News Post

Wednesday, May 29, 2013

ဇာတ်လမ်းတွေ ရွေးချယ်ပြီးရိုက်ကူးတော့မယ့် ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ကလတ်တလောမှာ ဒါရိုက်တာဝင်းထွန်းထွန်းရိုက်ကူးတဲ့ ‘သူ့ထံပါး’ ဇာတ်ကားကို အောင်ရဲလင်း၊ ညီထွဋ်ခေါင်တို့နဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီ ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က အောင်ရဲလင်းကို တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ အခုနောက်ပိုင်းမှာ အဘက်ဘက်က ပြောင်းလဲ တိုးတက်လာတာနဲ့အမျှ အင်တာနက်ကလည်း လူတွေအတွက် မရှိမဖြစ်  လိုအပ် လာတာကိုလ ည်း တွေ့ရပါတယ်။

အနုပညာရှင်တွေအနေနဲ့လည်း သူတို့ချစ်တဲ့ ပရိသတ်ကြီးကိုသူတို့ရဲ့ တစ်နေ့တာလှုပ်ရှားမှုများ ကို အင်တာနက်ကနေတစ် ဆင့်  ဖော် ပြလေ့ရှိပါတယ်။ အင်တာနက်သုံး ခြင်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က.. “ဖေ့စ်ဘုတ်သုံး တာက ကောင်းတာ၊ ဆိုးတာနှစ်ခုတွဲနေတယ်။ ဒါပေမဲ့ အနုပညာသမားတွေ၊ ကြော်ငြာတွေအတွက်က ကောင်းပါတယ်။ ဆိုးတာကျတော့ သူ့လည်း မသိ၊ ကိုယ့်လည်းမသိ၊ ဘယ်ကသူတွေမှန်းလည်းမသိဘူး။

ကိုယ့်ပရိသတ်မဟုတ်ဘဲရမ်းကားတဲ့သူတွေကလည်း ဆဲတယ်။ တကယ့်ပရိသတ်အစစ်ေ တွလည်းရှိပါတယ်။ စော်ကားချင်တဲ့သူတွေအတွက်ကျတော့ ဒါကို လွတ်လပ်ခွင့်ပေးထား သလိုဖြစ်နေ တယ်။ အဓိက ကစ်တို့ သုံးနေ တယ်ဆိုတာ ကလည်း ကိုယ့်ကို ချစ်တဲ့ပရိသတ်တွေ၊ အမြဲတမ်းအားပေးနေတဲ့ အမာခံပရိသတ် အစစ်တွေကို ကစ်တို့သတင်းလေး တွေ၊ ဓာတ်ပုံ၊ Update News  တွေကို အသိပေးချင်လို့ သုံးဖြစ် တယ်။ ဖေ့စ်ဘုတ်မှာ လူမျိုးစုံတွေ့ ရပါတယ်။ ကစ် ဖေ့စ်ဘုတ်သုံးနေတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ” လို့ပြောပါတယ်။ အခု နောက်ပိုင်းမှာတော့ အရင်က ရိုက်ကူးထားတဲ့ ဇာတ်လမ်းပုံစံတွေနဲ့မတူအောင် ရိုက်ကူးထားကြောင်း ဝတ်မှုံ ရွှေရည် ကပြောပါတယ်။

“ကစ် ရှေ့ကကားတွေနဲ့မတူ အောင် ရွေးပြီးရိုက်ကူးထားတယ်။ ဇာတ်လမ်းတွေကအစ တစ်ခါမှမရိုက်ဖူးသေးတဲ့ ပုံစံမျိုးကို အဓိကထားပြီး ရိုက်ကူြး ဖစ်တယ်။ ရှေ့နှစ်တွေကလည်း ဇာတ်လမ်းမျိုးစုံရိုက်ပြီးပြီ လေ။ ဒီနှစ်ကျတော့ ကားရိုက်တွေကိုနည်းနည်းလျှော့ရိုက်တယ်။ သေချာလေး ဇာတ် လမ်းကိုရွေးပြီး ရိုက်ကူးမယ်လို့ ဆုံးဖြတ်ထားပါ တယ်။ အခုလည်း အဲဒီလိုပုံစံမျိုးရိုက်ကူးဖြစ် နေပါတယ်” လို့ပြောတဲ့ ဝတ်မှုံရွှေ ရည်က ရုပ်ရှင်ကား ပဲဖြစ်ဖြစ်၊ ဗီဒီယို ကားပဲဖြစ်ဖြစ်အဝတ် အစားကို သေချာပြင်ဆင်လေ့ရှိကြောင်း ပြောပါတယ်။

“ကားတစ်ကားရိုက်တော့မယ်ဆိုရင် ခေါင်းအစခြေ အဆုံး သေချာ ပြင်ဆင်ပြီးမှ ရိုက်ကူးတယ်။ အဲဒီအတွက်လည်း သေချာ အချိန်ယူပြီး ပြင်ဆင်လေ့ရှိတယ်။ အဝတ်အစားနဲ့ပတ်သက်ပြီး လက်လှမ်းမီ သလောက်တော့ လေ့လာဖြစ်ပါတယ်။ ဝါသနာလည်းပါတယ်”  လို့ ပြောပါတယ်။

တွယ်တာ
By Popular myanmar

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More