Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Thursday, July 4, 2013

က​လေး​လို​ချင်​လွန်း​သ​ဖြင့်​​ ​ကြံ​မိ​ကြံ​ရာ​​ ​လုပ်​ခဲ့​သည့်​​ ​ဗြိ​တိန်​သူ

က​လေး​လို​ချင်​လွန်း​သ​ဖြင့်​​ ​ကြံ​မိ​ကြံ​ရာ​​ ​လုပ်​ခဲ့​သည့်​​ ​ဗြိ​တိန်​သူ လာရာကာတာ

ဗြိတိန်နိုင်ငံမှ အမျိုးသမီး​ တစ်ဦးက သူမသည် ကလေး​ လိုချင်​ လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့​ ဖူးကြောင်း ထုတ်ဖော်​ ဝန်ခံ​ လိုက်သည်။

အသက် ၂၅ နှစ် ရှိပြီ​ ဖြစ်သော လာရာ​ ကာတာက ပြီးခဲ့သည့် နှစ်များအတွင်း သူမသည် ကျန်းမာရေး​ အရ ကလေး​ ရနိုင်ရန် အလွန်​ ခက်ခဲ​ မည်ဟု​ သိလာ​ ပြီးနောက် ထို​ အဖြေကို​ လက်မခံ​ ​ ချင်ခဲ့ဟု​ ဆိုသည်။ ထို့ကြောင့်လည်း မည်သူမှန်း​ မသိသည့် လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ကြောင်း လာရာက​ ဆိုသည်။

တစ်ကြိမ်က​ ဆိုလျင် သူမသည် အရက်မူး​ ဟန်ဆောင်ပြီး အမျိုးသား တစ်ဦးထံ အတင်း​ သွားရောက်ကာ ထိုသူနှင့် လိုက်သွား​ ခဲ့ကြောင်း လာရာက ပြောကြား​ သွားသည်။ ရုံးမန်နေဂျာ တစ်ဦး​ ဖြစ်သည့် လာရာက သူမသည် ကလေး​ ရမည်ဟု မျှော်လင့်ချက်ဖြင့် ထိုသို့ ပြုလုပ်​ ခဲ့သော်လည်း ကွန်ဒုံး​ သုံးချင်သည့် အမျိုးသား​ တစ်ဦးနှင့် ကြုံခဲ့သဖြင့် စိတ်ပျက်​ ရသေးကြေင်း ဝန်ခံ​ ခဲ့သည်။ ထိုစဉ်က လာရာသည် အိတ်ထဲမှ ကွန်ဒုံး​ တစ်ခု ထုတ်ပေး​ လိုက်သော်လည်း ထို​ သူ​ မသိအောင် အပေါက်ဖောက်​ လိုက်ကြောင်း ပြောကြား​ သွားသည်။

သူမသည် အတည်တကျ ချစ်သူ​ မထားဘဲ လူစိမ်းများကိုသာ ချဉ်းကပ်ပြီး ကလေး​ ရအောင် ကြိုးစား​ ခဲ့ခြင်းဟု​ ဆိုသည်။ သူမသည် သုက်ပိုး​ အလှူရှင် အကူအညီဖြင့် ကိုယ်ဝန်​ ရအောင် ဆောင်ရွက်ရန် စဉ်းစား​ ခဲ့သော်လည်း ပေါင်စတာလင် ၂၀၀၀ မျှ ကုန်ကျမည့် အခြေအနေ​ အတွက် ငွေကြေး​ မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သူမ​ အနေနှင့် ယခုထိ ကိုယ်ဝန်​ မရသေးသဖြင့် စိတ်ပျက်လျက်ရှိသည်။

လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ​ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားသည်။ သူမက လူတိုင်းကို ကွန်ဒုံးမသုံးရန် တိုက်တွန်း​ ခဲ့သော်လည်း အချို့က သဘောမတူ​ ခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူမ​ အိတ်ထဲကျပ် အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင်​ ထားလိုက်ကြောင်း လာရာက ပြောဆို​ သွားသည်။

From: လူထုအသံ

ကျောင်းဆရာမနှင့် ကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူနှင့် ပတ်သက်၍ သင်္ကာမကင်းသူ သားဖ နှစ်ဦးကို ကျောက်တော်တွင် ရဲက ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (ဇူလိုင်လ ၃ ရက်) နေ့က ကျောင်းဆရာမ တစ်ဦးနှင့် မူလတန်းကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူ တစ်ခု ဖြစ်ပွားခဲ့ရာ ယခုအခါ ၎င်း မူခင်းနှင့် ပတ်သက်ပြီး သင်္ကာမကင်းသူ သားဖနှစ်ဦးကို ရဲက ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးခံရသူ (၂) ဦးမှာ အခင်း ဖြစ်ပွားရာ ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာနှင့် တစ်ဘက်ကမ်းရှိ ပီစိရွာမှ ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲမြို့နယ်မှူး ရဲမှူး တင်မောင်က အတည်ပြု ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဆေးရုံတင်ခါစတွင် သတိမရသေးသည့် ကျောင်းဆရာမလေး မဆန်းဆန်း (၂၀-နှစ်) မှာ သတိပြန်လည်လာ ပြီဖြစ်သည်။ photo credit : Zaw Hlaing

ရန်ပွဲ ဖြစ်ခဲ့ရတဲ့ မိန်းမလျာ အလှပြိုင်ပွဲ ဗီဒီယို

ဒိုင်တွေက အနိုင် ရသူကို လူမှားပြီး ကြေညာ မိရာ ကနေ ဒုတိယ ရတဲ့ သူက အလှ ဘုရင်မ သရဖူ ရရှိ ခဲ့သူကို ဝင်ပြီး နပန်း လုံးခဲ့ တာပါ။ BBC Burmese - ၂၉.၀၆.၂၀၁၃ (စနေနေ့)

မုံရွာမြို့ပေါ်ရှိ ကေတီဗီနှင့် အမျိုးသမီး အနှိပ်ခန်းများအား ဖမ်းဆီး

မုံရွာမြို့၊ အိုဘိုတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ရှိသော ၀ိုင်ပါဝါ ကေတီဗီနှင့် အမျိုးသမီး အနှိပ်ခန်းဆိုင်အား ယခုလ ၃ ရက်နေ့ည ၁၂ နာရီကျော်အချိန့်က ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ က ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းဖမ်းဆီးရာတွင် စစ်ဘက်ဆိုင်ရာ အကြီးတန်း အရာရှိတစ်ဦးမှလည်း လာရောက် အနားယူနေသည်ကို ရဲတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့ရကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဆင်ဆာ လွတ်လပ်ခွင့် ရှိပေမယ့် မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်

ဆင်ဆာ လွတ်လပ်ခွင့် ပေးလိုက်သည့် အချိန် ဖြစ်သော်လည်း မြန်မာလူမျိုး မျက်စိဖြင့် ကြည့်ရှု အဆင်ပြေမည့် ဇာတ်လမ်းမျိုးကို ရိုက်ကူး ပါကြောင်း သရုပ်ဆောင် စံရတီမိုးမြင့် က ပြောသည်။

''မြန်မာ မျက်စိနဲ့ ပြန်ပြီး ကြည့်လို့ရတဲ့ ဇာတ်မျိုးတွေကို ရိုက်တယ်။ ဆင်ဆာ လွတ်လပ်ခွင့် ပေးလိုက်တဲ့ အချိန်မှာ အရင်က မရိုက်ဖူးတဲ့ ပုံစံမျိုးကို ရိုက်လာကြ တယ်။ မြန်မာနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာမျက်စိ နဲ့ကြည့်လို့ အဆင်ပြေအောင် ရိုက်ဖို့ပဲလိုပါတယ်။ လုံးဝ မရိုက်ရဘူးလို့ ပြောတာမျိုး မဟုတ်ပါဘူး။ အနုပညာသမား ဆိုတာ ကတော့ ပရိသတ်ကို အဆန်းအပြားလေးတွေ ချပြချင်တဲ့ စိတ်လေးတွေတော့ ရှိတယ်။ ကိုယ်ရွေးချယ်တဲ့ ဇာတ်လမ်းပေါ်မှာ အကောင်းဆုံး ဖြစ်အောင် ဘယ်လို သရုပ်ဆောင် ရမလဲဆိုတာပဲ ရှိတယ်။ ဒီဟာလေးကို အကောင်းဆုံး ဘယ်လို လုပ်မလဲ ဆိုတာကိုပဲ ညှိနှိုင်းခွင့်ပဲရှိကြတယ်။ အဲဒီအတွက် စံရတီ တို့ က မြန်မာ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် ဇာတ်လမ်းတွေကို အားလုံးနဲ့ တိုင်ပင်ပြီး ညှိလုပ်ဖြစ်တယ်။ တိုင်ပင်ပြီး လုပ်တယ်။ ကိုယ်ကသာ အရာရာကို အကောင်းဆုံး တင်ပြ ရိုက်ပြနိုင်ရင် ပရိသတ်တွေ လည်း ကြိုက်ကြမှာပါ'' ဟု စံရတီမိုးမြင့်က ပြောသည်။

''စံရတီ အရင်က ရိုက်ခဲ့တဲ့ ဇာတ်တွေဆိုရင် သိပ်ပြီး အားမရခဲ့တာတွေ ရှိတယ်။ နောက်ပိုင်းတော့ ကိုယ့်ဘက်က အစအဆုံး သေချာလေး ကြိုးစားပြီး လုပ်တယ်။ ပရိသတ် တွေ ကလည်း အားပေး လာကြတယ်။ အဲဒီအပေါ် မှာလည်း ကျေနပ်တယ်။ ကိုယ့်ရဲ့ ဇာတ်ကားလေးတွေ ကိုလည်း ပြန်ပြီး ကြည့်တယ်။ ကြည့်တဲ့ အခါမှာ လည်း ပရိသတ် တစ်ယောက် လို ပြန်မကြည့်ဘူး။ ကြည့်ဖြစ်တာ နည်းတယ်။ ကိုယ်ကျတော့ အိုက်တင်က အစ မိတ်ကပ် အဆုံး ကိုယ့်ဘာသာကိုယ် အသေးစိတ် ပြန် ကြည့်တယ်။ ထောင့်ပေါင်းစုံက ပြန်ပြီး ကြည့်ဖြစ်တယ်။ ကိုယ့်ရဲ့ လိုအပ်ချက်လေးတွေ ကိုလည်း ကြည့်ပြီး မှတ်ထားတယ်။ အထောက်အကူ လေးလည်း ရတယ်။ ကိုယ့် ကိုယ်ကိုယ်လည်း ပြန်ပြီး လိုအပ်တာလေးတွေ ရှိရင်လည်း ပြန်ပြင်တယ်''ဟု ၄င်းက ဆိုသည်။

ဒါရိုက်တာ ဗန်းကြီး၏ တံခါးတစ်ချပ်ကို ဇာတ်ကားမှာ စံရတီမိုးမြင့်က ဇေရဲထက် နှင့် ပါဝင် ရိုက်ကူးနေပြီး ၄င်း ဇာတ်ကားထဲမှာ စံရတီမိုးမြင့်က ဇေရဲထက် ရဲ့ဇနီး အဖြစ် သရုပ်ဆောင်ထားသည်။

လွင်လွင်ထွန်း
Popular Journal

ကျောက်တံခါး ရဲစခန်းမှာသရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် နဲ့ အတူဖမ်းမိ

ရန်ကုန်။ဇူလိုင်၊၎

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မှာ သရုပ်ဆောင် ရဲတိုက်ကို ယမန်နေ့ညက ဆေးခြောက်တွေနဲ့ဖမ်းစီးရမိတယ်လို့ ကျောက်တံခါး မြို့နယ် မှုးရုံးက သိရပါတယ်။

Author- မိုးစက်

Kumudra


သရုပ်ဆောင်ရဲတိုက် အမြန်လမ်းမပေါ်တွင် ဆေးခြောက်နှင့်ဖမ်းမိ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဇွန်န၀ါရီလ(၄) ရက်နေ့ နံနက် (၃)နာရီခန့်တွင် သရုပ်ဆောင်ရဲတိုက်ကို ဆေးခြောက် တစ်ကျပ်သားနှင့်အတူ ဖမ်းမိထားကြောင်း ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးရဲစခန်းမှ တာဝန်ရှိသူ က NewsWatch(စောင့်ကြည့်)သတင်းဂျာနယ်ကို ပြောကြားသည်။
၎င်းကို သတင်းပေးပို့ချက်အရ သွားရောက် စစ်ဆေးခဲ့ရာ ဆိုက်ကယ်တစ်စီးနှင့် ဆေးသုံးထားသည်ကိုတွေ့ရှိရပြီး၊ ဆေးခြောက် တစ်ကျပ်သား လက်ဝယ်တွေ့ရှိမှုကြောင့် မူးယစ် ပ၄/၂၀၁၃ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ငြိမ်းချမ်းမေ
News Watch Journal


Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More