News Post

Monday, August 5, 2013

ဆွိဝတ်ရည်သောင်း၏ နံပါတ်တစ်

Share
(ရန်ကုန်၊ ဇူလိုင် ၂၉)
ဆွိဝတ်ရည်သောင်းက သူ့အတွက် ဂီတသည် နံပါတ် တစ်ဖြစ်ကြောင်း ပြောသည်။
‘သီချင်းချစ်သူ’ အမည်ရှိ ဆွိဝတ်ရည်သောင်း၏ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီး ဒီဇင်ဘာလမှာ ထွက်ရှိ တော့မည် ဖြစ်သည်။
”တစ်ကိုယ်တော် အခွေလေးကို ဒီဇင်ဘာလလောက် မှာထွက်ဖို့ မှန်းထားပါတယ်။ Title ကိုတော့ လောလော ဆယ် ‘သီချင်းချစ်သူ’ လို့ စဉ်းစားထားတယ်။ တေးရေးတွေ အနေနဲ့ ကေအေတီ၊ မြင့်မိုးအောင်၊ Rခိုင်၊ စိုင်းဝင်းဦး၊ ကိုဥ၊ မောင်သစ်မင်း၊ စံပီးတို့ ရေးပေးထားတယ်။ စုံတွဲတွေ က ကျော်သီဟရယ်၊ စိုင်းလိတ်ရယ် နဲ့ ဆိုထား တယ်။ ပေါ့ပ်၊ ရော့ခ်၊ စလိုး ရော့ခ်လေးတွေ ပါမယ်။ ဒါပေမဲ့ ရော့ခ်သီးသန့် ချည်းတော့ မဆိုဖြစ်ပါဘူး။ ဒီအခွေက ကျွန်မရဲ့ ပထမဆုံး အခွေ ဆိုတော့ အခက်အခဲတွေ အများကြီး ရှိတယ်။ လုပ်ခဲ့တာ တစ်နှစ် လောက်တော့ ရှိပြီ။ တအားကို ကြိုးစားထား ပါတယ်။ စ လုပ်လုပ်ချင်း ဆိုတော့ ပရိသတ် အကြိုက် နဲ့ ကွဲထွက် သွားတာလေးတွေ၊ လိုအပ်ချက် လေးတွေတော့ ရှိမှာပါ။ ဖြည့်စွက်ပြီး အားပေးကြပါ”ဟု ဆွိဝတ်ရည်သောင်း က ပြောသည်။
”ဒီအခွေ စလုပ်ကတည်းက ဘယ်လို၊ ဘယ်လိုလုပ်ချင် တယ်ဆိုတာ ဆရာနဲ့ ပြောဖြစ်တယ်။ သီချင်းတွေ ရေးကြတယ်။ Vocal Guide ရော၊ Arrangement ပိုင်းကိုပါ ဆရာပဲ လုပ်ပေးသွားတာပါ။ ‘သီချင်းချစ်သူ’က ဆရာရေးပေးခဲ့တဲ့ သီချင်းပေါ့။ နောက်ပြီး ကို Rခိုင် နဲ့ပေါင်း ပြီး ရေးထားတဲ့ သီချင်းတွေလည်း ပါပါတယ်။ ငယ် ငယ်လေး ကတည်းက ဂီတကိုပဲ ဝါသနာပါတယ်။  Movie ပိုင်းကျ တော့လည်း ငယ်ငယ်ကတည်းက ကိုယ်နဲ့ ရင်းနှီးပြီးသား။ ဒါပေမဲ့ ဂီတ ကျတော့ အသွေး အသား ထဲက ကို ဝါသနာ ပါတာ။ ဒါကြောင့် ဂီတကိုပဲ ပိုပြီး ဦးစားပေးဖြစ်သွားမှာပါ” ဟု ၄င်းက ပြောသည်။
မျိုးမောင်

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More