News Post

Thursday, May 30, 2013

သွားလေရာ နေရာတိုင်းသို့ အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် အိမ်ကို တရုတ် အမျိုးသား တစ်ဦး သယ်ဆောင်

ပေကျင်း မေ ၂၆
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်းရှီး ပြည်နယ်မှ လျူလင်ချိုး အမည်ရှိ အမျိုးသား တစ်ဦးသည် ၎င်း၏ စိတ်ကူးဖြင့် ဖန်တီးထားသော အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် အိမ်ကလေးကို
သွားလေရာသို့ သယ်ဆောင်သွားလေ့ ရှိကြောင်း သိရသည်။ လျူသည် ပြန်လည်ပြုပြင် အသုံး ပြုနိုင်သော အချိုရည် ပုလင်းခွံ များကို လှည့်လည် ရောင်းဝယ်သည့် အရောင်းအ၀ယ် သမား တစ်ဦးဖြစ်ပြီး ၎င်း၏ အိမ်လေးကို လွန်ခဲ့သော ငါးနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအိမ်လေးသည် မိမိ သွားလေရာ နေရာတိုင်းသို့ အလွယ်တကူ သယ်ဆောင်နိုင်ပြီး  ယင်းကဲ့သို့ သယ်ဆောင် နိုင်သောကြောင့် ခရီးသွားရာ လမ်းတစ်လျှောက်တွင် ငွေကြေး အကုန်အကျ သက်သာကြောင်း၊ ၎င်းအိမ်လေးကို ၀ါးတိုင်များ၊ ပလတ်စတစ် ပြားများနှင့် ဆောက်လုပ်ထားပြီး အိမ်လေး၏ အလေးချိန်မှာ ၆၀ ကီလိုဂရမ် ၀န်းကျင်ရှိကြောင်း လျူ၏ ပြောကြားချက်များ အရ သိရသည်။

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More