Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

Wednesday, September 18, 2013

Star Focus Magazine > Volume-1, Issue-1

Saturday, September 14, 2013

“ မယ်စကြ၀ဠာ အတွက် အကြိုရွေးချယ် ”



“ မယ်စကြ၀ဠာ အတွက် အကြိုရွေးချယ် ”
“ မယ်စကြ၀ဠာ အတွက် အကြိုရွေးချယ် ”

နှစ်ပေါင်း ၅၀ ကျော်အတွင်း မယ်စကြ၀ဠာ နိုင်ငံတကာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ပထမအဆင့် အလှမယ် ရွေးချယ်ပွဲကို သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအထဲက ရွေးချယ်ခံရမယ့် Miss Universe Myanmar 2013 ဟာ အခုနှစ် အောက်တိုဘာလ နှောင်းပိုင်း ရုရှားနိုင်ငံမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

Thursday, September 12, 2013

San Yati Moe Myint and Yu Thandar Tin’s Evening Dress Blue Fashion

San Yati Moe Myint and Yu Thandar Tin's Evening Dress Blue Fashion (1)
San Yati Moe Myint and Yu Thandar Tin’s Evening Dress Blue Fashion


San Yati Moe Myint and Yu Thandar Tin's Evening Dress Blue Fashion (2)
San Yati Moe Myint and Yu Thandar Tin’s Evening Dress Blue Fashion

San Yati Moe Myint and Yu Thandar Tin's Evening Dress Blue Fashion (3)
San Yati Moe Myint and Yu Thandar Tin’s Evening Dress Blue Fashion

San Yati Moe Myint and Yu Thandar Tin's Evening Dress Blue Fashion (4)
San Yati Moe Myint and Yu Thandar Tin’s Evening Dress Blue Fashion
San Yati Moe Myint and Yu Thandar Tin’s Evening Dress Blue Fashion
Photo : People Magazine

Miss Supranational-2013 အစအဆုံး video ကြည့်ရန်

Miss Supranational-2013 အစအဆုံး ကို အပိုင်း (၆) ပိုင်းခွဲတင်ထားတာကို Youtube ကနေ ကြည့်လို သူများ ဒီမှာ ဒေါင်းနိုင်ပါတယ် ... ရှယ်လည်း ရှယ်သွား ကြဦးနော်....




Share သွားပေးလိုက်ကြပါဦး မကြည့်ရတဲ့သူတွေအတွက်ပါခင်ဗျာ.. Kachin Daily News

" ခရီးလမ်းမပေါ်မှာကြွေလွင့်ခဲ့ရသော အနုပညာကြယ်ပွင့်များ"


၁၈၈၈ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ နံနက်ခင်းတွင် ဂျာမနီနိုင်ငံသား ကား(လ်)ဖရီး ရစ်(ခ်ျ)ဘင့်(ဇ်)၏ဇနီးသည် ဘာသာဘင့်(ဇ်)သည် ဝက်ဂွန် Wagon ကားလေးကိုမောင်း၍ ၆၅ မိုင်ဝေးသော ပီဖိုဇိန်းမြို့သို့ သွားရောက်ခဲ့ခြင်းဖြင့်ကမ္ဘာပေါ် တွင်မော်တော်ကားကို လူတွေ စတင်စိတ်ဝင်တစားခဲ့လေသည်။ ထိုကားကို စက်မှုအင်ဂျင် နီယာကား(လ်)ဖရီးရစ်(ခ်ျ)ဘင့်(ဇ်) ဆိုသူ ဂျာမနီနိုင်ငံသားက ၁၈၈၅ ခုနှစ်တွင် တီထွင်ထုတ်လုပ်ကာ ၁၈၈၆ခုနှစ်ဇန်နဝါရီလ၂၉ရက် တွင်မှတ်ပုံတင် ခဲ့ခြင်းဖြစ်သည်။

သည်ကားကိုတီထွင်သူ ကားလ် ဖရီးရစ်(ခ်ျ)ဘင့်(ဇ်)ကို ၁၈၄၄ခုနှစ် နိုဝင်ဘာ ၂၅ ရက် နေ့တွင်ဂျာမနီနိုင်ငံ ဘာလင်မြို့ ကား(လ်)စ်ဂူဟီအရပ်တွင် မွေး ဖွားခဲ့သည်။ငယ်စဉ်ကပင် ပညာ ရေးကို အထူးစိတ်ဝင်စားသူဖြစ် ရာ အသက် ၉နှစ်သားအရွယ်မှာ ပင်လိုက်ဇီယမ်အ ရှေ့တိုင်းသိပ္ပံ ဌာန၌ သင်ကြားခဲ့ပြီး အ သက် ၁၅နှစ်သားအရွယ်မှာပင် စက်မှု အင်ဂျင်နီယာဘွဲ့ကို
ရရှိခဲ့သူ ဖြစ်သည်။ ၁၈၉၄ ခုနှစ် ဗီလိုအမျိုး အစား၊ ၁၉ဝ၉ခုနှစ်တွင် ဘလစ် ဇင်ဘင့်(ဇ်)ကားများကို ဆက် လက်တီထွင်နိုင်ခဲ့သည်။

ဤသို့ ဖြင့်ကမ္ဘာပေါ်တွင် မော်တော်ကားဆိုသောယာဉ်တစ်မျိုး ပေါ် ပေါက်လာခြင်း ဖြစ်လေသည်။

၁၈၉၃ ခုနှစ်တွင်တော့ မြန်မာနိုင်ငံ၌ လူဖြင့်ဆွဲရသည့် လန်ချားများပေါ်ပေါက်လာပြီး ၁၉ဝဝပြည့်နှစ်တွင်ကိုယ် ပိုင်မော် တော်ကားများ ပေါ်ပေါက်လာ ပြီဟု ဆိုပါသည်။ ၁၉ဝ၆ ခုနှစ်တွင်
ဓာတ် ရထားများ စတင်ပြေးဆွဲနေပြီ ဖြစ်သည်။ မန္တလေး မြို့မှာတော့ ၁၉ဝ၄ ခုနှစ်တွင်စတင်သည် ဟု သိရသည်။ ထို ဓာတ်ရထားကို ထရော် လီဘတ်(စ်)ဟုလည်း ခေါ်ကြပါသေးသည်။

မြန်မာနိုင်ငံတွင် RBT ကုမ္ပဏီက ဘတ်စ် ကားငါးစီးဖြင့် ၁၉၁၃ခုနှစ်တွင် ခရီးသည်ပို့ဆောင်ရေး ယာဉ် လိုင်းကို စတင်ခဲ့သည်ဖြစ်ရာ ယခုနှစ်သည်မြန်မာနိုင်ငံ၌ ဘတ်စ် ကားပြေးဆဲသည့်
နှစ်တစ်ရာ ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ၁၉၁၅ ခုနှစ်တွင်တော့ ရန်ကုန်မြို့မှာ အငှားယာဉ် ၂၈စီး၊ ကိုယ်ပိုင်ကား ၄၂၆စီး၊ မော်တော်ဆိုင်ကယ် ၁၃၉စီးမျှရှိ နေပြီဟုသိရသည်။ ၁၉၂၅ ခုနှစ်တွင် မော်တော် ယာဉ်လိုင်းသစ်များတိုးချဲ့ခဲ့ပြီးရန် ကုန်တက္ကသိုလ် နှင့်မြို့တွင်း သို့ ပြေးဆွဲသောကားခြောက်စီးရှိခဲ့ကြောင်းလည်း သိရသည်။

လမ်းမပေါ်တွင် မော် တော်ကားများဖြင့် ခရီးသည် များ၊ ကုန်စည်များ ပို့ဆောင်လာ နိုင်ခြင်းကြောင့်ခေတ်သစ်တစ် ခုဆီသို့ ပြောင်းလဲတိုးတက်လာ ခဲ့သလိုတစ်ဖက်တွင်လည်း မော် တော်ယာဉ်တိမ်းမှောက်ခြင်း၊ မော် တော်ကား တိုက်ခြင်းတို့ကြောင့် လူတွေအသက် အန္တရာယ်ထိခိုက် သေ ဆုံးမှုတွေလည်း ပေါ်လာရ ပါတော့သည်။ ထိုအထဲတွင် ထင်ပေါ်ကျော်ကြားသူတွေ၊ အနု ပညာရှင်တွေလည်း လမ်းမပေါ် ၌ ကြွေလွင့်ခဲ့ရသည်က အများအပြားပင် ဖြစ်လေသည်။

၁၉၃၉ ခုနှစ် ဒီဇင်ဘာ ၅ ရက် က ဖြစ်သည်။ ထိုနေ့သည် ၁၉ နှစ်မြောက်အမျိုးသားနေ့ လည်းဖြစ်ရာ စာရေးဆရာကြီး ပီမိုးနင်းသည် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိမြန်မာ့အလင်း သတင်းစာတိုက်သို့ တိုက်သားဟောင်းတစ်ဦးအနေဖြင့် တက်ရောက်ခဲ့လေသည်။ အလှူရှင်က သတင်းစာတိုက် ဝန်ထမ်းများအား တစ်ဦးလျှင်ကျပ် ၂ဝ စီ ချီးမြှင့်ခဲ့သည်။ နံနက် ၁၁ နာရီ တွင် ဆရာကြီးပီမိုးနင်းသည် ဘုရင်မပန်းခြံ(ယခု မဟာဗန္ဓုလပန်းခြံ)ဘေးဆူးလေဘုရားလမ်း အတိုင်းလျှောက်လာစဉ် အချုပ်ထောင်ဝန်ထမ်းတစ်ဦးက နောက်မှ စက်ဘီးဖြင့် အရှိန်ပြင်းစွာဝင် တိုက်မိလေသည်။ ဆရာကြီးမှာ လဲကျသွားပြီးဒူးအပေါ်ပိုင်း အရိုးကျိုးသွားခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသရင်း ဆီးချိုရောဂါအခံကြောင့် ခြင်ဆီကိုထိခိုက်သွားပြီး ခြေထောက်ဖြတ်ရန် ပြင်ဆင်နေစဉ် ၁၉၄ဝပြည့်နှစ်ဇန်နဝါရီလ ၆ ရက်၌ ကွယ်လွန်သွားရှာပါသည်။

မြန်မာနိုင်ငံ အနုပညာလောကတွင် ၁၉၅၅ ခုနှစ်၊ စက် တင်ဘာလ ၁၅ရက်နေ့က မော် တော်ကားတိုက်၍ သေဆုံးခဲ့ ရသော အနုပညာရှင်ကြီးမှာ မျိုးချစ် ဂီတစာဆိုကြီးမြို့မငြိမ်း
ပင်ဖြစ်လေသည်။ ဆရာမြို့မငြိမ်းသည် ၁၉ဝ၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မွေးဖွားခဲ့သူဖြစ်ရာ ကွယ်လွန်ချိန် တွင် အသက် ၄၆ နှစ်ကျော် ၄၇ နှစ်အရွယ်သာ ရှိသေးသည့် အတွက်
အနုပညာလောက အတွက်ဆုံးရှုံးမှုကြီး တစ်ရပ် လည်း ဖြစ်ပါသည်။

ဆရာမြို့မငြိမ်းသည် ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့မတူရိယာ အဖွဲ့ကိုဦးထော်လုံဆိုသူက တည်ထောင်စဉ်ကပင်
အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ငယ်စဉ်က မောင်ဘ ငြိမ်း၊ နောင်ကိုကျော်ညိန်းမှ မြို့မ ငြိမ်းအမည်ဖြင့်ထင်ရှားခဲ့သူဖြစ် သည်။ မြို့မငြိမ်းသည် သီချင်း ပေါင်း ၂ဝဝကျော် ရေးစပ်ခဲ့ရာ ယင်းတို့အထဲတွင် မျိုးချစ်စိတ် နှင့်ဇာတိ မာန်တေးအမြောက် အမြားပါဝင်ခဲ့ပေသည်။ သူကွယ် လွန်ပြီး ၁ဝနှစ် အကြာ ၁၉၆၅ ခုနှစ်တွင် နိုင်ငံတော်က အလင်္ကာ ကျော်စွာဘွဲ့ကိုပေးအပ်ခြင်းခံရ သူလည်း ဖြစ်ပါသည်။

နာမည်ကျော် အဆိုတော်များထဲတွင်လည်း ကိုကျော်ရှိန်၊ ကိုသက်ဦး၊ ကိုလွှမ်းမိုးတို့မှာ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ရသလို နာမည်ကျော် စာရေးဆရာများထဲတွင်လည်း ဖိုးကျော်မြင့်၊မောင်လွန်းကြင်တို့ သည်လည်းယာဉ်မတော်တဆမှု ကြောင့်သေဆုံးခဲ့ရပါသည်။ အနုပညာရှင်များနှင့် ယာဉ်အန္တရာယ် မြန်မာနိုင်ငံ တွင် ၁၂ ပွဲခေါ် ဘုရားပွဲများတွင် လှည့်လည်ကပြကြရသော ဇာတ်ပွဲများရှိခဲ့ရာ ထိုဇာတ်သဘင်ပညာရှင်များမှာလည်း တစ်မြို့မှတစ်မြို့အကူးတွင် ဇာတ်ကား မှောက်၍ သေဆုံးခဲ့ကြသဖြင့် ဇာတ်ပါပျက်သွားရသောအဖွဲ့
များပင်ရှိခဲ့ဖူးပါသည်။

ရုပ်ရှင်သရုပ်ဆောင်(ဦး)မောင်မောင်မြင့်၏ သားဖြစ်သူ မင်းသားကို ပြေငြိမ်းမှာလည်း ရန်ကုန်မှမန္တလေးသို့အသွား တောင်ငူမြို့အနီး ခပေါင်းတံတားပေါ် ရထားအရောက်တွင် ပြုတ်ကျသေဆုံးခဲ့ပါသည်။ ထိုအချိန်က ကိုပြေငြိမ်းမှာရုပ်ရှင်လောကတွင် အလွန်ထင်ရှားကျော်ကြားနေချိန်လည်းဖြစ်၍ ရုပ်ရှင်ပရိသတ်များ အကြားဝမ်းနည်းကြေကွဲခဲ့ရသော ဖြစ်ရပ် တစ်ခုဖြစ်ခဲ့ပါသည်။

မော်တော်ဆိုင်ကယ်ဟာ သေမင်းတမန်လား

ယနေ့ကမ္ဘာပေါ်တွင် မော်တော်ဆိုင်ကယ်ကြောင့် အသက် ၂၅ နှစ်အောက် လူငယ် ၁ဝဝဝ ခန့်မှာ နေ့စဉ် သေဆုံးနေရသည် ဟုလည်းစာရင်းများအရ သိရပါသည်။မြန်မာနိုင်ငံ၌ တရား ဝင်မှတ်ပုံတင်ယာဉ်စီးရေ တစ် သန်းခန့်တွင် မော်တော်ဆိုင် ကယ်ကခြောက်သိန်း ငါးသောင်း ကျော်ပါဝင်နေသည်ဟု ဆိုပါ သည်။ အထူးသဖြင့် မန္တလေး တိုင်းဒေသကြီးသည် ယာဉ် တိုက်မှု အများဆုံးဖြစ်ပေါ် သောဒေသတစ်ခုဖြစ်နေပြီး ဆိုင် ကယ်ကြောင့်သေ ဆုံးမှုများပြား နေသည်ကိုလည်း တွေ့ရမည် ဖြစ် သည်။

ရန်ကုန်မြို့မှာတော့ သက်ဆိုင်ရာက ဆိုင်ကယ်စီး နင်းခွင့် ကန့်သတ်ထားသဖြင့် ဆိုင် ကယ်ကြောင့်သေဆုံး မှုနည်းပါး သည်ဟုဆိုနိုင်သော်လည်း ပြီး ခဲ့သည့် လအတွင်းကပင် မယ် လို ဒီဝေါမှ တစ်ဆင့်ဂီတစင် မြင့်ထက်သို့ ရောက်ရှိလာသူ လူငယ်တေးသံ ရှင် ကိုကိုမောင် မှာဆိုင်ကယ် အက် ဆီးဒင့်ဖြင့် သေ ဆုံး ခဲ့ရလေသည်။ ယနေ့ မြန်မာနိုင်ငံတွင် ယာဉ်မတော် တဆမှုများကြောင့် တစ်နေ့လျှင်
လူ၁ဝဦးသေဆုံးနေပြီးလူ ၅ဝ ကျော်ထိခိုက်ဒဏ်ရာရနေ ကြောင်း သိရပါသည်။

ယာဉ်ဟုဆိုရာတွင် ကုန်း လမ်း၊ ရေလမ်း၊ လေလမ်းဟု ခွဲခြားပြောဆိုကြည့် မည်ဆိုပါက မြန်မာနိုင်ငံတွင် ပြည်တွင်းလေ ကြောင်းလိုင်း ၈လိုင်း၊ ပြည်ပ လေကြောင်းလိုင်း ၂၂ လိုင်းက ပျံသန်းပို့ ဆောင်နေ သည်ကို တွေ့ရပြီး မတော်တဆမှုများ မှာလည်း စိုးရိမ်ဖွယ်အခြေ အနေတစ်ရပ်ဖြစ်နေသည်ကို တွေ့ရလေသည်။

၂ဝ၁ဝ ပြည့်နှစ်က မြန်မာ နိုင်ငံတွင် လေယာဉ်ပျံသန်းချိန် ၃၈၉၁၈နာရီရှိခဲ့ပြီး လေယာဉ် မတော်တဆမှု ၃၃ ခု၊ ၂ဝ၁၁ ခုနှစ်တွင် ပျံသန်းချိန် ၄၄ဝ၃ဝ နာရီရှိပြီး လေယာဉ်မတော် တဆမှု
၄၆ မှု၊ ၂ဝ၁၂ ခုနှစ်တွင် လေယာဉ်ပျံသန်းချိန် ၅၁၆၄၃ နာရီ၊ လေယာဉ်မတော်တဆမှု ၅၇မှုရှိခဲ့ရာ လေယာဉ်မတော် တဆမှုအကြိမ်ရေ တိုးလာသည် ကို တွေ့ရမည် ဖြစ်ပါသည်။

ရေလမ်းဘက်တွင်လည်း ပြည်တွင်း ရေကြောင်းပို့ဆောင် ရေးမှ ပြေးဆွဲပေးနေသည့် ရေ လမ်း ၁၈ ခုရှိပြီး ပုဂ္ဂလိကမှ ဝင် ရောက်ပြေးဆွဲနေသော ရေယာဉ် များလည်းရှိပါသည်။ ရေလမ်း ဘက်တွင်လည်း မကြာခဏဆို သလို ရေယာဉ်တိမ်း မှောက်နစ် မြုပ်ခြင်း၊သဘာဝအန္တရာယ်ဖြစ် သော မုန်တိုင်းကြောင့် တိမ်း မှောက်ခြင်းများဖြင့် အသက်
သေဆုံးမှုများရှိနေပါသည်။

ရန်ကုန်မြို့တွင် တစ်နေ့ လျှင် မီးရထားစီးခရီးသည် နှစ် သိန်းကျော်ကို ခေါက်ရေ ၂ဝဝ ခန့်ဖြင့် ပြေးဆွဲပေးနေရာ တစ် လလျှင်လေးကြိမ်ခန့်အထိ မတော် တဆမှုများဖြစ်ပေါ်နေကြောင်း
တာဝန်ရှိသူတစ်ဦးပြောပြချက် အရ သိရပြန်သည်။

ကုန်းလမ်းကတော့ လူ အများဆုံးအသုံးပြုသော ခရီး လမ်းပင်ဖြစ်သည်။ယနေ့မြန်မာ နိုင်ငံ ရန်ကုန်မြို့တော်တွင်ပင် ၂ဝ၁၂ ခုနှစ် စာရင်းများအရ မြို့တွင်းယာဉ်လိုင်း ၃၇၇ လိုင်း တွင် စီးတီးဘတ်စ် ၂၄ဝ၉ စီး၊ မီနီဘတ်စ်၃ဝ၅ စီး၊ဒိုင်နာ ၂ဝ၁ဝ စီး၊ ဟိုင်းလတ်၁ဝ၉၃စီး၊ ဘီအမ် ၆၄၄ စီး၊ စစ်ကျန်ဘတ်စ် ၁၉၄ စီး၊ ဂျစ် ၄စီးရှိကြောင်း သိရ သည်။ဤမျှများပြားသော ယာဉ် များကို အသုံးပြု ၍တစ်နေ့လျှင် ခရီးသည်သုံးသန်းခွဲ ခန့်ကယာဉ် စီး၍ခရီးနှင်နေကြရသည်။

အမြန်ရောက်ချင်ပေမယ့် အရောက် တော့မမြန်ချင်

တလောက မိတ်ဆွေတစ် ဦးကခရီးတစ်ခုကိုအမြန်ရောက် ချင်ပေမယ့် သေမင်းဆီကိုတော့ အရောက် မမြန်ချင်ကြောင်း ဆောင်းပါးတစ်ပုဒ် ရေးထား တာ တွေ့လိုက်ရသည်။ ဟုတ်ပါ သည်။ ကျွန်တော်တို့ အမြန် လမ်းမကြီးကဖြင့် အမြန်ရောက် ချင်သူများကိုလိုရာခရီး မရောက် စေဘဲ အရောက်မမြန်ချင် သည့် သေလမ်းသို့ အရောက်ပို့နေ သည်ကလည်း အသေအချာပင် ဖြစ်ပါ သည်။အမြန်လမ်း ကြောင့် ဖြစ်ပေါ်လာသောဝမ်းနည်း ကြေ ကွဲမှုတွေကလည်းမနည်းလှ။မေး ခွန်းထုတ်စရာများကလည်း အန မတဂ္ဂဖြစ်လို့နေသည်။

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးကို ၂ဝဝ၅ခုနှစ် အောက် တိုဘာလက စီမံကိန်းစတင်ခဲ့ သည်။ ရန်ကုန်- နေပြည်တော် အပိုင်းနှင့် နေပြည်တော် - မန္တ လေးအပိုင်းဟူ၍အကောင် အထည် ဖော်ခဲ့ရာရန်ကုန်- နေပြည်တော် လမ်းပိုင်း(အရှည် ၂ဝ၂မိုင် ၁ ဖာလုံ)ကို ၂ဝဝ၉ခုနှစ်မတ်လ ၂၅ရက်က ဖွင့်လှစ်နိုင်ခဲ့သည်။ အရှည် ၁၅ဝ မိုင် ၅ ဖာလုံ ရှိသော နေပြည်တော်-
မန္တလေး အပိုင်းကိုတော့ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ရက်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ စုစု ပေါင်း၃၅၂မိုင် ၆ဖာလုံ ရှိသည်။

ယာဉ်မောင်းချိန် ၇ နာရီဝန်း ကျင်ဖြင့်မောင်းနှင်နိုင်ကြပြီဖြစ် သည်။ဤခရီးကို ရထားဖြင့်သွား မည်ဆိုပါက ၃၈၅မိုင်မျှရှိရာ မိုင်ပေါင်း ၃ဝ ကျော်ကျုံ့သွားပြီ ဖြစ်သည်။တစ်ဖက်က အမြန် လမ်းမို့ မြန်လာသလို တစ်ဖက် ကလည်း ထိခိုက်သေ ဆုံး ဒဏ်ရာရ မှုတွေ က တစ်နှစ်ထက် တစ်နှစ် ပိုမိုများ ပြားလာ သည်မို့ စိုး ရိမ်ဖွယ်ပင် သည်။

အမြန်လမ်း မပေါ်မှ ယာဉ်မ တော် တဆမှုများကို ပိုင်းခြား စိတ်ဖြာကြည့်လျှင် ယာဉ်မောင်း သူအမှားကြောင့်ဖြစ်ရသည့် ယာဉ် တိုက်မှုက ၇၃ ရာခိုင်နှုန်းရှိသည် ဟုဆိုသည်။

လူတွေသေဆုံးမှု ကိုကြည့်လျှင်လည်း ၂ဝဝ၉ ခုနှစ် က ၄၇ဦး၊ ၂ဝ၁ဝတွင် ၃၈ ဦး၊ ၂ဝ၁၁တွင် ၄၇ဦး၊၂ဝ၁၂တွင်၅၄ဦး ရှိခဲ့သည်။ ၂ဝ၁၃ခုနှစ်တွင်လည်း မေ လ ၂၅ ရက်ကမန်းရွှေမြို့တော် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁၂ဦး သေဆုံးပြီး အမြန်လမ်းမ ပေါ်၌တစ်ကြိမ်တည်းဖြင့် အများ ဆုံးသေဆုံးမှုဖြစ်ခဲ့သည်။

ဇူလိုင်လထဲမှာပင်ရန် ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ် ၌ ယာဉ်မတော်တဆမှုကြောင့် လူငယ်အဆိုတော်ဆိုတေးမှာ ပြင်းထန်သော ထိခိုက်ဒဏ်ရာ များရရှိကာ မန္တလေးဆေးရုံကြီး တွင်အရေးပေါ်ခွဲ စိတ်ခဲ့ရပြီး ဆေး ကုသမှုခံယူနေရဆဲဖြစ်သည်။ ဆိုရလျှင် ၂ဝဝ၉ ခုနှစ် အမြန်လမ်းစတင်ဖွင့်လှစ်သည် မှ ယနေ့အထိ အမြန်လမ်းမပေါ် မှာ လူပေါင်း ၂ဝဝကျော် သေ ဆုံးခဲ့ရပြီးဖြစ်သည်။ ထိုအထဲတွင် နာမည်ကျော်အနုပညာရှင်တွေ ပါသည်။အတတ်ပညာရှင် တွေ ပါသည်။လေယာဉ်မယ်တွေပါ သည်။ နိုင်ငံကို တည်ဆောက် မည့်လူငယ်တွေပါသည်။

တိုင်း ပြည်အတွက် နစ်နာဆုံးရှုံးမှုများ ပင် ဖြစ်ပါသည်။ လမ်းမပေါ်မှာ ကြွေလွင့်ခဲ့သော ကြယ်ပွင့်တွေက များလှပါ ဘိ...။

သိန်းအေး

(လမ်းပန်းဆက်သွယ်ရေး နှင့် အန္တရာယ်ကင်းစင်ရေး အထူးပြုအချပ်ပိုမှ )
Popular Journal

ဆိုတေး ၏ဇနီး မချောချော ၏ ကျန်ရစ်သောရုပ်ကလ်အား ရေးဝေးသုဿန်တွင် ပို့ဆောင်မီးသဂြိုလ်မည်


ဆိုတေး၏ဇနီးဖြစ်သူ မ၀င့်ကဋေသူ (ခေါ်) မချောချော ၏ ကျန်ရစ်သောရုပ်ကလ်အား
16.7.2013 နေ့လည် ၁း၀၀ အချိန်တွင် ရေးဝေးသုဿန်တွင် ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ပါကြောင်း ၄င်း ၏ မိသားစုဝင်များ ၏ ပြောကြားချက် အရ Myanmar News International မှ သတင်းရရှိသည်။

ခင်ဝင့်ဝါက မစ်အင်တာနက်ဆုရရင်ရတာအားလုံး ပရဟိတလုပ်ပြီးလှူမည်


မစ်စူပရာနေရှင်နယ်ပြိုင်ပွဲ ၀င်နေတဲ့ ခင်ဝင့်ဝါက
“Miss Internet ဆုရခဲ့ရင် ဆုရတဲ့ငွေအားလုံးကို ပရဟိတလုပ်ပြီး လှူပါမယ်ရှင့်။ ညီမကို မျှော်လင့်ချက် အားမာန်တွေယုံကြည်မှုတွေ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့ပရိသတ်ကြီးရဲ့ ကျေးဇူးကို ညီမမမေ့ပါဘူး။ နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ရှင်။ ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်.” လို့ သူမရဲ့ ဖေ့ဘွတ်မှာမှာဖေါ်ပြထားပါတယ်။
Photo: ခင်ဝင့်ဝါက မစ်အင်တာနက်ဆုရရင်ရတာအားလုံး ပရဟိတလုပ်ပြီးလှူမည် မစ်စူပရာနေရှင်နယ်ပြိုင်ပွဲ ၀င်နေတဲ့ ခင်ဝင့်ဝါက “Miss Internet ဆုရခဲ့ရင် ဆုရတဲ့ငွေအားလုံးကို ပရဟိတလုပ်ပြီး လှူပါမယ်ရှင့်။ ညီမကို မျှော်လင့်ချက် အားမာန်တွေယုံကြည်မှုတွေ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့ပရိသတ်ကြီးရဲ့ ကျေးဇူးကို ညီမမမေ့ပါဘူး။ နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ရှင်။ ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်.” လို့ သူမရဲ့ ဖေ့ဘွတ်မှာမှာဖေါ်ပြထားပါတယ်

မြန်မာ့အလှမယ် ခင်ဝင့်ဝါ ဆုလေးဆုနဲ့အတူ အပြန်ခရီးကို ဂုဏ်ဆောင်နိုင်ခဲ့တယ်


မစ္စစူပရာနေရှင်နယ်ပြိုင်ပွဲကို ၀င်ရောက်ရှင်ပြိုင်ခဲ့တဲ့ မြန်မာ့အလှမယ် ခင်ဝင့်ဝါအနေနဲ့ သူမရရှိထားတဲ့ ဆုလေးဆုနဲ့အတူ စက်တင်ဘာလ ၈ ရက် နံနက် ၁၁း၄၅နာရီမှာ ရန်ကုန်လေဆိပ်ကိုပြန်လည်ရောက်ရှိမှာဖြစ်ပြီး သူမကိုလာရောက် ကြိုဆိုနိုင်တယ်လို့ သိရတယ်။

မစ္စစူပရာနေရင်နယ်ပြိုင်ပွဲကို ၀င်ရောက်ခဲ့တဲ့ ခင်ဝင့်ဝါက မစ်အင်တာနက်ဆု အပါအ၀င် ဆုပေါင်းလေးဆုကို ရရှိခဲ့ပြီး ရတဲ့ ဆုငွေအားလုံးကို ပရဟိတဒါန ပြုသွားမှာဖြစ်ပြီး Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ သိရတယ်။

“ညီမ စကာတင်(၂၀)ထဲမှာပါဝင်ခဲ့ပြီး Miss Internet ဆုရတဲ့အတွက် ၀မ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်... ဒီဆုတွေက ပရိသတ်ကြီး ပေးခဲ့တဲ့ဆုပါ... ညီမ အနေနဲ့ ဆုငွေအားလုံးကို ပရဟိတ အလှူဒါနပြုသွားမှာဖြစ်ပါတယ်။ညီမ မြန်မာပြည်ကို ရောက်တဲ့အခါ ညီမကို မိသားစုလို ချစ်ခင်ပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေလုပ်သွားမှာပါ။အဲဒီက ရရှိလာတဲ့ဝင်ငွေရဲ့ ၃၀ရာခိုင်နှုန်းကို လူမှုအကျိုးပြု ပရဟိတအလုပ်တွေ အတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်... ညီမ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မြန်မာတစ်မျိုးသားလုံးအတွက် အကျိုးပြုသွားပါမယ်ရှင့်... ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်” လို့ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ တင်ထားပါတယ်။

ခင်ဝင့်ဝါရရှိခဲ့တဲ့ ဆုတွေက Miss Internet ,Most Beautiful Girl in the World, People Choice Award နဲ့Face of Miss Supranational ဆုတို့ဖြစ်ပါတယ်။ မြန်မာ အလှမယ်ခင်ဝင့်ဝါ
ကစကာတင်လက်ရွေးစင်ဖိုင်နနယ်လစ်စာရင်းဝင်ခဲ့ပါတယ်။
Miss Supranational ဆုကို ဖိလစ်ပိုင်အလှမယ်က ရရှိခဲ့ပါတယ်။

The Modern News Journal

Sunday, September 8, 2013

တတိယလိင် မြန်မာမယ်

ပန်းရောင်ဂါဝန်တိုတို ဝတ်ဆင်ထားသည်က ဖြောင့်စင်းသော ပေါင်တံအလှကို ပေါ်လွင်စေသည်။ ခြေထောက် နှစ်ချောင်းကို ယှက်ထားကာ လက်နှစ်ဖက် ခါးထောက်လျက် ညုတုတု မျက်လုံးများနှင့် အကြည့်များက စူးရှလျက်။
သာမန်ကြည့်လိုက်ရင်တော့ဖြင့် အလှအပများ ပြင်ဆင်ထားသည့် မိန်းကလေးတစ်ယောက်။ သို့သော် သူသည် မိန်းမစစ်စစ်တော့ မဟုတ်။ အမျိုးသားတစ်ဦးက အမျိုးသမီး တစ်ဦးကဲ့သို့ ပြောင်းလဲကာ တတိယလိင်အဖြစ် ခံယူထားသူဖြစ်သည်။
socie_ttylmmm_01
သူ့အမည်ကား သညာမောင်။ အသက်က ၂၉ နှစ်။ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် နိုဝင်ဘာ ၁ ရက် နေ့၌ ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး ယှဉ်ပြိုင်မည့်သူလည်း ဖြစ်သည်။
သညာမောင်သည် ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာတိဖွားဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်နေကာ Ramkhamhaeng တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေးနှင့် အင်္ဂလိပ်စာ ဘာသာရပ်ကို အထူးပြု သင်ကြားလျက် ရှိသည်။
သညာမောင်သည် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စတင်ရောက်ရှိကာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်သည့်အပြင် ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးအတွက် စေတနာ့ဝန်ထမ်း အလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်။
Miss International Queen 2013 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရခြင်းကို သူက “ကျွန်မလို အမျိုးတူ Gender အပြောင်းအလဲ ဖြစ်နေသူတွေအတွက်လည်း အခွင့်အရေးကောင်းတွေ ရစေချင်လို့ပါ” ဟု ရင်ဖွင့် ပြောပြသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းကို ရန်ကုန်မြို့တော် အခြေစိုက် အလှ ဖန်တီးရှင် အသိုင်းအဝိုင်းက တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်း ဖြစ်သည်ဟု တူညီစွာ ပြောဆိုကြသည်။
“ဒီပွဲကိုဝင်ပြိုင်ရခြင်းက မြန်မာ့ဂုဏ်ဆောင် တစ်ဦးဖြစ်ချင်တာ” ဟုလည်း သညာမောင်က ဆိုသည်။
Miss International Queen 2013 ပြိုင်ပွဲကို Tiffany’s Show pattaya Co., Ltd. က စီစဉ်ပြီး ပြိုင်ပွဲဝင်များသည် ထိုင်းဘတ်ငွေ တစ်သောင်းခွဲကို ပေးသွင်းရမည်ဖြစ်ပြီး လာရောက် ယှဉ်ပြိုင်ရန်အတွက် ကုန်ကျစရိတ်များကို ကိုယ်တိုင်ကုန်ကျခံရမည် ဖြစ်သည်ဟု ယင်းပြိုင်ပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းပြိုင်ပွဲသည် တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခြင်း ဖြစ်ပြီး ဆွဲဆောင်မှုရှိသော ပြိုင်ပွဲဝင် ၃၀ ဦးက ယှဉ်ပြိုင်ကြမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
socie_ttylmmm_02နာမည်ကျော် အလှဖန်တီးရှင် မိတ်ကပ်တိုးတိုးကမူ “ပြိုင်ပွဲဝင်တာက အဘက်ဘက်က အရည်အချင်း ပြည့်စုံလို့ ဖြစ်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတွင် တတိယလိင်အဖြစ် ခံယူထားသူများကို အချို့က ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာ စသည်ဖြင့် တိုင်းတာကာ လက်ခံနိုင်ခြင်း မရှိကြဘဲ အချို့ကလည်း လူ့ခွင့်အရေး ရှုထောင့်က ရှုမြင်ကာ ထောက်ခံအားပေးသူများလည်း ရှိသည်။
ခေတ်အဆက်ဆက် အစိုးရကမူ တတိယလိင် ကိစ္စကို အားမပေးသော်လည်း မနှိမ့်ချသကဲ့သို့ ထောက်ခံခြင်းလည်း မရှိပေ။
ရန်ကုန်မြို့တော်ကြီးတွင် တတိယလိင် ခံယူသူတို့၏ မော်ဒယ်လ်ရှိုး လျှောက်ပွဲများကို ၂၀၀၉ ခုနှစ်တွင် ဆီဒိုးနားဟိုတယ်၌ ပထမဆုံး ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် အမျိုးသမီးစစ်စစ် များပင် အရှုံးပေးရလောက်အောင် ပြင်ဆင်ထားသည်ကိုလည်း တွေ့ရသည်။
ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် မော်ဒယ်လ်ရှိုး လျှောက်ပွဲကို Excel Tower တွင် ကျင်းပခဲ့သကဲ့သို့ ထိုင်းနိုင်ငံမှ တတိယလိင်အဖြစ် ခံယူထားသည့် အလှပဂေးများက တရားဝင် လာရောက် ဖျော်ဖြေကြသည်။
ထိုပွဲတွင် မော်ဒယ်လ်အဖြစ် လမ်းလျှောက်သူ အသက် ၂၄ နှစ်အရွယ် အလှဖန်တီးရှင်တစ်ဦးကမူ “မြန်မာနိုင်ငံမှာလည်း ဒါမျိုးရှိုးပွဲတွေ များများလုပ်စေချင်တယ်။ သညာမောင် ဝင်ပြိုင်တာလည်း ဆုရစေချင်တယ်” ဟု နွဲ့နှောင်းသောအသံဖြင့် ဆိုသည်။
သညာမောင် ဝင်ရောက် ယှဉ်ပြိုင်မည့် Miss International Queen ပြိုင်ပွဲကို ပတ္တရားကမ်းခြေတွင် ကျင်းပခဲ့သည်မှာ ၂၀၀၄ ခုနှစ်ကတည်းကပင်ဖြစ်ပြီး ဆုငွေမှာ အမေရိကန်ဒေါ်လာ တစ်သောင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံက Kevin Balot က ရရှိထားသည်။
၂၀၀၄ ခုနှစ်မှ စတင်ခဲ့သော ယင်းပြိုင်ပွဲဆုများကို ထိုင်းနိုင်ငံမှ သုံးကြိမ်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့က တစ်ကြိမ်စီ ရရှိထားသည်။
ကမ္ဘာတစ်ဝန်းရှိ တတိယလိင်အဖြစ် ခံယူထားသူများ စိတ်ဝင်တစား လာရောက် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲသို့ မြန်မာနိုင်ငံကို ကိုယ်စားပြုကာ သညာမောင်က ပထမဆုံး စတင်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။
သညာမောင်က“ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားပြီးတော့ ကျွန်မလိုဘဝတူတွေ အတွက်လည်း အခွင့်အလမ်းကောင်းတွေ ဖော်ဆောင်ပေးချင်လို့ပါ” ဟု ပြောပြသည်။
ဘုရင်မ သရဖူကို ပုံဖော်ထားသော Miss International Queen လိုဂိုအနီးတွင် ပန်းရောင်ဇာပေါက် အင်္ကျီကို ဝတ်ဆင်ထားသည့် စူးရှရှမျက်လုံးများဖြင့် ကြည့်နေသည်။ လိုဂိုအောက်တွင် Contestant -Miss Tanya Maung ဟု ရေးသားထားသည့်အပြင် ကိုယ်စားပြု ယှဉ်ပြိုင်သည့် နေရာတွင်လည်း မြန်မာဟု ဖော်ပြထားသည်က သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ဖြစ်သည်။
Miss International Queen 2013 ဆု ရမရကိုတော့ နိုဝင်ဘာ ၁ ရက်နေ့တွင် စောင့်ကြည့်ရဦး မည်ဖြစ်သည်။
မင်းထက်စံ

Monday, September 2, 2013

လတ်တလော ဂုဏ်ရှိန်ဝင့်ထည်

ဂုဏ်ရှိန်ဝင့်ထည်ကစင်ကာပူမှာအလင်းကောက်ကြောင်း ဓာတ်ပုံ အဖွဲ့နဲ့ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့သလို သူ့ရဲ့ ညှို့စီးရီးကို လည်း အဲဒီအဖွဲ့က ဗီစီဒီ ၂ပုဒ် ရိုက်ပေးခဲ့တယ်လို့ ပြောပါတယ်။ စင်ကာပူမှာတော့ ခပ်ဟော့ဟော့ပုံတွေပဲ ရိုက်ဖြစ်ခဲ့တယ်လို့ ပြောပြီး ကြော်ငြာ ၂ခုကိုလည်း စင်ကာပူမှာ လက်ခံရိုက်ကူး ခဲ့တယ်လို့သိရပါတယ်။စင်ကာပူ မှာကျော်ကျော်ဗိုနဲ့ ဓာတ်ပုံ ရိုက်တာတွေ့လို့မေးကြည့်တော့"ကိုကျော်ကျော်ဗို ကစင်ကာပူ ကိုသူ့အလုပ်ကိစ္စနဲ့လာတာပါ။ အလင်းကောက်ကြောင်း က အစ်ကိုတွေနဲ့ သူကခင်တော့ကူညီတဲ့အနေနဲ့ ရိုက်ပေးခဲ့တာပါ" လို့ ပြောပါတယ်။

၉လပိုင်းမှာ စင်ကာပူကို နောက်တစ်ခေါက်ထပ်သွား ဖို့ရှိပြီး နောက်တစ်ခေါက်ထပ်သွားမှာကတော့အလင်းကောက် ကြောင်းအဖွဲ့နဲ့ မြန်မာဆန်တဲ့ဝတ်စုံတွေနဲ့ဓာတ်ပုံ ရိုက်ဖို့ပါပဲလို့ဂုဏ်ရှိန်ဝင့်ထည် ကပြောပါတယ်။ ဂုဏ် ရှိန်ဝင့်ထည်ရဲ့ပုံတွေကို ဖေ့စ်ဘုတ် ပရိသတ်ဆီ ကဘာသံတွေကြားရလဲမေးတော့ "ပရိသတ်တွေ ကတော့ အားပေးကြ တာရှိသလို၊ ဝေဖန်ကြတာ လည်းရှိပါတယ်။အားပေးတဲ့လူတွေကြောင့် ပျော်ရသလိုဝေဖန်တဲ့လူတွေတချို့ကြောင့် စိတ်မကောင်း ဖြစ်မိတာရှိပါတယ်" လို့ ပြောပါတယ်။ ဂုဏ် ရှိန်ဝင့်ထည်က သူ့ရဲ့ညှို့ဗီစီဒီကိုလည်း ၉ လပိုင်း မှာ ထွက် နိုင်ဖို့ကြိုးစားနေပြီး ၉ လပိုင်း အမီထွက်ရင်တော့ စင်ကာပူမှာလည်း ပရို မိုးရှင်းပွဲလုပ်ဖို့ စီစဉ်မယ်လို့ ပြောပါတယ်။ တချို့အဆိုတော်တွေက ဗီစီဒီလုပ်မယ့် ငွေကို ဗီစီဒီမလုပ်တော့ဘဲ နောက်ထပ် တစ်ခွေလုပ်ကြ တာရှိတယ်။ ဂုဏ်ရှိန် ဝင့်ထည်ကောဘာလို့ ဗီစီဒီလုပ်တာ လဲလို့ မေးတော့ "ရှိန့်ကို ပြောကြ တဲ့လူတွေတော့ရှိတယ်။ အဲဒီ လိုပါလားပေါ့။ ဒါပေမဲ့ ကိုယ်က လည်းအနုပညာကို သေချာ လေးလုပ်ထားတာ မို့ပရိသတ်ကို ချပြချင်လို့ လုပ်ဖြစ်တာပါ" လို့ပြောပါတယ်။ ဂုဏ်ရှိန်ဝင့်ထည်ကို ဆွီဒင် က မြန်မာဓာတ်ပုံ အဖွဲ့ကလည်း ဓာတ်ပုံ ရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်လို့ သိရပါတယ်။

နေကွန်းထင်
Popular Journal

အနုပညာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာမျိုးမရှိဟု အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီး အိချောပို ပြော

ဒါရိုက်တာဝင်းထွန်း ထွန်းရိုက်ကူးနေတဲ့ 'ကျွန် တော် နဲ့အဖေ' ဇာတ် ကားမှာ အိချောပိုက လူမင်း၊ မြင့်မြတ်၊ လှမျိုးသဉ္ဇာနွယ်၊ ယုသန္တာတင်၊ မေပန်းချီတို့နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားထဲမှာ အိချောပိုက ပန်းရံအလုပ်သမားတစ်ယောက် ဖြစ်ပြီး မြင့်မြတ်ရဲ့ ချစ်သူအဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက မိသားစုဒရာမာ ဇာတ်ကားလေးဖြစ် တယ်လို့ သိရပါတယ်။

ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ပရိသတ်ရဲ့ အမြင်မရိုး သွားအောင် အတတ်နိုင်ဆုံး ပြင်ဆင် ဖြစ် တယ်လို့ ဆိုလာတဲ့ အိချောပိုက ... "ဒီဇာတ် ကားလေး က ဒရာမာလည်းဖြစ်တယ်။ အိချောလည်း ပန်းရံကောင် မ လေးလိုမျိုး ဝတ်ထားပြီး သရုပ်ဆောင်ဖြစ်တယ်။ ဒရာမာ ဇာတ်လေး ပဲဖြစ်တဲ့အတွက် အိချောအနေနဲ့ လုပ်ရတာ အဆင်ပြေတယ်။ အိချောက ကိုယ်တာဝန်ယူထားတဲ့ဇာတ် ကိုပဲ အပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင် ထားတယ်။ ပြင် ဆင်ဖြစ်တယ်။ အဲဒါမှလည်း ပရိသတ်ရဲ့အမြင်မှာ မရိုးမှာလေ။ ဒီတိုင်းကြီးကျတော့လည်း ပရိသတ်ရဲ့ အမြင် မှာ ကြာရင်ရိုးသွား မှာစိုးတယ်။ အိချောအနေနဲ့ကတော့ ကာရိုက်တာမရွေး သရုပ်ဆောင်ဖြစ်ပါတယ်။ ကာရိုက် တာ အားလုံးကိုလည်း သရုပ်ဆောင်ကြည့်ချင်ပါတယ်။ လူ့ဘဝ ရဲ့ အခက်အခဲလေးတွေကိုလည်း ပီပြင်အောင် သရုပ်ဆောင်ပြီး ရိုက်ကူးပြ ချင်တယ်။ အိချောအနေနဲ့က သဘာဝဇာတ်ရုပ် လေးတွေကို သရုပ် ဆောင်ရတာ ကြိုက်လည်းကြိုက် တယ်။ ဒရာမာကိုလည်း သရုပ်ဆောင် ရတာ ပိုပြီးအားရတယ်" လို့ ပြောပါတယ်။

အနုပညာအလုပ် လုပ်ရတာ တခြားဘာအခက်ခဲမှ မရှိဘဲနဲ့ လုပ်နိုင်ပြီး ကိုယ့်ရဲ့အနုပညာကို ပရိသတ်တွေက အသိအမှတ် ပြုပေးတဲ့အပေါ် မှာလည်း ဝမ်းသာကျေနပ်မိတယ်လို့ အိချောပိုက ဆိုပါတယ်။

"ကိုယ့်ရဲ့ဇာတ်ကား လေးတွေကို ကြည့်ပြီး ပရိသတ်တွေဆီမှာ ကျေ နပ်သွားတယ်။ သဘောကျသွားတယ်ဆိုရင် အိချော အနေနဲ့ အရမ်း ပီတိ ဖြစ်ရတယ်။ ပရိသတ်တွေအတွက်ပဲ ရည်ရွယ်ပြီး ဇာတ်ကားတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ပရိသတ်ရဲ့ အားပေးမှုက ကိုယ့်အတွက်လည်းအားဖြစ်စေတယ်။အိချောအနေနဲ့ကတော့ အနုပညာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာမျိုးတွေတော့ အိချောဆီမှာမရှိ ဘူး။ ကိုယ်တိုင်လည်း အချိန်နဲ့အမျှအနုပညာ အရည် အသွေးပြည့်မီ အောင်လို့ အမြဲကြိုးစားတယ်။ တခြားဘာအခက်အခဲမှတော့ မရှိဘူး နည်းနည်းစိတ်ပင်ပန်းတဲ့အခါ မိသားစုနဲ့ပျော်အောင်နေတယ်" လို့ ပြော ပါတယ်။ အိချောပိုက အချစ်ရေးမှာလည်း အေးအေးဆေးဆေး ပါပဲလို့ ပြောပြီး ကိုယ့်အလုပ်ကို နားလည်ပေးပြီး သစ္စာရှိရှိနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် နားလည်ပေးနိုင်တဲ့ သူကိုပဲရွေးချယ် မှာပါလို့ ပြောပါတယ်။

လွင်လွင်ထွန်း

Popular Journal

အချစ်ဆိုတာ အဓိကကတော့ သစ္စာရှိဖို့ အရေးကြီးပါတယ်ဆိုသူ ဖွေးဖွေး

လတ်တလောမှာတော့ဖွေးဖွေးကဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ ‘ညရေးချညာ’ ဇာတ်ကားကို အောင်ရဲ လင်းနဲ့အတူ ရိုက်ကူးနေပါ တယ်။ နောက်ပိုင်းမှာ ဒရာမာနဲ့ ဟာသဇာတ်လမ်းပုံစံလေးတွေကိုမျှအောင် ရိုက် ဖြစ်နေကြောင်း ပြောတဲ့ဖွေးဖွေးက ဇာတ်ကားတစ်ကား ကောင်း ဖို့အတွက် ဇာတ်ကားထဲမှာပါဝင်တဲ့ အနုပညာရှင် အားလုံးအရေးကြီးေ ကြာင်း ပြောပါတယ်။ “ဇာတ်ကားကောင်းဖို့အတွက် အကုန်လုံးအရေး ကြီးပါတယ်။ ဒါရိုက်တာက အဓိက အရေးကြီးဆုံးပဲ။ ဇာတ်လမ်းတစ်ခုလုံးကို ဒါရိုက်တာ စီစဉ်ညွှန်ကြားတဲ့အတိုင်း ရိုက်ရတာ။ တချို့တွေကျတော့ Edit ပိုင်းပါဝင်ပါရတယ်လေ။

တစ်ခါတလေကျရင်ကိုယ်သရုပ်ဆောင်ကောင်းပေမယ့် တည်းဖြတ် က ကောင်းသင့်သ လောက်မကောင်းတဲ့သဘောရှိသွားတယ်” လို့ ပြောပါတယ်။လက်ရှိရရှိထားတဲ့နေရာလေး ကိုတော့ ကျေနပ်မှုအပိုင်း လည်း ရှိသလို မကျေနပ်သေးတဲ့ အပိုင်းလည်းရှိကြောင်း ဖွေးဖွေး က ပြောပါတယ်။ “အခု ဖွေးဖွေးက ပုံမှန်ဘဝတစ်ခုကိုတော့ရနေ တယ်။လောလောဆယ်မှာ ဖွေးဖွေးအလုပ်ကို အသစ်အဆန်း တစ်ခု လုပ်ချင်စိတ်ပေါက်နေတယ်။

အနုပညာအလုပ်မှာကျေနပ်တဲ့အပိုင်းလည်းရှိပါတယ်။ဒါပေမဲ့ဖွေးဖွေး
မကျေနပ်သေးပါဘူး။ ကြိုးစားရဦးမယ်။ ဖွေးဖွေးတို့လုပ်နေတဲ့အလုပ်က ကံနဲ့လည်းဆိုင်ပါတယ်။ကိုယ့်ရဲ့ကြိုးစားမှုနဲ့လည်းဆိုင်ပါတယ်။အောင်မြင်မှု ဆိုတာကလည်း တစ်သက်လုံးတည်မြဲမယ့် အရာမဟုတ်ဘူးလေ။ဒါပေမဲ့ အ တတ်နိုင်ဆုံးတော့ထိန်း သိမ်းရမှာပေါ့”လို့ ပြောပါတယ်။

အချစ်ဆိုတာ ထက်မေတ္တာနဲ့ သံယောဇဉ်ကို စိတ်ထဲမှာ ပိုရှိကြောင်းပြောတဲ့
ဖွေးဖွေးက အချစ်နဲ့ပတ်သက်ပြီး “အချစ်ကို တစ်ယောက်နဲ့ တစ်ယောက်
အဓိပ္ပာယ် ဖွင့်ဆိုခြင်း ပုံစံမတူကြဘူး။ တစ် ယောက်တစ်မျိုးစီပါပဲ။ ကိုယ့်ကို
လည်း ချစ်ပြီး ကိုယ်ကလည်းပြန်ချစ်ရမယ်။ အဓိက က တော့ သစ္စာရှိဖို့ အရေးကြီးတယ်”လို့ ပြောပါတယ်။

တွယ်တာ၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

အနုပညာမျိုးရိုးရှိလို့ ကိုယ့်ကိုထောက်ပံ့ပေး တယ်ဆိုရင်ကိုယ်က မကြိုးစားဘဲနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ (ပိုးအိဖြူဇင် နှင့်တွေဆုံခြင်း)

မော်ဒယ်လောကတွင် နာမည်တစ်ခုရဖို့ဆိုတာ အင်မတန်မှခက်ခဲသည့် အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ အလှကမ္ဘာလို့ တင်စားခေါ်ဝေါ် ကြသည့် မော်ဒယ်လောကတွင် ရှိုးပွဲများအများ ဆုံးလျှောက်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သရုပ်ဆောင်ဘက်ကိုကူးပြောင်းမည့် ပိုးအိဖြူဇင်နှင့် အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - မော်ဒယ်လောကကို စဝင်ဖြစ်တဲ့အကြောင်း ကရော။

ဖြေ - ၂၀၁၁ ခုနှစ်ကုန်ပိုင်းလောက်က စတင် ပြီး ဝင်ရောက်ခဲ့တယ်။ နောက်ပိုင်းမှာ မော်ဒယ် ပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တယ်။ Miss People မှာ First Runner Up့ စ ရခဲ့တယ်။ နောက်ပိုင်းမှာ Miss International မနန်းခင်ဇေယျာတို့နဲ့အ တူ ဝင်ပြိုင်တုန်းကMiss ငွေဆောင်ဆုရခဲ့တယ်။ မော်ဒယ်လောကထဲကို စဝင်ဝင်ချင်းတော့ အ ခက်အခဲကတော့ ရှိတာပေါ့နော်။

မေး - မော်ဒယ်လောကမှာ ထူးထူးခြားခြား ဆံ ပင်ရှည်ထားတဲ့သူနည်းတယ်နော်။

ဖြေ - ဟုတ်တယ်။ ဆံပင်ရှည်ထားတဲ့သူ သိပ် မရှိဘူး။ ညီမက ဆံပင်အရှည်ကို ငယ်ငယ်လေး ကတည်းကထားတာပါ။ 'ယူရှီးဒိုး' ပြိုင်ပွဲမှာလည်း ဆံပင်နဲ့ဆုရထားဖူးတော့ ပရိသတ်က သိနေ တာပေါ့။ ပိုးအိဖြူစင်လို့ ပရိသတ်တွေ သိတာ ကလည်း ဆံပင်ကြောင့်ပဲ။ တခြားမော်ဒယ်တွေ နဲ့ကွာတာကလည်း ဆံပင်အရှည်ထားတာကြောင့် ပဲ ဖြစ်မှာပါ။ ပရိသတ်တွေကလည်း FACEBOOK ကွန် မန့်တွေပေးတယ်လေ။ ဆံပင်ရှည်နဲ့ပဲလိုက်တယ် လို့။ ဒါပေမဲ့ အခုနည်းနည်းတောင်တိုသွားပြီ။ ဆံပင်က ပုံစံအမျိုးမျိုး ပြောင်းနေရတာဆိုတော့ ပျက်စီးတဲ့ အရာတွေလည်းရှိလို့ နည်းနည်းတော့ တိုသွားပြီ။ တအားကြီးတော့ မဟုတ်ပါဘူး။

မေး - အခုဆိုရင် မြန်မာနိုင်ငံက မော်ဒယ်တ ချို့ ပြည်ပနိုင်ငံတွေကိုသွားပြီးတော့ ပြိုင်ကြရ မယ့်အနေနဲ့ ညီမအနေနဲ့ရော ဝင်ပြိုင်ချင်စိတ် မရှိဘူးလား။

ဖြေ - ရှိတာပေါ့။ အင်မတန်ကို ဝင်ပြိုင်ချင် တယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေကို သွားပြိုင် တယ်ဆိုတာက ဘာသာစကားလိုတယ်။ စန္ဒရား လည်း တီးတတ်ရတယ်။ အဲဒီပြည်ပနိုင်ငံတွေကို သွားပြိုင်ဖို့ဆိုတာက ကိုယ့်မှာလိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ မပြည့်စုံသေးဘူး။ ပြင် ဆင်မှုတွေလုပ်ရမယ်။ ပြည်ပနိုင်ငံတွေကို သွား ပြီးတော့ ပြိုင်ရမယ့်သူတွေကလည်း အကုန်လုံး တတ်ကျွမ်းတဲ့သူတွေက များတယ်လေ။ ဒါပေ မဲ့ ဝင်ပြိုင်ဖြစ်အောင်တော့ ကိုယ့်ဘက်က Ready ဖြစ်အောင် ကြိုးစားနေတယ်။ အကုန်လုံးပြည့် စုံပြီဆိုရင်တော့ ဝင်ပြိုင်ဖြစ်မှာပါ။

မေး - မော်ဒယ်အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်ဖြစ်သွားမှာလား။

ဖြေ - မဟုတ်ပါဘူး။ သရုပ်ဆောင်တစ်ဦး ဖြစ် ချင်တာပါ။ မော်ဒယ်လောကထဲကို ဝင်တာက သရုပ်ဆောင်ဘက်ကို အဲဒီလိုင်းကဝင်ရင်ပိုပြီး တော့ အဆင်ပြေမယ်ထင်လို့ ရွေးချယ်ခဲ့တာ ပါ။ သရုပ်ဆောင်အလုပ်ကို အစိမ်းသက်သက် ကြီးဝင်ရင် အဆင်မပြေနိုင်ဘူးလေ။ မော်ဒယ် ဘက်မှာ နည်းနည်းလောက်ပိုပြီး ကိုယ့်အတွက် နာမည်ရလာတာနဲ့ သရုပ်ဆောင်ဘက်ကိုပြောင်း မှာပါ။

မေး - လတ်တလော အနုပညာလှုပ်ရှားမှု ဘာ တွေ လုပ်နေလဲ။

ဖြေ - လတ်တလောက မဂ္ဂဇင်းကာဗာနဲ့ ဂျာ နယ်ကာဗာတွေ ရိုက်ဖြစ်နေတယ်။ ကြော်ငြာ ရိုက်ဖို့လည်း ရှိတယ်။

မေး - အခုမော်ဒယ်လောကထဲကို ဝင်လာတော့ လက်ဦးဆရာကရော ဘယ်သူတွေဖြစ်မလဲ။ အိမ် ကရော ကန့်ကွက်တာတွေ ရှိလား။

ဖြေ - မရှိပါဘူး။ အိမ်ကလည်း ဒီအနုပညာ အလုပ်ကို ဝါသနာပါတဲ့သူတွေပဲလေ။ လက် ဦးဆရာကတော့ Teacher မိုးပေါ့နော်။ သူက တော့ ပိုးအိရဲ့ လက်ဦးဆရာပါပဲ။

မေး - အနုပညာမျိုးရိုးရှိလား၊ ရှိရင်ရော သူတို့ တွေက ဘယ်လိုအကူအညီမျိုးတွေပေးလဲ။

ဖြေ - အနုပညာမျိုးရိုးရှိပါတယ်။ မစမိုင်းလ်က ညီမရဲ့ အစ်မတစ်ဝမ်းကွဲပါ။ အစ်မကလည်း သူ့ အလုပ်နဲ့သူ၊ ညီမကလည်း ကိုယ့်ဘာသာနေတာ ဆိုတော့ ကူညီပေးတာမျိုးတွေမရှိပါဘူး။ ဒါ ပေမဲ့ အဓိကကတော့ ကိုယ့်ကြိုးစားမှုနဲ့သက်ဆိုင် ပါတယ်။ အနုပညာမျိုးရိုးရှိလို့ ကိုယ့်ကိုထောက် ပံ့ပေးတယ်ဆိုရင် ကိုယ်က မကြိုးစားဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလေ။ ကိုယ်ကိုယ်တိုင် မလုပ်ရင် ဘာမှမရဘူး။ အဲဒီမူကိုပဲ ကျင့်သုံးတယ်။

မေး - ညီမပြောချင်တာများရှိရင် ပြောပေးပါလား။

ဖြေ - ထွေထွေထူးထူးတော့ မရှိပါဘူး။ ညီမ ရှေ့ဆက်ပြီးတော့ အနုပညာအလုပ်ကိုပဲ တစ် စိုက်မတ်မတ်နဲ့ ဆုံးခန်းတိုင်အောင်လုပ်သွားမယ်။ ငယ်ငယ်လေးကတည်းကလည်း ဒီအနုပညာ အလုပ်ကို ဝါသနာပါတဲ့အတွက် သရုပ်ဆောင် လောကမှာ နေရာတစ်နေရာရအောင်လို့ကြိုး စားသွားမယ်။ အခုက ပရိသတ်အနည်းနဲ့အများ ပဲ သိနေတယ်ဆိုပေမယ့် နောက်ပိုင်းမှာ ဒီထက် ပိုမိုပြီးသိရှိအောင် ကြိုးစားလုပ်ကိုင်သွားမယ်။

ရ တနာတွေ့ဆုံမေးမြန်းသည်။
သြဂုတ်(၂၈) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

ဘန်နီဖြိုး၏ လူပျိုလှည့်တေးစီးရီး နိုဝင်ဘာတွင် ထွက်မည်

ရန်ကုန်၊ သြဂုတ် ၂၈

အလွမ်းပြေအနမ်း၊ နှစ်ပတ်လည် စတဲ့သီချင်းတွေနဲ့ လူငယ်ပရိသတ် အားပေးမှုရခဲ့တဲ့ တေးသံရှင်ဘန်နီဖြိုးက သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ လူပျိုလှည့် တေးစီးရီးကို နိုဝင်ဘာလအတွင်း ဖြန့်ချိပေးသွားတော့မှာပါလို့ The Voice ကိုပြောပါတယ်။

"ဒီစီးရီးက ကျွန်တော့်ရဲ့ ပထမတစ်ကိုယ်တော်စီးရီး “ချစ်တယ်ဟုတ်” ထဲက Music ပုံစံတွေနဲ့ နည်းနည်းကွဲလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ဆိုနေကျ သီချင်းပုံစံလည်း မပျောက်အောင် နောက်ထပ် Level တစ်ခုလည်းရောက်အောင် ကြိုးစားထားပါတယ်။ သီချင်းပုဒ်ရေကတော့ ၁၂ ပုဒ် ပါမယ်။ သီချင်းတွေ အကုန်လုံးကို ကျွန်တော်ကိုယ်တိုင် ရေးထားတယ်။ Featuring ဆိုပေးတဲ့ Rapper တွေကတော့ သူတို့ဆိုတဲ့အပိုဒ်ကို ကိုယ်တိုင်ရေးထားကြတယ်။ သီချင်း အကြောင်းအရာတွေ ကတော့ ကျွန်တော်ရဲ့ခံစားချက်တွေကို ဖွဲ့ထားတာ ပါသလို၊ သူငယ်ချင်းတွေရဲ့ ခံစားချက်တွေကို ကိုယ်စားခံစားပြီး ရေးထားတာတွေလည်း ပါမယ်" လို့ ဘန်နီဖြိုးက ပြောပါတယ်။

လူပျိုလှည့် တေးစီးရီးမှာ Featuring သီဆိုသူများ အဖြစ် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ ကိကိနဲ့ Underground မှာ ကျင်လည်နေတဲ့ သူငယ်ချင်းများ ပါဝင်မှာဖြစ်ပြီး အရင်ထွက်ရှိခဲ့တဲ့ စီးရီးများနဲ့ မတူတဲ့ ရသမျိုးကို ပေးနိုင်အောင် ကြိုးစားထားတဲ့အတွက် ပရိသတ်များကို အားပေးစေချင် ပါတယ်လို့ သူက ဆိုပါသေးတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု ကတော့ We Can Do It ဆိုတဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး သီချင်းတစ်ပုဒ်ကို တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေတို့နဲ့ ရိုက်ကူးထားပြီး အဖွဲ့လိုက် တေးစီးရီးများလည်း ထွက်လာဖို့ရှိတယ်လို့ ဘန်နီဖြိုးက ပြောပါတယ်။

The Voice Weekly

နန်းသူဇာ နှင့် တွေ့ဆုံခြင်း



အခုချိန်ထိလည်း ဓာတ်ပုံ မော်ဒယ်ပါပဲ

နန်းသူဇာကြော်ငြာများ ရိုက်ကူးရင်းမှ ပရိသတ်များသိထားခဲ့ပြီး ယခုအခါတွင် ပထမစီးရီး အနေဖြင့် စထွက်မယ်လို့ရည်ရွယ်ထားခဲ့ပြီး ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း နှင့်ပတ်သက်၍ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပါလား။

ဖြေ - လတ်တလောကတော့ သီချင်းခွေအတွက် လုပ်နေတယ်။ မဂ0x081ဂဇင်းနဲ့ ကြော်ငြာတွေကတော့ ပုံမှန်ပဲရိုက်ဖြစ် နေတယ်။ အလုပ်လာအပ်တော့ ကိုယ်နဲ့အဆင်ပြေမယ့်အရာမျိုးဆို လက်ခံပြီးရိုက်ဖြစ်ပါတယ်။

မေး - Photo မော်ဒယ်တွေ၊ ကြော်ငြာတွေရိုက်ရင်းကနေမှ အဆိုတော်ဘက်ကိုပြောင်းဖို့ စီစဉ်ဖြစ်ခဲ့တာကရော။

ဖြေ - မော်ဒယ်လုပ်ဖို့ကို ငယ်ငယ်ကတည်းက အစီအစဉ်မရှိပါဘူး။ အဆိုတော်လုပ်ဖို့က အစီအစဉ်ရှိတယ်။ ဒါကတော့ ဝါသနာအရင်းခံပေါ့နော်။ အဆိုတော်လုပ်ဖို့ဆိုတာ။ ဒါပေမဲ့ ပရိသတ်လက်ခံဖို့ မခံဖို့ဆိုတာ ကိုယ်ကြိုးစားမှုပေါ်မှာပဲ မူတည်တယ်ပေါ့နော်။ အခွေထွက်ဖို့က အမှတ်တရအနေနဲ့ရော ပရိသတ်ကြီးကို ဒီထက်မက ဆိုပြချင်သေးတာလဲ ပါတယ်။

မေး - သီချင်းပုံစံက ဘယ်လိုပုံစံမျိုးတွေထည့်ပြီး သီဆိုသွားမှာလဲ။

ဖြေ - သိပ်မကြာသေးဘူးပေါ့နော်။ ဒါပေမဲ့ လုပ်ချင်နေတာတော့ကြာပြီ။ အခုလဲ တဖြည်းဖြည်းချင်းတော့ လုပ် နေတာပါ၊ ချစ်စရာကောင်းတဲ့ပုံစံမျိုးတွေပါမယ်။ နောက်ပြီးတော့ရွှေ  FM ထဲမှာ တစ်ပုဒ်ပါထားတယ်လေ။ အဲဒီပုံစံနဲ့ မတူတဲ့ကွဲပြားတဲ့ပုံစံတွေလည်းပါမယ်။ ပုံစံအမျိုးမျိုးတော့ပါမယ်။ စီးရီးခေါင်းစဉ်ပေးထားတာတော့ရှိပါတယ်။ သူငယ်ချင်းလို့တော့ ပေးဖို့လျာထားတယ်။

မေး - ဘယ်အချိန်ကနေစပြီး မော်ဒယ်လောကထဲ စဝင်လာခဲ့တာလဲ။

ဖြေ - STEP  ဖက်ရှင်ပြိုင်ပွဲမှာဆုရပြီးတော့ ဖိုတိုမော်ဒယ်ထဲကို ဝင်လာတာပေါ့နော်။ အခုအချိန်ထိလည်း Photo  မော်ဒယ်ပါပဲ။ ရုပ်ရှင်မရိုက်တော့လေ ၂၀၀၉မှာဝင်ခဲ့တယ်။ ၂၀၁ဝလောက်မှ တကယ်အခြေချပြီး ဝင်ခဲ့တာပေါ့နော်။

မေး - ပထမဆုံးစီးရီးခွေဆိုတော့ နန်းသူဇာကို ကူညီပံ့ပိုးခဲ့တဲ့သူတွေရောရှိလား။

ဖြေ - ကိုယ့်ပတ်ဝန်းကျင်က လူတွေပဲပေါ့နော်။ ကိုဘိုဆန်းတို့ရော သူငယ်ချင်းတွေအကုန်လုံးကလဲ ရေးပေးဆိုပေး ဖို့တွေရှိပါတယ်။ ကိုယ်တိုင်တော့ သီချင်းရေးကြည့်သေးတယ်။ ဒါပေမဲ့ အဆင်မပြေတာနဲ့ပဲ ထည့်မထားဘူး။နောက်မှ အေးဆေးပေါ့။ ဒီလထဲမှာတော့ ထွက်ဖို့စဉ်းစားထားတယ်။ မှီရင်ပေါ့နော်။ ဇာတ်ကားရိုက်ဖို့တော့ အစီ အစဉ်မရှိပါဘူး၊

မေး - နန်းသူဇာ အချစ်ရေးရောအဆင်ပြေလား။

ဖြေ - အချစ်ရေးကအဆင်ပြေပါတယ်။ ၂၀၁၁ခုနှစ်လောက်က စပြီးတော့တွဲဖြစ်ခဲ့တယ်။ အခု အခွေအတွက်ကိုလဲ သူက နည်းနည်းပါးပါး ကူညီပေးပါတယ်။

မေး - ဖက်ရှင်က ဘယ်လိုဒီဇိုင်းမျိုးနဲ့ဆို ကိုယ်နဲ့အလိုက်ဖက်ဆုံးလဲ။

ဖြေ - ဖက်ရှင်ပုံစံကတော့အမျိုးမျိုးပါပဲ။ ပွဲတွေဆိုလည်း ပွဲပုံစံပေါ့နော်။ အဆင်ပြေသလိုဝတ်ဖြစ်တာပဲ များပါတယ်။

မေး - မြန်မာ့ရိုးရာအဝတ်အစားတွေ ပြန်လည်ခေတ်စားလာတာနဲ့ပတ်သက်ပြီး ညီမအမြင်က။

ဖြေ - အခုအချိန်မှာမြန်မာ့ရိုးရာဝတ်စုံတွေကို ပုံစံအမျိုးမျိုးနဲ့ချုပ်ပြီး ဝတ်ဆင်လာကြတာဆိုတော့။ ပြန်ပြီးတော့လဲ ခေတ်စားလာကြတယ်။ အဲဒီလိုခတ်စားလာတဲ့အချိန်မှာ သဘောကျပါတယ်။ အရင်တုန်းကလို ချိတ်ဝတ်စုံတွေဝတ် မှတော့မဟုတ်ဘူး။ ပုံစံအမျိုးမျိုးတွေရှိလာတယ်။ ဒီဇိုင်းတွေကအစ ဒီဇိုင်နာတွေက အပြိုင်အဆိုင်ချုပ်လာကြတာ ဆိုတော့ အများစုကောင်မလေးတွေက ဝတ်လာကြပါတယ်။ ပိုကောင်းတာပေါ့နော်။ မြန်မာဝတ်စုံတွေဝတ်လာ တာ။ ဒါပေမဲ့ သူ့နေရာနဲ့သူပေါ့နော်၊

မေး - မော်ဒယ်လောကထဲကိုဝင်တော့ အခက်အခဲတွေရှိခဲ့သေးလား။

ဖြေ - အခက်အခဲကတော့ အများကြီးပါပဲ။ သရုပ်မဆောင်တတ်တာက အစပေါ့၊ အကင်0x081ျီစီစဉ်တာကအစ စစချင်း ဘာမှမလုပ်တတ်ဘူး။ အများကြီးတော့အခက်အခဲတွေက ကျော်ဖြတ်ခဲ့ရတာချည်းပဲ။ ဒါပေမဲ့ ကိုယ်မှားတဲ့အမှား တွေကနေပြီးတော့ သင်ယူရတာပေါ့၊

မေး - နန်းသူဇာပရိသတ်အတွက် စကားတစ်ခွန်းလောက်။

ဖြေ - ပရိသတ်ကို အရမ်းလည်းချစ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ပြီးတော့ နန်းသူဇာ အခွေထွက်ရင်လဲ အားပေးပါလို့။

ရတနာ တွေ့ဆုံမေးမြန်းသည်။

Yangon Media Group

တက်သစ်စမင်းသမီ စိုးနန္ဒာကျော်နှင့်တွေ့ဆုံခြင်း။

The Sign Of Love ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားတဲ့ မြတ်နိုးခင်ဟုပြောလျှင် လူတိုင်းသိကြမှာပါ။ အခု မြတ်နိုးခင်တစ်ယောက် အနုပညာလောကထဲကို တဖြည်းဖြည်းနဲ့ ရောက် ရှိလာနေပါပြီ။ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးတော့မယ်လို့ပြောလာတဲ့ တက်သစ်စမင်းသမီး လေး 'စိုးနန္ဒကျော်'နဲ့ အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - အခုလတ်တလော အနုပညာလှုပ်ရှားမှု လေးပြောပြပေးပါဦး။
ဖြေ - အခုလောလောဆယ်တော့ အချစ် သင်္ကေတဇာတ်လမ်းတွဲအတွက် ရိုက်နေပါ တယ်။ ပြီးတော့မဂ္ဂဇင်းတွေ၊ ကြော်ငြာတွေအ တွက်လည်း ဓာတ်ပုံတွေရိုက်ပေးဖြစ်နေပါတယ်။ အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကားရိုက်ဖို့အတွက် လာကမ်းလှမ်းထားတာတွေလည်းရှိပါတယ်။
မေး - ဗီဒီယိုဇာတ်ကားတွေရိုက်တော့မယ်ဆို တော့ ဘယ်ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ထားလဲ။

ဖြေ - အဲဒီလိုမျိုး စာချုပ်စာတမ်းနဲ့ရိုက်တာ မျိုးတော့ မဟုတ်ပါဘူး။ ဗီဒီယိုထုတ်လုပ်ရေး တွေကို ဇာတ်ညွှန်းတွေလာပြတယ်။ ပြီးတော့ အိမ်ကိုလာပြီးတော့ ဘယ်လိုဇာတ်ကားမျိုးလေး တွေရိုက်ချင်လဲ။ သူတို့ဆီမှာတော့ ဘယ်လိုဇာတ် ကားမျိုးတွေ ရှိနေတယ်ဆိုပြီး လာပြောပြကြ တာပါ။ ဗီဒီယိုဇာတ်ကား ရိုက်ဖြစ်ရင်လည်း ကို နေမင်းတို့နဲ့ အရင်ဆုံးရိုက်ဖြစ်မယ်တော့ ထင် ပါတယ်။ အခုချိန်အထိတော့ ဘယ်ဇာတ်ကားကို ဘယ်သူနဲ့ရိုက်ဖြစ်မယ်ဆိုတာ မစဉ်းစားဖြစ်သေး ပါဘူး။ လာကမ်းလှမ်းတာတွေကိုတော့ အတတ် နိုင်ဆုံး ရိုက်ဖြစ်အောင် ရိုက်သွားမှာပါ။

မေး - ဘယ်လိုဇာတ်ကားမျိုးတွေရိုက်ချင်လဲ။
ဖြေ - အခုချိန်မှာ စိုးနန္ဒကျော်ဆိုတာက တက် သစ်စမင်းသမီးတစ်ဦး ဖြစ်နေတဲ့အတွက် ဘယ် လိုဇာတ်ကားမျိုးကိုမဆို ကမ်းလှမ်းလာရင်ရိုက် ဖြစ်မှာပါ။ အဲဒီလိုကမ်းလှမ်းလာတဲ့ ဇာတ်ကား တွေထဲကမှ ကိုယ့်အတွက် လုပ်ကွက်ရှိမယ့် ကိုယ့်လုပ်လိုက်တဲ့ အမူအရာတစ်ခုက ပရိသတ် ကိုယ့်ကို အသိအမှတ်ပြုစေမယ်။ ပြီးတော့ ပရိသတ်မျက်စိထဲမှာ ကိုယ့်ကိုမှတ်မိစေနိုင်မယ့် ဇာတ်လမ်းဇာတ်ကွက်မျိုးကို အဓိကထားပြီး တော့ ရိုက်ချင်ပါတယ်။

မေး - တကယ်လို့ စိုးနန္ဒကျော်ကို Sexy ပုံစံ ဇာတ်ဝင်ခန်းမျိုး ဇာတ်ကားမျိုးရိုက်ဖို့အတွက် ကမ်းလှမ်းလာမယ်ဆိုရင်ရော ရိုက်ဖြစ်မှာလား။
ဖြေ - မရိုက်ပါဘူး။ သမီးက အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ချင်တယ်။ ပရိသတ် အသိအမှတ်ပြု စံထားနိုင်မယ့်သူတစ်ဦးဖြစ်ချင် တာကြောင့် ဒီလိုဇာတ်ဝင်ခန်းမျိုးရိုက်ရင် ပရိ သတ် မကြိုက်လောက်ဘူးလည်း ထင်တယ်။ ပြီး တော့ Sexy ပုံစံ ဇာတ်ဝင်ခန်းမျိုးပဲဖြစ်ဖြစ်၊ ဇာတ်ကားပဲဖြစ်ဖြစ် သမီးနဲ့မလိုက်ဖက်ဘူးလို့ လည်း ထင်တာကြောင့် Sexy ဇာတ်ကားကို တော့ သမီးဘယ်တော့မှ ရိုက်မှာမဟုတ်သလို ဘယ်တော့မှလည်း Sexy ပုံစံမျိုးနဲ့ ပရိသတ်ရှေ့ ကိုရောက်လာမှာ မဟုတ်ပါဘူး။

မေး - အနုပညာရှင်ကောင်းတစ်ဦးဖြစ်ချင် တယ်ဆိုတော့ အနုပညာရှင်တစ်ဦးရဲ့ဘဝကို ဘယ် လိုခံယူထားလဲ။
ဖြေ - အနုပညာရှင်တစ်ဦးက ဆေးစက်ကျရာ အရုပ်ဖြစ်ရတဲ့ ဘဝပါ။ ဘယ်လိုကာရိုက်တာမျိုး ကိုပဲဖြစ်ဖြစ် ကိုယ်လက်သင့်ခံလိုက်ပြီဆိုရင် ပရိသတ် ကိုယ့်ကိုလက်ခံတဲ့ အနေအထားတစ်ခု ရောက်အောင်၊ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူ တွေရဲ့ စိတ်ကျေနပ်မှုရရှိအောင် သူတို့နဲ့အဆင် ပြေအောင်လုပ်ရပါတယ်။ ဘယ်လို ဇာတ်ရုပ် မျိုးကတော့ ကိုယ့်ကိုပရိသတ် လက်သင့်မခံနိုင် ဘူး လက်သင့်ခံနိုင်တယ်ဆိုတာကိုလည်း စဉ်းစား ရပါတယ်။ အဲဒါကြောင့်လည်း ကျရာဇာတ်ရုပ် ကို သရုပ်ဆောင်နိုင်တဲ့သူက သရုပ်ဆောင် ကောင်းတစ်ဦး၊ အနုပညာရှင်ကောင်းတစ်ဦး ဖြစ်တာလို့သမီးထင်ပါတယ်။ သမီးလည်း ဘယ် လို ဇာတ်ရုပ်မျိုးကိုမဆို သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်ကောင်းတစ်ဦးဖြစ်အောင် သွား မယ်ဆိုတဲ့ဆန္ဒက သမီး အလွန်ကိုဆန္ဒပြင်းပြ နေတဲ့ ပန်းတိုင်တစ်ခုပါ။

မေး - သရုပ်ဆောင်အပြင် ဘာတွေစိတ်ဝင်စား သေးလဲ။
ဖြေ - အကကို စိတ်ဝင်စားပါတယ်။ သရုပ် ဆောင်ကောင်းတစ်ဦးက စွယ်စုံကျွမ်းကျင်ရမယ် လို့သမီးကြားဖူးပါတယ်။ ကတာကလည်း အနု ပညာအလုပ်ထဲက အလုပ်တစ်ခုပဲလေ။ အဲဒါ ကြောင့် အကပိုင်းကိုတော့ စိတ်ဝင်စားတယ်။နည်းနည်းလည်း ကတတ်ပါတယ်။ သီချင်းဆို တာကျတော့ အပျော်တမ်းသဘောလောက်ပဲ ဆိုဖြစ်ပါတယ်။ အဆိုပိုင်းကိုတော့ သိပ်ဝါသနာ မပါဘူး။

နွေးနွေးတွေ့ဆုံမေးမြန်းသည်။
သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

Yangon Media Group

သြစတြေးလျမှာ ကျောင်းသွားတက်မယ့် မေဂရေ့စ်ပယ်ရီ

အချိန်တိုလေးအတွင်း ပရိသတ်ကြားမှာ အောင်မြင်မှုရ ရှိလာတဲ့ မေဂရေ့စ်ပယ်ရီက လတ်တလောမှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးတဲ့ Enjoy အမျိုး သမီး လစဉ်သုံး ပစ္စည်း ကြော်ငြာကို ပက်ထရစ်ရှာနဲ့အတူ ရိုက်ကူးနေပါတယ်။ အခုလို ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ ရိုက်ကူးခွင့်ရခဲ့တဲ့အတွက်လည်း တအားဝမ်းသာ ပီတိဖြစ်ကြောင်း မေဂရေ့စ်ပယ်ရီက ပြောပါတယ်။

“မေဂရေ့စ်က ဦးမောင်ရိုက်ကူးသမျှ ဇာတ်ကားတွေအကုန်လုံး ကိုလည်း တအားကြိုက်တယ်။ ထွက်သမျှဇာတ်ကားတိုင်းကိုလည်း ကြည့် ဖြစ်တယ်။ ကိုယ်တအားလေး စားရ တဲ့ ဒါရိုက်တာတစ်ယောက်နဲ့ အခုလို ရိုက်ကူးခွင့်ရတဲ့အတွက် တအားဂုဏ်ယူပါတယ်။ ဦးမောင်က ရိုက်ကူးတဲ့ အပိုင်းရော၊ Lighting ရော၊ နေရာရော စီစဉ်တာ တအား တော်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တယ်” လို့ပြောပါတယ်။ အနု ပညာအလုပ် ကိုလည်း တအားဝါသနာပါလို့ လုပ်ဖြစ်ကြောင်း မေဂရေ့စ်ပယ်ရီ က ပြောပြပါတယ်။

“မေဂရေ့စ် အနုပညာအလုပ်ကိုလည်း တအားတန်ဖိုး ထားတယ်။ တအားလည်း ဝါသနာပါတယ်။ မေဂရေ့စ်တန်ဖိုးထား တဲ့ အနုပညာ အလုပ်လေးကို ပရိသတ်တွေ အနေနဲ့လည်း အား ပေးကြတဲ့အတွက် တအားဝမ်းသာပါတယ်” လို့ပြောတဲ့ မေဂရေ့စ် ပယ်ရီက နောက်နှစ် မတ်လမှာတော့ သြစတြေးလျနိုင်ငံမှာ သုံးနှစ်ကြာ ကျောင်း သွားတက် ဖို့ရှိ ကြောင်း ပြောပါတယ်။

“မေဂရေ့စ်က သုံး၊ လေးနှစ်လောက် သြစတြေး လျမှာ ကျောင်းသွား တက်မယ်။ ကျောင်းသွားတက်တဲ့ အချိန်မှာလည်း အနုပညာအလုပ်တွေနဲ့ အဆက် အသွယ် မပြတ်အောင် မေဂရေ့စ် တစ်နှစ် နှစ်ခါလောက် မြန်မာပြည်ကို ပြန်လာဖို့ရှိတယ်။ ပြန်လာတဲ့အချိန်မှာလည်း အနုပညာအလုပ်တွေ လုပ်ခွင့်ရရင်လည်း လုပ်ချင်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

တွယ်တာ
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)

Popular Journal

ရိုက်ကူးရေးတွေ စိပ်လာတဲ့ ပက်ထရစ်ရှာ

လတ်တလောမှာတော့ ပက်ထရစ်ရှာက ဒါရိုက်တာ စင်ရော် မောင်မော င်ရိုက်ကူးတဲ့ ‘Enjoy’ အမျိုးသမီး လစဉ်သုံးပစ္စည်း ကြော်ငြာ ကို မေဂရေ့စ်ပယ်ရီနဲ့အတူ ရိုက် ကူးနေပါတယ်။ ရိုက်ကူး တဲ့ကြော်ငြာ တိုင်းကို ပရိသတ်တွေအနေနဲ့ လက်ခံအားပေးကြတဲ့အတွက် တအားဝမ်းသာကြောင်း၊ သူ့ ဘက်ကလည်း အစစအရာရာ ပြင် ဆင်ပြီး ကြိုးစားထားကြောင်း ပက် ထရစ်ရှာက ပြောပါတယ်။

“အဲဒါက ကိုယ့်ရဲ့ကြိုးစားမှု လည်းပါမယ်လို့ထင်ပါတယ်။ ဖက်ရှင်ကလည်း ဘယ်သူနဲ့ မှမတူအောင်ထွင်ရတယ်။ ဖက် ရှင်အနေနဲ့လူကြီး၊လူငယ် ကြိုက် မယ့်ပုံစံလေးေ တွ ကိုစဉ်းစားပြီး အစစအရာရာအားလုံးပြင်ဆင် ထားပါ တယ်” လို့ပြောတဲ့ ပက် ထရစ်ရှာကအရင်က အနုပညာ အလုပ်လုပ်ရတာ နဲ့အခု နောက် ပိုင်းအနုပညာအလုပ် လုပ်ရ တာ ကွာခြားမှု တွေရှိ သွားကြောင်း လည်း ပြောပြခဲ့ပါတယ်။

“အနုပညာအလုပ် လုပ်တာ တစ်နှစ် လောက်ပဲရှိ သေးတယ်။ စလုပ် တုန်း ကတော့ ပရိသတ် တွေ သိပ် မသိသေးတော့ ရိုက်ကူး ရေးတွေ ကျဲတယ်။ အခု နောက်ပိုင်းမှာ ဆိုရင် ရိုက်ကူးရေး တွေစိပ်လာတယ်။ ကြော်ငြာေ လး တွေလည်း တော် တော် များများ ရိုက် လာရတယ်။ အခုဆိုရင် သမီး ရဲ့ကြိုးစားမှုကြောင့် ပရိသတ် တွေအားပေး တယ်။ပရိသတ်တွေ အား ပေးမှုကြောင့် ရိုက်ကူး ရေးတွေ အများကြီးရိုက် လာရတယ်” လို့ပြောပါ တယ်။ ကြော်ငြာရိုက်ကူး မှုအပြင် ဗီဒီယိုဇာတ်ကား တွေပါ သရုပ်ဆောင် လာတဲ့ ပက်ထရစ်ရှာက ဗီဒီယို ရိုက်ရတာသူ့အတွက်ပို ခက် ခဲကြောင်းကို…

“ကြော်ငြာကျတော့ ဒိုင် ယာလော့ခ် သိပ်မပါဘူး။ အချိန်တိုအတွင်းမှာ သရုပ် ဆောင်ရတာဆို တော့ ကိုယ့်ရဲ့သရုပ်ဆောင်မှုက သိပ်မပေါ်ဘူး။ ဗီဒီယိုကျ တော့ ကိုယ့် သရုပ်ဆောင် မှုကို ဖော်ပြရတာ။ အဲဒါ ကြောင့် ဗီဒီယိုရိုက်ရတာ သမီးအတွက် ပိုခက်ခဲပါ တယ်” လို့ ပြောပါတယ်။ ဒီလိုအောင်မြင်မှုရရှိဖို့ အတွက် အတိုက်အခိုက်တွေ ကြားက ကြိုးစားခဲ့ရကြောင်း ပက်ထရစ်ရှာက ပြောပြခဲ့ပါတယ်။

တွယ်တာ
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)

Monday, August 5, 2013

ဆွိဝတ်ရည်သောင်း၏ နံပါတ်တစ်

Share
(ရန်ကုန်၊ ဇူလိုင် ၂၉)
ဆွိဝတ်ရည်သောင်းက သူ့အတွက် ဂီတသည် နံပါတ် တစ်ဖြစ်ကြောင်း ပြောသည်။
‘သီချင်းချစ်သူ’ အမည်ရှိ ဆွိဝတ်ရည်သောင်း၏ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီး ဒီဇင်ဘာလမှာ ထွက်ရှိ တော့မည် ဖြစ်သည်။
”တစ်ကိုယ်တော် အခွေလေးကို ဒီဇင်ဘာလလောက် မှာထွက်ဖို့ မှန်းထားပါတယ်။ Title ကိုတော့ လောလော ဆယ် ‘သီချင်းချစ်သူ’ လို့ စဉ်းစားထားတယ်။ တေးရေးတွေ အနေနဲ့ ကေအေတီ၊ မြင့်မိုးအောင်၊ Rခိုင်၊ စိုင်းဝင်းဦး၊ ကိုဥ၊ မောင်သစ်မင်း၊ စံပီးတို့ ရေးပေးထားတယ်။ စုံတွဲတွေ က ကျော်သီဟရယ်၊ စိုင်းလိတ်ရယ် နဲ့ ဆိုထား တယ်။ ပေါ့ပ်၊ ရော့ခ်၊ စလိုး ရော့ခ်လေးတွေ ပါမယ်။ ဒါပေမဲ့ ရော့ခ်သီးသန့် ချည်းတော့ မဆိုဖြစ်ပါဘူး။ ဒီအခွေက ကျွန်မရဲ့ ပထမဆုံး အခွေ ဆိုတော့ အခက်အခဲတွေ အများကြီး ရှိတယ်။ လုပ်ခဲ့တာ တစ်နှစ် လောက်တော့ ရှိပြီ။ တအားကို ကြိုးစားထား ပါတယ်။ စ လုပ်လုပ်ချင်း ဆိုတော့ ပရိသတ် အကြိုက် နဲ့ ကွဲထွက် သွားတာလေးတွေ၊ လိုအပ်ချက် လေးတွေတော့ ရှိမှာပါ။ ဖြည့်စွက်ပြီး အားပေးကြပါ”ဟု ဆွိဝတ်ရည်သောင်း က ပြောသည်။
”ဒီအခွေ စလုပ်ကတည်းက ဘယ်လို၊ ဘယ်လိုလုပ်ချင် တယ်ဆိုတာ ဆရာနဲ့ ပြောဖြစ်တယ်။ သီချင်းတွေ ရေးကြတယ်။ Vocal Guide ရော၊ Arrangement ပိုင်းကိုပါ ဆရာပဲ လုပ်ပေးသွားတာပါ။ ‘သီချင်းချစ်သူ’က ဆရာရေးပေးခဲ့တဲ့ သီချင်းပေါ့။ နောက်ပြီး ကို Rခိုင် နဲ့ပေါင်း ပြီး ရေးထားတဲ့ သီချင်းတွေလည်း ပါပါတယ်။ ငယ် ငယ်လေး ကတည်းက ဂီတကိုပဲ ဝါသနာပါတယ်။  Movie ပိုင်းကျ တော့လည်း ငယ်ငယ်ကတည်းက ကိုယ်နဲ့ ရင်းနှီးပြီးသား။ ဒါပေမဲ့ ဂီတ ကျတော့ အသွေး အသား ထဲက ကို ဝါသနာ ပါတာ။ ဒါကြောင့် ဂီတကိုပဲ ပိုပြီး ဦးစားပေးဖြစ်သွားမှာပါ” ဟု ၄င်းက ပြောသည်။
မျိုးမောင်

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More