News Post

Wednesday, December 11, 2013

Sea Game အတွက် ဂုဏ်ယူလိုက်စမ်းပါ ဒို့မြန်မာပြည်.





ချစ်ကြပါ ချစ်ကြပါ I Love Myanmar

နောက်တစ်နေထွက် တစ်မနက်ကူး


မြန်မာတွေ အသုံးမကျဘူးရယ်လို့


ပါးစပ်တွေက မထွက်ကြနဲ့

ဟိုအစိုးရ ဒီအစိုးရ

ဟိုအန်တီ ဒီအန်တီ

အဆင်ပြေတုန်းခဏ သတိမရကြနဲ့

ဂုဏ်ယူကြပါ

ဒီအလံတော်အောက်မှာ

ပြိုင်ကြပီဟေ့ ဆိုမှ ဆဲသံတွေဗရပွ နဲ့

အင်အားမပြကြနဲ့

လိုင်းမကောင်းရင် ဒါ မြန်မာပြည်လို့မပြောနဲ့

မီးပျက်ရင် ဒါမြန်မာပြည်လို့မပြောနဲ့

လမ်းမကောင်းရင် ဒါမြန်မာပြည်လို့မပြောနဲ့

ကားကြပ်ရင် ဒါမြန်မာပြည်လို့မပြောနဲ့

သယံဇာတတွေနဲ့ ဆင်းရဲတဲ့ တိုင်းပြည်

ဒါ မြန် မာ ပြည် လို့ မပြော နဲ့

နိုင်ငံရပ်ခြားမှာ နေတဲ့အတွက် ခင်ဗျားတို့ထက်

ဂုဏ်ယူတတ်ပါတယ်

ရင်ဘတ်ထဲကို ရိုက်ထည့် တစ်သက်စာအတွက် အမိမြေ

တစ်ခဏအတွက် မြန်မာပြည် မဟုတ်ဘူး

Sea Game အတွက်

ဂုဏ်ယူလိုက်ပါတယ် မြန်မာပြည်





SaTaN

(ကြံဖန်ဂုဏ်ယူတတ်သူကြီး မောင်ကန့်လန့်)

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More