News Post

Friday, June 7, 2013

အကယ်ဒမီစိုးမြတ်နန္ဒာရဲ့ Karat Silk ပိုးထည်ဆိုင် ကြော်ငြာခဲ့

ဇွန်လ၅ရက်နေ့ ကအကယ်ဒမီစိုးမြတ်နန္ဒာရဲ့ Karat Silk ပိုးထည်ဆိုင် ကြော်ငြာကို သရုပ်ဆောင်ဝတ်မှုန်ရွှေရည်နဲ့ ဓါတ်ပုံ ကိုနိုင်နိုင်ထွန်း ( exposure)တို့ က ပုံဖေါ်ရိုက်ကူး ခဲ့ကြောင်းသိရပြီး
အဆိုပါကြော်ငြာ ဓါတ်ပုံဖန်တီးမူ ရိုက်ကွင်းကပေါ်က အနုပညာဖန်တီးမူ အကြောင်းကို ပိုးထည်ဆိုင်လုပ်ငန်း ရှင်တစ်ဖြစ်လဲ အကယ်ဒမီစိုးမြတ်နန္ဒာ က“2013 အတွက် ဒါဒါ့ ဆိုင်ကြော်ငြာ ကို မနေ့ကတနေ့လုံး ရိုက်ကြတယ်၊ မေတ္တာနဲ့ ရိုက်ကူးပေးတဲ့ ကစ်ကစ် (ဝတ်မှုန်ရွှေရည်) နဲ့ ဓါတ်ပုံ ကိုနိုင်နိုင်ထွန်း ( exposure) တော့ ဘယ်လောက်ပင်ပန်း လဲမသိ၊ ဘေးကနေလိုက်စီစဉ် ပေးရတာတော့ ဘာမှမဟုတ်ပဲ အတော်ပင်ပန်းသား။ ဘာလိုအပ်မလဲဆိုပြီး ပူနေရတဲ့ စိတ်က ပိုဆိုးတယ်..ပိုပင်ပန်းတယ်။

ဒါပေမဲ့ အစစအရာရာ အဆင်ပြေခဲ့တယ်..စိတ်တိုင်း ကျခဲ့တယ်။ ပြီးတော့ကိုယ်ကိုတိုင် အနုပညာသမားဖြစ်ခဲ့ရတာကိုလဲကျေနပ်မိတယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးက တကယ့်ကို စိတ်ပါလက်ပါ ကူညီကြတယ်။ ကစ်ကစ်၊ ကိုနိုင်နိုင်ထွန်း၊ ကျော်ကျော်(designer)၊ မေဦး (makeup)၊ မယဉ် နဲ့ မလေး ( emerald jewellery )တို့ကို တကယ် ကျေးဇူး တင်ပါတယ်။

အထူးသဖြင့် ဓါတ်ပုံဆရာ ကြိုက်တဲ့ location တွေ က အရမ်းခွင့်တောင်းရခက်တဲ့ နေရာတွေပါ။ဒါပေမဲ့ သဘောကောင်းကောင်းနဲ့ ခွင့်ပြုပေးခဲ့ကြတဲ့ ဗဟိုလမ်းထောင့်က ခရစ်ယာန် အသင်းချုပ် မှ တာဝန်ရှိသူတွေရယ်'ငွေကျားတိုက် လျှပ်စစ်ပစ္စည်း ဆိုင် မှ မမာလာ ရယ် ကိုလည်းကျေးဇူးအထူးတင်ရပါတယ်”လို့ SOE MYAT NANDARဖေ့ဘုတ်မှာရင်ဖွင့်ကျေးဇူးစကားဆိုထားပါတယ်။

Popular Journal

ဓါတ်ပုံ -ကိုနိုင်နိုင်ထွန်း ( exposure )


0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More