Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်
လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )
News Post
Showing posts with label ပြည်ပအနုပညာ. Show all posts

Thursday, September 26, 2013
Wednesday, September 18, 2013
Thursday, September 12, 2013
ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တဲ့ ဘေဂျင်း ၂၀၀၈ ပန်းချီကား
တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။
ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေးကတော့ ထိုင်ဝမ်သူလေးပါ။
ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက်အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။
တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခုကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်းရထားသလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက်တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက်တစ်ဖက်ကလည်း စားပွဲအောက်မှာ ၀ှက်ကစားနေပါသေးတယ်။
အမေရိကန်သူလေးကတော့ သိပ်ကိုယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။
ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မ၀င်စားချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို ကမ်းလျှက်ရှိနေပါတယ်။ နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။
ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။
ထိုင်ဝမ်သူလေးက ရိုးရာအင်္ကျီနီလေးကို ၀တ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။ သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲနိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။
အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလုအနေအထားကို ပြဆိုပါတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။
မိန်းကလေး ၄ ယောက်ရဲ့ အ၀တ်အစားအနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့ စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်းမှာတော့ စကတ်နဲ့ အတွင်းခံကို ၀တ်ဆင်ထားပါတယ်။ အမေရိကန်ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကိုဝတ်ထားပေမဲ့လည်း အောက်ပိုင်းဗလာဖြစ်နေပြန်ပါတယ်။ ရုရှားကတော့ အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။
ရုတ်တရက်ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီးပေါ်နေပါပြီ။ တရုတ်နဲ့ ရုရှားဟာ အ၀တ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။
တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန် ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှမကျန်တော့တာပါ။
ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။
အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုးဖြစ်နေပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို မှီခိုခဲ့ရပါတယ်။
တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။ ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန်ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆနေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့ ဘယ်အရာမှ စိတ်မ၀င်စားပါ။
ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ၀င်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နိုင်သူကို သစ်သီးဆက်ဖို့ပါပဲ။
နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲစည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ။
ရွှေသတင်းသစ်
Monday, September 2, 2013
ယာဉ်စည်းကမ်း ထပ်မံ ချိုးဖောက်ခဲ့သည့် Justin Bieber
ကမ္ဘာကျော် အဆိုတော် Justin Bieber သည် ယမန်နေ့က လော့စ်အိန်ဂျလိစ်မြို့
အနောက်မြောက်ဘက် Calabasas မြို့ရှိ ၄င်း၏ နေအိမ်အနီး မနက် ၄း၃၀
အချိန်ခန့်တွင် ၄င်းပိုင် Ferrari ကားအား မောင်းနှင်လာစဉ် ယာဉ်ရပ်နားရန်
အချက်ပြမှုအား မလိုက်နာဘဲ မောင်းနှင်လာသကဲ့သို့ လိုင်စင်လည်း မရှိသည့်အတွက်
ယာဉ်ထိန်းရဲ၏ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။
ဇွန်လ အတွင်းကလည်း Bieber မောင်းနှင်လာသော ကားဖြင့် ပါပါရာဇီ တစ်ဦးအား တိုက်မိခဲ့ကြောင်း ၊ ထို့ပြင် ဇူလိုင်လကလည်း ဗရမ်းဗတာ ယာဉ်မောင်းနှင်မှုနှင့် တရားစွဲဆိုခံခဲ့ရကြောင်း ၊ Calabasas ရှိ ၄င်း၏ နေအိမ်က ဇွန်လ အတွင်းကမှ ၀ယ်ယူခဲ့ပြီး အမေရိကန်ပြည်ထောင်စု အနောက်ဘက် ပြည်နယ်သို့ ပြောင်းရွှေ့လာသူများသည် ပြောင်းရွှေ့ပြီး ၁၀ ရက်အတွင်း အဆိုပါမြို့၏ သက်ဆိုင်ရာ အာဏာပိုင်များထံ ယာဉ်မောင်းလိုင်စင်အသစ် ထပ်မံ လျှောက်ထား ရယူရန် လိုအပ်သော်လည်း Bieber အနေဖြင့် ပျက်ကွက်ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
Source: AFP
by MRTV-4

Thursday, August 1, 2013
Monday, July 15, 2013
ကိုရီးယားပရိသတ်တွေ အတွက် အလှဆုံး ချစ်သူလေး ဆူးလီ
MRTV 4က အခုလက်ရှိလာနေတဲ့ အလှဆုံးချစ်သူဇာတ်ကားထဲမှာ
ယောက်ျားလေးယောင်ဆောင်ထားတဲ့ ကောင်မလေး ဂူဂျယ်ဟီ အဖြစ်
သရုပ်ဆောင်ထားတဲ့ ဆူးလီ ပါ...
သူမဟာ အခုအချိန်မှာ အသက် 19နှစ်သာ ရှိသေးတဲ့ သရုပ်ဆောင်မလေး ပါ.သူမရဲ့ သရုပ်ဆောင်မှုတွေက ထူးချွန်ပြောင်မြောက်တာလည်း အဆန်း မဟုတ်ပါဘူး။. ...ငါးတန်းကျောင်းသူဘ၀ထဲက ထူးချွန်စွာ သရုပ်ဆောင်နိုင်
နေပြီး ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးနေရပါပြီ.. နောက် အဆို
ဘက်ကို အားသန်လို့ Fx အဖွဲ့ဝင်တစ်ဥိးအဖြစ် နာမည်ကျော်ခဲ့ပြန်ပါတယ်..
သူမက အခုထုတ်လွှင့်နေတဲ့ To the beautiful you (အလှဆုံးချစ်သူ)မှာ လူကြိုက်အများဆုံး သရုပ်ဆောင်ဆုကို 2013 အတွက် လျှာထားခြင်းခဲ့ရသူ
ဖြစ်တယ်ဆိုတာ ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ရပါတယ်..
Sunday Journal

Friday, July 5, 2013
Teen Choice ဆုအတွက် တေလာဆွစ်ဖ် ဆုခြောက်ဆု ဆန်ခါတင် ရွေးချယ်ခံရ
ကန်းထရီး အဆိုတော် တေလာဆွစ်ဖ်သည် သြဂုတ်လ၌ ကျင်းပမည့် Teen Choice ဆုပေးပွဲ၌ ဆုသုံးဆုနှင့် အထက် ဆန်ခါတင် ရွေးချယ်ခံရကြောင်း သိရသည်။
Glee ရုပ်သံဇာတ်လမ်း သရုပ်ဆောင်များဖြစ်သည့်Chord Over-street ၊ Melissa Benoist ၊ Heather Benoist ၊ Heather Morris ၊ Blake Jenner နှင့် Becca Tobin တို့သည်လည်း ဆန်ခါတင် ရွေးချယ်ခံရ သူများစာရင်းတွင် ပါဝင်ပြီး Glee ရုပ်သံ ဇာတ်လမ်းသည် စုစုပေါင်း ဆုရှစ်ဆု လျာထားခံရကြောင်း သိရ သည်။ Rebel Wilson၊ Anna Kendrick ပါဝင်သရုပ်ဆောင် ထားသည့် Pitch Perfect ရုပ်ရှင်သည် ရှစ်ဆု ဆန်ခါတင် ရွေးချယ်ခံရသည်။
ဒမ်မီလိုဗာတို (Demi Lovato)၊ မိုင်လီဆိုင်းရပ်စ် (Miley Cyrus) ၊ ဂျက်စတင်ဘီဘာ (Justin Bieber) ၊ ရီးဟားနား (Rihanna) ၊ ဆလီနာဂိုမက်ဇ် (Selena Gomez)၊ ဂျက်စတင် ဘာလိတ်(ခ်) (Justin Timberlake)၊ နစ်ကီမင်နာ့ (Nicki Minaj) စသည့် အနုပညာရှင် များသည် ဆုနှစ်ဆုနှင့် အထက် လျာထားခံရသည်။
Teen Choice ဆုပေးပွဲ အခမ်းအနားကို သြဂုတ် ၁၁ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး Fox ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
သိင်္ဂီဝင်း (Ref:UPI)
Popular Myanmar News Journal

နေအိမ်ခြံဝင်းထဲ ကျူးကျော်သူများကို သီချင်းစာသားဖြင့် တေလာဆွစ်ဖ် သတိပေး
မိမိ၏ နေအိမ်ခြံဝင်းထဲ ကျူးကျော်ဝင်ရောက်လေ့ ရှိသူများကို တေလာဆွစ်ဖ်က
သီချင်းစာသားဖြင့် သတိပေးထားလိုက်သည်။ Country ဂီတစတား အဆိုတော်မလေးသည်
ရုဒ်အိုင်းလန်းရှိ သူမ၏ ဇိမ်ခံအိမ်ကြီးသို့ ကျူးကျော် ဝင်ရောက်လာတတ်သည့်
အစွန်းရောက် ပရိသတ်များကြောင့် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရလေ့ ရှိသည်။
ထို့ကြောင့် တေလာက ဝင်ခွင့်မရှိ စာတန်းကို ဒေါ်လာ (၁၇)သန်းတန် စံအိမ်ကြီးရှေ့တွင် ရေးထိုးထားပြီး သူမ၏ သီချင်းစာသားဖြင့် ပိုင်နက်အတွင်း ဝင်ရောက်လာပါက ဒုက္ခတွေ့နိုင်မည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။ သူမသည် (၂၀၁၂)ခုနှစ်က သီချင်းဖြစ်သော #I #Knew #You #Were #Trouble မှ သီချင်းစာသားကို ကိုးကားထားခြင်း ဖြစ်သည်။
အသက်(၂၃)နှစ်ရှိ တေလာသည် "လျှောက်ဝင်လာရင်တော့ မင်းဒုက္ခတွေ့မယ်ဆိုတာ ငါသိထားတယ်"ဟု အဓိပ္ပါယ်ရသည့် 'I knew you were trouble when you walked in'ဆိုသော သီချင်းစာသားကို ဖြတ်သန်းသွားလာခွင့် မပြုဆိုသည့် စာတန်းနှင့်အတူ ရေးသားထားစေခြင်း ဖြစ်သည်။
ငယ်ငယ်ရွယ်ရွယ်နှင့် သန်းပေါင်း အတော်များများ ကြွယ်ဝလာသော သူဌေးမလေးသည် ဘီဗလီဟေးလ်နှင့် တက်နက်ဆီတို့တွင်လည်း အိမ်ကြီးတစ်လုံးစီ ပိုင်ဆိုင်ထားသေးသည်။ ထို့အပြင် မက်ဆာချူးဆက်ရှိ ဟားနစ်ဆိပ်ကမ်းတွင်လည်း အိမ်တစ်လုံး ဝယ်ယူဖူးသော်လည်း မတ်လက ပြန်လည် ရောင်းထုတ်ခဲ့ရာ ဒေါ်လာ(၁)သန်း အမြတ်အစွန်း ရခဲ့သည်။
Planet Myanmar Network

လေဒီဂါဂါက ချစ်သူအတွက် တန်ဖိုးကြီးကျောပိုးအိတ် မွေးနေ့လက်ဆောင်ပေး
လေဒီဂါဂါသည် သူမ၏ ချစ်သူအတွက် တန်ဖိုးကြီး ကျောပိုးအိတ် တစ်လုံးကို
မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ဂါဂါ၏ စိတ်ကူးသည်
ဆန်းသစ်ပြီး ဟောလီးဝုဒ် မင်းသား တေလာကင်နီအတွက် ကျောပိုးအိတ် တစ်လုံးကို
သီးခြား မှာယူကာ ချုပ်လုပ်ထားစေခြင်း ဖြစ်သည်။
ဂါဂါသည် အဆိုပါ ကျောပိုးအိတ်အတွက် ပေါင်စတာလင် (၃၇၀၀၀)မျှ အကုန်အကျ ခံခဲ့ရသည်။ ယင်းကျောပိုးအိတ်များ ပုံစံတူ (၁၁)လုံးသာ ရှိမည်ဟု သိရသည်။ အသက်(၂၇)နှစ်ရှိ Popဂီတစတား အဆိုတော်သည် ဒီဇိုင်းပညာရှင် ဒါမီယန်ဟာ့စ်ထံသို့ ယခုကျောပိုးအိတ်အတွက် သီးခြား ချုပ်လုပ်ပေးရန် မှာယူခဲ့ခြင်း ဖြစ်သည်။
ကင်နီ၏ မွေးနေ့သည် ဇူလိုင်လ (၁၅)ရက်နေ့တွင် ကျရောက်ပြီး အသက်(၃၂)နှစ် ပြည့်မြောက်မည် ဖြစ်သည်။ ကျောပိုးအိတ်သည် ရောင်စုံစက်ဝိုင်းများဖြင့် အလှဆင်ထားသည့် အနက်ရောင် သားရေကို အခြေခံ ချုပ်လုပ်ထားခြင်းဖြစ်ပြီး အတွင်း ကိုယ်ထည်၌ ကြေးဝါသားပေါ်တွင် ရွှေပြားထပ် အုပ်ထားကြောင်း သိရသည်။
ဂါဂါနှင့် နီးစပ်သူများက "ကင်နီကတော့ ကျောပိုးအိတ်ကို ကြည့်ပြီး သဘောကျနေပါတယ်။ ပြောရရင် သူက အရင်ကတည်းက ကျောပိုးအိတ်တွေကို တန်ဖိုးထား စုဆောင်းတတ်သူပါ။ ဒီလိုအိတ်မျိုးက တကယ့် တစ်မျိုးတစ်စားတည်း ထိပ်တန်းအဆင့် ဖြစ်ပါတယ်။
စုစုပေါင်းမှ (၁၂)လုံးပဲ ရှိတယ်"ဟု ပြောကြားခဲ့သည်။ ဂါဂါသည် ကင်နီ၏ မွေးနေ့တွင် ပါတီပွဲကြီးတစ်ခု ကျင်းပပေးရန်လည်း စီစဉ်ထားသည်။ ထို့အပြင် ကင်နီကို မိသားစုများ ရှိနေသည့် ချီကာဂိုသို့ အလည်အပတ် ခရီးထွက်နိုင်အောင်လည်း လေယာဉ်လက်မှတ် မှာယူပေးထားကြောင်း သိရှိရသည်။

Thursday, July 4, 2013
X Galz အဖွဲ့ရဲ့ ဖျော်ဖြေမှု အနုပညာ (ရုပ်/သံ)

X Galz အဖွဲ့ရဲ့ ဖျော်ဖြေမှု အနုပညာ ပိုင်းရယ် သရုပ်ဆောင်ပုံရယ် MTV ရိုက်ကွက်လေးနဲ့ ကြည့်လို့ နားထောင်လို့ တော်တော် ကောင်းပါတယ်။
MTV Myanmar
ဒီမှာ video ကြည့်မယ်
Pee Mak မင်းသမီး ဒါဗီကာဟွန်း
မြန်မာပရိသတ်ရဲ့ အားပေးမှုကို အကြီးအကျယ် ပိုင်ဆိုင် နိုင်ခဲ့သလို
ရုံပြည့်ရုံလျှံ ကြည့်ရှုသူ တွေနဲ့ စည်းကားခဲ့တဲ့ Pee Mak ဇာတ်ကားရဲ့
သရဲမလေး NAk သို့မဟုတ် ထိုင်းမင်းသမီး ချောလေး ဒါဗီကာရဲ့ အနုပညာရှင်
ဘဝဖြတ်သန်းမှုကို မြန်မာ ပရိသတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပါသည်။
မင်းသမီးလေး မီယာဒါ ဗီကာဟွန်းကို ၁၉၉၂ ခုနှစ် မေ ၁၆ ရက်က ဗန်ကောက် မြို့တော်၌ မွေးဖွားခဲ့သည်။
ဒါဗီကာဟွန်းသည် ထိုင်းနိုင်ငံ၏ အနုပညာ နယ်ပယ်၌ နာမည်ရနေသော အခြားကြယ်ပွင့် များလိုပင် အနောက်တိုင်း သွေးနှောသော ကပြားမလေး တစ်ယောက် ဖြစ်ပါသည်။
ဒါဗီကာ၏ ဖခင်က ဘယ်လ်ဂျီယံ နိုင်ငံသား တစ်ဦးဖြစ်ပြီး သူမမိခင် ကန်ပါကတော့ ထိုင်းနိုင်ငံ၌ လူသိများသည့် အဆိုတော် တစ်ယောက် ဖြစ်သည်။ ဒါဗီကာသည် အနုပညာ လောကထဲသို့ မော် ဒယ်လ် တစ်ယောက်အဖြစ်နှင့် စတင် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။
ဒါဗီကာ ငယ်စဉ်က Sacred Heart ကျောင်းမှာ မူကြိုမှ အလယ်တန်းအထိ ပညာသင် ယူခဲ့သည်။ ထို့နောက် နိုင်ငံတကာ ကျောင်းတစ်ခုမှ အထက်တန်း အောင်ခဲ့သည်။ ဒါဗီကာသည် အနုပညာ အလုပ်ကို လုပ်ကိုင် နေသော်လည်း ပညာရေး ဆုံးခန်း မတိုင်သေးပါ။ Rangsit တက္ကသိုလ်၌ သူမဝါသနာပါရာ အထူးပြု မေဂျာဖြစ်သော Faculty of Art ကို သင်ယူ နေဆဲ ဖြစ်ပါသည်။
ဒါဗီကာ မော်ဒယ်လ် အဖြစ်စတင် လုပ်ကိုင်သည့်အခါ သူမ၏ ပိတုန်းရောင် ဆံနွယ်တွေ ကြောင့် ထူးခြားသော ဆွဲဆောင်မှု တစ်ခုအဖြစ် လူသိများ လာခဲ့သည်။ ဒါဗီကာသည် အသက် ၁၃ နှစ် ကတည်းက လူငယ် သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကား တချို့မှာ ကြိုးကြား ကြိုးကြား ပါဝင်ခဲ့ဖူးပြီး အသက် ၁၇ နှစ်မှစ၍ မော်ဒယ်လ်ဘဝကို ရွေးချယ်ခဲ့ပါသည်။ ထို့ကြောင့် သူမ၏ အနုပညာ လမ်းကြောင်းသည် အခြေကျ ခိုင်မာ လာခဲ့သည်။ ထို့နောက်တွင် မော်ဒယ်လ် အနေနှင့်ရော၊ ရုပ်ရှင် သရုပ်ဆောင် အဖြစ်နှင့်ပါ အောင်မြင်သော ဘဝတစ်ခုဆီ လျှောက်လှမ်း လာနိုင်ခဲ့ပါသည်။
သရုပ်ဆောင် နယ်ပယ်မှာ သူမ ပါဝင်သော Superman ဆိုသည့် Drama ဇာတ်လမ်း တိုလေးကို ရိုက်ကူးခဲ့စဉ် ကတည်းက ဒါဗီကာကို ပရိသတ်က အသိအမှတ်ပြု သတိထားမိ လာခဲ့သည်။ ထို့နောက် Cupid's Shadow ဆိုသည့် ဇာတ်လမ်းက ထိုင်းတွင် အဆင့်အတန်း ရှိသော Drama ဇာတ်ကား ကောင်းလေးအနေနှင့် ပရိသတ်၏ စိတ်နှလုံးကို ဖမ်းစားလာ နိုင်ခဲ့သည်။ အမှန်စင်စစ် ဒါဗီကာသည် သရုပ်ဆောင် အလုပ်တွင် အတွေ့အကြုံ များများ စားစား ရှိလှသည် မဟုတ်သေး။
ရုပ်ရှင် ဇာတ်ကားဆိုလို့ နှစ်ကားသာ ရိုက်ကူး ခဲ့ဖူးပြီး Drama ဇာတ်လမ်းတို နည်းနည်းနှင့် TV စီးရီး သုံးခုစာ လောက်သာရိုက်ခဲ့ ဖူးသေးသည်။ သို့သော် လှပကြော့ရှင်းသော သူမ၏ ရုပ်ရည်နှင့် ပါရမီ အခံရှိသည့် သရုပ်ဆောင် စွမ်းရည်တို့ကြောင့် ထိုင်းနိုင်ငံတလွှား တစ်စထက် တစ်စ ပရိသတ် တိုးပွားပြီး အောင်မြင်မှုများ ရလာခဲ့သည်။ သူမနှင့် ပတ်သက်ပြီး ထူးခြားသည့် ပရိသတ် မှတ်ချက် တစ်ခုကတော့ ဒါဗီကာဟာ Drama ဇာတ်ရုပ်များနှင့် လိုက်ဖက်သော မင်းသမီးဟု ကောက်ချက် ချကြသည်။ Cupid' Shadow, Superman, Dawn of Love,Love has Become Shame တို့ကဲ့သို့သော ဇာတ်ကားများ၌ ကွဲပြားသည့် စရိုက် အဖုံဖုံကို သူမက ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြခဲ့သည်။
ဒါဗီကာ ပထမဆုံး ပါဝင် သရုပ်ဆောင်ခဲ့သော ရုပ်ရှင် ဇာတ်ကားမှာ ၂ဝ၁၂ ခုနှစ်က ရုံတင်ခဲ့ သည့် Bpidtu Poom Prom Dan Haeng Ruk ဆိုသော ဇာတ်ကား၌ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်ကား၌ ပါဝင်ခဲ့သော်လည်း ပြောင်ပြောင် မြောက်မြောက် မဟုတ်ခဲ့ပါ။ ဒါပေမဲ့ သူမ၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား ဖြစ်သော Pee Mak ကို ၂ဝ၁၃ ခုနှစ်တွင် ရုံတင်သော အခါ အကြီးအကျယ် အောင်မြင် ခဲ့ပါတော့သည်။ ဒါဗီကာက လင်သားကို စွဲလမ်း လွန်းသဖြင့် မကျွတ်မလွတ်ဘဲ သရဲတစ္ဆေဘဝ ရောက်ရရှာသည့် မိန်းကလေး တစ်ယောက် အဖြစ် သနားစရာ၊ ရယ်စရာ၊ ကြည်နူး ဆွတ်ပျံ့စရာ ရသအမျိုးမျိုး ပေါ်လွင်အောင် သရုပ်ဆောင် ခဲ့ပါသည်။
ဒါရိုက်တာ ဘန်ဂျွန် ပီဆန်သန်နာကွမ် ရိုက်ကူးသည့် ဇာတ်ကားတွင် မာရီယိုမော်ရာနှင့် ဒါဗီကာ တို့က အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားသည်။ ဒါဗီကာ အနေဖြင့် Pee Mak ရုပ်ရှင် ဇာတ်ကားတွင် အကြီးအကျယ် အောင်မြင်ခဲ့သည့် အတွက် ကိုယ်တိုင် အံ့သြကြောင်း လည်း ဝန်ခံခဲ့သည်။ သို့ပေမဲ့ ချောက်ချောက် ချားချားဇာတ်ကား မျိုးတွေကို ကြည့်လေ့ ကြည့်ထ မရှိကြောင်း သူမက ဖွင့်ဟ ပြောခဲ့သည်။ Pee Mak ရုပ်ရှင် ဇာတ်ကားသည် ထိုင်း နိုင်ငံတွင် ဝင်ငွေ အကောင်းဆုံး ဖြစ်လာသကဲ့သို့ တောင်အာရှနိုင်ငံ အချို့၌လည်း အရှိန်ကောင်းကောင်းနှင့် ထိုးဖောက်နေဆဲ ဖြစ်ပါသည်။ ဒါဗီကာက သရဲအဖြစ် သရုပ်ဆောင်ဖို့ မိတ်ကပ်ကို အချိန်ယူကာ လိမ်းရလေ့ရှိပြီး သူမနှင့် တွဲဖက် သရုပ်ဆောင်ရသည့် အဖွဲ့သား များကလည်း နှစ်လိုစရာပါ ဟု ပြောခဲ့သည်။
ဒါဗီကာ အနေနှင့် လောလော ဆယ်မှာတော့ ပညာရေးနှင့် အနုပညာ အလုပ်ကို ဘက်မျှ အောင်ရှေ့ဆက် လုပ်ဆောင်သွားမည်ဟု ပြောပါသည်။ သူမသည် ထိုင်းနိုင်ငံ၌ ၂ဝ၁၃ ခုနှစ် အတွက် Popular ဖြစ်လာသော မင်းသမီး တစ်လက်အနေဖြင့် Ta About
Award ဆုကိုလည်း ချီးမြှင့် ပေးအပ်ခြင်း ခံခဲ့ရပါသည်။ ။
ရဲမာန်ခ (မြ၀တီ)

ရန်ပွဲ ဖြစ်ခဲ့ရတဲ့ မိန်းမလျာ အလှပြိုင်ပွဲ ဗီဒီယို

Friday, June 21, 2013
လူပြောများနေသည့် Selena Gomez ၏ ချစ်သူအသစ်
အမေရိကန် အဆိုတော်နှင့် သရုပ်ဆောင် ဖြစ်သူ Selena Gomez သည် ဆယ်ကျော်သက်
ဂီတပါရမီရှင် Justin Bieber နှင့် တွဲလိုက်ကွဲလိုက်အချစ် ဇာတ်လမ်းများဖြင့်
နောက်ဆုံးတွင် လမ်းခွဲခဲ့ပြီးနောက် လအတန်ကြာ သူငယ်ချင်းများနှင့်သာ
အဖော်ပြုပြီး သူမ၏ အနုပညာလုပ်ငန်းများတွင်သာ
ဇောက်ချ လုပ်ကိုင်နေခဲ့သည်။
ယခုအခါ Selena Gomez သည် သူငယ်ချင်းများ အနက် အမေရိကန် သရုပ်ဆောင်လည်းဖြစ် ၊ ရုပ်သံဇာတ်ညွှန်းရေးသူလည်းဖြစ် ၊ ထုတ်လုပ်သူ လည်း ဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိ David Henrie နှင့် ပိုမို ရင်းနှီး တွဲသွားတွဲလာလုပ်နေသည့်အတွက် Selena Gomez မကြာမီ ထုတ်ဖော်ပြောကြားမည့် ချစ်သူလောဟု ဝေဖန် သုံးသပ်လျက်ရှိသည်။
အချစ်ရေးတွင် ကံမကောင်းသူဟု ပြောကြသည့် Selena Gomez အနေဖြင့် အနုပညာတွင် ဘက်စုံတော်ပြီး အောင်မြင်နေသူ ၊ နှစ်လိုဖွယ်ရှိသည့်ရုပ်ရည် ၊ အပေါင်းအသင်းဆန့်သူ၊ သူမကဲ့သို့ ကလေး ငွေကြယ်ပွင့် သရုပ်ဆောင်ဖြစ် သည့် David Henrie အပေါ် အလေးသာကာ ချစ်သူအဖြစ် လက်ခံနိုင်သည့် အနေအထား ဖြစ်ကြောင်း အမေရိကန်ဂီတ လောကတွင် ထင်ကြေးပေးလျက်
ရှိနေကြောင်း သိရသည်။
Mrtv-4

Friday, June 14, 2013
구혜선 > Ku Hye-sun
လက်တစ်ဖက်သာ ရှိသည့် ပထမဆုံးသော အမေရိကန် Miss Iowa အလှမယ် နီကိုးလ်
အိုင်အိုးဝ ဇွန် ၁၂
နီကိုးလ်ကယ်လီ အမည်ရှိ လက်တစ်ဖက် မရှိသော ရွှေရောင်ဖျော့ဖျော့ ဆံကေသာ ပိုင်ရှင် အလှမယ် တစ်ဦးသည် အမေရိကန် Miss Iowa ဆုကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
နီကိုးလ်သည် ပြိုင်ဘက် အလှမယ်များ အားလုံးကိုကျော်၍ အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး Miss Iowa ဆုကို ဆွတ်ခူးနိုင် သည့် ပထမဆုံးသော အင်္ဂါချို့တဲ့သူ အလှမယ် တစ်ဦးလည်း ဖြစ်သည်။
သူမသည် မွေးဖွား လာကတည်းက ဘယ်လက် တစ်ဖက်မပါဘဲ မွေးဖွားခဲ့သူ ဖြစ်ပြီး သူမသည် လာမည့် စက်တင်ဘာ ၁၅ ရက်တွင် ယခုထက်ပို၍ ကြီးကျယ်သော ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
မိမိသည် လာမည့်ပြိုင်ပွဲအတွက်လည်း မိမိကိုယ်ကို ယုံကြည်မှုရှိ ကြောင်း နီကိုးလ်က CBS 4 ရုပ်သံလိုင်းကို ပြောကြား ထားသည်။
နီကိုးလ်သည် ပြိုင်ပွဲမှ ချီးမြှင့်ငွေ ဒေါ်လာ ၁ဝဝဝဝ ကျော်ကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
Written by စကားဝါ (မြ၀တီ)

- 
- See more at: http://4wadi.blogspot.com/2013/06/test_8.html#sthash.x5kXvZwl.dpuf