Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Sunday, July 14, 2013

ချစ်သူသက်တမ်း ငါးနှစ်အကြာ ဇူလိုင် 14မှာ လက်ထပ်မယ့် ချမ်းချမ်းနဲ့ ဘုဏ်းသိုက် တို့ စုံတွဲ

သရုပ်ဆောင် မော်ဒယ် ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ဟာ လာမယ့် ဇူလိုင်လ 14ရက်မှာ လက်ထပ်တော့မယ်လို့သိရပါတယ်။ အဲဒီနေ့မှာ တောင်ဒဂုံက ပိဋိကတ်နိကာယ် စာသင်တိုက်မှာ ဗုဒ္ဒဘာသာ မင်္ဂလာဆွမ်းကျွေးကို ပြုလုပ်မှာဖြစ်ပြီး 17ရက်မှာတော့ စိန့်မေရီ ကသီဒြယ် ခရစ္စယာန် ဘုရားကျောင်းမှာ ညစာစားပွဲကျင်းပမှာပါ။ ချစ်သူသက်တမ်း ငါးနှစ်လောက်ကြာအောင် လက်တွဲပြီး ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်ကြလို့ ဘာသာမတူပေမယ့် တစ်ဦးနဲ့တစ်ဦးနားလည်မှုနဲ့ သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

သိမ်မွေ့
ဓါတ်ပုံ ပြည်ဟန်( color max)

Sunday Journal

မျက်လုံးလေး ကလယ်ကလယ် ဇာတ်ကားမျိုး နောက်ထပ် မရိုက်တော့ ဘူးဆိုတဲ့ နေတိုး

ပရိသတ်များကြားတွင် ဝေဖန်စရာ အဖြစ် ထွက်ပေါ်လာခဲ့သော မျက်လုံးလေး ကလယ်ကလယ် ကဲ့သို့ ဇာတ်ကားမျိုးကို ထပ်မံရိုက်ကူး ရန်မရှိကြောင်း အကယ်ဒမီ နေတိုးက ပြည်မြန်မာနှင့် တွေ့ ဆုံစဉ် ပြောကြားသည်။


ကားတိမ်းမှောက် တေးသံရှင် ဆိုတေး ဒဏ်ရာရ ၊ ဇနီး သေဆုံး

ဇူလိုင် (၁၄)


တေးသံရှင် ဆိုတေး လိုက်ပါလာတဲ့ မော်တော်ကားဟာ မိတ္ထီလာမြို့နယ် အတွင်း မိုင်တိုင် ၂၉၁ သုံးဖာလုံနဲ့ လေးဖာလုံကြားမှာ ယနေ့ နေ့လည် ၁၂နာရီခွဲက တိမ်းမှောက်ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဆိုတေး ပါဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဆိုတေးရဲ့ဇနီး မချောချော ဖြစ်ပြီး မိတ္ထီလာဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ တေးသံရှင်ဆိုတေးဟာလည်း ခေါင်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး ယခုအထိ သတိမရသေးဘူးလို့ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။

ကားပေါ်မှာ လူလေးဦး လိုက်ပါလာပြီး ကျန်အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို မိတ္ထီလာ ဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို သယ်သူပို့ဆောင်ရာ ညနေ သုံးနာရီခွဲမှာ မန္တလေး ဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။


The Modern News Journal

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More