News Post

Wednesday, May 29, 2013

သရုပ်ဆောင် ရဲတိုက် တကိုယ်တော် ဆန္ဒပြ


မြန်မာ့အနုပညာရှင် တဦးဖြစ်တဲ့ သရုပ်ဆောင် ရဲတိုက်ဟာ ဒီကနေ့ မနက်ပိုင်းက တကိုယ်တော် ဆန္ဒပြခဲ့ တယ် လို့ သိရပါတယ်။ 

 ဓာတ်ပုံ- ရဲတိုက်ရဲ့ ဖေ့စ်ဘုတ်

ဖြစ်ပုံက ဒီမနက်ပိုင်းမှာ ရန်ကုန်မြို့ထဲက စိန့်မေရီ ဘုရားကျောင်း ( စိန်မေရီ ကာသီဒြယ်) ထဲကို ၀င်ရောက် ဖူးမျှော်ရာမှာ ဘုရားကျောင်း တာဝန်ရှိသူတဦးက မောင်းထုတ်လိုက်လို့ အချင်းများရာက ဆန္ဒဖော်ထုတ်ခဲ့ တာလို့ သိရပါတယ်။ 
သူက စာလုံးနီတွေနဲ့ ရင်ထဲက စာတမ်းကို ရေးသားထားတယ်ဆိုပြီး ဆန္ဒပြနေစဉ် အနီးရှိ ရန်ကုန်မြို့ခံ တဦးက ဧရာဝတီကို ပြောပါတယ်။ 
သူ့ကို အခုလို တကိုယ်တော် ဆန္ဒပြလို့ အရူးတယောက်လို့ သတ်မှတ်မယ့် လူလည်း ရှိနိုင်တယ်လို့ သူက ရေးသားထား ပြီး သူ့အနေနဲ့ တရားမျှတမှုကို ယုံကြည်တယ်လို့လည်း ဆန္ဒပြ ဆိုင်းဘုတ် မှာ ရေးသားထားတယ်လို့ ရန်ကုန်မြို့ခံက ဆက်ပြောပါတယ်။ 

နောက်ပိုင်း သိပ်မကြာခင်မှာပဲ လုံခြုံရေး ရဲတပ်ဖွဲ့တွေက သရုပ်ဆောင် ရဲတိုက်ကို ခေါ်ဆောင်သွားတယ် လို့ မျက်မြင်တွေက ပြောပါတယ်။ 

ရဲတိုက်ရဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ဧရာဝတီက ဆက်လက်စုံစမ်းနေပါတယ်။ 



အိမ့်သံစဉ် ~ 


သရုပ်ဆောင်ရဲတိုက် ဆန္ဒထုတ်ဖော် ရန်ကုန်၊ မေ ၂၈။ ရုပ်ရှင်မင်းသား ရဲတိုက်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက မောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊ လေ့လာခွင့် မရှိဘူးလား” ဟု ဆိုကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမ ကားရေဆေးနေတာ ပြီးတော့မှ ဘုရားကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။ ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက ပြန် ထွက်လာတော့ ပြောတယ်။ ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊ ဝင်ရောက်လေ့လာခွင့် ရှိတယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲ ပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိတယ်” ဟု ရုပ်ရှင်မင်းသား ရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။ ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူ သော်လည်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
รูปภาพ : သရုပ်ဆောင်ရဲတိုက် ဆန္ဒထုတ်ဖော် ရန်ကုန်၊ မေ ၂၈။ ရုပ်ရှင်မင်းသား ရဲတိုက်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက မောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊ လေ့လာခွင့် မရှိဘူးလား” ဟု ဆိုကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမ ကားရေဆေးနေတာ ပြီးတော့မှ ဘုရားကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။ ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက ပြန် ထွက်လာတော့ ပြောတယ်။ ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊ ဝင်ရောက်လေ့လာခွင့် ရှိတယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲ ပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိတယ်” ဟု ရုပ်ရှင်မင်းသား ရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။ ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူ သော်လည်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More