News Post

Tuesday, June 11, 2013

အသရေဖျက်မှုဖြင့် The First Weekly ဒဏ်ငွေသုံးသောင်းပေးဆောင်ရန် အမိန့်ချခံရ

အသရေဖျက်မှုဖြင့် The First Weekly ဒဏ်ငွေသုံးသောင်းပေးဆောင်ရန် အမိန့်ချခံရ
....................................................................................
ရန်ကုန်၊ ဇွန် ၁၀

အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တစ်နှစ်နီးပါးကြာ တရားစွဲ ခံထား ရသော The First Weekly ဂျာနယ်က ဒဏ်ငွေ သုံးသောင်းပေးဆောင် ရန် ကျောက်တံတားမြို့နယ် တရားရုံးက ယနေ့ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာချုပ် ဦးအောင်စိုးသူက ပြောကြားသည်။

၂၀၁၂ ခုနှစ် မေလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသော ဂျာနယ်ပါ 'ဒလမြို့နယ်ဆိပ်ကမ်းတွင် ယာဉ်ရပ်နားခများ တိုးမြှင့်ကောက်ခံခြင်းအား ကားသမား အများစု မကျေနပ်' ဆိုသည့် သတင်းနှင့် ပတ်သက်၍ မကျေနပ် သဖြင့် ယာဉ်ရပ်နားခွင့် လေလံအောင်သူ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်သစ်သစ်ဆွေက မြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားရာမှ ရေးသားသူနှင့် အယ်ဒီတာ ချုပ်နှစ်ဦးကို တရားစွဲဆိုခဲ့သော အမှုနှင့်ပတ်သက်ပြီး ထိုသို့ စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်းတွင် နာမည်ခွင့်မတောင်းဘဲ ရေးသားခြင်းနှင့် စည်ပင်မှတစ်နာရီ
၂၀၀ ကောက်ခံရန် တရားဝင်ကြေညာထားသည်ကို သတင်းထောက်က စူးစမ်းမှုမရှိဘဲ ရေးသားသဖြင့် တရားလိုဒေါ်သစ်သစ်ဆွေ အနေနှင့် ထိခိုက် နစ်နာရသည်ဆိုကာ ဒဏ်ငွေသုံးသောင်း ပေးဆောင်ရန်နှင့်
မဆောင်နိုင်ပါက ထောင်ဒဏ် ခြောက်လ ကျခံစေရမည်ဟု စီရင်ချက်ချ ခဲ့ကြောင်း ဦးအောင်စိုးသူ၏ ပြောကြားချက်အရ သိရသည်။

"တရားရုံးရဲ့ စီရင်ချက်အပေါ် မှတ်ချက်မပေးလိုပါဘူး။ ဒီပုဒ်မနဲ့ တရားစွဲ ခံထားရတဲ့ ဂျာနယ်တွေအတွက် အခု စီရင်ချက်ကို စီရင်ထုံးတစ်ခု အနေနဲ့ ဖြစ်သွားမှာစိုးတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်" ဟု ဦးအောင်စိုးသူက ဆိုသည်။

တရားဥပဒေ၏ အကာအကွယ်ကို မျှမျှတတ ခံယူလိုပြီး အစိုးရသစ် လက်ထက် သမ္မတဦးသိန်းစိန် ပြောကြားသည့် ပြည်သူများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသော ကိစ္စများကို မီဒီယာများက ရေးသား
ရန် တိုက်တွန်းခဲ့သည့်အတွက် အဆိုပါ သတင်းကို ဌာနဆိုင်ရာ အရာရှိများ တစ်စုံတစ်ခုဆောင်ရွက်နိုင်ရန် စေတနာဖြင့်သာ ရေးသားခဲ့ခြင်းဖြစ်ကြောင်း
ဦးအောင်စိုးသူက ဆက်လက်ပြောကြားသည်။

လေလံအောင်ကုမ္ပဏီက ယာဉ်ရပ်နားခကို တစ်နာရီလျှင် ငွေကျပ် ၁၀၀ မှ ၂၀၀ သို့ တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်၍ ယာဉ်ရပ်နားခများ တိုးမြှင့်
ကောက်ခံခြင်းအား ကားသမားအများစု မကျေနပ်ဆိုသည့်သတင်းနှင့် ပတ် သက်ပြီး သတင်းထောက်နှင့် အယ်ဒီတာချုပ်တို့သည် တရားရုံးသို့တစ်ဦး လျှင် ငွေကျပ်သုံးသောင်း ပေးဆောင်ခဲ့ရကြောင်း ကာယကံရှင် များ ပြောကြားချက်အရ သိရသည်။

The Voice Weekly

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More