Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Showing posts with label Ya DaNar Ming. Show all posts
Showing posts with label Ya DaNar Ming. Show all posts

Monday, September 2, 2013

မွေးလမှာ တစ်ကိုယ်တော် စီးရီး ဖြန့်မယ့် ရတနာမိုင်

အဆိုတော် ရတနာမိုင်က မွေးလ ဖြစ်သော သြဂုတ်လတွင် တတိယ မြောက် တစ်ကိုယ်တော် စီးရီးကို ဖြန့်ချိ မည်ဟု ပြောသည်။

”ဒီအခွေက မေမေ နဲ့ သေချာ တိုင်ပင်ပြီး လုပ်တာပါ။ မေမေ့ စိတ်ကြိုက် တွေ လည်း များပါတယ်။ အရင်အခွေ ပဖဗဘမ တုန်းကတော့ မိုင်လေးစိတ် ကြိုက်တွေများ တယ်။ မေမေ့ရဲ့ မလွမ်းပို သီချင်းကိုလည်း Version အသစ် နဲ့ ပြန်ဆိုထားတယ်။ ပြီးတော့ မိုင်လေးကို ဂီတ လောကမှာ စသိခဲ့တဲ့ ‘အဝေး ထွက်သွားသူ’ သီချင်းလေး ကိုလည်း Dubstup ပုံစံ နဲ့ ပြန်တီးပြီး ဘောနပ်စ် ပြန်ထည့် ထားတယ်။ ဒီတစ်ခွေလုံး ကိုတော့ ပြန် နားထောင်ပြီးတဲ့ အခါမှာ အားရပါတယ်” ဟု ပြောသည်။

”တတိယ စီးရီးကိုတော့ မိုင်လေးရဲ့My Lay Entertainment က စီစဉ် တာ ဖြစ်ပြီး မူပိုင် ကတော့ မိခင်ဖြစ်သူ မိုင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သြဂုတ်လ ၂၉ ရက်နေ့မှာ ထွက်ရှိမယ့် ပုံရိပ်များ စီးရီး ရဲ့ ပရိုမိုးရှင်း အနေနဲ့ သြဂုတ် ၃၁ ရက်နေ့ ညနေ ၄ နာရီမှာ ၉မိုင် Ocean Centre၊ ညနေ ၆ နာရီမှာ သမိုင်း City Mart၊ စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဟက်ပီးဝေါလ်၊ ညနေ ၆ နာရီမှာ လှိုင်သာယာ ဗစ်တိုးရီး ယား ကုန်တိုက် တို့မှာ ပြုလုပ်မှာ ဖြစ်ပြီး မန္တလေးမြို့ မှာတော့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီ မှာ Happy City ကစားကွင်း၊ ညနေ ၆ နာရီမှာ မနော် ရမန် ကစားကွင်းတို့မှာ အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချသွား မှာ ဖြစ်ပါ တယ်” ဟု ရတနာမိုင် က ဆိုသည်။

ထို့အပြင် ပြည်၊ မြင်းခြံ၊ ပျဉ်းမနား၊ မုံရွာ၊ ပုသိမ်၊ မော်လမြိုင် စသည့် မြို့များ မှာလည်း ရတနာမိုင်နှင့် အတူ အနုပညာ မောင်နှမ များက အမှတ်တရ လက်မှတ် ရေး ထိုးရောင်းချပြီး တေးသီချင်းများ သီဆိုဖျော်ဖြေ သွား မည်ဖြစ်ကြောင်း သိရသည်။

တေးသံရှင် ရတနာမိုင် က သြဂုတ် ၁၇ ရက်နေ့ မှာ ကျရောက်တဲ့ ၂၄ နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် သြဂုတ်လ ၂၁ ရက်နေ့ နေ့လယ် က မြန်မာနိုင်ငံ ဂီတ အစည်း အရုံးကို အလှူငွေ လှူဒါန်း ပေးအပ်ခဲ့သည်။

ရဲရဲ
Popular Journal

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More