News Post

Friday, June 7, 2013

ကောလာဟလ အမျိုးမျိုးနှင့် F4 မင်းသား ဂျီဟို ဘာဆက်လုပ်မှာလဲ

ကောလာဟလ အမျိုးမျိုးနှင့် F4 မင်းသား ဂျီဟို ဘာဆက်လုပ်မှာလဲ

SS501 ဂီတအဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်ပြီး မြန်မာ ပရိတ်သတ်များကြား ဂျီဟို ဟု လူသိများသော Boys Over Flowers (F4) ရုပ်သံဇတ်လမ်းမှ သရုပ်ဆောင် မင်းသား Kim Hyun Joong သည် လက်ရှိအချိန်တွင် သူ၏ အေဂျင်စီနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်း ပြည့်တော့မည်ဖြစ်၍ ဘာဆက်လုပ်ရမလဲ ဝေခွဲမရလောက်အောင် အကျပ်ရိုက်နေသည်ဟု ဆိုသည်။
Kim Hyun Joong ၏ DSP Entertainment နှင့် ချုပ်ဆိုထားသော စာချုပ်မှာ ဇွန် ၂၈ တွင် သက်တမ်းပြည့်တော့မည် ဖြစ်သည်။ ထို့ကြောင့် Kim Hyun Joong သည် SS501 အဖွဲ့မှခွဲထွက်ပြီး သရုပ်ဆောင် လုပ်ငန်းကိုသာ ဆက်လက် လုပ်ဆောင်တော့မည်ဟု ကောလာဟလ များထွက်လျက်ရှိသည်။ တစ်ခြားတစ်ဘက် တွင်လည်း ထိုကောလဟာလ များနှင့် ဆန့်ကျင်ပြီး SS501 ၌သာဆက်လက်ပါဝင်ပြီး ကုမ္ပဏီ နှင့် စာချုပ်အသစ် ဆက်လုပ်ချုပ်ဆိုမည်ဟုလဲ ကောလာဟလများ အမျိုးမျိုးထွက်ပေါ် လျက်ရှိပါသည်။
Kim Hyun Joong ခေါင်းဆောင်သည့် SS501 ဂီတအဖွဲ့
ထို့အပြင် TVXQ ဂီတအဖွဲ့မှ Jaejoon နှင့် Kim Hyun Joong မှာ အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ကြပြီး Kim Hyun Joong မှာ Jaejoong ၏ ကုမ္ပဏီသို့ ဝင်ရောက်လိမ့်မည် ဟုလည်း အမည်မဖေါ်သော တစ်စုံတစ်ယောက်က ပြောကြားသေးသည်။ ထိုကောလာဟလ ထွက်ပေါ်ရခြင်း အကြောင်းမှာ လက်ရှိအချိန်တွင် Hyun Joong နှင့် Jaejoong တို့သည် အတူနေတိုင်လျက် ရှိပြီး အချစ်ဆုံးသူငယ်ချင်း နှစ်ယောက် ပူးပေါင်းကာ Kim Hyun Joong ၏ အနာဂတ်အတွက် ဂရုတစိုက် ချင့်ချိန်စဉ်းစား နေကြသောကြောင့် ဖြစ်သည်။
ဂျီဟို (Kim Hyun Joong) ၏ အချစ်ဆုံး သူငယ်ချင်း TVXQ ဂီတအဖွဲ့မှ Jaejoon
Kim Hyun Joong သည်  နာမည်ကျော် ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်သော ဘေယောင်ဂျွမ်း (Bae Yong Joon) နှင့်လည်း မကြာသေးခင်က တွေ့ဆုံခဲ့သေးသည်။ ကိုယ်ပိုင် ထုတ်လုပ်ရေး အေဂျင်စီ ပိုင်ဆိုင်ထားသော မင်းသား Bae Yong Joon နှင့် တွေ့ဆုံခြင်းသည်  Kim Hyun Joong ၏ စာချုပ်ပြည့်တော့မည့် ကိစ္စနှင့်ပါတ်သက် မည်ဟု ထင်ကြေးပေးကာ တိုကိစ္စကို ပရိတ်သတ်များက စူးစမ်းနေကြသည်။ သို့သော် ဘေယောင်ဂျွမ်း ၏ ကိုယ်စားလှကမှု ဤတွေ့ဆုံမှုသည် ကိုယ်ရေးကိုယ်တာ သက်သက်သာ ဖြစ်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။
ဘာဆက်လုပ်ရမလဲ ဝေခွဲမရဖြစ်နေတဲ့ ဂျီဟို (Kim Hyun Joong)
DSP Entertainment ကတော့ လတ်တလောတွင် Kim Hyun Joong အား သူ၏ သရုပ်ဆောင်လုပ်ငန်းအတွက် အပြည့်အဝလုပ်ဆောင်ခွင့် ပေးထားပြီး ၊ SS501 အဖွဲ့တွင်လည်း ဆက်လက်ရှိနေစေရန် အတွက်  ညှိနှိုင်းမှုများပြုလုပ်ရန် ကြိုးစားနေသည်ဟု သိရသည်။
မြန်မာပရိတ်သတ်များကြား ဂျီဟိုဟု လူသိများသော Kim Hyun Joong သည် လက်ရှိအချိန်တွင် ဂီတလောကအတွင်း အောင်မြင် ကျော်ကြားရုံသာမက Boys Over Flowers (F4) ရုပ်သံဇတ်လမ်း၏ အောင်မြင်မှုကြောင့် နာမည်ကျော် သရုပ်ဆောင်တစ်ဦး ဖြစ်လာကာ ကိုရီယား ကြော်ငြာလောကကိုပါ လွှမ်းမိုးထားနိုင်သည့် တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် တစ်ဦးဖြစ်သည်။( မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity Newsမှအလင်းရောင်စေတမန် ကူးယူဖော်ပြသည်)

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More