News Post

Saturday, August 31, 2013

ဖလက်ဆောင်းကို ဗွီဒီယိုပြောင်းကြမယ်



ကဲ သယ်ရင်းတို့ရေ...............
ဖလက်ဆောင်းလေးတွေကို ချစ်သူအတွက် ... သူငယ်ချင်းတွေအတွက် အမှတ်တရ ဖလက်ဆောင်း သီချင်းတွေ လုပ်ပေးတဲ့အခါ
သူတို့က အမှတ်တရအဖြစ် ဒါလေး တွေကို ခွေလေးနဲ့ကြည့်ချင်တယ်
ဖုန်းလေးထဲထည့်ချင်တယ်ပေါ့... အဲလိုလုပ်ချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ...
ဒီဆော့ဝဲလ်က ဖလက်ဆောင်းကို ဗွီဒီယို ပြောင်းရင် ထွက်လာတဲ့ ကွာလတီက မဆိုးပါဘူး
တခြားဆော့ဝဲလ်တွေက ဖလက်ဆောင်းကို ဗွီဒီယို ပြောင်းတာနဲ့ ဖလက်ဆောင်းမှာ ရှိတဲ့ ကွာလတီ အတိုင်း ဗွီဒီယိုမှာ ထွက်မလာဘူး
မှုံသွားတာမျိုးဖြစ်တတ်ပါတယ် 
ဒီဆော့ဝဲလ်လေးကတော့ သူ့ နဂိုရှိတဲ့ ကွာလတီလ် အတိုင်း ပဲ ဗွီဒီယိုမှာ ထွက်လာပါတယ်
ဒီဆော့ဝဲလ်မှာ  မောက်စ် အဖက်စ် ပါအောင် ပြောင်းတဲ့နည်း လည်းရှိတယ် မောက်အဖက်စ်မပါဘဲ
အလွယ်ဆုံးပြောင်းတဲ့နည်းလည်းရှိတယ်...
မူရင်းဒေါင်းတဲ့လင့် လေးက တော့ ဒီမှာပါ ဒီလင့်ကိုကလစ်တာနဲ့ save file ဆိုပြီး ပေါ်လာမှာပါ တခြား ဘာကိုမှ ကလစ်စရာမလိုပါဘူး
connection မကောင်းရင်တော့ save file က ချက်ချင်းပေါ်လာမှာ မဟုတ်ပါဘူး ....
ကဲ ပြောင်းတဲ့နည်းကတော့... ပထမ ဆုံး မောက်စ်အဖက်ပါ ပါတဲ့နည်းပါ


 open ကို ကလစ်ပြီး ကိုယ်ပြောင်းချင်တဲ့ ဖလက်ဆောင်း (swf file ) ကို ရွေးပေးလိုက်ပါ
ပြီးရင် settings မှာ original setting ကိုပဲသုံးမယ်ဆိုရင်လဲ ရပါတယ်
ပြီးရင် ... Automatic mode ဆိုတာရဲ့ရှေ့ မှာ ကလစ်ပေးလိုက်ပါ
ပြီးရင် ... ဗွီ ဒီယို ပုံလေး နဲ့ capture ဆိုတာ ကို ကလစ်လိုက်ပါ ဒါဆို သီချင်း က ပွင့်လာ ပြီးတော့ သီချင်း ပြီးတာ နဲ့ 
ဗွီဒီယို အဖြစ် သူ့ဘာ သာ ပြောင်း ပေး ပါလိမ့်မယ် ... တစ်ခု ရှိတာ က ကိုယ်က မောက်စ် အဖက် ပါ ပါချင်ရင်
ဗွီ ဒီယို ပုံလေး နဲ့ capture ဆိုတာ ကို ကလစ်လိုက်ပြီးတာ နဲ့ အဲဒီ သီချင်းထဲမှာ ကို က မောက်စ်ကို ကစားပေးနေမှ ပါမှာပါ
ပလေး စတော့ ဘတ်တွန်တွေ က တော့ ဗွီဒီယို ပြောင်းတာ နဲ့ အလုပ်မလုပ်တော့ ပါဘူး
နောက်တစ်နည်းက တော့ switch to batch mode ကို ကလစ်ပါ ပြီးရင်
add ကနေ ကိုယ်ပြောင်းချင်တဲ့ swf ဖိုင်ကိုရွေးပါ ပြီးရင် start ကို ကလစ်လိုက်ပါ ... ဒါဆိုရပါပြီ...
ကဲ  အား လုံး အဆင် ပြေကြပါစေ ဗျာ .... ( မသိသေးတဲ့သူတွေကိုပဲ ရည် ရွယ်ပါတယ်)
                                                                                                               မောင်ရုပ်ဆိုး(တောက်တိုမယ်ရ နည်းပညာ)

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More