News Post

Friday, June 21, 2013

အမျိုးသမီးများကို ခွဲခြား မဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်

အမျိုးသမီးများကို ခွဲခြား မဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်သရုပ်ဆောင် အဆိုတော် စန္ဒီမြင့် လွင်က အမျိုးသမီးများ ခွဲခြား ဆက်ဆံ ခြင်းကို မကြိုက်ကြောင်း ပြောသည်။ ”မိန်းမတွေ မို့လို့ နောက်မှာ ပဲနေရမယ် ဆိုတာမျိုးကို ဒီးဒီ မကြိုက်ဘူး။ ငယ်ငယ်တုန်း က သင်တန်းတွေ တက်ရင် မိန်းကလေး က သတ်သတ် နေရ တယ် ။ ယောက်ျားလေး က သတ်သတ်နေရ တယ်။ တို့ယောက်ျားလေးက ပိုမြင့်တယ် ပြောကြတယ်။

ယောက်ျားတွေ အလုပ် လုပ်နိုင်သလို မိန်းကလေးလည်း အလုပ် လုပ်နိုင် ရမယ်လို့ ထင်တာပဲ။ အဲဒီလိုဖြစ် သင့်တာ ကြာပါပြီ။ နိုင်ငံတကာ မှာလည်း မိန်းကလေးတွေ ရင်ပေါင် တန်းပြီး ရှေ့ ကနေ အမြဲ ရပ်နိုင်တာတွေ ရှိတာပါပဲ”ဟု ၄င်း က ဆိုသည်။

”ဒီးဒီတို့ စဆိုချိန်က ဆိုရင် ပိုဆိုး တယ်။ ဟစ်ဟော့ပ် လိုင်းကိုဆိုတဲ့ မိန်း ကလေး တအား နည်းတယ်။ ဘယ်နေရာ သွားသွား ဟစ်ဟော့ပ် ဆိုရင် အမျိုးသား တွေက များတယ်။ တီးဝိုင်း သမားတွေ လည်းပါတော့ မိန်းကလေးက ဒီးဒီတစ် ယောက်တည်းရယ်။ ခက်ခဲတာပေါ့။ ကိုယ့်သီချင်းကို ကြိုက်မှ ကြိုက်ပါ့မလား။ နယ်ပရိ သတ်တွေ ဆို ပိုဆိုးတယ်။

ဒါပေမဲ့ ပရိသတ်တွေ ကိုယ့်ကို ဆိုစေချင်လို့ကို ငှားတာလေ။ ကိုယ့်သီချင်းကို သိအောင် ဟစ်ဟော့ပ် သီချင်းတွေကို ပရိသတ်တွေ သိအောင် ကြိုးစားပြီး ဆိုလာ ရတယ်။ နောက်ပိုင်း ကျတော့ နယ်တွေမှာ ပွင့် လင်းမြင်သာ ပြီးတော့ ဟစ်ဟော့ပ်ကို ပို ပြီး နားလည် လက်ခံလာကြပါတယ်”ဟု ၄င်းက ပြောသည်။

နေပြည်တော်က ကျောက်မျက်ပြပွဲ မှာ ဖျော်ဖြေဖို့ ရှိသလို နယ်ရှိုးပွဲတွေနဲ့ ဘန်ကောက် မှာလည်း ဖျော်ဖြေရေးသွား ရောက်ဖို့ ရှိကြောင်း၊ လတ်တလော မှာ သူ့ရဲ့တတိယ တစ်ကိုယ်တော် အခွေ အ တွက် သီချင်းတွေ စုနေသလို အတွဲခွေ အတွက်လည်း သီချင်းတွေ ပါဝင်သီဆို ပေးဖို့ရှိကြောင်း စန္ဒီမြင့်လွင်က ပြောသည်။

ခိုင်ဝေလွင်
 By Popular News

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More