News Post

Sunday, July 7, 2013

ဗုဒ္ဓဂါယာပေါက်ကွဲမှု အကြမ်းဖက်တိုက်ခိုက်မှုဟု ပြည်နယ် ပြည်ထဲရေးဝန်ကြီးပြော

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာအရပ် မဟာဗောဓိစေတီတော်၌ တနင်္ဂနွေနေ့နံနက်၌ ဗုံး ၉လုံး ဖောက်ခွဲရန် အကြမ်းဖက်သမားများက ကြံစည်ခဲ့ပြီး ဗုံး ၄လုံးမှာ စေတီတော်အတွင်း၌ ပေါက်ကွဲခဲ့သည်ဟု Times of India သတင်းစာက ဆိုသည်။ မပေါက်ကွဲသေးသော ဗုံး ၃လုံးကို ကာမပ ဘုန်းကြီးကျောင်းအတွင်း ထောင်ထားခြင်းဖြစ်ပြီး ဥာဏ်တော်အမြင့်ပေ ၈ဝရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်အနီး နောက်ထပ် ၂လုံးကိုမူ မပေါက်ခွဲခင် ဖယ်ရှားရှင်းလင်း နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
 ပေါက်ကွဲမှုမှာ နံနက် ၅နာရီခွဲနှင့် ၆နာရီအတွင်း ဖြစ်ပွားခဲ့ပြီး ခရီးသွားတိုးရစ် ၂ဦး၊ မြန်မာတစ်ဦးနှင့် တိဘက်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ဆိုသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More