News Post

Thursday, July 4, 2013

ကြည်လင်းအား မလေးရှားကလပ် Pahang FA ခေါ်ယူရန် ရန်ကုန်အသင်း ကြံ့ခိုင်ရေး နည်းပြမှတစ်ဆင့် ချဉ်းကပ်ခဲ့


ရန်ကုန် ယူနိုက်တက် အသင်း၏ မြန်မာ့ လက်ရွေးစင် တောင်ပံ ကစားသမား ကြည်လင်းကို မလေးရှား စူပါလိဂ် ကလပ် Pahang FA က ခေါ်ယူရန် ကမ်း လှမ်း ခဲ့ဖူးကြောင်း နာမည်ကျော် အားကစား ၀က်ဘ်ဆိုက် Goal.com ရေး သား ဖော်ပြချက်အရ သိရှိရသည်။

ကြည်လင်း ကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားသို့ သွားရောက် ကစားရန် စိတ် ၀င်စားကြောင်းနှင့် Malaysia Super League (MSL)သို့ တွင် ကစားရန် အခွင့်အရေး ကြုံကြိုက်ခဲ့ကြောင်း ရန်ကုန် ယူနိုက်တက် အသင်း ကြံ့ခိုင်ရေး နည်းပြဖြစ်သူ မလေးရှား လူမျိုး ခိုင်ရိုလ် အက်ဇ်မီ က Goal.com သို့ ပြော ကြား သွားသည်။

" ကျွန်တော် ကြည်လင်းကို လွန်ခဲ့တဲ့ ၄ လ တုန်းက မလေးရှားမှာ ကစားဖို့ စိတ်ဝင်စားသလားလို့ မေးခဲ့ပါတယ်။ သူကလည်း ဒီအခွင့်အရေးကို နှစ်သက် ပါတယ်လို့ ပြောဖူးတယ်။" ဟု ခိုင်ရိုလ် အက်ဇ်မီက ဆိုသည်။ အသက် ၂၀ အရွယ် ကြည်လင်းသည် ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီးဖလားတွင် နိုင်ငံ အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ကလပ်အသင်းဖြစ်သည့် ရန်ကုန် ယူနိုက်တက် အသင်း အတွက်လည်း 2013 AFC Cup နှင့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များတွင် ခြေစွမ်းပြနေသူ ဖြစ်ကြောင်း အဆိုပါ ၀က်ဘ် ဆိုက်က ရေးသားသည်။ ကြည်လင်း၏ ခြေစွမ်းကြောင့် ပါဟန်း အက်ဖ်အေမှ မလေးရှားလိဂ် သို့ခေါ်ယူရန် မိမိမှတစ်ဆင့် စိတ်ဝင်တစား ချဉ်းကပ်ခဲ့ဖူး ကြောင်းကိုလည်း ခိုင်ရိုလ်က ဆက်လက် ထုတ်ဖော် ပြောကြား ခဲ့သည်။

" ပါဟန်းအသင်း နည်းပြ Dollah Saleh ကလည်း ကြည်လင်းကို ကြိုက်ပါ တယ်။ ကြည်လင်း လာကစားဖို့ စိတ်ဝင်စားမှု ရှိမရှိကိုလည်း မေးပေးဖို့ Pahang FA ကျွန်တော့်ကို အကူအညီ တောင်းခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုကို ကျွန်တော့် အသင်းဥက္ကဋ္ဌကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင်း က AFC Cup 2013 ပွဲစဉ်တွေ ယှဉ်ပြိုင်ကစား နေရတဲ့အတွက် အသင်း ဥက္ကဋ္ဌ က ကြည်လင်းကို စေလွှတ်ဖို့ မလိုလားပါဘူး။ ကြည်လင်းဟာ ကျွန်တော်တို့ ရန်ကုန် ယူနိုက်တက် အသင်းအတွက် အရေးကြီးတဲ့ ကစားသမား တစ်ေ ယာက်ပါ။ ဒါနဲ့ပဲ ကြည်လင်းကို ခေါ်ယူဖို့ ဆွေးနွေးခြင်း ပြီးဆုံး ခဲ့ရပါတယ်" ဟု ရန်ကုန် အသင်း ကြံ့ခိုင်ရေးနည်းပြ ခိုင်ရူလ်က ဆိုခဲ့သည်။

လက်ရှိအချိန်ထိ ကြည်လင်းအား မလေးရှား အသင်းများမှ တရားဝင် စာဖြင့် ကမ်လှမ်းထားခြင်း မရှိသော်လည်း လာမည့်နှစ်တွင် မလေးရှား ဘောလုံး အဖွဲ့ချုပ်မှ ကျင့်သုံးမည့် အာဆီယံဒေသမှ ကစားသမား ခေါ်ယူသုံးစွဲမှု စည်း မျဉ်းသစ်ကြောင့် စူပါလိဂ် ကလပ်အသင်း အများစုမှာ ကြည်လင်းအား ခေါ် ယူရန် စိတ်ဝင်စားမှု ရှိနေကြကြောင်းလည်း သိရသည်။

မြန်မာ့ ဘောလုံးလောကတွင် မလေးရှား နိုင်ငံသို့ ဆုကြေးစား သွားရောက် ကစားခဲ့သူ နှစ်ဦးဖြစ်သည့် လက်ရွေးစင်ဟောင်း ကြည်လွင် (ယခု မကွေး အက်ဖ်စီ နည်းပြချုပ်)နှင့် လက်ရွေးစင်ဟောင်း အောင်နိုင်(ယခု ရခိုင် ယူနိုက် တက် နည်းပြချုပ်)တို့မှာ ၁၉၉၀ ၀န်းကျင်က မလေးရှားကလပ် ပီရက် အသင်းတွင် အောင်မြင်မှု ကိုယ်စီ ရရှိခဲ့ကြသူများ ဖြစ်သည်။

myanmargoal

မြ၀တီ

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More