News Post

Monday, September 2, 2013

မုံရွာ -ရွှေဘို ကားလမ်းတွင် ယာဉ်တိမ်းမှောက်၍ ကျော်ရဲအောင် သေဆုံး

ရွှေဘို၊ သြဂုတ် ၂၉ ရက်နေ

ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ သမရိုးကျေးရွာအနီး မုံရွာ - ရွှေဘို အဝေးပြေးကားလမ်းမကြီး မိုင်တိုင်အမှတ် ၃၇/၄နှင့် ၃၇/၅ အကြားတွင် ယခုလ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ၌ ကျော်ရဲအောင် ဆိုသူ သည် အခင်းဖြစ်အရပ်တွင် သေဆုံးလျက်ရှိကြောင်း ရွှေပန်းကုံး ရဲစခန်း၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

၎င်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာသို့ ရွှေပန်းကုံး ရဲစခန်းမှူး ရဲအုပ် မြင့်စိုးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာတွင် ဒရင် အစိမ်းရောင် 110 အမျိုးအစား ဆိုင်ကယ်တစ်စီးသည် စက်အင်ဂျင်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်း မှောက်နေသည်ကို စီစစ်တွေ့ရှိရကြောင်း ရဲဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ခဲ့ရခြင်းကြောင့် အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာနေ မောင်ကျော်ရဲအောင် အသက်(၁၉)နှစ်ဆိုသူ မှာ ယာဉ်တိမ်းမှောက်ရာတွင် ရရှိခဲ့သော ဒဏ်ရာများဖြင့် ၎င်းနေရာတွင် သေဆုံးလျက်ရှိနေသည်ကို တွေ့ရှိရသဖြင့် ရွှေပန်း ကုံးရဲစခန်း ယာဉ်(ပ) ၂၁/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄(က) အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး


0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More