော့ စိတ်ဝင်စားတယ်။နည်းနည်းလည်း ကတတ်ပါတယ်။ သီချင်းဆို တာကျတော့ အပျော်တမ်းသဘောလောက်ပဲ ဆိုဖြစ်ပါတယ်။ အဆိုပိုင်းကိုတော့ သိပ်ဝါသနာ မပါဘူး။

နွေးနွေးတွေ့ဆုံမေးမြန်းသည်။
သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

Yangon Media Group

မွေးလမှာ တစ်ကိုယ်တော် စီးရီး ဖြန့်မယ့် ရတနာမိုင်

အဆိုတော် ရတနာမိုင်က မွေးလ ဖြစ်သော သြဂုတ်လတွင် တတိယ မြောက် တစ်ကိုယ်တော် စီးရီးကို ဖြန့်ချိ မည်ဟု ပြောသည်။

”ဒီအခွေက မေမေ နဲ့ သေချာ တိုင်ပင်ပြီး လုပ်တာပါ။ မေမေ့ စိတ်ကြိုက် တွေ လည်း များပါတယ်။ အရင်အခွေ ပဖဗဘမ တုန်းကတော့ မိုင်လေးစိတ် ကြိုက်တွေများ တယ်။ မေမေ့ရဲ့ မလွမ်းပို သီချင်းကိုလည်း Version အသစ် နဲ့ ပြန်ဆိုထားတယ်။ ပြီးတော့ မိုင်လေးကို ဂီတ လောကမှာ စသိခဲ့တဲ့ ‘အဝေး ထွက်သွားသူ’ သီချင်းလေး ကိုလည်း Dubstup ပုံစံ နဲ့ ပြန်တီးပြီး ဘောနပ်စ် ပြန်ထည့် ထားတယ်။ ဒီတစ်ခွေလုံး ကိုတော့ ပြန် နားထောင်ပြီးတဲ့ အခါမှာ အားရပါတယ်” ဟု ပြောသည်။

”တတိယ စီးရီးကိုတော့ မိုင်လေးရဲ့My Lay Entertainment က စီစဉ် တာ ဖြစ်ပြီး မူပိုင် ကတော့ မိခင်ဖြစ်သူ မိုင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သြဂုတ်လ ၂၉ ရက်နေ့မှာ ထွက်ရှိမယ့် ပုံရိပ်များ စီးရီး ရဲ့ ပရိုမိုးရှင်း အနေနဲ့ သြဂုတ် ၃၁ ရက်နေ့ ညနေ ၄ နာရီမှာ ၉မိုင် Ocean Centre၊ ညနေ ၆ နာရီမှာ သမိုင်း City Mart၊ စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဟက်ပီးဝေါလ်၊ ညနေ ၆ နာရီမှာ လှိုင်သာယာ ဗစ်တိုးရီး ယား ကုန်တိုက် တို့မှာ ပြုလုပ်မှာ ဖြစ်ပြီး မန္တလေးမြို့ မှာတော့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီ မှာ Happy City ကစားကွင်း၊ ညနေ ၆ နာရီမှာ မနော် ရမန် ကစားကွင်းတို့မှာ အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချသွား မှာ ဖြစ်ပါ တယ်” ဟု ရတနာမိုင် က ဆိုသည်။

ထို့အပြင် ပြည်၊ မြင်းခြံ၊ ပျဉ်းမနား၊ မုံရွာ၊ ပုသိမ်၊ မော်လမြိုင် စသည့် မြို့များ မှာလည်း ရတနာမိုင်နှင့် အတူ အနုပညာ မောင်နှမ များက အမှတ်တရ လက်မှတ် ရေး ထိုးရောင်းချပြီး တေးသီချင်းများ သီဆိုဖျော်ဖြေ သွား မည်ဖြစ်ကြောင်း သိရသည်။

တေးသံရှင် ရတနာမိုင် က သြဂုတ် ၁၇ ရက်နေ့ မှာ ကျရောက်တဲ့ ၂၄ နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် သြဂုတ်လ ၂၁ ရက်နေ့ နေ့လယ် က မြန်မာနိုင်ငံ ဂီတ အစည်း အရုံးကို အလှူငွေ လှူဒါန်း ပေးအပ်ခဲ့သည်။

ရဲရဲ
Popular Journal

ယာဉ်စည်းကမ်း ထပ်မံ ချိုးဖောက်ခဲ့သည့် Justin Bieber

ကမ္ဘာကျော် အဆိုတော် Justin Bieber သည် ယမန်နေ့က လော့စ်အိန်ဂျလိစ်မြို့ အနောက်မြောက်ဘက် Calabasas မြို့ရှိ ၄င်း၏ နေအိမ်အနီး မနက် ၄း၃၀ အချိန်ခန့်တွင် ၄င်းပိုင် Ferrari ကားအား မောင်းနှင်လာစဉ် ယာဉ်ရပ်နားရန် အချက်ပြမှုအား မလိုက်နာဘဲ မောင်းနှင်လာသကဲ့သို့ လိုင်စင်လည်း မရှိသည့်အတွက် ယာဉ်ထိန်းရဲ၏ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ဇွန်လ အတွင်းကလည်း Bieber မောင်းနှင်လာသော ကားဖြင့် ပါပါရာဇီ တစ်ဦးအား တိုက်မိခဲ့ကြောင်း ၊ ထို့ပြင် ဇူလိုင်လကလည်း ဗရမ်းဗတာ ယာဉ်မောင်းနှင်မှုနှင့် တရားစွဲဆိုခံခဲ့ရကြောင်း ၊ Calabasas ရှိ ၄င်း၏ နေအိမ်က ဇွန်လ အတွင်းကမှ ၀ယ်ယူခဲ့ပြီး အမေရိကန်ပြည်ထောင်စု အနောက်ဘက် ပြည်နယ်သို့ ပြောင်းရွှေ့လာသူများသည် ပြောင်းရွှေ့ပြီး ၁၀ ရက်အတွင်း အဆိုပါမြို့၏ သက်ဆိုင်ရာ အာဏာပိုင်များထံ ယာဉ်မောင်းလိုင်စင်အသစ် ထပ်မံ လျှောက်ထား ရယူရန် လိုအပ်သော်လည်း Bieber အနေဖြင့် ပျက်ကွက်ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

Source:  AFP

by MRTV-4

ကလေးတက္ကသိုလ် ကာယဗလနှင့် အမျိုးသမီး ကာယကြံခိုင်မှု ပြိုင်ပွဲ ကျင်းပ

ကလေး-စက်တင်ဘာ၁

ကလေးတက္ကသိုလ် မေဂျာစုံ ကာယဗလနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု
ပြိုင်ပွဲအား ကလေးတက္ကသိုလ်ရှိ အဝေးသင်ဌာန အဆောင်တွင် သြဂုတ်လ (၃၁) ရက်နေ့
နံနက် (၁၀) နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ကာယဗလမောင်များအဖြစ် သချာင်္မှ မောင်ဇော်ထက်အောင်၊
မောင်ဇော်နိုင်ဦး၊ ပထ၀ီမှ မောင်သက်ဖြိုးဝေ၊ ဓာတုမှ မောင်မင်းဇော်ဌေး၊
အင်္ဂလိပ်မှ မောင်ကျန်ရှင်းထန်၊မောင်သောမတ်(စ်)၊ဘူမိမှ
မောင်ကျော်လှိုင်ဝင်း၊ရူပမှ မောင်ရိုမန်စိုး၊ သမိုင်းမှ မောင်သက်ပိုင်စိုး
စုစုပေါင်း ရူကာယဗလမောင် (၉) ဦးနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှုမယ်
ပြိုင်ပွဲအား မြန်မာစာမှ မယုဇနစိုး၊ မရွှေစင်သန်း၊ အင်္ဂလိပ်မှ မမေသဇင်ဦး၊
မအေးအေးမူ၊ သချာင်္မှ မမြင့်သူဇာ၊ မသက်နွယ်ဦး၊ ပထ၀ီမှ မသူသူဇင်၊ ဒဿနိက မှ
မလားမွန်ရှားမီး၊ မဟာကီးစိမ်း၊ ရူပမှ မလားနွန်ပီးအီး၊ မသူဇာဖြိုး၊
မနီရွှေပါရ်၊ သတ္တဗေဒမှ မမာန်နဲမ်းကျင်း၊ ဓာတုမှ မနော်မီ၊ သမိုင်းမှ
မဗန်နွန်သျှန်း၊ ရုက္ခဗေဒမှ မမြင့်မြင့်ခင်၊ မစန်းသီရိလွင် စုစုပေါင်း
ကာယကြံ့ခိုင်မှုမယ် (၁၈) ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲတွင် ကလေးတက္ကသိုလ် ကာယဗလမောင်ဆုအား ခါးနံပါတ် (၂) ဖြင့်
ဝင်ရောက်ယှဉ်ပြိုင်သူ ပထ၀ီ အထူးပြုဘာသာမှ မောင်သက်ဖြိုးဝေ ရရှိခဲ့ပြီး
ဒုတိယဆု ခါးနံပါတ် (၃) ဓာတုဗေဒမှ မောင်မင်းဇော်ဌေး၊ တတိယဆု ခါးနံပါတ် (၅)
ဖြင့် ယှဉ်ပြိုင်သူ ဘူမိဗေဒကျောင်းသား မောင်ကျော်လှိုင်ဝင်းတို့မှ အသီးသီး
ဆွတ်ခူးရရှိသွားခဲ့ပြီး ကလေးတက္ကသိုလ် အမျိုးသမီး ကာယကြံခိုင်မှု မယ်အဖြစ်
ခါးနံပါတ် (၂) ဖြင့် ၀င်ရောက်ယှဉ်ပြိုင်သူ ဒဿနိက ဗေဒကျောင်းသူ
မလားမွန်ရှားမီးနှင့် ခါးနံပါတ် (၉) ဖြင့် ၀င်ရောက်ယှဉ်ပြိုင်သူ
သချာင်္ကျောင်းသူ မမြင့်သူဇာ(ဒုတိယဆု )၊ ခါးနံပါတ်(၁၅)ဖြင့်
ဝင်ရောက်ယှဉ်ပြိုင်သူ ရုက္ခဗေဒ ကျောင်းသူ မပီတိစိုးမှ (တတိယဆု) အသီးသီး
ဆွတ်ခူးရရှိသွားခဲ့သည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကလေးတက္ကသိုလ် အမျိုးသား ကာယဗလမောင်နှင့် အမျိုးသမီး
ကာယကြံ့ခိုင်မှုမယ် ပြိုင်ပွဲအား ယှဉ်ပြိုင်ပွဲများအပြင် တက္ကသိုလ်
ကျောင်းသူကျောင်းသားများ၏ ဖျော်ဖြေမှုများပါ ထည့်သွင်း ကျင်းပခဲ့သည်။

ချစ်သူမောင်

Popular Myanmar News Journal

Miss Supranational 2013 ပြိုင်ပွဲကြီး၏ တရားဝင် Vote System စက်တင်ဘာ ၂ရက် စမည်

 ဘယ်လာရုစ်-စက်တင်ဘာ၁
Miss Supranational 2013 ပြိုင်ပွဲကြီးရဲ့  တရားဝင် Vote System စက်တင်ဘာလ (၂) ရက်နေ့ ၊ တနင်္လာနေ့မှာ စတင်တော့မှာဖြစ်ပါသည်။
Credit/Debit Card Payment ဖြင့် (၁၀)Votes ကို (၅)ဒေါ်လာဖြင့် ငွေချေပြီး မဲပေးနိုင်ကြောင်းသိရသည်။
http://www.misssupranational.com/VotingPage.html

ပရိသတ်များ မဲပေးနိုင်သောနည်လမ်း (၃)မျိုးရှိပြီးယခင်ပေးခဲ့ခြင်းသည်လည်း အားလုံး အကျိုးရှိပါသည်။
Russian Webisite မှ ပေးမည့် Most Beautiful Woman In the World ဆုအတွက် အောက်ပါ link တွင် မဲပေးနိုင်သည်။
http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

Missosology မှ ချီးမြှင့်သော People Choice Award အတွက်အောက်ပါ Link မှာ LIKE , SHARE နဲ့ Comment များပေးနိုင်ပါသည်.
https://www.facebook.com/photo.php?fbid=714665621883038&set=a.714663815216552.1073741903.138158146200458&type=1&theater

Miss Supranational 2013 ပြိုင်ပွဲကြီး၏ Miss Internet ဆုနှင့် စကာတင်Top (20)စာရင်းဝင်ဖြစ်ရန် အတွက် တရားဝင် Vote System ကတော့ စက်တင်ဘာလ (၂) ရက်နေ့ ၊ တနင်္လာနေ့မှာ စတင်တော့မှာဖြစ်ပြီး Credit/Debit Card Payment ဖြင့် (၁၀)Votes ကို (၅)ဒေါ်လာဖြင့် ငွေချေပြီး အောက်ပါLink မှ မဲပေးနိုင်ကြောင်းသိရပါသည်။
http://www.misssupranational.com/VotingPage.html

https://www.facebook.com/telekanalont page မှ Miss Supranational 2013 ပြိုင်ပွဲကြီးကို ထုတ်လွှင့်ပြသပေးမည့်ရုပ်သံလိုင်းဖြစ်၍ ၄င်း pageမှကြည့်ရှု့အားပေးနိင်ကြောင်းသိရသည်။

်from-https://www.facebook.com/misssupranationalmyanmar
 
Popular Myanmar News Journal

သြစတြေးလျမှာ ကျောင်းသွားတက်မယ့် မေဂရေ့စ်ပယ်ရီ

အချိန်တိုလေးအတွင်း ပရိသတ်ကြားမှာ အောင်မြင်မှုရ ရှိလာတဲ့ မေဂရေ့စ်ပယ်ရီက လတ်တလောမှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးတဲ့ Enjoy အမျိုး သမီး လစဉ်သုံး ပစ္စည်း ကြော်ငြာကို ပက်ထရစ်ရှာနဲ့အတူ ရိုက်ကူးနေပါတယ်။ အခုလို ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ ရိုက်ကူးခွင့်ရခဲ့တဲ့အတွက်လည်း တအားဝမ်းသာ ပီတိဖြစ်ကြောင်း မေဂရေ့စ်ပယ်ရီက ပြောပါတယ်။

“မေဂရေ့စ်က ဦးမောင်ရိုက်ကူးသမျှ ဇာတ်ကားတွေအကုန်လုံး ကိုလည်း တအားကြိုက်တယ်။ ထွက်သမျှဇာတ်ကားတိုင်းကိုလည်း ကြည့် ဖြစ်တယ်။ ကိုယ်တအားလေး စားရ တဲ့ ဒါရိုက်တာတစ်ယောက်နဲ့ အခုလို ရိုက်ကူးခွင့်ရတဲ့အတွက် တအားဂုဏ်ယူပါတယ်။ ဦးမောင်က ရိုက်ကူးတဲ့ အပိုင်းရော၊ Lighting ရော၊ နေရာရော စီစဉ်တာ တအား တော်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တယ်” လို့ပြောပါတယ်။ အနု ပညာအလုပ် ကိုလည်း တအားဝါသနာပါလို့ လုပ်ဖြစ်ကြောင်း မေဂရေ့စ်ပယ်ရီ က ပြောပြပါတယ်။

“မေဂရေ့စ် အနုပညာအလုပ်ကိုလည်း တအားတန်ဖိုး ထားတယ်။ တအားလည်း ဝါသနာပါတယ်။ မေဂရေ့စ်တန်ဖိုးထား တဲ့ အနုပညာ အလုပ်လေးကို ပရိသတ်တွေ အနေနဲ့လည်း အား ပေးကြတဲ့အတွက် တအားဝမ်းသာပါတယ်” လို့ပြောတဲ့ မေဂရေ့စ် ပယ်ရီက နောက်နှစ် မတ်လမှာတော့ သြစတြေးလျနိုင်ငံမှာ သုံးနှစ်ကြာ ကျောင်း သွားတက် ဖို့ရှိ ကြောင်း ပြောပါတယ်။

“မေဂရေ့စ်က သုံး၊ လေးနှစ်လောက် သြစတြေး လျမှာ ကျောင်းသွား တက်မယ်။ ကျောင်းသွားတက်တဲ့ အချိန်မှာလည်း အနုပညာအလုပ်တွေနဲ့ အဆက် အသွယ် မပြတ်အောင် မေဂရေ့စ် တစ်နှစ် နှစ်ခါလောက် မြန်မာပြည်ကို ပြန်လာဖို့ရှိတယ်။ ပြန်လာတဲ့အချိန်မှာလည်း အနုပညာအလုပ်တွေ လုပ်ခွင့်ရရင်လည်း လုပ်ချင်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

တွယ်တာ
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)

Popular Journal

ရိုက်ကူးရေးတွေ စိပ်လာတဲ့ ပက်ထရစ်ရှာ

လတ်တလောမှာတော့ ပက်ထရစ်ရှာက ဒါရိုက်တာ စင်ရော် မောင်မော င်ရိုက်ကူးတဲ့ ‘Enjoy’ အမျိုးသမီး လစဉ်သုံးပစ္စည်း ကြော်ငြာ ကို မေဂရေ့စ်ပယ်ရီနဲ့အတူ ရိုက် ကူးနေပါတယ်။ ရိုက်ကူး တဲ့ကြော်ငြာ တိုင်းကို ပရိသတ်တွေအနေနဲ့ လက်ခံအားပေးကြတဲ့အတွက် တအားဝမ်းသာကြောင်း၊ သူ့ ဘက်ကလည်း အစစအရာရာ ပြင် ဆင်ပြီး ကြိုးစားထားကြောင်း ပက် ထရစ်ရှာက ပြောပါတယ်။

“အဲဒါက ကိုယ့်ရဲ့ကြိုးစားမှု လည်းပါမယ်လို့ထင်ပါတယ်။ ဖက်ရှင်ကလည်း ဘယ်သူနဲ့ မှမတူအောင်ထွင်ရတယ်။ ဖက် ရှင်အနေနဲ့လူကြီး၊လူငယ် ကြိုက် မယ့်ပုံစံလေးေ တွ ကိုစဉ်းစားပြီး အစစအရာရာအားလုံးပြင်ဆင် ထားပါ တယ်” လို့ပြောတဲ့ ပက် ထရစ်ရှာကအရင်က အနုပညာ အလုပ်လုပ်ရတာ နဲ့အခု နောက် ပိုင်းအနုပညာအလုပ် လုပ်ရ တာ ကွာခြားမှု တွေရှိ သွားကြောင်း လည်း ပြောပြခဲ့ပါတယ်။

“အနုပညာအလုပ် လုပ်တာ တစ်နှစ် လောက်ပဲရှိ သေးတယ်။ စလုပ် တုန်း ကတော့ ပရိသတ် တွေ သိပ် မသိသေးတော့ ရိုက်ကူး ရေးတွေ ကျဲတယ်။ အခု နောက်ပိုင်းမှာ ဆိုရင် ရိုက်ကူးရေး တွေစိပ်လာတယ်။ ကြော်ငြာေ လး တွေလည်း တော် တော် များများ ရိုက် လာရတယ်။ အခုဆိုရင် သမီး ရဲ့ကြိုးစားမှုကြောင့် ပရိသတ် တွေအားပေး တယ်။ပရိသတ်တွေ အား ပေးမှုကြောင့် ရိုက်ကူး ရေးတွေ အများကြီးရိုက် လာရတယ်” လို့ပြောပါ တယ်။ ကြော်ငြာရိုက်ကူး မှုအပြင် ဗီဒီယိုဇာတ်ကား တွေပါ သရုပ်ဆောင် လာတဲ့ ပက်ထရစ်ရှာက ဗီဒီယို ရိုက်ရတာသူ့အတွက်ပို ခက် ခဲကြောင်းကို…

“ကြော်ငြာကျတော့ ဒိုင် ယာလော့ခ် သိပ်မပါဘူး။ အချိန်တိုအတွင်းမှာ သရုပ် ဆောင်ရတာဆို တော့ ကိုယ့်ရဲ့သရုပ်ဆောင်မှုက သိပ်မပေါ်ဘူး။ ဗီဒီယိုကျ တော့ ကိုယ့် သရုပ်ဆောင် မှုကို ဖော်ပြရတာ။ အဲဒါ ကြောင့် ဗီဒီယိုရိုက်ရတာ သမီးအတွက် ပိုခက်ခဲပါ တယ်” လို့ ပြောပါတယ်။ ဒီလိုအောင်မြင်မှုရရှိဖို့ အတွက် အတိုက်အခိုက်တွေ ကြားက ကြိုးစားခဲ့ရကြောင်း ပက်ထရစ်ရှာက ပြောပြခဲ့ပါတယ်။

တွယ်တာ
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)

မုံရွာ -ရွှေဘို ကားလမ်းတွင် ယာဉ်တိမ်းမှောက်၍ ကျော်ရဲအောင် သေဆုံး

ရွှေဘို၊ သြဂုတ် ၂၉ ရက်နေ

ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ သမရိုးကျေးရွာအနီး မုံရွာ - ရွှေဘို အဝေးပြေးကားလမ်းမကြီး မိုင်တိုင်အမှတ် ၃၇/၄နှင့် ၃၇/၅ အကြားတွင် ယခုလ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ၌ ကျော်ရဲအောင် ဆိုသူ သည် အခင်းဖြစ်အရပ်တွင် သေဆုံးလျက်ရှိကြောင်း ရွှေပန်းကုံး ရဲစခန်း၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

၎င်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာသို့ ရွှေပန်းကုံး ရဲစခန်းမှူး ရဲအုပ် မြင့်စိုးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာတွင် ဒရင် အစိမ်းရောင် 110 အမျိုးအစား ဆိုင်ကယ်တစ်စီးသည် စက်အင်ဂျင်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်း မှောက်နေသည်ကို စီစစ်တွေ့ရှိရကြောင်း ရဲဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ခဲ့ရခြင်းကြောင့် အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာနေ မောင်ကျော်ရဲအောင် အသက်(၁၉)နှစ်ဆိုသူ မှာ ယာဉ်တိမ်းမှောက်ရာတွင် ရရှိခဲ့သော ဒဏ်ရာများဖြင့် ၎င်းနေရာတွင် သေဆုံးလျက်ရှိနေသည်ကို တွေ့ရှိရသဖြင့် ရွှေပန်း ကုံးရဲစခန်း ယာဉ်(ပ) ၂၁/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄(က) အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး


မြန်မာအလှမယ် ခင်ဝင့်ဝါ ဒုတိယမဲအများဆုံး ရနေ




အရှေ့ဥရောပ BELARUS ဘေလာရွတ် နိုင်ငံတွင် ကျင်းပနေသည့် Miss Supranational 2013 အလှမယ် ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ မခင်ဝင့်ဝါ ဝင်ရောက်ယှဉ်ပြိုင် လျှက်ရှိပြီး အွန်လိုင်း နှင့် Facebook သုံးစွဲကြသော မြန်မာပရိသတ်၏ လှုံ့ဆော် မဲပေးမှုကြောင့် မခင်ဝင့်ဝါ သည် ဒုတိယ မဲအများဆုံးဖြင့် ထိပ်တန်းပြေးလျှက်ရှိသည်။

ပထမ မဲအများဆုံးမှာ လူဇင်းဘတ်နိုင်ငံသူ Paulmier Heloise ပေါ်မိလာ ဟယ်လို့ဝစ် ဖြစ် သည်။ ဒီသတင်းရေးနေချိန်ထိ Ms. Paulmier Heloise မှာ မဲအရေ အတွက် ( ၁ သိန်း ၉ သောင်း) နီးပါး ရရှိနေပြီး မခင်ဝင့်ဝါမှာ မဲအရေ အတွက် ( ၁ သိန်း ၄ သောင်း) နီးပါး ရရှိနေသည်။

အိမ်နီးချင်း နိုင်ငံများမှ တရုတ်အလှမယ် Liu Qiang မှာ (၆၆)မဲ ၊ ဖိလစ်ပိုင်မယ် Mutya မှာ မဲ (၅ သောင်း)ကျော် ၊ ထိုင်းနိုင်ငံမှ အလှမယ် Thanyaporn မှာ မဲ(၅သောင်း)နီးပါး နှင့် ရုရှားအလှမယ် Yana မှာမဲ (၆ သောင်း)ကျော် ရရှိနေသည်။ မဲအများဆုံး ရသူကို Miss Supranational 2013 အဖြစ်ရွေးချယ်ပြီး စက်တင်ဘာလ (၆)ရက်တွင် ကြေညာမည် ဖြစ်သည်။

မဲပေးလိုသူများ အောက်ပါလင့်ခ်ကို နှိပ်ကြရန် မခင်ဝင့်ဝါမှ သူမ၏ Facebook https://www.facebook.com/khinwint.wah.73 တွင် ဆော်သြ ထားသည် ။ အောက်ပါ Link ကိုနှိပ်ပြီး မခင်ဝင့်ဝါ၏ ဓါတ်ပုံကို ၂ချက်နှိပ်ဖွင့်ပါ။ ပုံအကြီး ပေါ်လာလျှင် အနီရောင် စာလုံး Голосовать ကို နှိပ်ခြင်းဖြင့် Vote ပေးနိုင်သည်ဟု ဆိုသည်။ သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရသည်ဟု သိရသည်။


http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

မြန်မာအလှမယ်တို့၏ နိုင်ငံတကာတစ်ကျော့ပြန်

နိုင်ငံတကာအဆင့် အလှမယ် ဝင်ရောက်ယှဉ်ပြိုင်မှုများနှင့် နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့သော မြန်မာနိုင်ငံတွင် ‘Miss International’ ဟူသော စကားလုံးသည် ပြီးခဲ့သည့်နှစ်ကမှစ၍ လူပြောများ ရေပန်းစားပြီး စိတ်ဝင်စားစရာ စကားလုံးတစ်လုံး ဖြစ်လာခဲ့ကာ ယခုအချိန်သည် နိုင်ငံတကာ ပြိုင်ပွဲများသို့ မြန်မာ့အလှမယ်များ သွားရောက် ယှဉ်ပြိုင်လာချိန်၊ ယှဉ်ပြိုင်ရန်တာစူနေချိန် ဖြစ်သည်။ နိုင်ငံတကာနှင့် ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်မှုအရပ်ရပ် အပြောင်းအလဲ ရှိလာချိန်တွင် ဖြစ်ထွန်းလာသော ပြောင်းလဲမှုတစ်ခုပင်။

ယင်းလူပြောများလာသော စကားလုံးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ကျင်းပခဲ့သော Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု၍ နန်းခင်ဇေယျာ သွားရောက် ယှဉ်ပြိုင်ခြင်းမှ အစပြုခဲ့သည်။ ပြင်ဆင်ချိန်နည်း၊ အတွေ့ အကြုံနည်း အနေအထားရှိ နိုင်ငံမှသွားသော်ငြား ပွဲဦးထွက်လည်းဖြစ်၊ မြန်မာဆိုသော အသိစိတ်ဓာတ်ဖြင့် အားပေးမှုများကြောင့် Miss Internet ဆုကိုရရှိခဲ့ပြီး People Choice Award, Ambassador Beauty ခေါင်းစဉ်ဆုများလည်း ရရှိခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် ကျင်းပမည့် Miss Supranational ပြိုင်ပွဲကြီးတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု၍ Miss Supranational Myanmar ခင်ဝင့်ဝါက လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့၌ ကျင်းပမည့် Miss Grand International ပြိုင်ပွဲကြီးတွင်လည်း မြန်မာနိုင်ငံ ကိုယ်စားပြု၍ Miss Grand Myanmar ထားထက်ထက်က လည်းကောင်း၊ လာမည့် အောက်တိုဘာလ ဂျပန်နိုင်ငံတွင် ကျင်းပမည့် (၅၃) ကြိမ်မြောက် Miss International ပြိုင်ပွဲတွင် Miss Myanmar International ဂုဏ်ရည်အေးကျော်က လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းအပြင် (၆၁) ကြိမ်မြောက် ကျင်းပမည်ဖြစ်သော Miss Universe ကမ္ဘာ့ အလှမယ်ပြိုင်ပွဲကို ရုရှားနိုင်ငံ မော်စကိုတွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည်ဖြစ်ရာ ယင်းကမ္ဘာ့ အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်၍ ခြေလှမ်းနိုင်တော့မည် ဖြစ်သည်။

ယင်းသို့သော ပြိုင်ပွဲများ မတိုင်ခင်က နီးနီးစပ်စပ်ရှိသော ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် Miss ASEAN 2005 ပြိုင်ပွဲတွင် အိရူပါဝင်းက ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၎င်းကျွမ်းကျင်စွာ တီးခတ် နိုင်သော စန္ဒရားတူရိယာကို တီးခတ်ပြသ၍ Miss Talent ဆုကို ရရှိခဲ့သည်။

ယင်းသို့ပြိုင်ပွဲများနှင့် ကင်းကွာခဲ့ချိန်၊ မော်ဒယ်လ်ပြိုင်ပွဲများနှင့် မော်ဒယ်လ်များကိုသာ လူငယ်များအဖို့ ရင်းနှီးကျွမ်းဝင် နေခဲ့ချိန်တွင် နိုင်ငံတကာ Miss အဖြစ် ယှဉ်ပြိုင်သူတွင် မော်ဒယ်လ်များနှင့် မတူသည့် လိုအပ်ချက်နှင့် အရည်အသွေးများရှိရန် လိုကြောင်းကို စတင်သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် Miss Universe၊ Miss World၊ Miss Earth၊ Miss Supranational၊ Miss International၊ Miss Grand ဟူ၍ပြိုင်ပွဲများ ပြုလုပ်လျက်ရှိရာ မိမိတို့နိုင်ငံတွင် ယင်းပြိုင်ပွဲများကို စိတ်ဝင်တစား ကြည့်ရှုလာသူများနှင့် အဆိုပါပြိုင်ပွဲများကို သွားရောက် ယှဉ်ပြိုင်ရန် စိတ်ဝင်စားသူများ ရှိလာပြီ ဖြစ်သည်။

ကမ္ဘာ့အဆင့် ၃ ရှိ အလှမယ်ပြိုင်ပွဲ တစ်ခုဖြစ်သော Miss Supranational ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ “ဒီပွဲကိုဝင်ပြိုင်ဖြစ်တာက ပွဲလုပ်တဲ့ ရည်ရွယ်ချက်လေးကို သဘောကျလို့ပါ။ ပြီးတော့ မနန်းခင်ဇေယျာလိုမျိုး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကို ကိုယ့်နိုင်ငံကိုယ်စားပြုပြီး သွားပြိုင်ချင်နေတာ အခုတော့ ဆန္ဒပြည့်ဝသွားပါပြီ။ ညီမမြန်မာနိုင်ငံရဲ့ စလွယ်ကိုလွယ်ထား တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်” ဟု Miss Supranational Myanmar ခင်ဝင့်ဝါက ပြောကြားသည်။

“ကိုယ်က မြန်မာနိုင်ငံဆိုတဲ့ စလွယ်ကိုလွယ်ပြီး ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ယှဉ်ပြိုင်မယ် ဆိုတဲ့စိတ်ကို ဆုံးဖြတ်ပြီးတော့…”

Miss Supranational Myanmar မခင်ဝင့်ဝါ စံထားသော နန်းခင်ဇေယျာကလည်း ယခုကဲ့သို့ နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရသည်မှာ မလွယ်ကူကြောင်းနှင့် စိတ်ဓာတ်ကျစရာများ ကြုံတွေ့နိုင်သောကြောင့် မိမိအသိစိတ်တွင် မြန်မာကိုယ်စားပြု လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည့်အတွက် နိုင်ငံ့ဂုဏ်ကို မညှိုးနွမ်းစေရန် အသိတို့ကို ထားစေချင်ကြောင်း၊ မိမိယှဉ်ပြိုင်စဉ်က ပြင်ဆင်ချိန် မရှိသည့်အပြင် တစ်ကိုယ်တည်း သွားရောက် ယှဉ်ပြိုင်ခဲ့ရကြောင်း စသည်ဖြင့် ၎င်း၏အတွေ့အကြုံများနှင့် ပြင်ဆင်ရန် လိုအပ်သည်များကို ပြောပြသည်။

လက်ရှိအချိန်တွင် မခင်ဝင့်ဝါသည် နိုင်ငံကိုယ်စားပြုရန်အတွက် ပြိုင်ပွဲကျင်းပမည့် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ သွားရောက်၍ ယှဉ်ပြိုင်မှုများ ပြုလုပ်နေပြီး ယင်းပြိုင်ပွဲတွင် အလှမယ်အားလုံးကို မေးခွန်းများမေးမြန်း၍ အရည်အချင်း စစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း ၎င်းမှာထိုမေးခွန်းများကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ကာ လက်ရှိတွင် Miss Internet ဆုအတွက် အင်တာနက်မှ vote ပေးသူ အများအပြား ရရှိနေသည်။

Miss Grand International ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကျွမ်းဘားမယ် ဖြစ်ခဲ့ဖူးသူ မထားထက်ထက်သည် ဘာသာစကားလေးမျိုး တတ်မြောက်ထားပြီး နိုင်ငံအတွက် အကျိုးပြုသူတစ်ဦး ဖြစ်လိုသောကြောင့် ပြိုင်ပွဲဝင်ခြင်း ဖြစ်ကြောင်း၊ သွားရောက် ယှဉ်ပြိုင်ချိန်တွင် မြန်မာအမျိုးသမီးထုကို ကိုယ်စားပြုရမည် ဖြစ်သောကြောင့် မြန်မာအမျိုးသမီးများ၏ နေထိုင်မှုပုံစံများကို ၎င်းတို့အထင်ကြီး လေးစားစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“မြန်မာနိုင်ငံမှာက Miss တစ်ယောက်နဲ့ Model တစ်ယောက်ကို အတူတူပဲလို့ မြင်နေတဲ့ အမြင်မှာတွေ ရှိနေပါတယ်။ Miss ဆိုတာက ကိုယ့်နိုင်ငံအတွက် ဂုဏ်ဆောင်တဲ့သူ တစ်ယောက်ပါ။ သူလုပ်တဲ့ အပြုအမှုတွေကို ကြည့်ပြီးတော့ သူတို့နိုင်ငံက ဒီလိုပုံစံနေထိုင်ကြတယ် ဆိုတာကိုအများက မြင်ကြမှာပါ။ အဲ့ဒါကြောင့် Miss တစ်ယောက်ဟာကိုယ့် နိုင်ငံရဲ့ဂုဏ်ကိုဆောင် နိုင်ရမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံမှ Miss Supranational နှင့် Miss Grand International ပြိုင်ပွဲများအတွက် မြန်မာ နိုင်ငံမှ National Director အဖြစ် ဆောင်ရွက်သူ ကိုဟန်ဇော်ထက်က ၎င်း၏အမြင်ကို ပြောကြားသည်။

လက်ရှိတွင် မထားထက်ထက်သည် ပြိုင်ပွဲတွင် မိမိ၏အရည်အချင်းကို ကောင်းမွန်စွာ ပြသနိုင်အောင် မြန်မာ့တူရိယာတစ်ခု ဖြစ်သော စောင်းကို တီးခတ်၍ ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အမှား မရှိအောင် ပြင်ဆင်နေပြီး ယခင်ကလည်း ကျွမ်းဘားမယ်တစ်ဦးအဖြစ် နိုင်ငံတကာနှင့် ယှဉ်ပြိုင်ဖူးသောကြောင့် ကျွမ်းဘား အားကစားကိုလည်း ထည့်သွင်းပြသမည်ဖြစ်၍ လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း၊ နိုဝင်ဘာလတွင်မှ ယှဉ်ပြိုင်ရန် သွားရောက်ရမည် ဖြစ်သောကြောင့် ပြင်ဆင်ချိန်များ ရှိသေး၍ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထို့နောက် မိမိတို့ယှဉ်ပြိုင်ရသော ပြိုင်ပွဲသည် နိုင်ငံတကာနှင့် တန်းတူပြိုင်ရမည်ဖြစ်၍ ၎င်းတို့သတ်မှတ်ထားသည့် စည်းမျဉ်းအရ ရေကူးဝတ်စုံ (swimsuit) ဝတ်၍ ပြိုင်ရမည် ဖြစ်သောကြောင့် မြန်မာပရိသတ်များအနေဖြင့် နားလည်စေချင်ကြောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအရ ထိုသို့ယှဉ်ပြိုင်သည်မှာ ကိုက်ညီမှု မရှိသော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်မှသာ နိုင်ငံတကာနှင့်တန်းတူ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံတွင် ပြည်ထောင်စုမယ် ပြိုင်ပွဲကဲ့သို့ စင်မြင့်ထက်တွင် ရေကူးဝတ်စုံ ဝတ်ဆင်ယှဉ်ပြိုင်ရသော ပြိုင်ပွဲရှိခဲ့သော်လည်း လက်ရှိတွင် မြန်မာအလှမယ်များ နိုင်ငံတကာ စင်မြင့်ထက် ရေကူးဝတ်စုံ (two piece) ဝတ်ဆင်ယှဉ်ပြိုင်နေခြင်းကို ပြစ်တင်ပြောဆိုနေသေးသော သဘောထားများ ရှိနေသည်ကို လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့မြင်နေရသည်။

“အစ်မသွားပြိုင်တုန်းကလည်း အဲ့ဒီ bikini (ရေကူးဝတ်စုံ) ကိုဝတ်ရမှာ ရှက်ပါတယ်။ ဒါပေမဲ့ ကိုယ်ကမြန်မာနိုင်ငံဆိုတဲ့ စလွယ်ကိုလွယ်ပြီး ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ယှဉ်ပြိုင်မယ် ဆိုတဲ့စိတ်ကို ဆုံးဖြတ်ပြီးတော့ ယှဉ်ပြိုင်ခဲ့တာပါ။ သူတို့က မြန်မာနိုင်ငံက ဆိုပြီးတော့ သီးသန့် အခွင့်အရေးပေးထားတာ မဟုတ်ဘူး။ အကုန်လုံးကို တန်းတူပဲလို့ သတ်မှတ်ထားတာပါ” ဟု Miss Internet 2012 ဆုရှင် နန်းခင်ဇေယျာက ၎င်း၏အတွေ့အကြုံများ ကိုရှင်းပြသည်။

ကမ္ဘာ့အကြီးဆုံးအလှမယ် ပြိုင်ပွဲကြီးဖြစ်သော Miss Universe ပွဲကြီးကို လာမည့် နိုဝင်ဘာ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အလှမယ်များ ယှဉ်ပြိုင်နိုင်ရန်အတွက် လျှောက်လွှာများ ခေါ်ယူနေသည်။

အဆိုပါပြိုင်ပွဲတွင် ယှဉ်ပြိုင်လိုသူများသည် အဓိကမြန်မာဆန်သောသူ ဖြစ်ရမည့်ဖြစ်ပြီး စကားပြော ယဉ်ကျေးရမည် ဖြစ်ကြောင်း၊ အရပ်အမြင့်မှာ အနည်းဆုံး ၅ ပေ ၆ လက်မ ရှိရမည်ဖြစ်ပြီး အပျိုဖြစ်ရမည် ဖြစ်ကြောင်း၊ swimsuit ဝတ်နိုင်သူ ဖြစ်ရမည်ဖြစ်ပြီး အင်္ဂလိပ်စာကို ကောင်းမွန်စွာပြော နိုင်ရန် မလိုကြောင်း Miss Myanmar Universe organization တာဝန်ယူထားသော Hello Madam media group ၏ မန်နေဂျာ မဆုမြတ်က ပြောကြားသည်။

Miss Universe ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်တို့တွင် သုံးကြိမ်ဆက်တိုက် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှ ပြန်လည် ယှဉ်ပြိုင်ရန် ပြင်ဆင် လာခြင်း ဖြစ်သည်။

socie_mmahmte_02ယခုချိန်တွင် ပြိုင်ပွဲဝင်ရန်လာရောက် လျှောက်ထားသူများမှာ ၃၀ ဦးခန့်ရှိပြီး သြဂုတ်လကုန်ထိ လျှောက်လွှာတင်နိုင်ကာ စက်တင်ဘာလတွင် လူတွေ့စစ်ဆေးမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံး အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု Organizer ပြုလုပ်ခွင့်ရ၍ အတိုင်းမသိ ဝမ်းသာကြောင်း Hello Madam media မှ မန်နေဂျာ မဆုမြတ်က ပြောကြားသည်။

“ဒီပွဲကြီးက ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွေမှာ အကြီးဆုံး ဖြစ်ပြီးတော့ အဲဒီပွဲမှာ မြန်မာနိုင်ငံက သွားပြိုင်ရမယ်ဆိုတော့ အရမ်းကောင်းပါတယ်။ ဒီပွဲအကြောင်းကိုလည်း ကြားပါတယ်။ အဓိကကတော့ ကိုယ်လည်းသူများနိုင်ငံမှာ မြန်မာနိင်ငံ ကိုယ်စားပြု သွားပြိုင်ရမယ်ဆိုတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ စိတ်ထဲမှာထားပြီး သွားပြိုင်စေချင်ပါတယ်” ဟု Miss Grand Myanmar မထားထက်ထက်က ပြောကြားသည်။

အများစုမှာ Miss နှင့် Model ကို ကွဲပြားစွာ မမြင်ကြသေးပါ။ Model ဆိုသည်မှာ အနုပညာအလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုသူဟု ဆိုနိုင်ပြီး Miss ဆိုသည်မှာ Miss တစ်ယောက်တွင် ရှိသင့် ရှိထိုက်သော အရည်အချင်းများနှင့် ပြည့်စုံမှ သတ်မှတ်ခြင်းခံရကာ ၎င်း၏ဂုဏ်ပုဒ်တစ်ခုဖြင့် ကိုယ့်နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သူတစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် Miss Internet ဆုရှင် နန်းခင်ဇေယျာမှာ ပရဟိတ အလုပ်များစွာကို လုပ်ကိုင်နေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အားလပ်သည့် အချိန်များတွင် ကိုယ်တိုင်သွားရောက် လုပ်အားပေး ကုသိုလ်ယူခြင်းများ ပြုလုပ်၍ ၎င်းကို ချစ်မြတ်နိုးသော ပရိသတ်များထံသို့ အသိတရားများ ဖြန့်ဝေခဲ့သည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင်လည်း သံတမန်အဖြစ် ခန့်အပ်ခြင်းခံထားရပြီး အားကစားတွင်လည်း အကျိုးပြုသူတစ်ဦးအဖြစ် ရပ်တည်နေသည်။

“Miss ဆိုတာက အဓိက Education ပိုင်းမှာရော၊ Talent အပိုင်းမှာရော ပြည့်စုံနေတဲ့ သူတစ်ယောက် ဖြစ်ရပါမယ်။ Model ဆိုတာက အလှအပပိုင်းဆိုင်ရာကို အဓိကထားပြီးတော့ Show ပွဲတွေလျှောက်ပြီး အနုပညာ အလုပ်မျိုးပဲ လုပ်တယ်လို့ ထင်ပါတယ်။ Miss ပြိုင်ပွဲတွေကိုဆိုရင် တော်တော်များများက အနုပညာ လောကထဲက မဟုတ်ဘဲနဲ့ အပြင်လောကက အရည်အချင်းပြည့်တဲ့ အမျိုးသမီးတွေ ပြိုင်တာများတာကို တွေ့ပါတယ်” ဟု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာမှ အလှမယ်များကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲများ ပြုလုပ်နိုင်ရန် စီစဉ်နေသည့် Myanmar Model Management မှ ဒါရိုက်တာ ဦးဌေးမင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာနည်းတူ ကြီးကျယ်သော Miss ပြိုင်ပွဲများကို မကျင်းပနိုင်သေးသော်လည်း ပြည်ပနိုင်ငံမှ ပြုလုပ်သော ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်သော အရည်အချင်းများကို ကြိုတင်ဖြည့်ဆည်းခြင်းများ ပြုလုပ်ထားသင့်သည်မှာ သေချာလာသည်။ နိုင်ငံတကာတွင် ပြုလုပ်သော Miss ပြိုင်ပွဲများတွင် တင်ဆက်မှုများမှာ ခမ်းနားလှပပြီး ပြိုင်ပွဲတစ်လျှောက်တွင် အဆင့်ဆင့် ယှဉ်ပြိုင်ရ ကာ နိုင်ငံတိုင်းရှိ ပေါ်ထွန်းသော ရိုးရာယဉ်ကျေးမှုများကို ချပြကြသည်။ အကဲဖြတ်ဒိုင်များမှာလည်း အမှန်တကယ် အရည်အချင်းရှိသူများသာ ရွေးချယ်ကြသည်ကို ယင်းပြိုင်ပွဲများကို ကြည့်ရှုခြင်းဖြင့် သိနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့ Miss ပြိုင်ပွဲများကို သွားရောက် ယှဉ်ပြိုင်ခြင်းအားဖြင့် မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ပြနိုင်မည့်အပြင် အကျိုးကျေးဇူးများစွာ ရရှိလာနိုင်သည်။ Miss International 2012 ပြိုင်ပွဲတွင် နန်းခင်ဇေယျာသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအကဖြစ်သော ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် Miss Grand Myanmar ပြိုင်ပွဲဝင်မည့် မထားထက်ထက်ကလည်း မြန်မာ့ရိုးရာ တူရိယာစောင်းကို တီးခတ်ပြသမည် ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့သော မြန်မာနိုင်ငံမှ အလှမယ်များသည် ယခုချိန်တွင် ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ ရင်ပေါင်တန်းနိုင်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုစလွယ်ကို လွယ်၍ ဂုဏ်ယူစွာဖြင့် ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ ခြေလှမ်းလှမ်းနိုင်တော့မည် ဖြစ်သည်။

ယင်းသို့ မြန်မာနိုင်ငံမှ နိုင်ငံတကာ ပြိုင်ပွဲများသို့ အလှမယ်စေလွှတ် ယှဉ်ပြိုင်မှုများ ပြုလုပ်လာကြရာတွင် ရုပ်ရည်ချောမောမှုသာမက လုံလောက်စွာ လေ့ကျင့်သွားမှုများ၊ လိုအပ်သော အရည်အသွေးများ စသည်ဖြင့် ပြည့်စုံသူများ သွားရောက်နိုင်ရေးအတွက် ရွေးချယ်မှုများ မှန်ကန်ရန်၊ အရည်အသွေးရှိသူများ ယှဉ်ပြိုင်ရန် စိတ်ဝင်စားမှု ရှိလာစေရန်လည်း လိုအပ်သည်ဟု စိတ်ဝင်စားသူများက သုံးသပ်ကြပါသည်။ မြန်မာနိုင်ငံအဖို့ အတွေ့အကြုံနှင့် လိုအပ် ချက်များလည်း ရှိနေသေးရာ ပြိုင်ပွဲဝင်များသည်လည်း ထပ်မံကြိုးစားသင့်သည်များကို သတိပြုသင့်သည်သာမက နိုင်ငံသား အချင်းချင်းပေးသည့် Vote အရေအတွက်ကို အာရုံစိုက် အားကိုးမနေရေးကိုလည်း များစွာသတိထားသင့်ကြောင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ စောင့်ကြည့်အားပေးသူ မြန်မာနိုင်ငံသားအချို့က သုံးသပ်သတိပေးကြသည်။

ဟန်သူထွန်း

The Voice Weekly

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More