Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Friday, June 14, 2013

ရုပ်သံ အစီအစဉ်တွေ ဘာလို့ မရိုက်တာလဲ လီဟိုရီ

(ဆိုးလ်၊ ဇွန် ၁၁)

ကိုရီးယား အဆိုတော်နှင့် သရုပ်ဆောင် လီဟိုရီသည် ရုပ်သံ အစီအစဉ် ရိုက်ကူးမှုများ ရပ်နားထားခြင်းနှင့် ပတ်သက်ပြီး သူ၏ တွစ်တာ စာမျက်နှာပေါ်၌ ဖွင့်ဟပြော ကြားခဲ့သည်။ ”ကျွန်မကို ပရိသတ်တွေက ရုပ်သံ အစီအစဉ် ရိုက်ကူးမှုတွေ ဘာလို့ နားထားတာလဲ လို့မေးကြတယ်။ အနားယူချင်လို့ နားထားတာပါ။ အကြောင်းပြ ချက် ထွေထွေ ထူးထူး မရှိပါဘူး။ ဘာလို့ ဒါပဲ မေးနေကြတာလဲ” ဟု တွစ်တာ စာမျက်နှာပေါ်မှာ ရေးသားထားသည်။ လီဟိုရီသည် ‘MONOCH-ROME’ အမည်ရှိ အယ်လ်ဘမ် ကို မေလက ဖြန့်ချိခဲ့ပြီး နှစ်ပတ်ကြာ အထိ အရောင်း မြှင့်တင်ရေး ရုပ်သံ အစီအစဉ် ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။

”ကျွန်မ အယ်လ်ဘမ်ကို ရုပ်သံ အစီအစဉ် ရိုက်ကူးမှုတွေ နှစ်ပတ်ပဲ လုပ်မယ်။ ဒါပြီးရင် တခြား အစီအစဉ် ရိုက်ကူးမှုတွေ ထပ် မလုပ်တော့ဘူး” ဟုမေ ၂၉ ရက်တွင်  KBS Cool FM ၏ ‘ Kim C’s  Music Show’ ၌ လီဟိုရီက ပြောကြားခဲ့သည်။ တွစ်တာ စာမျက်နှာပေါ်တွင် ရေးသား ထားသော စာကိုတွေ့သည့် ပရိသတ် များ က ”ကောင်းကောင်း အနားယူပြီး ရိုက်ကူးရေးတွေ ပြန်လုပ်ပါ”ဟု ရေးသားခဲ့ကြောင်း သိရသည်။

သိင်္ဂီဝင်း

 Yahoo News

Popular Myanmar News Journal

လူ့သက်တမ်း တစ်ဝက်ကျိုးပြီဆိုတော့ အရာရာကို အကောင်းမြင်လာတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

လူ့သက်တမ်း တစ်ဝက်ကျိုးပြီဆိုတော့ အရာရာကို အကောင်းမြင်လာတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ကံဆိုတာ တကယ်မမြင် ရပါဘူး။ ဒါပေမဲ့ ဖြစ်လာတဲ့ ကံတရားက ဆိုးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကောင်းတာ လည်းဖြစ်ချင်ဖြစ်မယ်။ ဆိုးတာဖြစ်တယ်ဆိုရင်တောင်မှ ကိုယ့်ဘက်ကဘာသာတရားများ များလုပ်ထားတယ်။ ဘုရားတရား များများလုပ်ထားတယ်ဆိုတော့ အရမ်းဆိုးတဲ့ဟာက နည်းနည်းလေး ပဲ ကံဆိုးချင်လည်း ဆိုးသွားနိုင် တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကံတရားဆိုတာမမြင်ရဘူး။

ဒါပေမဲ့ ကိုယ့်ဘက်က ဘုရားတရားလည်း များများလုပ်တယ်။ ဘာသာတရား လည်း အများကြီးလုပ်ပေးတယ်။ အနန္တောအနန္တငါးပါးလည်း မပြစ် မှားဘူးဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အရမ်းဆိုးဝါးတဲ့ ဒုက္ခကြီးမကျ ရောက်နိုင်ဘူးလို့ သင်ဇာစိတ်ထဲမှာ ခံယူထားတယ်။ လူကြီးသူမတွေ လည်း ဒီလိုပဲဆုံးမထားတယ်။ သင် ဇာက နောက်ပိုင်းဘာသာရေးလုပ် ဖြစ်လာပါတယ်။

အဲဒါက ဘာဖြစ် လို့လုပ်တာလဲဆိုရင် ဒီချိန်မှာ အသက် အရွယ်ကလည်း ရနေပြီ။ အသက် ကလည်း ၂၅ နှစ်ကျော်ပြီး၂၆ နှစ်ထဲလည်း ဝင်နေပြီ။ လူ့သက်တမ်း တစ်ဝက် လည်းကျိုး နေပြီဆိုတော့ ဘာပဲဖြစ် ဖြစ် ကိုယ်ဒီထက်ရင့်ကျက်ပြီး တည် ငြိမ်ရတော့မယ်။ လူကြီးဆန်ရတော့ မယ်။ အဲဒီအတွက် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ဖို့လိုတယ်။ စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဘာသာရေး လုပ်တယ်ဆိုရင် အနည်းနဲ့အများ ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် နိုင်မယ်လို့ ထင်ပါတယ်။

ဘာသာရေး လုပ်တာ ဘယ်လို အကျိုးအမြတ်တွေ ရလဲဆိုရင် သင်ဇာ သည်းခံ တတ်လာတယ်။ ကိုယ့်ဒေါသကို ထိန်းချုပ် နိုင်တယ်။ သည်းခံ တတ်လာတဲ့ အတွက်ကြောင့် မို့လို့ ဘယ်အရာ ကိုပဲဖြစ်ဖြစ် အ ကောင်းမြင် တတ်လာတယ်။ ဘာ သာရေးလုပ်ရင် ကောင်းတာတွေ ချည်းပဲ ဖြစ်တယ်။ ဆိုးတာကတော့ ဘာမှ မဖြစ်ပါဘူး။

By 8 Days

သေနတ်ဖြင့် ချိန်ရွယ်မှုကြောင့် တရားစွဲခံရတဲ့ ဂျက်စတင်ဘီဘာ

(နယူးယောက်၊ ဇွန် ၁၁)

ရိုင်းစိုင်း ဆိုးသွမ်းလာသည်ဟု တစ်စတစ်စ လူပြော များလာသူ ဂျက် စတင်ဘီဘာနှင့် ၄င်း၏ သက်တော်စောင့် တစ်ဦးသည် ယခုလ အစောပိုင်း တွင် မီယာမီ မြို့၌ ဓာတ်ပုံ ဆရာ တစ်ဦးကို ရိုက်နှက်မှုဖြင့် တရားစွဲဆို ခံရကြောင်း သိရသည်။

ဂျက်ဖရီဘီနီရန် ဆိုသူ ဓာတ်ပုံ ဆရာသည် ဘီဘာ အသံ သွင်းနေသည် ကို လမ်းဘေး ပလက်ဖောင်း မှနေ၍ ဓာတ်ပုံ ရိုက်ယူနေခြင်း ကို ဘီဘာက သက်တော်စောင့်လေးဦး ကို စေလွှတ်၍ Memory Card ကို ယူလာရန် ခိုင်းခဲ့ သည်။ အဆိုပါ ဓာတ်ပုံ ဆရာနှင့် ၄င်း၏ သက်တော်စောင့် ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ရာ ၄င်းတို့သည် သူ့အား နံရံ ဘက် သို့ ဆောင့်တွန်းပြီး လည်မျိုကို ဆုပ်ကိုင် ခြိမ်းခြောက် ခဲ့ကြောင်း အဆိုးဝါးဆုံး မှာ ခြောက်လုံးပြူး သေနတ်ဖြင့် ချိန်ရွယ် ခဲ့ခြင်း ဖြစ်ကြောင်း ဂျက်ဖရီကပြောကြား သည်။

ထို့ကြောင့် ၄င်းသည် ဒဏ်ရာ အနာတရ ဖြစ်ခဲ့ရပြီး ဆေးကုသစရိတ် များကို ကာမိစေရန် တရားစွဲဆိုခဲ့ ကြောင်း သိရသည်။ ဂျက်ဖရီ၏ ရှေ့နေ ဖြစ်သူ ရက်ဆဲက ၄င်း၏ အမှုသည် မှာ ပါပါရာဇီ တစ်ဦး မဟုတ်ကြောင်း၊ ဝါရင့် ဓာတ်ပုံဆရာ တစ်ဦး သာဖြစ်ကြောင်း ဂျက်စတင်ဘီဘာ ၏ ပြုမူ ဆက်ဆံပုံမှာ ရမ်းကား လွန်းကြောင်း omg! သတင်း ဌာန ကို ပြောကြားခဲ့သည်။

”ဂျက်စတင်ဘီဘာ က အရွယ် ရောက်လာပြီ။ အပြစ်မဲ့တဲ့သူ တစ်ယောက်ကို သက်တော်စောင့်တွေက သေနတ်နဲ့ ခြိမ်းခြောက်တာမျိုး ခွင့်မပြုသင့်ဘူး” ဟု ၄င်းက ပြော ကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘီဘာ၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးကို မေးမြန်းရာ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်း မရှိပေ။ အသက် ၁၉ နှစ် အရွယ် ဘီဘာ သည် လော့စ်အိန်ဂျလိစ် သို့ ပြန်လည် ရောက်နေပြီဖြစ်ကာ သို သိပ်စွာ နေထိုင်လျက်ရှိသည်။

၎င်းသည် အရှိန်ပြင်းစွာ ယာဉ် မောင်းနှင်မှု၊ အိမ်နီးချင်း များနှင့် စကားများမှု၊ ထွေထွေထူးထူး ကိစ္စရပ်များ ကြောင့် ပါပါရာဇီများနှင့် စကားများမှု များကြောင့် စာ မျက်နှာ များပေါ် ၌ ဆိုးသွမ်းသူ အဖြစ် နာမည်ကြီးလျက်ရှိ သည်။

ဂျက်စတင်ဘီဘာသည် အရွယ် ရောက်လာသည့် ဟောလီးဝုဒ် နာမည်ကျော် များနှင့် အတူ ဆိုးသွမ်းလာကြောင်း အများက မှတ်ချက်ပြုခဲ့ကြသည်။

သိင်္ဂီဝင်း
Ref:E! Online

အကယ်ဒမီ စိုးပြည့်သဇင် ၁၀ တန်းအောင်

ယနေ့မနက်စောစောတွင် ထွက်ရှိသော ၁၀ တန်းစားမေးပွဲ အောင်စာရင်းတွင် သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင် အောင်မြင်ကြောင်း သိရသည့်အတွက် ပေါ်ပြူလာဂျာနယ်မှ လှိုက်လှဲစွာဂုဏ်ပြုအပ်ပါသည်။

Popular Journal


၉၆၉-လှုပ်ရှားမှုသာ အမျိုးဘာသာ သာသနာကို ကာကွယ်နိုင်မည်

From : ထေရဝါဒ မော်ကွန်းဂျာနယ် အမှတ်(၄)



မြန်မာနိုင်ငံရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ အဓွန့်ရှည်ဖို့
၉၆၉-ဆိုတာ ဖြစ်လာတာပါ။
မိမိအိမ်မှာ၊ မိမိဆိုင်မှာ၊ မိမိကားမှာ၊ မိမိရုံးမှာ
၉၆၉ တံဆိပ်ကို ရဲရဲကပ်ပြီး
မိမိတို့ဟာ အမျိုး-ဘာသာ-သာသနာကို
စောင့်ရှောက်သူတွေဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ခံယူကြပါ။

မြန်မာနိုင်ငံမှာ ၉၆၉ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တယ်။ ဒါကို မာဂျေ လုံးဝထောက်ခံတယ်။ ဘာလို့လဲဆိုတော့ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော်ကိုးပါး ရည်ညွှန်းတာဖြစ်တယ်။ သားဖြစ်သူက “အဖေ ၉၆၉ ဆိုတာဘာလဲ”လို့ မေးကတည်းက ၉၆၉ လှုပ်ရှားမှု အောင်မြင်သွားပြီဆိုတာ မာဂျေ သိလိုက်တယ်။
၉၆၉ လှုပ်ရှားမှုဟာ သူများဘာသာကို တိုက်ခိုက်ဖို့မဟုတ်ဘဲ မိမိဘာသာ၊ သာသနာနဲ့ မိမိအမျိုးကို ကာကွယ်ဖို့သာ ဖြစ်တယ်။ ၉၆၉ လှုပ်ရှားမှုဟာ သူများဘာသာကို တိုက်ခိုက်တာမဟုတ်ဘူး။ မိမိအမျိုးကို ချစ်ဖို့၊ မိမိဘာသာကို စောင့်ရှောက်ဖို့ မိမိအမျိုးသား စီးပွားရေးကို အားပေးဖို့ဆိုတဲ့ ဝံသာနုရက္ခိတတရားပဲ ဖြစ်တယ်။
ဒါပေမဲ့ ၉၆၉ လှုပ်ရှားမှု ကြီးထွားလာမှာစိုးလို့ ပြည်ပက ဒေါ်လာစား မီဒီယာတွေကလည်း ၉၆၉ဟာ နာဇီလက်သစ်ဝါဒဖြစ်တယ်လို့ စွပ်စွဲလာကြတယ်။ အဲဒီစွပ်စွဲချက်ကို မာဂျေ လုံးဝရှုတ်ချတယ်။ ပြည်တွင်းမီဒီယာတွေကလည်း ကောလာဟာလတွေ ထုတ်လွှင့်လာကြတယ်။ အိမ်မှာ သားဖြစ်သူက သူ့ရဲ့ကားမှာ ၉၆၉ စတစ်ကာကပ်တာကို အမေလုပ်သူက ခွာပစ်တယ်။ အကြောင်းပြတာကတော့ “နင် အဖမ်း ခံရလိမ့်မယ်”တဲ့။
တစ်ချိန်တည်းမှာ ၉၆၉ စတစ်ကာဝေတဲ့ လူငယ်တစ်ယောက်ကို လူမျိုးခြားတွေက ဓားနဲ့ထိုးတယ် ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ ၉၆၉ စတစ်ကာ ရိုက်ပေးတဲ့စက်ကို ဘာသာခြားတွေက ခြိမ်းခြောက်လို့ နောက်ထပ်မရိုက်ရဲပါဘူး ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ ဒါဟာ ၉၆၉ လှုပ်ရှားမှုကို ဘာသာခြားတွေ ဘယ်လောက်ကြောက်တယ်ဆိုတာ ပြတာပဲ။ သူတို့ဆိုင်တွေ အားလုံးမှာ သူတို့ဘာသာ အမှတ်တံဆိပ် ကပ်ရဲချိန်မှာ မာဂျေတို့က ဘာလို့ ၉၆၉ စတစ်ကာ မကပ်ရဲရမှာလဲ။
သီတဂူဆရာတော်ကြီးကိုယ်တိုင် အတိအလင်း မြွတ်ကြားထားတာရှိတယ်။ အိမ်ရှင်ရဲ့ဘာသာကို ဧည့်သည်က မစော်ကားရဘူး။ လေးစားရမယ်ဆိုတာ။ ၉၆၉ စတစ်ကာဝေလို့ ဖုန်းဆက်ခြိမ်းခြောက်ရင် ဆက်သွယ်ရေးကို တိုင်လို့ရပါတယ်။ ဆက်သွယ်ရေးမှာ ဘယ်ဖုန်းကနေ ဘယ်ဖုန်းကို ဘယ်အချိန်မှာ ဘာပြောတယ်ဆိုတဲ့ အထောက်ထားနဲ့ အသံခွေတွေ ရှိပါတယ်။ အရေးယူလို့ ရပါတယ်။
အခုတော့ ကိုယ့်တိုင်ပြည်မှာနေပြီး ကိုယ့်ဘာသာရဲ့ အမှတ်တံဆိပ် ၉၆၉ တောင် မကပ်ရဲကြရအောင် သတ္တိတွေ နည်းနေကြပြီလား။ သင်္ကြန်းအတွင်း မာဂျေ ခရီးထွက်စဉ်က မြေလတ်မြို့ တစ်မြို့မှာ ၉၆၉ ရေးကစားမဏ္ဍပ်တောင် တွေ့ခဲ့တယ်။ အလွန်ပီတိ ဖြစ်စရာ ကောင်းပါတယ်။
ကိုယ်တွေ့တစ်ခု ပြောပြချင်တယ်။ အတန်တန်တားနေတဲ့ကြားက တပည့်မတစ်ဦး ဘာသာခြားနဲ့ကြိုက်တယ်။ တစ်ရုံးလုံး ပုဂံကို ဘုရားဖူးသွားချိန်မှာ ဘုရားဖူးသွားရမလားဆိုပြီး တစ်ချိန်လုံး ဘာသာခြားက ဖုန်းဆက်နှောက်ယှက်တယ်။ ဘာလို့နှောက်ယှက်သလဲဆိုတော့ သူနဲ့ကြိုက်နေလျက်နဲ့ ဘုရားဖူးလို့တဲ့။ တပည့်မမှာ ဘုရားသာဖူးနေရတယ်။ ဟိုက တစ်ချိန်လုံး နှောက်ယှက်နေလို့ မျက်ရည်နဲ့မျက်ခွက်။ ဘယ်လိုလုပ် ကုသိုလ်ရတော့မှာလဲ။ ကဲ... ဘယ်လောက်တောင် စော်ကားထားသလဲ။
ဒီလိုဖြစ်မှ တပည့်မ အမြင်မှန် ရသွားတယ်။ လူမျိုးခြား အသိုက်အဝန်းထဲ မဝင်ရသေးတာတောင် ဒီလောက်အနိုင်ကျင့်၊ ဗိုလ်ကျနေရင် တကယ်သာ အိမ်ထောင်ရက်သား ပြုခဲ့မိရင် ဒုက္ခဆိုပြီး နောက်ဆုတ်လိုက်တယ်။ မာဂျေ ရေးခဲ့ဖူးပါတယ်။ မြန်မာမလေးတွေရဲ့ ခန္ဓာကိုယ်ဟာ ဘာသာခြားတွေအတွက် လူကပြား သားဖောက်စက်တွေလို အသုံးတော် ခံနေရတာ ကြာနေပါပြီ။ တချို့ သားသမီးတွေ (အထူးသဖြင့် သမီးတွေ) ကို မိဘတွေက မနိုင်ကြဘူး။
တချို့ကတော့ သားသမီးလုပ်စာကို မှီခိုစားသောက်နေရလို့ မပြောရဲကြတာတွေ ကိုယ်တွေ့ကြုံဖူးပါတယ်။ အဲဒီလို ပါးစပ်ပိတ်ပြီး ကိုယ့်သားသမီးကို မဆုံးမရဲရင်ဖြင့် နောင်တစ်ချိန် အမျိုး-ဘာသာ-သာသနာကွယ်ရင် အဲဒီမိဘတွေမှာပါ တာဝန်ရှိပါတယ်။ လူမျိုးခြားနဲ့ ယူလိုက်တဲ့ သမီးတွေကော ဒီဘဝမှာ စိတ်ချမ်းချမ်းသာသာနေရတာကို ဘယ်မိဘများ မြင်ဖူးပါသလဲ။ မာဂျေရယ်... မင်းပြောသလို မဟုတ်ပါဘူး။ ငါတို့သမီးတွေ လူမျိုးခြား-ဘာသာခြားနဲ့ယူပြီး အေးအေးချမ်းချမ်း၊ စိတ် ချမ်းချမ်းသာသာ နေရပါတယ်ဆိုတဲ့ မိဘများရှိရင် မာဂျေ့ကို ဆက်သွယ်ဗျာ။ ပြန်ပြီး ရေးပေးမယ်။
နှစ်ဆန်းတစ်ရက်နေ့က ရွှေဒဂုံတောင်ဘက်မုဒ်ဝမှာ တောင်းရမ်းနေတဲ့ မြန်မာမိန်းမငယ်လေးတစ်ဦးကို တွေ့လိုက်ရတယ်။ ဘေးနားမှာလည်း ကလေးနှစ်ယောက်နဲ့။ ကလေးတွေက ဘာသာခြားရုပ်တွေ။ ဒါနဲ့ စိတ်ဝင်စားပြီး ကားရပ်၊ အလှူငွေနှစ်ရာပေးပြီး “ဒါ နင့်ကလေးတွေလား” မေးကြည့်တော့ “ဟုတ်တယ်”တဲ့။ “နင်က မြန်မာ။ နင်မွေးထားတာလေးတွေက လူမျိုးခြားရုပ်တွေပါလား။ နင့်ယောက်ျားက နင် ဒီလိုတောင်းတာ ခွင့်ပြုသလား”မေးတော့ ကလေးနှစ်ယောက်ရအပြီး သူ့ကို ကလေးတွေနဲ့ ထားခဲ့ပြီး ပစ်သွားလို့တဲ့။
နောက်ဆုံးတော့ ဘာသာခြားယူမိတဲ့ မိန်းကလေးဟာ သူတောင်းစားဘဝ ရောက်ရတော့တာပဲ။ အဲဒီမိန်းကလေးရဲ့ မိဘသာရှိခဲ့ရင် ဒီလိုတောင်းရမ်း စားသောက်ရတာကိုသာ မြင်ခဲ့ရင် ဘယ်လိုခံစားရမလဲ။ မိဘတွေ သတိကြပ်ကြပ်ပြုကြပါ။ မီးဆိုတာ မလောင်ခင် တားရသတဲ့။ ဖြစ်ပြီးမှ သမီးလည်း ဒုက္ခရောက်၊ မိဘတွေလည်း စိတ်ဆင်းရဲရရင် အားလုံး ရှုံးတာပါပဲ။
မြန်မာလူမျိုးတွေကိုလည်း သတိပေးချင်ပါတယ်။ ကိုယ့်အမျိုး- ဘာသာ- သာသနာအရေးကို ကာကွယ်ဖို့ အရေးမှာ မကြောက်ကြပါနဲ့။ ကိုယ့်ဘာသာက သူများဘာသာကို စော်ကားတဲ့ဘာသာမှ မဟုတ်တာ။ ကိုယ့်အထဲက ပဲ့ပါမသွားအောင်သာ ကာကွယ်တဲ့ဘာသာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မြန်မာနိုင်ငံရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာအဓွန့်ရှည်ဖို့ ၉၆၉ ဆိုတာ ဖြစ်လာတာပါ။ မိမိအိမ်မှာ၊ မိမိဆိုင်မှာ၊ မိမိကားမှာ၊ မိမိရုံးမှာ ၉၆၉ တံဆိပ်ကို ရဲရဲကပ်ပြီး မိမိတို့ဟာ အမျိုး-ဘာသာ-သာသာနာကို စောင့်ရှောက်သူတွေ ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ခံယူကြပါ။ ၉၆၉ လှုပ်ရှားမှုဟာ ကောက်ရိုးမီးလို ဟုန်းခနဲထပြီး ဟုန်းခနဲပျောက်သွားတာ မဖြစ်စေလိုပါဘူး။
တကယ်တော့ အမျိုး-ဘာသာ-သာသနာ ရေရှည်တည်တံ့ဖို့ နိုင်ငံရေးပါတီတွေလည်း မစွမ်းနိုင်ပါဘူး။ တပ်မတော်လည်း မလုပ်နိုင်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ ဝံသာနုရက္ခိတ စိတ်ကသာ လုပ်နိုင်၊ ကာကွယ်နိုင်မှာမို့လို့ ၉၆၉ လှုပ်ရှားမှုမှာ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်သင့်ကြောင်း ဒီနေရာကနေ နှိုးဆော် လိုက်ရပါတယ်ခင်ဗျာ။ ။
မာဂျေ
(ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည့် မာဂျေက ဒါတွေပြောချင်တယ်ကဏ္ဍမှ ကောက်နုတ်တင်ပြသည်။)
 

မိကျောင်းကန် စိုက်ပျိုးမွေးမြူရေးခြံကို တပ် စည်ပင်နဲ့ရဲ အင်အားသုံးပြီး ဝင်ရောက်ဖျက်စီး (ရုပ်/သံ)

Yangon Military and Police Force to Demolish and Relocate Farms

သင်္ဃန်းကျွန်း မိကျောင်းကန် အပိုင်း ၁နဲ့၂ ပြည်တော်သာ လမ်းပေါ်က တပ်ပိုင်မြေပေါ် မြေငှားပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသူတွေကို ဇွန်လ ၁၃ရက်နေ့မှာ တပ်စည်ပင်၊ ရဲနဲ့ အရပ်ဖက်အင်အား တစ်ထောင်ကျော်က ဝင်ရောက် ဖျက်ဆီး လိုက်ပါတယ်။

ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို ဦးဝီရသူ တင်သွင်း

From : ..irrawaddy



ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့်  ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို  နိုင်ငံတော်သြဝါဒ ဓမ္မစရိယဆရာတော်ကြီးများ ဦးဆောင်ပါဝေနေသော သံဃာအစည်းအဝေးတခုတွင် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဦးဝီရသူဦးစီးသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တင်သွင်းခဲ့သည်။

ယနေ့  မှော်ဘီမြို့ ဓမ္မဒူတ ဇေတဝန် တောရ  ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင်  နိုင်ငံတော်သြဝါဒဓမ္မစရိယ ဆရာတော် ဘန္ဒန္တတိလောကာဘိဝံသ (ဗန်းမော်ဆရာတော်) ကြီးမှူးပြီး သံဃာ အပါး၂၀၀ တက်ရောက်နေသည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ပြင်ပမီဒီယာများနှင့် အချို့ သောမီဒီယာများတွင် အကြမ်းဖက်သူများ သဘောမျိုးဖော်ပြနေခြင်းအပေါ် တုန့် ပြန်ဖြေရှင်းရန်၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းရေးကို ရှေးရှုသာ ဘာသာတစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုရန် ရည်ရွယ်ကျင်းပရာ အစည်းအဝေးတွင် ဦးဝီရသူက “အမျိုးစောင့်ဥပဒေ”ဟု ခေါ်ဆိုသော အဆိုပါ စာတမ်းတစောင်ကို ထုတ်ပြန်တင်ပြသွားခဲ့သည်။

မည်သည့်ဘာသာဝင်မဆို ဘာသာခြား၊ လူမျိုးခြားဖြစ်ခဲ့ပါက ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး လက်ထပ်မည့် အမျိုးသမီး၏ မိဘ သို့ မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့်သာ လက်မှတ်ရေးထိုး လက်ထပ်ရမည်ဟု ယင်းဥပဒေ မူကြမ်းတွင်  ထည့်သွင်းရေးဆွဲထားသည်။ အဆိုပါ ဥပဒေကို ပြည်တွင်းမှ ဥပဒေပညာရှင်များဖြင့် ပူးပေါင်းကာ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့၏ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ကို အတုယူရေးဆွဲထားသည်ဟု ဦးစီးရေးဆွဲထားသော ဘုန်းတော်ကြီးများက ဆိုသည်။

“ဥပဒေကို အသက်ဝင်အောင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို စာပို့မယ်။ ဒီလမကုန်ခင် တနိုင်ငံလုံးမှာ သဘောထား စစ်တမ်းကောက်မယ်။ လွှတ်တော်မှာ တရားဝင် တင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးထားပြီးပြီ” ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ယူထားသည့် ဆရာတော်ဓမ္မပီယက မိန့်သည်။

အထက်ပါ ဥပဒေအကြောင်းအချက်များကို မလိုက်နာဘဲ လက်ထပ်ပေါင်းသင်းသူကို ထောင်ဒဏ်၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေးရမည်ဖြစ်ကြောင်း၊ ကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မများနှင့် သီးခြား အရေးယူ အပြစ်ပေးရမည်ဖြစ်ကြောင်း မူကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

သို့သော် ဥပဒေသည် ဗုဒ္ဓဘာာသာဝင်အမျိုးသမီးများသာ အကျုံးဝင်ပြီး အမျိုးသားများအတွက် ထည့်သွင်းရေးဆွဲမထားဘဲ ၎င်းတို့အနေဖြင့် မည်သည့်ဘာသာဝင်အမျိုးသမီးကို မဆို လက်ထပ်ခွင့်ရှိမည်ဟု ဆိုသည်။

“ဗုဒ္ဓဘာသာ အမျိုးသားတွေက ဘာသာခြား အမျိုးသမီးနဲ့ လက်ထပ်ခွင့်ရှိမယ်။ သူတို့တွေမှာက ဘာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာ သိပ်မဖြစ်ကြတော့ သူတို့အတွက် ဥပဒေမပါဘူး။ ကာကွယ်စရာမလိုဘူး”ဟု ဦးဝီရသူက မိန့်သည်။

ယခု သံဃာ စုဝေးပွဲကို မနက်ဖြန် ဇွန်လ ၁၄ ရက်တွင်လည်း ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More