Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Monday, July 15, 2013

ကလေးမြို့ ကေတီဗွီတချို့ အစိုးရ၀န်ထမ်း နာမည်ခံများဖြင့် ဖွင့်ထား

ကလေးမြို့၊ တပ်ဦး သီတာရပ်ကွက်ရှိ ကေတီဗွီတချို့အား အစိုးရ၀န်ထမ်း အမည်ခံများဖြင့် ဖွင့်လှစ်ထားကြောင်း အဆိုပါ ရပ်ကွက်ရှိ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။ လက်ရှိ ကျွန်တော်တို့ရပ်ကွက်မှာ ကေတီဗွီ သုံးခုရှိတယ် တစ်ခုက တီးတိန်က ဒုတပ်ရင်းမှူး အမည်နဲ့ ဖွင့်ထားတယ်။ တစ်ခုက ကလေးဝက စရဖ က လူတစ်ယောက် နာမည်နဲ့ ဖွင့်ထားတာ အခု သူ့မိန်းမက မန်နေဂျာ လုပ်နေတယ်။ ---




ကလေးမြို့-ဇူလိုင်၁၄

ကလေးမြို့၊ တပ်ဦး သီတာရပ်ကွက်ရှိ ကေတီဗွီတချို့အား အစိုးရ၀န်ထမ်း အမည်ခံများဖြင့် ဖွင့်လှစ်ထားကြောင်း အဆိုပါ ရပ်ကွက်ရှိ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

လက်ရှိ ကျွန်တော်တို့ရပ်ကွက်မှာ ကေတီဗွီ သုံးခုရှိတယ် တစ်ခုက တီးတိန်က ဒုတပ်ရင်းမှူး အမည်နဲ့ ဖွင့်ထားတယ်။ တစ်ခုက ကလေးဝက စရဖ က လူတစ်ယောက် နာမည်နဲ့ ဖွင့်ထားတာ အခု သူ့မိန်းမက မန်နေဂျာ လုပ်နေတယ်။ အခုတော့ မလာတော့ဘူး။ အရင်ကတော့ တစ်ပတ်တစ်ခေါက်လာတယ်။ နောက်တစ်ခုကတော့ ဒုရဲအုပ်အမည်ခံနဲ့ပါ။ အခုတော့ အဲ့ဒီဒုရဲအုပ်က ရဲအလုပ်မလုပ်တော့ပါဘူး ဟု ၄င်းကဆက်လက် ပြောသည်။

ကလေးမြို့ မူးယစ်ဆေးဝါး ကိစ္စများနှင့် ပတ်သက်၍ နေပြည်တော်မှ ဒုရဲချုပ် ဦးဆောင်သော အဖွဲ့ ကလေးမြို့သို့ ရောက်ရှိ လာချိန်ကတည်းက တရားမ၀င် အမှုများအား လိုက်လံ ဖော်ထုတ်လျှက်ရှိပြီး ကလေးမြို့ ကေတီဗွီများလည်း ပိတ်ထားပြီး မြို့နယ်အုပ်ချုပ်ရေး ရုံးမှလည်း ယခုလဆန်း ဇူလိုင်လ(၄) ရက်နေ့ကတည်းက တရားမ၀င် လုပ်ကိုင်နေသော ကေတီဗွီ လုပ်ငန်းများအား သက်ဆိုင်ရာ ရပ်ကွက် အသီးသီးရှိ အုပ်ချုပ်ရေး မှူးများသို့ ဖမ်းဆီး အရေးယူရန် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။

ကလေးမြို့ တပ်ဦးသီတာ၊ နယ်မြေ(၁၁) ရပ်ကွက်တွင် ကေတီဗွီ (၃) ခုရှိပြီး အေးချမ်းမြေ့၊ ဧရာဝတီနှင့် ကေတီဗွီ တစ်ခုမှာ နာမည် မပေးသေးကြောင်း သိရသည်။

ချစ်သူမောင်
Popular Myanmar News Journal

ကြော်ငြာရိုက်တာထက် သရုပ်ဆောင်ရတာ ပိုပင်ပန်းတယ် ပက်ထရစ်ရှာ

ပြည်တွင်းထုတ် မဂ္ဂဇင်းတွေမှာ အလှဓာတ်ပုံတွေ များစွာဖော်ပြ ခံရသူ လည်းဖြစ်၊ မော်ဒယ်တစ် ယောက်အနေနဲ့ ပရိသတ်အားပေးမှု ကို ရရှိနေ သူဖြစ်သလိုယခုကြော်ငြာ ရိုက်ကူးတဲ့အခါမှာလည်း ပရိသတ် တွေ အားပေးမှုရရှိသူကတော့ ပက် ထရစ်ရှာပဲဖြစ်ပါတယ်။တီဗီမှာကိုယ့်ကြော်ငြာ ထုတ်လွှင့်ချိန်တိုင်းကြည့် ပြီးကိုယ့်ကိုယ်ကိုယ် အမြဲဝေဖန်တယ် လို့ပြောကြားလာသူ ပက်ထရစ်ရှာ က “တီဗီမှာ ကိုယ့်ကြော်ငြာထုတ် လွှင့်ပြသတိုင်း ကိုယ့်ရုပ်ကိုယ် ပြန် ကြည့်ပြီး လိုအပ်ချက်တွေအများကြီး ကို တွေ့တွေ့လာတယ်။ ဒီကြော် ငြာမှာတွေ့ လိုက်တဲ့ လိုအပ်ချက်ကို နောက်တစ်ခု ဒီ ထက်ကောင်း အောင် လုပ် မယ် ဆို တဲ့ အသိဝင်လာတယ်။ ဝါမရင့်သေး တဲ့အခါကျတော့ ကင်မရာအယူအဆ ကိုလည်း သိပ်မသိသေးဘူး။ ဘယ် လို နေရင် ဘယ်လိုပေါ်ပြီးလှလဲဆိုတာ ကိုပေါ့။

ပြီးတော့ ကင်မရာအကြောင်း ကိုလည်းလေ့လာဖြစ်တယ်” လို့ပြော ပြပါတယ်။ကြော်ငြာရိုက်တဲ့အခါ ကြုံ တွေ့ရ တဲ့အခက်အခဲတွေ နဲ့ပတ်သက် ပြီး “အခက်အခဲရှိတာကို ကြိုးစားမှု လိုအပ်လို့ရှိတယ်လေ။ အဲဒါကြောင့် ကြိုးစားလိုက်တယ်။ ကျောင်းနှစ်လ ပိတ်ထားတော့အနုပညာ အလုပ်ကို ဆက်တိုက်လုပ်ဖြစ်နေတယ်။ မဂ္ဂဇင်း ဓာတ်ပုံတွေကိုလည်းရိုက် တယ်။ ကြော်ငြာက ၁ဝစက္ကန့်အတွင်း ပရိသတ် ကို ဖမ်းစားရ မယ်ဆိုတော့ ပိုပင် ပန်းတယ်။ ဒါပေမဲ့ ကိုယ်လုပ်လိုက်တဲ့ အိုက်တင်တစ်ခုက ကိုယ်ကသဘော မကျပေမယ့် ဒါရိုက်တာက သဘော ကျလို့ ကဒ်ပေးလိုက်ရင်လည်း ဒီ အတိုင်းပါသွားတယ်။ ဒါကြောင့် ကြော်ငြာတို့၊ ရုပ်သံတို့ဆိုရင် ပိုပြီး ဂရုစိုက်ရတယ်” လို့ ပြောပြပါတယ်။

ထူးထူး
Popular Journal

ကားမှောက်ခဲ့သော အဆိုတော် ဆိုတေး ယနေ့ညနေ ၄နာရီခွဲအထိ သတိမရသေး

မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေသော တေးသံရှင် ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း ၄င်းဆေးရုံမှ သိရသည်။ ယနေ့မနက် ၁၁နာရီခွဲခန့်က တေးသံရှင် အဆိုတော် ဆိုတေး တောင်သာမြို့သို့ ပွဲဆိုဖို့သွားစဉ် ကားဘီး ပေါက်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။ ---

မန္တလေး-ဇူလိုင် ၁၄

မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေသော တေးသံရှင်ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း ၄င်းဆေးရုံမှ သိရသည်။

ယနေ့မနက် ၁၁နာရီခွဲခန့်က တေးသံရှင် အဆိုတော် ဆိုတေး တောင်သာမြို့သို့ ပွဲဆိုဖို့သွားစဉ် ကားဘီး ပေါက်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

မိုင်တိုင် ၂၉၁/၃တွင် ဖြစ်ပွားခဲ့ပြီး ညာဘက်ရှေ့ဘီးပေါက်ကာ ကားမှာ လမ်းဘေးဝယ်ယာသို့ နှစ်ပတ်သုံး ပတ်လည်ရ်ျ ကျသွားခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း သန်းဝင်းလှိုင် အပါအ၀င် ဆိုတေး(ခ)အောင်သက်ပိုင်(၂၃)နှစ်၊ မချောချော(ခ)၀င်းဂရိသူ(၂၂)နှစ်၊ မစံပယ်မွန်(၁၈)နှစ်တို့ပါရှိပြီး မချောချော(ခ)မ၀င်းဂရိသူမှာ မိတ္တီလာဆေးရုံသို့ ပို့ဆောင် ကုသစဉ် သေဆုံးသွားကြောင်း သိရပြီး မစံပယ်မွန်မှာ ပွန်းပဲ့ ဒဏ်ရာသာ ရရှိပြီး ပြင်ပလူနာအဖြစ် ဆေးကုသလျှက်ရှိပြီး ဆိုတေးနှင့် ယာဉ်မောင်း သန်းဝင်းလှိုင်မှာ စိုးရိမ်ရသည့် အခြေနေရှိကြောင်း သိရသည်။

ယာဉ်မောင်း သန်းဝင်လှိုင်မှာ သတိရလာပြီ ဖြစ်သော်လည်း တေးသံရှင်ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း သိရသည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းသန်းဝင်းလှိုင်အား သီးကုန်းရဲစခန်းမှ ပုဒ်မ ၃၀၄-က/၃၈၈ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖိုးလပြည့်

Popular Myanmar News Journal


အဆိုတော်ဆိုတေး အားဆေးရုံသို့ခေါ်ဆောင်လာတာပါ - ဓါတ်ပုံ - Myanmar Celebrities
ဓါတ်ပုံ(Wyne SU's facebook မှ photo.-ဆိုတေးနောက်က ညီမလေး ဆုံးသွားပြီတဲ့ ခုဘဲအသိတယောက်ဖုန်းဆက်တယ် အဲ့ ညီမလေးတွက်ဝမ်းနဲပြီး အရမ်း စိတ်မကောင်းဖြစ်တယ်)

ဇူလိုင် (၁၅) ရက်နေ့  မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ





တေးသံရှင် ဆိုတေး သေဆုံးတဲ့ သတင်း မှန်ကန်မှု မရှိ

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၉၁/၃ တွင် မော်တော်ယာဉ် တိမ်းမှောက်ခဲ့သော တေးသံရှင် ဆိုတေးသည် မန္တလေးဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေပြီး သေဆုံးသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက မန္တလေးဆေးရုံကြီးသို့ ရောက်ရှိနေသော The Voice သတင်းထောက်ကို ယနေ့ည ၁၀နာရီ ၁၀ မိနစ် တွင် အတည်ပြုပြောကြားသည်။

The Voice Weekly

မီးအိမ်ရှင် ဆိုတေး၏ ကျန်းမာရေး စောင့်ကြည့်နေရဆဲ

ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံတွင် ဦးခေါင်းပိုင်းခွဲစိတ်ကုသမှု ခံယူထားရသော အဆိုတော်ဆိုတေး ၏ ကျန်းမာရေးအခြေအနေမှာ စောင့်ကြည့်နေရဆဲဖြစ်ကြောင်း ယင်းဆေးရုံမှ ဆေးလှုမှုဆက်ဆံရေးဌာန တာဝန်ရှိသူတစ်ဦးက ယနေ့ည ၁၂နာရီ ၁၂ မိနစ်ခန့်က ဆိုသည်။

ခွန်စိုင်းအောင်

Popular Myanmar News Journal

ဓါတ်ပုံ - Than Naing Guitar (facebook) ဆိုတေး ကားမှောက်မှု မြင်ကွင်းဓါတ်ပုံများ။




ယာဉ်ထိန်းရဲ ဝတ်စုံဖြင့် ကခုန်ခြင်းမှာ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်ခြင်း မဟုတ်ဟု မင်းမင်းထွန်း ပြောကြား

ယာဉ်ထိန်းရဲ ဝတ်စုံကို ဝတ်ဆင်ကာ မိုက်ကယ်ဂျက်ဆင် အကအား ဆူးလေ လမ်းမလယ်တွင် ကပြရိုက်ကူးခဲ့ခြင်းမှာ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း မင်းမင်းထွန်းက ပြောကြားခဲ့သည်။ ဒါ့အပြင် ဇော်ကိုကိုကလည်း လတ်တလောတွင် တရားစွဲဆို အရေးယူခံရခြင်း မရှိသေးကြောင်း မဇ္ဈိမ သို့ ပြောကြား ခဲ့သည်။ ---








အင်တာနက်တွင် ပျံ့နှံ့နေသလို အရေးယူခံရခြင်းမရှိသေးကြောင်း ဇော်ကိုကို ဖြေရှင်းခဲ့

ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ကာ မိုက်ကယ်ဂျက်ဆင်အကအား ဆူးလေလမ်းမလယ်တွင် ကပြရိုက်ကူးခဲ့ခြင်းမှာ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း မင်းမင်းထွန်းက ပြောကြားခဲ့သည်။ ဒါ့အပြင်ဇော်ကိုကိုကလည်း လတ်တလောတွင် တရားစွဲဆိုအရေးယူခံရခြင်းမရှိသေးကြောင်း မဇ္ဈိမ သို့ ပြောကြားခဲ့သည်။

ဇူလိုင် ၁၃ရက် နံနက် ၉ နာရီဝန်းကျင်တွင် Mango ကုမ္ပဏီတင်သွင်းသည့် ဗိုက်တာမင်စီကြော်ငြာအား ဒါရိုက်တာဇော်ကိုကိုက Life & Dance အဖွဲ့မှ မင်းမင်းထွန်း၊ Bobby Soxer၊ ရှိုင်းဝေယံ၊ M ဆိုင်းလူ၊ ဆန်းတိုးနိုင်တို့ဖြင့် ရိုက်ကူးခဲ့သည်။ ယင်းသို့ရိုက်ကူးရာတွင် မင်းမင်းထွန်းမှာ ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ကာ ဆူးလေမီးပွိုင့်အနီးတွင် မိုက်ကယ်ဂျက်ဆင်အကကို တင်ဆက်ကပြခဲ့ရာတွင် ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူများက ရိုက်ကူးမှုအပြီးတွင် လာရောက်တွေ့ဆုံရန်ပြောကြားခဲ့သည့်အတွက် သွားရောက် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။

“အင်တာနက်တွေမှာ ပျံ့နှံ့နေသလို အရေးယူခံနေရတယ်။ အာမခံမရဘူးဆိုတာ မဟုတ်ဘူး။ အပြင်မှာပါပဲ။အေးအေးဆေးဆေးပါပဲ။ တရားစွဲတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ အဲဒီရိုက်ကူးတဲ့နေ့က ကျောက်တံတား ရဲစခန်းက လာခေါ်တယ်။ ရိုက်ကူးပြီးသွားတော့ ကျွန်တော်တို့သွားကြတယ်။ အဲဒီနောက်ပိုင်းကစပြီး ဘာမှထပ်ပြောကြားတာတော့ မရှိသေးပါဘူး” ဟု ဇော်ကိုကိုက မဇ္ဈိမမှဆက်သွယ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

လတ်တလောတွင် ရဲဇာနည်ဖေ့ဘွတ်၌ အဆိုပါကြော်ငြာရိုက်ကူးမှုသည် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအား ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများစည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင် ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြသူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာ ဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတားရဲစခန်း(ပ) ၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀ဝ/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

မင်းမင်းထွန်းက “ဒါရိုက်တာက မိုက်ကယ်ဂျက်ဆင်အကကို ကဖို့ပြောတယ်။ ကျွန်တော့် အနေနဲ့က ဒီဝတ်စုံကိုရော၊ အကကိုပါ နှစ်သက်တဲ့အတွက် သရုပ်ဆောင်ဖြစ်တာပါ။ ဘာရည်ရွယ်ချက်မှမရှိဘူး။ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တဲ့ ရည်ရွယ်ချက်မျိုးမဟုတ်ဘူး။ ကျွန်တော်တို့ကြော်ငြာတဲ့ ဆေးဗိုက်တာ မင်စီက အခုလိုကားလမ်းကြောပိတ်ဆို့တာကို တာဝန်ယူရတဲ့ယာဉ်ထိန်းရဲတွေအနေနဲ့ တောင်မှ ဒီဆေးကိုသုံးပြီးတဲ့အခါမှာ လန်းဆန်း တက်ကြွပြီး ကားလမ်းကြောတွေကို ဖြေရှင်းနိုင်တာကို ပြချင်တဲ့အတွက် အခုလိုတင်ပြရတာပါ”ဟု ဆိုသည်။

ကြော်ငြာရိုက်ကူးရာတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ကြော်ငြာရိုက်ကူး မည့်ရက်၊ ပါဝင်မည့် မင်းသား၊ မင်းသမီးတို့သာ တင်ပြရကြောင်း၊ ရိုက်ကူးပြီး ထပ်မံတင်ပြသည့်အခါမှသာ ဆင်ဆာအဖွဲ့သို့ ထပ်မံတင်ပြရသောစနစ်သာ ကျင့်သုံးလေ့ရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ပန်းမြတ်ဇော်
Mizzima - News in Burmese

နန်းသီရိမောင် နှင့် မာဂျေ - ချုံခိုတိုက်ခိုက်ခံရခြင်း

ချုံခို တိုက်ခိုက်ခြင်းဆိုတာ စစ်တပ်ကသုံးတဲ့ စကားဖြစ်တယ်။ ရန်သူကို အသာစီးရယူပြီး ချေမှုန်းဖို့အတွက် ပုန်းကွယ်ပြီး စောင့်နေတဲ့ နေရာ။ အဲဒီနေရာကနေ ရန်သူက ဘယ်နေရာကနေ ကိုယ့်ကို ဘယ်သူပစ် နေတယ်ဆို တာတောင် မသိလိုက်ဘဲ လုံးဝ ပြုတ်ပြုတ်ပြုန်းအောင် လုပ်နိုင်တယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More