News Post

Wednesday, July 24, 2013

ဒေါ်ခင်ကြည် သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း ဇနီး

ဒေါ်ခင်ကြည် သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း ဇနီး

ဗိုလ်ချုပ်က အကြည်ရေဟုခေါ်သော ဒေါ်ခင်ကြည်အား အဖဦးဗိုလ်ငြိမ်း အမိဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ်တွင် မြောင်းမြမြို့ ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့ပါသည်။ ဒေါ်ခင်ကြည်သည် All Femal ABM High School (ယခု အထက (၁) ကြည့်မြင်တိုင်)မှ သူနာပြုဒီပလိုမာအောင်မြင်ခဲ့ပါသည်။
နိုင်ငံ့တာဝန်ထမ်းရွက်မှု

ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ အမျိုးသားခေါင်းဆောင်အဖြစ် မထင်ရှားခဲ့သော်လည်း သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏ သြဇာအကြီးဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ၁၉၄၇ မှ ၁၉၅၂ အထိလွှတ်တော်အမတ် ဖြစ်ခဲ့သည်။ ၁၉၅၀ ခုနှစ်များတွင် မြန်မာအမျိုးသမီးများအသင်းဥက္ကဌဖြစ်ခဲ့သည်။ အခြားသော လူမူအဖွဲ့အစည်းများတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။ ၁၉၆၀-ခုနှစ် တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ခဲ့သည်။ နီပေါနိုင်ငံသံအမတ်အဖြစ်လည်း ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ စွမ်းဆောင်မူကို မြန်မာနိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသောအားဖြင့် မဟာသီရိသုဓမ္မဘွဲ့ကို ချီးမြင့်ခဲ့သည်။
မိသားစုဘဝ

ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဆေးရုံတက်ရောက်ကုသရင်း အကြီးတန်း သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့်ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း သား (၂)ယောက်၊ သမီး (၁)ယောက်မွေးဖွားခဲ့သည်။ သားကြီးမှာအောင်ဆန်းဦး၊ သမီးမှာ အောင်ဆန်းစုကြည်ဖြစ်ပြီး အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်၍ ဆုံးပါးခဲ့သည်။
ဘဝနိဂုံး

ဒေါ်ခင်ကြည်သည် မတ်လ ၂၈ရက် ၁၉၈၈ ခုနှစ်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားနေရသောလည်း၊ ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွဲနေကြသော အဖြစ်အပျက်များကို ကောင်းစွာ သိရှိခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကိုဖုန်းမော် သေဆုံးရခြင်းကို ကြားသိရသောအခါ လွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့သည်။ သူ၏ ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊ ၂၇ ရက် ဒီဇင်ဘာလ ၁၉၈၈ ခုနှစ်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်။သူ့အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး တွင်သဂြိုဟ်ခဲ့သည်။ ထိုနေရာတွင်ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့် ၊ စုဖုရားလတ်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။

Ko Ye

ဒေါ်ခင်ကြည်သို့မဟုတ်ဗိုလ်ချုပ်အောင်ဆန်းဇနီးဗိုလ်ချုပ်ကအကြည်ရေဟုခေါ်သောဒေါ်ခင်ကြည်အားအဖဦး
ဗိုလ်ငြိမ်းအမိဒေါ်ဖွားစုတို့မှ၁၉၁၂ခုနှစ်တွင် မြောင်းမြမြို့ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့ပါသည်။
ဒေါ်ခင်ကြည်သည်AllFemalABMHighSchool(ယခုအထက(၁)ကြည့်မြင်တိုင်)မှသူနာပြု
ဒီပလိုမာအောင်မြင်ခဲ့ပါသည်။နိုင်ငံ့တာဝန်ထမ်းရွက်မှုဒေါ်ခင်ကြည်သည်ခင်ပွန်းဖြစ်သူဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့အမျိုးသားခေါင်းဆောင်အဖြစ်မထင်ရှားခဲ့သော်လည်း သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏သြဇာအကြီးဆုံးအမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ၁၉၄၇မှ၁၉၅၂အထိလွှတ်တော်အမတ် ဖြစ်ခဲ့သည်။၁၉၅၀ခုနှစ်များတွင် မြန်မာအမျိုးသမီးများအသင်း
ဥက္ကဌဖြစ်ခဲ့သည်။အခြားသောလူမူအဖွဲ့အစည်းများတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။ ၁၉၆၀-ခုနှစ်တွင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ခဲ့သည်။နီပေါနိုင်ငံသံအမတ်အဖြစ်လည်း ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏စွမ်းဆောင်မူကို မြန်မာနိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသောအားဖြင့်မဟာသီရိသုဓမ္မဘွဲ့ကိုချီးမြင့်ခဲ့သည်။မိသားစုဘဝဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဆေးရုံတက်ရောက်ကုသရင်းအကြီးတန်းသူနာပြုဆရာမ
ဒေါ်ခင်ကြည်နှင့်ဆုံတွေ့ခဲ့ပြီးချစ်ကျွမ်းဝင်ခဲ့သည်။
                  ၁၉၄၂ခုနှစ်၊စက်တင်ဘာလ(၆)ရက်နေ့တွင်
        ဒေါ်ခင်ကြည်သည်ဗိုလ်ချုပ်အောင်ဆန်းနှင့်လက်ထပ်ခဲ့ပြီးနောက်ပိုင်းသား(၂)ယောက်၊ သမီး(၁)ယောက်မွေးဖွားခဲ့သည်။သားကြီးမှာအောင်ဆန်းဦး၊သမီးမှာ
အောင်ဆန်းစုကြည်ဖြစ်ပြီး အောင်ဆန်းလင်းမှာငယ်စဉ်ကပင် ရေနစ်၍ဆုံးပါးခဲ့သည်။
ဘဝနိဂုံးဒေါ်ခင်ကြည်သည်မတ်လ၂၈ရက်၁၉၈၈ခုနှစ်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားနေရသောလည်း၊ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့်ဒီမိုကရေစီ တိုက်ပွဲဆင်နွဲနေကြသောအဖြစ်အပျက်များကို ကောင်းစွာသိရှိခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကိုဖုန်းမော် သေဆုံးရခြင်းကို ကြားသိရသောအခါလွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့သည်။သူ၏ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊၂၇ရက်ဒီဇင်ဘာလ၁၉၈၈ခုနှစ်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်။သူ့အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီးတွင်သဂြိုဟ်ခဲ့သည်။ထိုနေရာတွင်
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့်စုဖုရားလတ်နှင့်ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More