News Post

Monday, July 15, 2013

'အဆိုတော်ဆိုတေး' အသက်အန္တရာယ် စိုးရိမ်စရာ မလိုတော့ကြောင်း ဖခင်ဖြစ်သူ ပြောကြား

'အဆိုတော်ဆိုတေး' အသက်အန္တရာယ် စိုးရိမ်စရာ မလိုတော့ကြောင်း ဖခင်ဖြစ်သူ ပြောကြား

Sunday Journal | Monday, July 15, 2013.

ဒီနေ့မနက်ပိုင်း (15.7.2013)ရက်မှာနောက်ဆုံးရရှိတဲ့ သတင်းများအရ အဆိုတော် ဆိုတေးဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း သူ၏ ဖခင်ပြောကြားချက်အရ သိရပါတယ်။

"အားလုံးအခြေအနေကောင်းသွားပြီလို့ ဆရာဝန်ကြီးတွေက ပြောပါတယ်။ ခေါင်းကိုပြင်းပြင်းထန်ထန် ထိထားတာရယ်။ ဆေးအရှိန်တွေရယ်ကြောင့် သတိရဖို့တော့ နည်းနည်းကြာမယ်လို့ ပြောပါတယ်။

ဆရာဝန်တွေကလည်း တောက်လျှောက်စောင့်ကြည့်နေကြ ပါတယ်။ မန္တလေး ဆေးရုံကြီးမှာလည်း သားရဲ့ ပရိသတ်တွေက စိုးရိမ်တကြီးနဲ့ လာပြီးကြည့်ကြ၊ သတင်းတွေမေးကြပါတယ်။ အနယ်နယ် အရပ်ရပ် က ပရိသတ်တွေကလည်း ဖေ့စ်ဘွတ်ပေါ်က သတင်းတွေကြားပြီး အိမ်ကို ဖုန်းဆက်မေးကြတယ်။ စိုးရိမ်ကြ၊ သတင်းမေးကြတဲ့ သူတွေအားလုံးကို သားကိုယ်စား ကျေးဇူးတင်ပါတယ်" လို့ ဆိုတေး၏ ဖခင်ဖြစ်သူ ဦးတင်မြင့်က ဒီနေ့မနက်ပိုင်း ၁၁နာရီ ၃၀ မိနစ်က Sunday ဂျာနယ်ကို ပြောကြားခဲ့ပါတယ်။



0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More