Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Sunday, June 2, 2013

လူတစ်ပိုင်း၊ခွေးတစ်ပိုင်း ဖြစ်ရသည့် ဘ၀ (ဗီဒီယို)

ဗုဒ္ဒဘာသာ အယူဝါဒ အရ ကံကံ၏ အကျိုးအတိုင်း ယခု လူ့ဘ၀၌ပင် လူတစ်ပိုင်း၊ ခွေးတစ်ပိုင်း ကဲ့သို့ ဘ၀ မျိုးဖြင့် လှည့်လည် တောင်းရမ်းနေသည့် ဗီဒီယို ဖြစ်ပါသည်။ သံဝေဂ ယူနိုင်ပါစေ။

ဗီဒီယိုကြည့်ရန်  ကလစ်ပါ

ကသာမြို့တွင် မွတ်ဆလင်များ ကိုယ့်ဗလီ ကိုယ်မီးရှို့

From : ..harjulekatha



၁၊၆၊၂၀၁၃ရက်နေ့ည ၁၁နာရီ၁၀မိနစ်အချိန်က ကသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြှိုမဗလီအား မီးကွင်း ပစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်၊ ဖြစ်ပွားပုံမှာ ည၁၁နာရီ၁၀မိနစ်အချိန်တွင် အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးပေါ်မှ ဓါတ်ဆီထည့်ထားသော ပလပ်စတစ်ဗူးတွင် အ၀တ်မီးစာ တပ်၍ လမ်းမပေါ်မှ ဗလီအတွင်းသို့ ပစ်သွင်း သွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်၊ထိုသို့ ပစ်သွင်းမှုကြောင့် မြို့မဗလီ(ဗလီကြီး)၏ မြောက်ဘက် တိုင်တစ်လုံး မီးဟပ်သွားခဲ့ပြီး မြို့ခံ မူဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရပါသည်၊ ဖြစ်ပွားရာဗလီသို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းအောင်ကျော် ၊မြှိုနယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်အောင်မြင့်နှင့် ခရိုင် ဒ/နမှ ရဲအုပ်မျိုးခိုင်နှင့် တပ်ဖွဲ့ဝင်များ၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဌေးဝင်းနှင့် တပ်ဖွဲ့ဝင်များအပြင် လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ထွန်း တို့ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ကိုလည်း တွေ့ရပါသည်၊ယခုဖြစ်ပွားမှုနှင့် ပါတ်သက်၍ သက်ဆိုင်ရာမှ မီးကွင်းပစ်ခဲ့သည့် ဆူပူုပြဿနာ ဖန်တီးလိုသူများကို စုံစမ်း ဖေါ်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးမှ ပြောကြားခဲ့ပြီး ဘာသာရေး အကြမ်းဖက်မှုမလိုလားသူ မြို့ခံဗုဒ္ဓဘာသာဝင်များဝင်များမှ အဖွဲ့ပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး လုံခြုံရေးကို ယခုထက် ပိုမို တိုးမြှင့်ပေးကြရန် လိုလားနေကြောင်း သိရပါသည်၊ယခုရက်ပိုင်းအတွင်း ကသာမြို့ခံ ခမရ(၃၀၉)မှလည်း ညစဉ် လှည့်ကင်းများ ဆောင်ရွက်လျှက်ရှိနေပြီး ဘာသာရေး အဓိကရုန်းများ မဖြစ်ပွားစေရန် ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြီးခဲ့သည့် ရခိုင်ပြည်နယ် ကုလား-မြန်မာ အဓိကရုဏ်းတွင်လည်း မွတ်ဆလင်များက ၎င်းတို့အိမ်များကို မီးရှို့ထွက်ပြေးကြသဖြင့် ရခိုင်ပြည်သူတို့၏ နေအိမ်အများအပြား မီးစွဲလောင်ကျွမ်းခဲ့ရသည်။

စမ်းချောင်းမြို့နယ်တွင် အမျိုးသမီးငယ်များအားပြည်ပသို့ပို့ရန်စီစဉ်သဖြင့် အရေးယူ

၂၈.၅.၂၀၁၃ ရက်နေ့တွင် ရန်ကုန်လူကုန်ကူးတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် စမ်းချောင်းမြို့နယ်၊ အမှတ် ၁၀၂၊ ဗဟိုလမ်း၊ စမ်းချောင်း(မြောက်)ရပ်ကွက်နေအိမ်တွင် စင်္ကာပူနိုင်ငံသို့ အိမ်အကူအလုပ်ဖြင့် လူ ပို့ဆောင် ရန် ဆောင်ရွက်နေကြောင်း အထက်ဌာန၏ချပြသတင်းအရ အိမ်ရှင်ဒေါ်ချယ်ရီ(ခ) ဒေါ်မြင့်မြင့်ေ အး(ခ)မမော်အား စိစစ်ရာ ၎င်း၏နေအိမ်တွင် မမိုးမိုးလှိုင်၊ မစုမွန်ထွေး၊ မခင်မိုး (ခ) မခင်မိုးမြင့်၊ မဖူးငုံ၊ မမြမြ စိုး၊ မမြင့်မြင့်ခိုင်၊ မမြတ်မီမီဇင်၊ မနှင်းဝေကြူ(ခ)သင်းဝေကြူ၊ မနှင်းဝေေ၀ထွန်း(ခ)၊ နန်းစီလာ၊ မရွှေဇင် ၀င်း(ခ)မင်းမင်း၊ မသက်သက်ခိုင်၊ မဥမ္မာလင်းနှင့် မဥမ္မာတို့ (၁၃)ဦးအားတွေ့ရှိခဲ့ပါသည်။ 
၎င်းအမျိုးသမီးငယ်များအား စင်္ကာပူနိုင်ငံတွင် အိမ်အကူအလုပ်လုပ်၍ လုပ်အားခအဖြစ် ၁ လလျှင် စင်္ကာ ပူဒေါ်လာ ၄၀၀ မှ ၄၅၀ (မြန်မာငွေ ၃ သိန်းကျပ် (သို့) ၃ သိန်းခွဲ) ရမည်ဖြစ်ကြောင်း ပို့ဆောင်ခအဖြစ် ၆လ/ ၇လ လစာဖြတ်ယူကာ ၂ နှစ်စာချုပ်ဖြင့် ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံး စုစည်းထား ရှိပြီး နိုင်ငံကူးလက်မှတ်များ ဆောင်ရွက်ပေးကာ စင်္ကာပူနိုင်ငံရှိ KCL ကုမ္ပဏီနှင့် ဆက်သွယ်ပို့ဆောင် ပေး ရန် စီစဉ်လျက်ရှိသည်ကို စိစစ်တွေ့ရှိ ရသဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်မရှိဘဲ အမျိုးသမီးငယ် များအား အိမ်အကူအဖြစ်ပြည်ပသို့ ပို့ဆောင်ရန်ဆောင်ရွက်ခဲ့သူ့ ဒေါ်ချယ်ရီ(ခ) ဒေါ်မြင့်မြင့်အေး (ခ)မမော် အား စမ်းချောင်းမြို့မ ရဲစခန်းတွင် အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police၂

ဘီယာသောက်ပြီး အသိလွတ်နေချိန်တွင် သူငယ်ချင်းအား သားမယားအဖြစ်ပြုကျင့်သူတစ်ဦး

၂၄.၅.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နေ မxxxx(၁၇)နှစ်သည် အဖွားဖြစ် သူနှင့် အတူ ဓမ္မိကရာ မကျောင်းတိုက်သို့ ဆွမ်းပို့သွားခဲ့ပြီး ဘုန်းကြီးကျောင်း တွင် အဖွားဖြစ် သူအား ထား ခဲ့ ကာ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းဖြစ်သူ မxxxx၏ ဆိုင်ကယ်ဖြင့် မြို့ထဲသို့ သွားရောက်လည် ပတ်ခဲ့ သည်။ 
ထို့နောက် သူငယ်ချင်းဖြစ်သူမှ ကျောင်းကြီးစုရပ်ကွက်နေ ၎င်း၏ရည်စားဖြစ်သူ အကော်ဆိုသူထံ အကြွေး သွားေ ပး မည်ဟုပြောပြီး လိုက်ခဲ့ရန်ခေါ်သဖြင့် ကျောင်းကြီးစုရပ်ကွက်၊ ရွာလယ်လမ်းရှိ အကော်၏ နေအိမ် သို့ လိုက် သွားခဲ့သည်။ ညနေ ၁၇၀၀ အချိန်ခန့် အကော်၏နေအိမ်သို့ရောက်ရှိပြီး ၄င်းနေအိမ်တွင် အကော် ၏အစ် ကိုဖြစ်သူ ကိုဖိုးခွါးနှင့်တွေ့ဆုံကာ နေအိမ်အပေါ်သို့ တက်ရန်ပြောသဖြင့် နေအိမ်ပေါ်သို့ တက်ေ ရာက် ထိုင်နေစဉ် ကိုဖိုးခွါးမှ ဘီယာသွားဝယ်မည်ဟုပြောဆိုခဲ့သည်။ 
၁၅ မိနစ်ခန့်အကြာ ဘီယာဝယ်ပြီး ပြန်ရောက်လာကာ နောက် ၁၅ မိနစ်ခန့် အကြာတွင် တောင်ကြီးမြို့၊ ကျောင်း ကြီး စုရပ်ကွက်နေ တရုတ်(ခ) မြတ်စိုးလင်း (၁၉)နှစ် ထပ်မံရောက် ရှိလာသဖြင့် ၎င်းတို့ ၄ ဦး ဘီ ယာ အတူသောက် ခဲ့၍ ၂၁၃၀ အချိန်ခန့် သူငယ်ချင်းဖြစ်သူ မxxxxမှာ ဆိုင်ကယ်ပြန်ထားမည်ဟု ပြော ဆို ကာ ကိုဖိုးခွါးနှင့် အတူ ထွက်သွားခဲ့သည်။ 
မxxxxနှင့် တရုတ်(ခ)မြတ်စိုးလင်းတို့ ၂ ဦးတည်းကျန်ခဲ့စဉ် မxxxxမှ ခေါင်းကိုက်ကြောင်းပြောရာ တရုတ် (ခ)မြတ်စိုး လင်းမှ ၎င်းပေါင်ပေါ်တွင် အိပ်ရန်ပြောဆိုသဖြင့် အိပ်နေစဉ် မxxxxအား ဧည့်ခန်းရှိ အိပ်ယာပေါ် သို့ပွေ့ချီ ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးပါရန် တိုင်ကြားခဲ့ သောကြောင့် တရုတ် (ခ)မြတ်စိုးလင်းအား တောင်ကြီးအမှတ်(၁)ရဲစခန်း(ပ)၁၂၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ဓာတ်ပုံ- အမူးလွန်သော မိန်းကလေး တစ်ဦးအား မဖွယ်မရာ ပြုလုပ်ထားပုံ( ယခုသတင်းမှ မဟုတ်ပါ)

၁၃ နှစ် ကျောင်းသူနဲ့ဗီဒီယို ရိုက်ပြီး အွန်လိုင်း တင်တဲ့ ကျောင်းသား ( ၂ )

၁၃ နှစ်အရွယ် ကျောင်းတက်ဖော်ကောင်မလေး မသိအောင်  အတူနေ ဗီဒီယိုရိုက်ပြီး အွန်လိုင်း တင်ခဲ့ သည့် ကျောင်း သားအကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထိုသို့ အွန် လိုင်းပေါ် တင်ခဲ့တဲ့ အကြောင်းကေ တာ့ ကောင်လေး က ကောင်မလေးကို ဗီဒီယိုထဲက ကဲ့သို့ နည်းလမ်းများဖြင့် လုပ်ပေး ရန် တောင်းဆိုခဲ့ တာကို ကောင်မလေးက ငြင်းဆန်ခဲ့လို့ပဲ ဖြစ်ပါတယ်။( HE HAD sex with his 13-year-old schoolmate who was also his girlfriend, forced her to perform oral sex on him, then filmed and posted the video online without her knowledge.)

ယခုဆိုရင် အသက် ၁၇ နှစ်ရှိပြီ ဖစ်ြတဲ့ အဆိုပါ ပိုလီကျောင်းသားဟာ ပထမ လေးလ မှာ သတ်မှတ် အီလက် ထရောနစ် ပစ္စည်းများသာ အသုံးပြုခွင့်ရှိမှာဖြစ်ပြီး နောင် ၁၇ လမှာတော့ ကြီးကြပ်မှုအောက်မှာပဲ အီလက် ထရောနစ် ပစ္စည်းများကို  အသုံးပြုရမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ အခန်းထဲမှာ နေရမည်ဖြစ်ပြီး လူမှုရေးလုပ်ငန်း ၁၅၀ နာရီ လုပ်ကိုင်ရအုံးမှာ ဖြစ်ပါတယ်။ သူ၏ မိဘများဟာ သူ့ကို ကောင်းမွန်စေပါ့မယ်ဆိုပြီး ဒေါ်လာ ၈၀၀၀ တန်  အာမခံထိုးထားရသည့် အပြင် သူ့ရဲ့ အင်တာနက် အသုံးပြုမှုကိုလည်း ကြပ်မတ်သွား ရမှာ ဖြစ် ပါ တယ်။

သူ၏ အမေကတော့ ဒီဖြစ်စဉ် ပြီးကတည်းက သူတော်တော် လိမ်မာနေပါပြီ။ သူ စာကြိုးစားနေပြီး သူ့အ မှတ်တွေလဲ ပိုကောင်းလာတယ်လို့ ဖြေခဲ့ပါတယ်။ အမှုတွေဖြစ်ပေမယ့် သူဟာ ကျွန်မတို့ရဲ့ သားပါပဲ ဆိုပြီး မိဘ တစ်ယောက်ရဲ့ မေတ္တာကိုလည်း ဖော်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက စင်္ကာပူမှ စင်္ကာပူဆိုပြီး သားသမီး ငယ်များကို နိုင်ငံခြား ပို့ထားတဲ့ မိဘများနဲ့ ပြည်တွင်းက အင် တာ နက်ကို စိတ်တိုင်းကျ သုံးခွင့်ပေးထားတဲ့ မိဘများ သတိထားစရာပါပဲ။ လူငယ် တော်တော် များများရဲ့ လက်ကိုင်ဖုန်းထဲမှာ မိုးဟေကို၊ သဇင်တို့ ရှိနေကြသလို ဖြစ်စဉ်တွေဟာလည်း မကြားချင်မှ အ ဆုံး ကြားေ  နရပါတယ်။

ကလေးဆိုပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ တစ်ခုခုဆို အဆုံးအရှုံးကြီးမားကြောင်း သတိပေးဖော်ပြ လိုက် ပါ တယ်။
သတင်း အပြည့်အစုံကတော့ ဒီမှာ ပါ။
စင်္ကာပူနိုင်ငံက ကျောင်းသားတစ်ဦးဟာ ၂၀၀၉ ခုနှစ်အတွင်း က ကျောင်းတက်ဖော် ၁၃ နှစ် အရွယ်ကောင် မလေးနဲ့ အတူနေခဲ့ပြီး သူမရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ ဗီဒီယိုရိုက်ယူ အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။
  
လွန်ခဲ့သည့် အပတ်က နာမည်ကြီးခဲ့သည့် NUS မှ မလေးရှားကျောင်းသားစုံတွဲ
အဆိုပါ ဆယ်ကျော်သက် ကျောင်းသားဟာ အခုဆိုရင် အသက် ၁၇ နှစ်ရှိပြီ ဖြစ်ပြီး ပိုလီတက်ကနစ်မှာ ပညာသင်ကြားလျှက် ရှိပြီး အသက် ၁၆ နှစ်အောက် မိန်းကလေးတစ်ဦးနဲ့ ဆက်ဆံမှု၊ သူမ အိနြေ္ဒပျက်ပြားအောင် ပြုလုပ်မှု၊ ရာဇ၀တ်မှုမြောက်တဲ့ အကြမ်းဖက်မှု၊ မဖွယ်မရာ ဗီဒီယို လက်ဝယ်ထားရှိမှု၊ စက်ဘီး ၃ စီး ခိုးယူမှုများ အပါအ၀င် စွဲချက် ၂၁ မျိုးနဲ့ အမှုရင်ဆိုင်ရ လျှက် ရှိပါသည်။
ခရိုင် တရားသူကြီး Shaiffudin Saruwan အမည် မဖော်ပြတဲ့ အဆိုပါ ကျောင်းသားကို ခံဝန်ချက်ဖြင့် ၂၁ လ နေစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ သူ့အနေဖြင့် လူမှုရေးလုပ်ငန်းများမှာ နာရီ ၁၅၀ အလုပ်လုပ် ရမှာ ဖြစ်ပါတယ်။
တရားသူကြီးက အဆိုပါ ကျောင်းသားဟာ ထိုကိစ္စကို အရမ်းစိတ်ဝင်စားနေပြီး အင်တာနက်က အဆိုပါ ကားမျိုး ကိုကြည့်လေ့ ရှိကြောင်း၊ သူ့မိဘများအနေဖြင့် ၄င်း၏ ကွန်ပျူတာ အသုံးပြုမှုအား ခံဝန်ကာလ အတွင်း တာ ၀န်ခံ အကူအညီဖြင့် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
သားသမီးကို ပြည်ပကျောင်းပို့သော မိဘများ သတိထား သင့်ပါတယ်။ သူ့ နိုင်ငံ အနေအထားအရ ဘာမှ မဟုတ်ပေ မယ့်  ကိုယ့်နိုင်ငံအနေအထားအရ ဘ၀ ပျက်သွားနိုင်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More