News Post

Sunday, July 14, 2013

ကားတိမ်းမှောက် တေးသံရှင် ဆိုတေး ဒဏ်ရာရ ၊ ဇနီး သေဆုံး

ဇူလိုင် (၁၄)


တေးသံရှင် ဆိုတေး လိုက်ပါလာတဲ့ မော်တော်ကားဟာ မိတ္ထီလာမြို့နယ် အတွင်း မိုင်တိုင် ၂၉၁ သုံးဖာလုံနဲ့ လေးဖာလုံကြားမှာ ယနေ့ နေ့လည် ၁၂နာရီခွဲက တိမ်းမှောက်ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဆိုတေး ပါဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဆိုတေးရဲ့ဇနီး မချောချော ဖြစ်ပြီး မိတ္ထီလာဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ တေးသံရှင်ဆိုတေးဟာလည်း ခေါင်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး ယခုအထိ သတိမရသေးဘူးလို့ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။

ကားပေါ်မှာ လူလေးဦး လိုက်ပါလာပြီး ကျန်အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို မိတ္ထီလာ ဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို သယ်သူပို့ဆောင်ရာ ညနေ သုံးနာရီခွဲမှာ မန္တလေး ဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။


The Modern News Journal

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More