Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Friday, June 21, 2013

ဘော်ဒါကျောင်းသားများ အစိုးရကျောင်းများနှင့် ကင်း၍မရသေး

ကိုယ်ပိုင် ကျောင်း လက်မှတ်မ ရှိသော ပုဂ္ဂလိက ဘော်ဒါကျောင်း တစ်ခုသည် ကျောင်း သား၊ ကျောင်းသူများအား အချိန်ပြည့် စာသင်ခြင်း၊ စာမေးပွဲ စစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့ပြီး ကျောင်းပြောင်း လက် မှတ်ထုတ်မ ပေးနိုင်ခြင်းကြောင့် လှိုင်သာယာ ရဲစခန်းတွင် အရေးယူ ခံနေရပြီ ဖြစ်သည်။ လှိုင်သာယာမြို့နယ်၊ န၀ဒေးအိမ်ရာရှိ ပုဂ္ဂလိကဘော်ဒါ ဆောင်တစ်ခု၌ ယခင်ပညာသင် နှစ်တွင် ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း၊ န၀မတန်း ပညာသင်ယူသော ကျောင်းသား၊ ကျောင်းသူများသည် ယခု ပညာသင်နှစ်တွင် ၎င်းဘော်ဒါကျောင်း၌ ဆက်လက် ပညာသင်ယူလိုခြင်း မရှိတော့သဖြင့် ကျောင်းထွက်လက်မှတ် ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ထုတ်ပေးနိုင်ခြင်း မရှိသဖြင့် ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal

သရုပ်ဆောင် မေဇွန်ကို လူသတ်မှုဖြင့် ထောင်ဒဏ် ၉နှစ်ကျော် ချမှတ်


MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသော သရုပ်ဆောင် မေဇွန်ကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်ပိုင်း ခရိုင် တရားရုံးက လူသတ်မှု ၊နာကျင်စေမှုများ ကျူးလွန်ခဲ့သည့် အတွက် ထောင်ဒဏ် ၉နှစ် နှင့် ၄ လ ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း အဆိုပါ တရားခွင်သို့ ရောက်ရှိနေသူ The Voice သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly


ထိုင်းကို မြန်မာက ဆင်ဖြူ မငှားနိုင်

အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ဇွန်လ ၁၃ ရက်က လုပ်တဲ့ အရှေ့ အာရှနဲ့ လက်တင် အမေရိက ဖိုရမ်မှာ ထိုင်း ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတို့ သီးခြား ဆွေးနွေးခဲ့ ကြပါတယ်။ ဆွေးနွေးပွဲမှာ ထိုင်း ဝန်ကြီး ဆူရာပေါင်း က ဇင်းမယ် တိရစ္ဆာန်ရုံမှာ ပြဖို့ မြန်မာ ဆင်ဖြူတော်ကို ၆ လ ငှားရမ်းဖို့ မြန်မာ ဝန်ကြီး ဦး ဝဏ္ဏမောင်လွင် ကို ကမ်းလှမ်း ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမှုမှန်ပေါ်ပေါက်ရေးခေါ်ယူစစ်ဆေးရာ အမှုမှန်မပေါ်ဘဲ ရုပ်အလောင်းသာ ပေါ်ခဲ့

ပုသိမ်မြို့  လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာမှ မသန်းသန်းအေးအား ရဲတပ်ဖွဲ့ ဝင် များမှ စစ်ဆေးရန်ခေါ်ယူသွားပြီး မိသားစုဝင်များကို တွေ့ ခွင့်မပေးဘဲ တပတ်ခန့် ကြာသောအခါ လက်ထိပ်နောက်ပြန်နှင့် ရုပ်အလောင်းကို မြစ်တွင်းမှ တွေ့ ရှိခဲ့ ကြောင်း သတင်းရှိသည်။

မသန်းသန်းအေး၏ ရုပ်အလောင်းအား ပုသိမ်မြို့  လူမှုရေးအဖွဲ့ များမှ ဇွန်လ (၂၀)ရက်နေ့ နေ့ လည် ၂ နာရီ အချိန်တွင် သစ်ညိုကုန်း သုဿန်တွင် မြုပ်နှံလိုက်သည် ၊

သတင်း - ဓါတ်ပုံ Heinn Htet (facebook)





ခိုးမှုသံသယဖြင့် ဖမ်းဆီးခံထားရသူ ပုသိမ်မြို့နယ်မှ အမျိုးသမီးအလောင်း ငဝန်မြစ်တွင် ပြန်လည်တွေ့ရှိမှု ခုံရုံးဖွဲ့စစ်ဆေးမည်

ဖြစ်စဉ်မှာ ပုသိမ်မြို့ လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာနေ ဒေါ်မြင့်မြင့်ခင်က ယင်း၏နေအိမ်တွင် ထားရှိသောငွေကျပ် ၆၅ သိန်း၊ ၈ သောင်းကျော်တန်ဖိုးရှိ ရွှေထည်များ ပျောက်ဆုံးသွားခဲ့၍ ပုသိမ်မြို့နယ် သင်္ဘောကျင်း ရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရဲက ပြစ်မှုကျူးလွန်သူဟု ယူဆရသူ တစ်ရွာထဲနေ ကိုနန်းဝင်းကို ဖမ်းဆီးခဲ့ပြီး ၄င်း၏ ထွက်ဆိုချက်အရ ကိုနန်းဝင်း၏ မိန်းမ မသန်းသန်းအေးကိုပါ ထပ်မံဖမ်းဆီးကာ ရဲက စစ်ဆေးခဲ့ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Heinn Htet  (facebook)

မြန်မာငွေမဲ ခဝါချပေးခဲ့တဲ့ ဂျပန်ဘဏ် ဒဏ်ရိုက်ခံရ

အမေရိကန် နိုင်ငံက အီရန်၊ ဆူဒန် နဲ့ မြန်မာ  နိုင်ငံတွေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ တားမြစ် ပိတ်ပင်ထားတဲ့ အချိန်မှာ ၊ အမေရိကန် နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်း ကနေ တဆင့် အဲဒီနိုင်ငံတွေ ကိုယ်စား ငွေမည်း ခ၀ါချမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ဘဏ်ကို ဒေါ်လာသန်း ၂၅၀ ဒဏ်ရိုက်လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာငွေများ။ သြဂုတ် ၁၈၊ ၂၀၁၁။

Times Magazine အား ပြင်းထန်စွာကန့်ကွက် ရှုတ်ချ

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ ပုံနှိပ်ရေးသား ဖော်ပြချက် အချို့အား ကျွန်ုပ်တို့မှ ပြင်းထန်စွာကန့်ကွက် ရှုတ်ချ လိုက်သည်

21, June 2013 သောကြာနေ့
နံနက် 9 နာရီ

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ်းခြောက်သော အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ လူ့အသက် အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့် အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ ယနေ့အထိ ဆရာတော်ဦးဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း၊ အဆောက်အအုံဖျက်ဆီးခြင်း စသည့်အစွန်းရောက် လုပ်ရပ်များအား စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသူမဟုတ်ဟု ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်သည်။

 မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။

ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။

ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်။ ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။

The First Weekly News Journal နှင့်
The First Media Group

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More