Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်
လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )
News Post
Wednesday, May 29, 2013
သရုပ်ဆောင် ရဲတိုက် တကိုယ်တော် ဆန္ဒပြ
မြန်မာ့အနုပညာရှင် တဦးဖြစ်တဲ့ သရုပ်ဆောင် ရဲတိုက်ဟာ ဒီကနေ့ မနက်ပိုင်းက တကိုယ်တော် ဆန္ဒပြခဲ့ တယ် လို့ သိရပါတယ်။ 
 ဓာတ်ပုံ- ရဲတိုက်ရဲ့ ဖေ့စ်ဘုတ်
ဖြစ်ပုံက ဒီမနက်ပိုင်းမှာ ရန်ကုန်မြို့ထဲက စိန့်မေရီ ဘုရားကျောင်း ( စိန်မေရီ ကာသီဒြယ်) ထဲကို ၀င်ရောက် ဖူးမျှော်ရာမှာ ဘုရားကျောင်း တာဝန်ရှိသူတဦးက မောင်းထုတ်လိုက်လို့ အချင်းများရာက ဆန္ဒဖော်ထုတ်ခဲ့ တာလို့ သိရပါတယ်။ 
သူက စာလုံးနီတွေနဲ့ ရင်ထဲက စာတမ်းကို ရေးသားထားတယ်ဆိုပြီး ဆန္ဒပြနေစဉ် အနီးရှိ ရန်ကုန်မြို့ခံ တဦးက ဧရာဝတီကို ပြောပါတယ်။ 
သူ့ကို အခုလို တကိုယ်တော် ဆန္ဒပြလို့ အရူးတယောက်လို့ သတ်မှတ်မယ့် လူလည်း ရှိနိုင်တယ်လို့ သူက ရေးသားထား ပြီး သူ့အနေနဲ့ တရားမျှတမှုကို ယုံကြည်တယ်လို့လည်း ဆန္ဒပြ ဆိုင်းဘုတ် မှာ ရေးသားထားတယ်လို့ ရန်ကုန်မြို့ခံက ဆက်ပြောပါတယ်။ 
နောက်ပိုင်း သိပ်မကြာခင်မှာပဲ လုံခြုံရေး ရဲတပ်ဖွဲ့တွေက သရုပ်ဆောင် ရဲတိုက်ကို ခေါ်ဆောင်သွားတယ် လို့ မျက်မြင်တွေက ပြောပါတယ်။ 
ရဲတိုက်ရဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ဧရာဝတီက ဆက်လက်စုံစမ်းနေပါတယ်။ 
အိမ့်သံစဉ် ~ 
သရုပ်ဆောင်ရဲတိုက် ဆန္ဒထုတ်ဖော် ရန်ကုန်၊ မေ ၂၈။ ရုပ်ရှင်မင်းသား ရဲတိုက်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက မောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊ လေ့လာခွင့် မရှိဘူးလား” ဟု ဆိုကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမ ကားရေဆေးနေတာ ပြီးတော့မှ ဘုရားကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။ ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက ပြန် ထွက်လာတော့ ပြောတယ်။ ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊ ဝင်ရောက်လေ့လာခွင့် ရှိတယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲ ပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိတယ်” ဟု ရုပ်ရှင်မင်းသား ရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။ ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူ သော်လည်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
รูปภาพ : သရုပ်ဆောင်ရဲတိုက် ဆန္ဒထုတ်ဖော် ရန်ကုန်၊ မေ ၂၈။ ရုပ်ရှင်မင်းသား ရဲတိုက်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက မောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊ လေ့လာခွင့် မရှိဘူးလား” ဟု ဆိုကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမ ကားရေဆေးနေတာ ပြီးတော့မှ ဘုရားကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။ ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက ပြန် ထွက်လာတော့ ပြောတယ်။ ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊ ဝင်ရောက်လေ့လာခွင့် ရှိတယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲ ပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိတယ်” ဟု ရုပ်ရှင်မင်းသား ရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။ ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူ သော်လည်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။
http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
မှန်ကွဲလျှင် ကန် ၃ သန်းအလကားယူနိုင်သည်
အမေရိကန် 3M က ထုတ်တဲ့ လုံခြုံရေးမှန် တစ်မျိုးလို့ ဆိုပါတယ်။ ယင်း မှန်ကို ကြော်ငြာဖို့အတွက် လူစည်ကား ဘတ်စ်ကား မှတ်တိုင် တစ်ခုမှာပေါ့။
အမေရိကန်ဒေါ်လာ ၃ သန်း ကို ယင်းမှန်ထဲ ဒီတိုင်းထားပြီး ဘာလုံခြုံရေးမှ ရှိမနေစေပါဘူး။ ဒါကို မရုံတဲ့သူများက လက်တည့်စမ်းပါတယ်။ အမျိုးမျိုး ရိုက်ခွဲ၊ ကန်ခွဲပါတယ်။ ကုမ္မဏီက မှန်အောက်တည့်တည့် ဗုံးထားခွဲတောင် မကွဲဘူးလို့ အာမခံထားတယ်လေ။ မှန်တင်မကပဲ ဘေးအနား သံနဲ့မှန်ကြား ချိတ်ဆက်မှုကအစ လေတောင် မဝင်စေပါဘူး။ ရာသီသုံးမျိုးဒဏ်ခံသတဲ့။
ဒါကို လူသိများ စိတ်ဝင်စားလာအောင် ကြော်ငြာလိုက်တဲ့ နည်းလမ်းကလည်း ကြောက်ဖို့တောင် ကောင်းပါတယ်။ အမေရိကန်ဒေါ်လာ ၃ သန်းကို မှန်ထဲထည့်ပြီး မှန်ကွဲရင် အလားယူ ယူပါတဲ့။ ဘယ်သူ စမ်းကြည့် ချင်ပါသလဲ။
-
Ref: compfreak
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/05/blog-post_27.html
မရေမရာ အင်တာနက် ဖေ့စ်ဘုတ်ပေါ်တွင် အကြောင်းမဲ့ ဖွနေသော ယောက်ကျား-မိန်းခလေးများတိုင်စာ(၁)
နာမည်(myintthirihin ဖေ့စ်ဘုတ်အကောင့် -အလုပ်ကိုင်ရှေ့ နေ-လိပ်စာရန်ကုန်စမ်းချောင်း-N.L.Dနှင့် G.S.C မရေမရာဖေ့စ်ဘုတ်ပေါ်တွင်ကိုယ်ဟန်ပြဖွနေသူ-စကာင်္ပူမှတိုင်ကြားပေးပို့ လာသည်။
လူတော်တော်များ ပြောလာလို့  ဟောဒီဘလောက်မှာဝေမျှ တင်ပြပေးလိုက်ပါတယ် ။ရဟန်းရှင်ပြည်သူမိဘများသိခဲ့ သော် ပြောဆိုဆုံးမပေးစေလိုပါတယ်..
အကြောင်းမှာ ဖေ့စ်ဘုတ်စောင့် ကြည့် သူ
လူမှန်လူကောင်းများမှ။သုံးသပ်တင်ပြလာတာဟာ မြန်မာပြည်သည်အင်တာနက်လောကကို လွတ်လပ်စွာ ရေးသားခွင့် ပြုသည်မှာ 
၁နှစ်ကျော်ကာလသာရှိပြီး။နိုင်ငံတော်အစိုးရမှ ပြည်သူပြည်သားများအားလုံးအား အင်တာနက်မီဒီယာ ကွန်ယက်ပေါ်တွင် လူနေမှု့ ဘဝတိုးတက်စေရန် ပညာရေး စီးပွားရေး ကျမ္မာရေး အလုပ်ကိုင် နည်းပညာကောင်းများ ဆွေးနွေးဖလှယ်ရန် တပ်မြောက်စေရန်သာ ။ထုတ်လွှင့်တပ်ဆင်ပေးခြင်းသာ ဖြစ်၍ ထိုနည်းအတူ အင်တာနက်မိခင် Google ကြီးမှလည်း ထိုရည်ရွယ်ချက်ဆိုတာလူတိုင်းအသိပါ။ ထိုမိခင် ဂူဂယ်ကြီးလက်အောက်မှ ဖေ့စ်ဘုတ်သည်လည်း ထိုနည်းတူစွာပါ။
လက်ရှိမြင်တွေ့ နေရတာက ။မြန်မာပြည်ဖေ့စ်ဘုတ်တွင် ကောင်းကျိုးရာ ဝေမျှခြင်းနည်းပါးပြီး။
မိမိကိုယ်တိုင်ဖန်တီးနေသော ။ဆာဗာတိုက်ပွဲတစ်ခုခဲ့ သို့ ၊နောက်ဆက်တွဲ ပြသနာများ အလီလီကြုံတွေ့ နေရပြီး
မြန်မာပြည်သည် တစ်ကယ်တန်းဆန်းစစ်လိုက်သော်  ကွန်ပျုတာတပ်မြောက်မှု့ နည်းပါးပြီး  ဈေးပေါသက်သာ ဖုန်များနှင့် နေ့ စဉ်အမျှ
ဖေ့စ်ဘုတ်တွင်သာ ။အင်တာနက်ဘိုး အချိန်ကုန် ဆုတ်ယုတ်စေတာပဲမြင်နေရပါသည်။
ယနေ့ မြန်မာပြည်တွင် ပြသနာကို ကိုယ်တိုင်ဖန်ဆင်းနေသလိုဖြစ်နေကြသည်။
--ထောင်သောင်းမက မိန်းခလေးများသည် ။မိမိခန္ဒာ ကိုယ်ရုပ် ကို ။ကိုယ်ပိုင် ဟမ်းဖုန်းများဖြင့် ပုံစံအမျိုးမျိုး ။ဟန်လုပ်သရုပ်ပြ ။မှတ်တမ်းတင် ရိုက်ပြပြီး။အပြိုင်ဆိုင် တင်ကြရှယ်ကြပေသည်။
တစ်ကယ်တော့ ။ထိုအလုပ်သည် ။သေချာလေ့လာမိလိုက်သောအခါ ။တင်သူမိန်းခလေးကိုယ်တိုင်လည်း
အင်တာနက် သဘောတရားလည်း အခြေခံနားမလည်သလို ။မိမိကတင်လိုက်သော ပုံများကြောင့်။
ယောက်ကျားလေးများအချင်းချင်း။မနာလိုသဝန်တို ဆဲဆို ။ကာမဂုံစိတ်များပွားများနေကြခြင်း။
ပိုတိုရှော့ တ်သမားများကကူးယူကြပြီး။မိမိလိုအပ်သော SEX ဖိုင်တစ်နေရာရာတွင် ။ဖန်ဆင်းပြန်လည် အသုံးချခြင်း။ယနေ့ ဖြစ်နေသော ဘာသာရေးပဋိပက္ခတွင် ။ဇတ်လမ်းအဖြစ် ဖန်ဆင်း အသုံးချနေခြင်း ဖြစ်နေကြပါသည်၊ တစ်ကယ်တော့  မူယင်းတင်ပြသောမိန်းခလေးများ မသိတာ။
ဝမ်းနည်းစရာမလိုပေမဲ့ ။အင်မတန်စိတ်ဆိုးဘွယ်ရာ ကောင်းလှပါသည်။
တစ်ချို့ သောမိန်းခလေးများ။မလုံမလဲမ ဖွယ်မရာ မြန်မာမဆန်သော ပုံများ တင်ပြခြင်း လူစုနေနေခြင်း တို့ ရိပ်မိပြီး သတိပေး ဆုံးမပြောဆိုသောအခါ ။
ဘာဖြစ်လည်း။ဒီမိုကရေစီပဲ။အင်တာနက်လွတ်လပ်ခွင့် ဆိုတာ။မသိဘူးလား ပြန်လည်ချေပခံရဘူးတာမနည်းပါ။
ထို့ ကြောင့် မြန်မာနိုင်ငံ၏ အမျိုးသားရေးတာဝန် စိတ်ဓါတ်ဖြင့်  မလိုလားအပ်သော အထွေထွေကိစ္စများ ဆင့် ကဲပွားများ မပေါ်ပေါက်စေရန်။မေးလ်ဖြင့် လာရောက် ဆွေးနွေးတင်ပြသူများနှင့် ။စာရေးသူပူးပေါင်းတင်ပြလိုက်ပါတယ်။
အမြင်မတော်၍ ဆုံးမပဲ့ ပြင်လိုသော မိတ်ဆွေများမှ
အောက်ပါလိပ်စာတိုင်းပေးပို့ နိုင်ပါတယ်။
Mgmyochitmm969@gmail.com  ဖြစ်ပြီး။
---နိုင်ငံတော်နှင့်  ပြည်သူလူထုအား လှုံ့ ဆော်ရန်တိုက်ဖွပေးနေသောအကောင့် များ။လူများ
---ဘာသာ သာသနာ အကြည်ညိုပျက်အောင်ဖန်တီးနေသောသူများ
---မြန်မာ့ ရိုးရာကျော်လွန်ပြီး။မဖွယ်မရာ ဝတ်စားဆင်ယင်ပြပြီး ဖေ့စ်ဘုတ်အွန်လိုင်းပေါ်တွင် အရသာခံ
ဖရန့် ရှာနေသော မရေမရာမိန်းခလေးများ
---ခိုး။ဆိုး။လုယက်နေသူများ။
ဓါတ်ပုံ-လိပ်စာ-အကောင့်  ခိုင်လုံစွာပေးပို့ လာရောက်တင်ပြနိုင်ပါတယ်။
(မောင်မျိုးချစ်)ဘလောက်မှ
သန်လျင် GTU တွင်ကျောင်းသားများ ကျောင်းပြင်ပတွင် အုပ်စုဖြင့်ခိုက်ရန်ဖြစ်ပွားခြင်း
၂၇.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် နည်းပညာ တက္ကသိုလ်ကျောင်းသာများဖြစ်သည့် မိုးအောင် (၁၈)နှစ်၊ ( ဘ) ဦးဇော်မြင့်၊ ပထမနှစ် (ဓါတု)၊ ထက်ဝေယံ (၂၂) နှစ်၊ (ဘ) ဦးတင်အောင်ကျော်၊ ပထမနှစ် (ဓါတု) တို့နှစ်ဦးသည်GTU ကျောင်းရှေ့မှတ်တိုင် မှကျောင်းသို့ လမ်းလျှောက်လာရာ ကျောက်ခွဲစက်အနီး ကွမ်းယာဆိုင်၌ ဈေးဝယ်နေစဉ် အမည် မသိသူ တစ်ဦးနှင့် ပခုံးချင်း တိုက်မိရာမှ စကားများ ရန်ဖြစ်ကြပြီးနောက် လုံးထွေး သတ်ပုတ်ကြရာ အမည်မသိသူမှ ဓါးဖြင့်ထိုးပြီး ထွက်ပြေးသွား၍
မိုးအောင်တွင် ၀ဲချိုင်းအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ထက်ဝေယံ တွင် နောက်ကျောထိုးသွင်း ဒဏ်ရာ (၁)ချက်တို့ ရရှိခဲ့သဖြင့် မိုးအောင် မှ အရေးယူ ပေးပါရန် တိုင်တန်း ခဲ့၍ သန်လျင်မြို့မ ရဲစခန်းတွင် အရေးယူဆောင်ရွက်ခဲ့ပါသည်။
ဖြစ်စဉ်အမှန်မှာ ၂၅.၅၂၀၁၃ ရက်နေ့တွင် ဝေယံဖုန်းမြင့် (၁၇)နှစ်၊ (ဘ) ဦးမြ၀င်း၊ (GTU) သည် ၄င်း၏ ရည်း စားဖြစ်သူ မ----- ၏လက်ကိုင်ဖုန်းသို့ ထက်ဝေယံ ဆိုသူမှ နောက်ပြောင်ပြော ဆို သည်ကို မကျေနပ်သဖြင့် ဖုန်းနှင့်စကားများ ရန်ဖြစ်ကြပြီး ၂၇.၅.၂၀၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၆ လမ်းသွား လမ်းဆုံ၌ တစ်ဦးချင်း လက် သီး ထိုးရန် ချိန်းဆို ခဲ့ကြောင်း၊ ဝေယံဖုန်းမြင့်မှ သူငယ်ချင်း များဖြစ်သော အောင်ကျော်ဇင် ပထမနှစ် (GTU)၊  အောင်လင်းဖြိုး ပထမနှစ် (GTU) ဟိန်းစိုးအောင် (GTU)၊ ဟိန်းဝေယံချစ် (စိစစ်ဆဲ )၊ မြတ်လင်းအောင် (စိစစ်ဆဲ)၊ ကျော်သူစံ၊ (ဆိုင်ကယ်ကယ်ရီမောင်း)၊ နွားကြီး (ခ) ၀င်းမင်းထွန်း၊ (ဆိုင်ကယ် ကယ် ရီေ မာင်း)၊ သက်ပိုင်စိုး (ခ) အတွတ်၊ (ဆိုင်ကယ်ကယ်ရီမောင်း)၊ ဆံရှည် (ခ) ထွန်းထွန်း၊ (ဆိုင်ကယ်ကယ်ရီမောင်း )၊ တို့နှင့်အတူ ချိန်းဆိုထားသည့် (၆) လမ်းသွားလမ်းဆုံ သို့ သွားရောက်ခဲ့ပြီး ထက်ဝေယံနှင့် မိုးအောင်ပါ (၁၅) ဦးခန့်နှင့် စကားများ ရန်ဖြစ်ခဲ့ရာ သက်ပိုင်စိုး (ခ) အတွတ်တို့မှ ဓါးဖြင့် ထိုး၍ ဆိုင်ကယ် (၃) စီး ဖြင့်ထွက်ပြေး သွားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
အမှုမှတရားခံများဖြစ်သော ဝေယံဖုန်းမြင့်၊ အောင်ကျော်ဇင်၊ အောင်လင်းဖြိုး၊ ဟိန်းစိုးအောင်၊ ကျော်သူစံ၊ သက်ပိုင်စိုး (ခ)အတွတ်၊ ဆံရှည်(ခ) ထွန်းထွန်း၊ နွားကြီး(ခ) ၀င်းမင်းထွန်း တို့အား ဖမ်းဆီးရမိစစ်ဆေး လျက်ရှိပြီးကျန်တရားခံ ဟိန်းဝေယံ ချစ်နှင့် မြတ်လင်းအောင် တို့အား ဖမ်းဆီးရမိရေးဆောင် ရွက်လျက် ရှိကြောင်း သတင်းရ ရှိပါသည်။
မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ်
ဒီစာစောင်ကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ်
ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတ
ယ်နော်.. ပြီးတော့ ဖခင်
်ဖြစ်သူ က တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။
ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။
သမီးဖြစ်သူက ခေါင်းညှိတ်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်
သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။
အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။
ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။
အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။
အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…
" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."
သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*
တန်းဖိုးသိမှ တန်ဖိုးရှိတယ်...
တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...
တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....
အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ.....
....
... ♥♪♥ ...အခုခေတ်မြန်မာမိန်းကလေးတွေကို ဦးတည်ပြီး ပြောတာထင်တယ်နော် ... အမျိုးကောင်းသမီးများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပါတယ် ........ ..
ဖွေးဖွေး - ကိုယ်လှလား၊ မလှလားတော့မသိပေမယ့် ကိုယ့်ကိုယ်ကိုယ်အားလုံးကြိုက်တယ်
Q. ဘာကြောင့်အောင်မြင်လာ တယ်ထင်လဲ
A. သင်ဆရာ၊ မြင်ဆရာ၊ ကြားဆ ရာတွေရဲ့ကျေးဇူးကြောင့်ရယ်၊ ပရိ သတ်နဲ့အလုပ်ကိုတန်ဖိုးထားတတ် တဲ့ ဖွေးဖွေးရဲ့စိတ်ကြောင့်လို့ထင်ပါ တယ်။ ဒါပေမဲ့ အများကြီးကြိုးစား ရဦးမှာပါ။
Q. ကိုယ့်ကိုဘာကြောင့် ပရိသတ် ကြိုက်တယ်ထင်လဲ
A. ပရိသတ်ကြီးပဲ သိပါတယ်။
Q. ရှုတင်မိတ်ကပ်လိမ်းရတာကို ကြိုက်လား
A. မိတ်ကပ်သိပ်မလိမ်းဖြစ်ပါဘူး။
Q. တစ်ယောက်တည်းရှိတဲ့အခါ လုပ်တတ်တဲ့အမူအကျင့်
A. စဉ်းစားတယ်။ တစ်ခါတလေ အကောင်အထည်ဖော်ဖြစ်တယ်။
Q. ဒိုင်ယာလော့ခ်ချပေးရင် လွယ်လွယ်နဲ့ရတတ်တဲ့သူလား
A. ဒါရိုက်တာကြီးများကိုမေးကြည့် ပေါ့။
Q. ကိုယ့်ခန္ဓာကိုယ်မှာ အလှဆုံး လို့သတ်မှတ်ထားတဲ့အစိတ်အပိုင်း
လှလား၊ မလှဘူးလားဆိုတာ တော့မသိပါ။ အားလုံးကိုကြိုက်ပါ တယ်။
By 8Days Journal
ဇာတ်လမ်းတွေ ရွေးချယ်ပြီးရိုက်ကူးတော့မယ့် ဝတ်မှုံရွှေရည်
ဝတ်မှုံရွှေရည်ကလတ်တလောမှာ ဒါရိုက်တာဝင်းထွန်းထွန်းရိုက်ကူးတဲ့ ‘သူ့ထံပါး’ ဇာတ်ကားကို အောင်ရဲလင်း၊ ညီထွဋ်ခေါင်တို့နဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီ ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က အောင်ရဲလင်းကို တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ အခုနောက်ပိုင်းမှာ အဘက်ဘက်က ပြောင်းလဲ တိုးတက်လာတာနဲ့အမျှ အင်တာနက်ကလည်း လူတွေအတွက် မရှိမဖြစ်  လိုအပ် လာတာကိုလ ည်း တွေ့ရပါတယ်။
အနုပညာရှင်တွေအနေနဲ့လည်း သူတို့ချစ်တဲ့ ပရိသတ်ကြီးကိုသူတို့ရဲ့ တစ်နေ့တာလှုပ်ရှားမှုများ ကို အင်တာနက်ကနေတစ် ဆင့်  ဖော် ပြလေ့ရှိပါတယ်။ အင်တာနက်သုံး ခြင်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က.. “ဖေ့စ်ဘုတ်သုံး တာက ကောင်းတာ၊ ဆိုးတာနှစ်ခုတွဲနေတယ်။ ဒါပေမဲ့ အနုပညာသမားတွေ၊ ကြော်ငြာတွေအတွက်က ကောင်းပါတယ်။ ဆိုးတာကျတော့ သူ့လည်း မသိ၊ ကိုယ့်လည်းမသိ၊ ဘယ်ကသူတွေမှန်းလည်းမသိဘူး။
ကိုယ့်ပရိသတ်မဟုတ်ဘဲရမ်းကားတဲ့သူတွေကလည်း ဆဲတယ်။ တကယ့်ပရိသတ်အစစ်ေ တွလည်းရှိပါတယ်။ စော်ကားချင်တဲ့သူတွေအတွက်ကျတော့ ဒါကို လွတ်လပ်ခွင့်ပေးထား သလိုဖြစ်နေ တယ်။ အဓိက ကစ်တို့ သုံးနေ တယ်ဆိုတာ ကလည်း ကိုယ့်ကို ချစ်တဲ့ပရိသတ်တွေ၊ အမြဲတမ်းအားပေးနေတဲ့ အမာခံပရိသတ် အစစ်တွေကို ကစ်တို့သတင်းလေး တွေ၊ ဓာတ်ပုံ၊ Update News  တွေကို အသိပေးချင်လို့ သုံးဖြစ် တယ်။ ဖေ့စ်ဘုတ်မှာ လူမျိုးစုံတွေ့ ရပါတယ်။ ကစ် ဖေ့စ်ဘုတ်သုံးနေတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ” လို့ပြောပါတယ်။ အခု နောက်ပိုင်းမှာတော့ အရင်က ရိုက်ကူးထားတဲ့ ဇာတ်လမ်းပုံစံတွေနဲ့မတူအောင် ရိုက်ကူးထားကြောင်း ဝတ်မှုံ ရွှေရည် ကပြောပါတယ်။
“ကစ် ရှေ့ကကားတွေနဲ့မတူ အောင် ရွေးပြီးရိုက်ကူးထားတယ်။ ဇာတ်လမ်းတွေကအစ တစ်ခါမှမရိုက်ဖူးသေးတဲ့ ပုံစံမျိုးကို အဓိကထားပြီး ရိုက်ကူြး ဖစ်တယ်။ ရှေ့နှစ်တွေကလည်း ဇာတ်လမ်းမျိုးစုံရိုက်ပြီးပြီ လေ။ ဒီနှစ်ကျတော့ ကားရိုက်တွေကိုနည်းနည်းလျှော့ရိုက်တယ်။ သေချာလေး ဇာတ် လမ်းကိုရွေးပြီး ရိုက်ကူးမယ်လို့ ဆုံးဖြတ်ထားပါ တယ်။ အခုလည်း အဲဒီလိုပုံစံမျိုးရိုက်ကူးဖြစ် နေပါတယ်” လို့ပြောတဲ့ ဝတ်မှုံရွှေ ရည်က ရုပ်ရှင်ကား ပဲဖြစ်ဖြစ်၊ ဗီဒီယို ကားပဲဖြစ်ဖြစ်အဝတ် အစားကို သေချာပြင်ဆင်လေ့ရှိကြောင်း ပြောပါတယ်။
“ကားတစ်ကားရိုက်တော့မယ်ဆိုရင် ခေါင်းအစခြေ အဆုံး သေချာ ပြင်ဆင်ပြီးမှ ရိုက်ကူးတယ်။ အဲဒီအတွက်လည်း သေချာ အချိန်ယူပြီး ပြင်ဆင်လေ့ရှိတယ်။ အဝတ်အစားနဲ့ပတ်သက်ပြီး လက်လှမ်းမီ သလောက်တော့ လေ့လာဖြစ်ပါတယ်။ ဝါသနာလည်းပါတယ်”  လို့ ပြောပါတယ်။
တွယ်တာ
By Popular myanmar
ရွှေမှုန်ရတီ အကြောင်း
 My Brain
စဉ်းစားတဲ့ နေရာမှာ အသုံးပြုတယ်။ ကိစ္စတွေကို ဆုံးဖြတ်တဲ့အခါ မှာ အရေးကြီးတယ်။
My Eye
မျက်လုံးရှိမှ အရာဝတ္ထုတွေကို မြင်နိုင်တယ်။ ပြီးတော့ သရုပ်ဆောင် တဲ့နေရာမှာလည်း အရမ်းအရေးကြီး တယ်။ My Ear ကိုယ့်ကို လူတွေ ဘာပြောနေ လဲဆိုတာကို နားထောင်တယ်။
My Nose
နှာခေါင်းက အသက်ရှူနေမှ အဆင်ပြေတာလေ။
My Mouth
စကားတွေပြောမယ်၊ စာတွေကျက်မယ်၊ ဒိုင်ယာလော့ခ်တွေပြော မယ်။
My Teeth
သွားမရှိတဲ့ ဘိုးဘိုး ဘွားဘွား တွေဆိုရင် သူတို့ဆီမှာ သွားမရှိတော့ အစာစားတဲ့ အခါ အရမ်းဒုက္ခ
 ရောက်တယ်။ အစားစား တဲ့အခါ သွားတွေ ကိုအသုံးပြု ပါတယ်။
My Heart
ရွှေမှုန် အတွက်တော့ အဓိကက ချစ်တာတွေ၊ ခံစားဖို့တွေ ဆိုတာ ထက် အမြဲတမ်း နှလုံးခုန်သံ မှန်နေဖို့ အရေး ကြီးတယ်။ နှလုံး အမြဲတမ်း ခုန်နေမှ လူဆိုတာက အသက်ရှင် တာလေ။ ရွှေမှုန်က နှလုံးရောဂါ နည်းနည်း ရှိတော့ သူများ တွေထက် ပိုပြီးတော့ ဂရုစိုက်ရတယ်။
My Shoulder
ကျောင်းတက် နေရတာ ဖြစ်တဲ့အတွက် ကျောင်းသွားရင် လွယ်အိတ် လှလှလေးတွေ လွယ်သွားတယ်။
My Hands
လက်တွေရဲ့ တာဝန်တွေက အ များကြီး ပါပဲ။ စာရေး ဖို့တို့၊ အစား စားဖို့တို့၊ ကားတံခါး ဖွင့်ဖို့တို့၊ လက်ဆွဲ
 နှုတ်ဆက်တာတို့ အစရှိသဖြင့် အသုံးပြု ပါတယ်။
My Legs
ခြေထောက် တွေရှိမှ ကိုယ်သွား ချင်တဲ့ နေရာကို အလွယ်တကူ အခက် အခဲမရှိဘဲ သွားလို့ ရတာလေ။
My Money
ရွှေမှုန်လက်ထဲမှာ ပိုက်ဆံတစ်ခါမှ မကိုင်ဖူးဘူး။ အမေ့ကို အပ်ပြီး ကိုယ်လို သလောက် အမေ့ဆီ
ကပြန် တောင်းပြီး သုံးပါတယ်။ My Work အလုပ်ကတော့ လူတိုင်းမှာ ရှိဖို့လိုအပ် ပါတယ်။ ဘဝမှာအရေး ကြီးဆုံးထဲမှာ အလုပ်လည်း ပါတယ်။
My Lover
ရည်းစား မရှိသေးပါဘူး။ ချစ်တဲ့သူတွေ ထဲမှာ ရွှေမှုန်ကို အားပေး တဲ့ပရိသတ်တွေလည်း ပါပါတယ်။
My Hobby
သရုပ်ဆောင် ရတာကို အရမ်း ဝါသနာ ပါပါတယ်။ ပြီးတော့ သီချင်း နားထောင် တာလည်း ဝါသနာပါတယ်။ 
မိုးထက်ကျော်
မုဒိမ်းအကျင့်ခံရသည့်မိန်းကလေး ကျောင်းအိမ်သာထဲတွင် ကလေးမွေး
မုဒိမ်းအကျင့်ခံရပြီး ကိုယ်ဝန်ရှိလာသည့်မိန်းကလေးတစ်ဦးသည် ကျောင်းအိမ်သာအတွင်း ကလေးမွေးခဲ့သည့် ဖြစ်ရပ်တစ်ခု ထိုင်ဝမ်တွင်ဖြစ်ပွားခဲ့သည်
အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးကို လမ်းပေါ်တွင်နေထိုင်သည့် အခြေအနေမဲ့တစ်ဦးက မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရရှိလာခဲ့ကြောင်း ထိုမိန်းကလေးက ဝန်ခံခဲ့သည်။
မိန်းကလေးသည် မိမိတွင် ကိုယ်ဝန်ရှိနေသည်ကို မသိဘဲ အဖော်များနှင့် ဘတ်စ်ကက်ဘော ကစားနေစဉ် ဗိုက်နာလာသဖြင့် အိမ်သာသို့ပြေးခဲ့ရကြောင်း၊ အိမ်သာထဲရောက်မှ ကလေးထွက်ကျလာသဖြင့် အံ့သြသွားမိ ကြောင်း၊ အရေးပေါ်အော်ဟစ်အကူအညီတောင်းပြီး ဆေးရုံသို့ အမြန်ပို့ခဲ့ရကြောင်း၊ ကလေးသည် မွေးမွေးချင်း လုံးဝအသက်မရှူကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
သူမ၏ မိဘများ၊ သူငယ်ချင်းများနှင့် မိန်းကလေးကိုယ်တိုင် ကိုယ်ဝန်ရှိနေခြင်းကို မသိခဲ့ဘဲ၊ ဝလာသည်ဟု ထင်ခဲ့ကြောင်း သူမကဆိုသည်။
သူမကို တာဝန်ရှိသူများက မည်သူဆိုခြင်းကို စစ်မေးရာတွင် မပြောနိုင်ကြောင်း၊ ရဲများကလည်း ပတ်ဝန်းကျင်ရှိ အခြေအနေမဲ့များ၏ DNA နှင့် တိုက်ဆိုင်စစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မွေးဖွားလာသည့်ကလေးမှာ မိန်းကလေးဖြစ်ပြီး အသက်ရှင်လျက်ရှိကြောင်း၊ မိသားစုက ထိုကလေးကို မိဘမဲ့ ကလေးများဂေဟာသို့ သွားရောက်ပေးပို့ရန် စီစဉ်ထားသည်ဟုဆိုသည်။
မောက္ခ
Wutt hmone shwe ye Is very cutie girl............So u like :D
Related Posts Plugin for WordPress, Blogger...
Online Readers:
နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ
Twitter Delicious Facebook Digg Stumbleupon Favorites More