News Post

Sunday, June 2, 2013

၁၃ နှစ် ကျောင်းသူနဲ့ဗီဒီယို ရိုက်ပြီး အွန်လိုင်း တင်တဲ့ ကျောင်းသား ( ၂ )

၁၃ နှစ်အရွယ် ကျောင်းတက်ဖော်ကောင်မလေး မသိအောင်  အတူနေ ဗီဒီယိုရိုက်ပြီး အွန်လိုင်း တင်ခဲ့ သည့် ကျောင်း သားအကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထိုသို့ အွန် လိုင်းပေါ် တင်ခဲ့တဲ့ အကြောင်းကေ တာ့ ကောင်လေး က ကောင်မလေးကို ဗီဒီယိုထဲက ကဲ့သို့ နည်းလမ်းများဖြင့် လုပ်ပေး ရန် တောင်းဆိုခဲ့ တာကို ကောင်မလေးက ငြင်းဆန်ခဲ့လို့ပဲ ဖြစ်ပါတယ်။( HE HAD sex with his 13-year-old schoolmate who was also his girlfriend, forced her to perform oral sex on him, then filmed and posted the video online without her knowledge.)

ယခုဆိုရင် အသက် ၁၇ နှစ်ရှိပြီ ဖစ်ြတဲ့ အဆိုပါ ပိုလီကျောင်းသားဟာ ပထမ လေးလ မှာ သတ်မှတ် အီလက် ထရောနစ် ပစ္စည်းများသာ အသုံးပြုခွင့်ရှိမှာဖြစ်ပြီး နောင် ၁၇ လမှာတော့ ကြီးကြပ်မှုအောက်မှာပဲ အီလက် ထရောနစ် ပစ္စည်းများကို  အသုံးပြုရမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ အခန်းထဲမှာ နေရမည်ဖြစ်ပြီး လူမှုရေးလုပ်ငန်း ၁၅၀ နာရီ လုပ်ကိုင်ရအုံးမှာ ဖြစ်ပါတယ်။ သူ၏ မိဘများဟာ သူ့ကို ကောင်းမွန်စေပါ့မယ်ဆိုပြီး ဒေါ်လာ ၈၀၀၀ တန်  အာမခံထိုးထားရသည့် အပြင် သူ့ရဲ့ အင်တာနက် အသုံးပြုမှုကိုလည်း ကြပ်မတ်သွား ရမှာ ဖြစ် ပါ တယ်။

သူ၏ အမေကတော့ ဒီဖြစ်စဉ် ပြီးကတည်းက သူတော်တော် လိမ်မာနေပါပြီ။ သူ စာကြိုးစားနေပြီး သူ့အ မှတ်တွေလဲ ပိုကောင်းလာတယ်လို့ ဖြေခဲ့ပါတယ်။ အမှုတွေဖြစ်ပေမယ့် သူဟာ ကျွန်မတို့ရဲ့ သားပါပဲ ဆိုပြီး မိဘ တစ်ယောက်ရဲ့ မေတ္တာကိုလည်း ဖော်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက စင်္ကာပူမှ စင်္ကာပူဆိုပြီး သားသမီး ငယ်များကို နိုင်ငံခြား ပို့ထားတဲ့ မိဘများနဲ့ ပြည်တွင်းက အင် တာ နက်ကို စိတ်တိုင်းကျ သုံးခွင့်ပေးထားတဲ့ မိဘများ သတိထားစရာပါပဲ။ လူငယ် တော်တော် များများရဲ့ လက်ကိုင်ဖုန်းထဲမှာ မိုးဟေကို၊ သဇင်တို့ ရှိနေကြသလို ဖြစ်စဉ်တွေဟာလည်း မကြားချင်မှ အ ဆုံး ကြားေ  နရပါတယ်။

ကလေးဆိုပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ တစ်ခုခုဆို အဆုံးအရှုံးကြီးမားကြောင်း သတိပေးဖော်ပြ လိုက် ပါ တယ်။
သတင်း အပြည့်အစုံကတော့ ဒီမှာ ပါ။
စင်္ကာပူနိုင်ငံက ကျောင်းသားတစ်ဦးဟာ ၂၀၀၉ ခုနှစ်အတွင်း က ကျောင်းတက်ဖော် ၁၃ နှစ် အရွယ်ကောင် မလေးနဲ့ အတူနေခဲ့ပြီး သူမရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ ဗီဒီယိုရိုက်ယူ အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။
  
လွန်ခဲ့သည့် အပတ်က နာမည်ကြီးခဲ့သည့် NUS မှ မလေးရှားကျောင်းသားစုံတွဲ
အဆိုပါ ဆယ်ကျော်သက် ကျောင်းသားဟာ အခုဆိုရင် အသက် ၁၇ နှစ်ရှိပြီ ဖြစ်ပြီး ပိုလီတက်ကနစ်မှာ ပညာသင်ကြားလျှက် ရှိပြီး အသက် ၁၆ နှစ်အောက် မိန်းကလေးတစ်ဦးနဲ့ ဆက်ဆံမှု၊ သူမ အိနြေ္ဒပျက်ပြားအောင် ပြုလုပ်မှု၊ ရာဇ၀တ်မှုမြောက်တဲ့ အကြမ်းဖက်မှု၊ မဖွယ်မရာ ဗီဒီယို လက်ဝယ်ထားရှိမှု၊ စက်ဘီး ၃ စီး ခိုးယူမှုများ အပါအ၀င် စွဲချက် ၂၁ မျိုးနဲ့ အမှုရင်ဆိုင်ရ လျှက် ရှိပါသည်။
ခရိုင် တရားသူကြီး Shaiffudin Saruwan အမည် မဖော်ပြတဲ့ အဆိုပါ ကျောင်းသားကို ခံဝန်ချက်ဖြင့် ၂၁ လ နေစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ သူ့အနေဖြင့် လူမှုရေးလုပ်ငန်းများမှာ နာရီ ၁၅၀ အလုပ်လုပ် ရမှာ ဖြစ်ပါတယ်။
တရားသူကြီးက အဆိုပါ ကျောင်းသားဟာ ထိုကိစ္စကို အရမ်းစိတ်ဝင်စားနေပြီး အင်တာနက်က အဆိုပါ ကားမျိုး ကိုကြည့်လေ့ ရှိကြောင်း၊ သူ့မိဘများအနေဖြင့် ၄င်း၏ ကွန်ပျူတာ အသုံးပြုမှုအား ခံဝန်ကာလ အတွင်း တာ ၀န်ခံ အကူအညီဖြင့် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
သားသမီးကို ပြည်ပကျောင်းပို့သော မိဘများ သတိထား သင့်ပါတယ်။ သူ့ နိုင်ငံ အနေအထားအရ ဘာမှ မဟုတ်ပေ မယ့်  ကိုယ့်နိုင်ငံအနေအထားအရ ဘ၀ ပျက်သွားနိုင်ပါတယ်။

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More