
မိမိ၏ နေအိမ်ခြံဝင်းထဲ ကျူးကျော်ဝင်ရောက်လေ့ ရှိသူများကို တေလာဆွစ်ဖ်က
သီချင်းစာသားဖြင့် သတိပေးထားလိုက်သည်။ Country ဂီတစတား အဆိုတော်မလေးသည်
ရုဒ်အိုင်းလန်းရှိ သူမ၏ ဇိမ်ခံအိမ်ကြီးသို့ ကျူးကျော် ဝင်ရောက်လာတတ်သည့်
အစွန်းရောက် ပရိသတ်များကြောင့် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရလေ့ ရှိသည်။
ထို့ကြောင့် တေလာက ဝင်ခွင့်မရှိ စာတန်းကို ဒေါ်လာ (၁၇)သန်းတန်
စံအိမ်ကြီးရှေ့တွင် ရေးထိုးထားပြီး သူမ၏ သီချင်းစာသားဖြင့် ပိုင်နက်အတွင်း
ဝင်ရောက်လာပါက ဒုက္ခတွေ့နိုင်မည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။ သူမသည်
(၂၀၁၂)ခုနှစ်က သီချင်းဖြစ်သော #I #Knew #You #Were #Trouble မှ
သီချင်းစာသားကို ကိုးကားထားခြင်း ဖြစ်သည်။
အသက်(၂၃)နှစ်ရှိ တေလာသည် "လျှောက်ဝင်လာရင်တော့ မင်းဒုက္ခတွေ့မယ်ဆိုတာ...