အခုချိန်ထိလည်း ဓာတ်ပုံ မော်ဒယ်ပါပဲ
နန်းသူဇာကြော်ငြာများ ရိုက်ကူးရင်းမှ ပရိသတ်များသိထားခဲ့ပြီး ယခုအခါတွင် ပထမစီးရီး အနေဖြင့် စထွက်မယ်လို့ရည်ရွယ်ထားခဲ့ပြီး ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း နှင့်ပတ်သက်၍ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပါလား။
ဖြေ - လတ်တလောကတော့ သီချင်းခွေအတွက် လုပ်နေတယ်။ မဂ0x081ဂဇင်းနဲ့ ကြော်ငြာတွေကတော့ ပုံမှန်ပဲရိုက်ဖြစ် နေတယ်။ အလုပ်လာအပ်တော့ ကိုယ်နဲ့အဆင်ပြေမယ့်အရာမျိုးဆို လက်ခံပြီးရိုက်ဖြစ်ပါတယ်။
မေး - Photo မော်ဒယ်တွေ၊ ကြော်ငြာတွေရိုက်ရင်းကနေမှ အဆိုတော်ဘက်ကိုပြောင်းဖို့ စီစဉ်ဖြစ်ခဲ့တာကရော။
ဖြေ - မော်ဒယ်လုပ်ဖို့ကို ငယ်ငယ်ကတည်းက အစီအစဉ်မရှိပါဘူး။ အဆိုတော်လုပ်ဖို့က အစီအစဉ်ရှိတယ်။ ဒါကတော့ ဝါသနာအရင်းခံပေါ့နော်။ အဆိုတော်လုပ်ဖို့ဆိုတာ။ ဒါပေမဲ့ ပရိသတ်လက်ခံဖို့ မခံဖို့ဆိုတာ ကိုယ်ကြိုးစားမှုပေါ်မှာပဲ မူတည်တယ်ပေါ့နော်။ အခွေထွက်ဖို့က အမှတ်တရအနေနဲ့ရော ပရိသတ်ကြီးကို ဒီထက်မက ဆိုပြချင်သေးတာလဲ ပါတယ်။
မေး - သီချင်းပုံစံက ဘယ်လိုပုံစံမျိုးတွေထည့်ပြီး သီဆိုသွားမှာလဲ။
ဖြေ - သိပ်မကြာသေးဘူးပေါ့နော်။ ဒါပေမဲ့ လုပ်ချင်နေတာတော့ကြာပြီ။ အခုလဲ တဖြည်းဖြည်းချင်းတော့ လုပ် နေတာပါ၊ ချစ်စရာကောင်းတဲ့ပုံစံမျိုးတွေပါမယ်။ နောက်ပြီးတော့ရွှေ FM ထဲမှာ တစ်ပုဒ်ပါထားတယ်လေ။ အဲဒီပုံစံနဲ့ မတူတဲ့ကွဲပြားတဲ့ပုံစံတွေလည်းပါမယ်။ ပုံစံအမျိုးမျိုးတော့ပါမယ်။ စီးရီးခေါင်းစဉ်ပေးထားတာတော့ရှိပါတယ်။ သူငယ်ချင်းလို့တော့ ပေးဖို့လျာထားတယ်။
မေး - ဘယ်အချိန်ကနေစပြီး မော်ဒယ်လောကထဲ စဝင်လာခဲ့တာလဲ။
ဖြေ - STEP ဖက်ရှင်ပြိုင်ပွဲမှာဆုရပြီးတော့ ဖိုတိုမော်ဒယ်ထဲကို ဝင်လာတာပေါ့နော်။ အခုအချိန်ထိလည်း Photo မော်ဒယ်ပါပဲ။ ရုပ်ရှင်မရိုက်တော့လေ ၂၀၀၉မှာဝင်ခဲ့တယ်။ ၂၀၁ဝလောက်မှ တကယ်အခြေချပြီး ဝင်ခဲ့တာပေါ့နော်။
မေး - ပထမဆုံးစီးရီးခွေဆိုတော့ နန်းသူဇာကို ကူညီပံ့ပိုးခဲ့တဲ့သူတွေရောရှိလား။
ဖြေ - ကိုယ့်ပတ်ဝန်းကျင်က လူတွေပဲပေါ့နော်။ ကိုဘိုဆန်းတို့ရော သူငယ်ချင်းတွေအကုန်လုံးကလဲ ရေးပေးဆိုပေး ဖို့တွေရှိပါတယ်။ ကိုယ်တိုင်တော့ သီချင်းရေးကြည့်သေးတယ်။ ဒါပေမဲ့ အဆင်မပြေတာနဲ့ပဲ ထည့်မထားဘူး။နောက်မှ အေးဆေးပေါ့။ ဒီလထဲမှာတော့ ထွက်ဖို့စဉ်းစားထားတယ်။ မှီရင်ပေါ့နော်။ ဇာတ်ကားရိုက်ဖို့တော့ အစီ အစဉ်မရှိပါဘူး၊
မေး - နန်းသူဇာ အချစ်ရေးရောအဆင်ပြေလား။
ဖြေ - အချစ်ရေးကအဆင်ပြေပါတယ်။ ၂၀၁၁ခုနှစ်လောက်က စပြီးတော့တွဲဖြစ်ခဲ့တယ်။ အခု အခွေအတွက်ကိုလဲ သူက နည်းနည်းပါးပါး ကူညီပေးပါတယ်။
မေး - ဖက်ရှင်က ဘယ်လိုဒီဇိုင်းမျိုးနဲ့ဆို ကိုယ်နဲ့အလိုက်ဖက်ဆုံးလဲ။
ဖြေ - ဖက်ရှင်ပုံစံကတော့အမျိုးမျိုးပါပဲ။ ပွဲတွေဆိုလည်း ပွဲပုံစံပေါ့နော်။ အဆင်ပြေသလိုဝတ်ဖြစ်တာပဲ များပါတယ်။
မေး - မြန်မာ့ရိုးရာအဝတ်အစားတွေ ပြန်လည်ခေတ်စားလာတာနဲ့ပတ်သက်ပြီး ညီမအမြင်က။
ဖြေ - အခုအချိန်မှာမြန်မာ့ရိုးရာဝတ်စုံတွေကို ပုံစံအမျိုးမျိုးနဲ့ချုပ်ပြီး ဝတ်ဆင်လာကြတာဆိုတော့။ ပြန်ပြီးတော့လဲ ခေတ်စားလာကြတယ်။ အဲဒီလိုခတ်စားလာတဲ့အချိန်မှာ သဘောကျပါတယ်။ အရင်တုန်းကလို ချိတ်ဝတ်စုံတွေဝတ် မှတော့မဟုတ်ဘူး။ ပုံစံအမျိုးမျိုးတွေရှိလာတယ်။ ဒီဇိုင်းတွေကအစ ဒီဇိုင်နာတွေက အပြိုင်အဆိုင်ချုပ်လာကြတာ ဆိုတော့ အများစုကောင်မလေးတွေက ဝတ်လာကြပါတယ်။ ပိုကောင်းတာပေါ့နော်။ မြန်မာဝတ်စုံတွေဝတ်လာ တာ။ ဒါပေမဲ့ သူ့နေရာနဲ့သူပေါ့နော်၊
မေး - မော်ဒယ်လောကထဲကိုဝင်တော့ အခက်အခဲတွေရှိခဲ့သေးလား။
ဖြေ - အခက်အခဲကတော့ အများကြီးပါပဲ။ သရုပ်မဆောင်တတ်တာက အစပေါ့၊ အကင်0x081ျီစီစဉ်တာကအစ စစချင်း ဘာမှမလုပ်တတ်ဘူး။ အများကြီးတော့အခက်အခဲတွေက ကျော်ဖြတ်ခဲ့ရတာချည်းပဲ။ ဒါပေမဲ့ ကိုယ်မှားတဲ့အမှား တွေကနေပြီးတော့ သင်ယူရတာပေါ့၊
မေး - နန်းသူဇာပရိသတ်အတွက် စကားတစ်ခွန်းလောက်။
ဖြေ - ပရိသတ်ကို အရမ်းလည်းချစ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ပြီးတော့ နန်းသူဇာ အခွေထွက်ရင်လဲ အားပေးပါလို့။
ရတနာ တွေ့ဆုံမေးမြန်းသည်။
Yangon Media Group
0 comments:
Post a Comment