Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Saturday, July 27, 2013

စီးကရက်ဖြတ်ရန် နည်းလမ်း ၂၅ သွယ်

အမေရိကအပါအဝင် ကမ္ဘာပေါ်ရှိလူအများအပြား ဆေးလိပ်စွဲနေကြကြောင်း သိရှိရသည်။ အမေရိကတွင် အမျိုးသား လေးယောက်၌ တစ်ယောက်၊ အမျိုးသမီးငါးယောက်၌ တစ်ယောက် ဆေးလိပ်သောက်ကြသည်။ ဆေး လိပ်မသောက်တတ်သူများအဖို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာပင် ဖြစ်သည်။ စီးကရက်သည် အမေရိကတွင် နံပါတ်တစ် လူသတ်သမားဖြစ်နေသည်။ စီးကရက်သောက်ခြင်းဖြင့် နှလုံးရောဂါ၊ ကင်ဆာနှင့် သွေးပေါင်ချိန်တက်ခြင်း စသည့်ရောဂါအများဖြစ်ပွားကြောင်း သိနေကြသော်လည်း နီကိုတင်း၏ ဆွဲဆောင်မှုကြောင့် ဆေးလိပ်ဖြတ်ရန်ခက်ခဲနေကြသည်။ ထို့ကြောင့် စီးကရက်စွဲနေသူများ ကျန်းမာသက်ရှည် နေနိုင်စေရန် စီးကရက်ဖြတ်နည်းများကို တင်ပြလိုက်ပါသည်။

၁။ စီးကရက်သောက်ရတာကို ဘာကြောင့်နှစ်သက်လဲဆိုတာ အရင်ဆုံးချရေးလိုက်ပါ။
၂။ စီးကရက်စွဲနေရင် ဘာလို့ဖြတ်ဖို့ခက်ခဲလဲ ဆိုတာကိုလည်း ရေးလိုက်ပါဉီး။
၃။ ပြီးရင်တော့ စီးကရက်ဖြတ်မယ့်နေ့ရက်ကို သတ်မှတ်လိုက်ပါတော့။
၎။ စီးကရက်ကိုဘာကြောင့် ဖြတ်သင့်လဲဆိုတာကိုလဲ ရေးလိုက်ပါ။
၅။ စီးကရက်ကို တဖြည်းဖြည်းနဲ့ မသောက်ဘဲနေနိုင်လာပြီ ဆိုရင်တော့ စီးကရက်တွေ ဘူးလိုက်ဝယ်တာမျိုး မလုပ်ပါနဲ့တော့။

၆။ စီးကရက်သောက်နေတဲ့အချိန်မှာ သင်ဘာလုပ်နေလဲဆိုတာကို သတိထားလိုက်ပါဉီး။ စီးကရက်သောက်ချင်လာတဲ့ စိတ်ဟာ ဘယ်လောက်ဆိုးလဲဆိုတာကိုလဲ ရေးမှတ်လိုက်ပါဦး။
၇။ စီးကရက်ဆာလာတဲ့ အခါ စီးကရက်အစား တစ်ခြားတစ်ခုခုနဲ့ အစားထိုးဖို့ ပြင်ဆင်ထားလိုက်ပါဦး။
၈။ သင်သတ်မှတ်ထားတဲ့ ဆေးလိပ်ဖြတ်မယ့်နေ့ကိုရောက်လာရင်တော့ ဆေးလိပ်၊ စီးကရက် အပါအဝင် Smoking နဲ့ ပတ်သက်တဲ့အရာအားလုံးကို လွင့်ပစ်လိုက်ပါတော့။
၉။ အလုပ်ခွင်မှာ အနားယူတဲ့အချိန် ဆေးလိပ်သောက်မယ့်အစား Computer Game တစ်ခုခုကိုပဲ စိတ်ပါလက်ပါဆော့နေလိုက်ပါ။
၁ဝ။ နောက်တစ်ချက်ကတော့ စီးကရက်သောက်မယ့်အစား ရေနွေးကြမ်းပဲ ဖြစ်ဖြစ် သောက်နေခြင်းက ကျန်းမာရေးအတွက် ပိုအကျိုးရှိပြီး သင့်ကို အသက်ရှည်စေမှာပဲ ဖြစ်ပါတယ်။

၁၁။ ဆေးလိပ်၊ စီးကရက် သောက်တတ်တဲ့ အကျင့်ဆိုးကြီးကို ရံဖန်ရံခါ (တစ်လမှ တစ်ခါ) သာ လုပ်တတ်တဲ့ အကျင့်လေး အဖြစ်ပြောင်းလဲ ပစ်လိုက်ပါ။

၁၂။ ပီကေ၊ သစ်ကြံပိုးခေါက်၊ ခံတွင်းမွေးတဲ့ အရာတစ်ခုခု စတာတွေကို သင်နဲ့အမြဲဆောင်ထားလိုက်ပါ။
၁၃။ ကျန်းမာရေးနဲ့ ညီညွတ်အောင် သမားတော်၊ ဆရာဝန် တစ်ယောက်ယောက်နဲ့ ပြသလိုက်ပါဦး။

၁၄။ စီးကရက်တွေ သောက်နေမယ့်အစား အာဟာရဖြစ်မယ့် အစားအသောက်တွေ၊ အသီးအနှံ စတာတွေကိုပဲ စားသောက်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်အတွက်လည်း အကျိုးရှိတာပေါ့။
၁၅။ အတိတ်မှာ ဆေးလိပ်တွေသောက်ပြီး ကျန်းမာရေးဆိုးဝါးခဲ့တာတွေကို တွေးတောနေလိုက်ပါ။

၁၆။ စီးကရက်ဖြတ်ရခက်တာတော့ အမှန်ပါပဲ။ ဒါကြောင့် စီးကရက် သောက်ချင်နေတဲ့ စိတ်ကြီးကို ဖြေဖျေက်ဖို့အတွက် စီးကရက်သောက်လေ့ရှိတဲ့ အချိန်ကိုပြောင်းလဲ ပစ်ဖို့လိုပါတယ်။ အလုပ်ပြီးတဲ့အချိန် သောက်စားရင်း ဆေးလိပ်သောက်တယ်ဆိုရင် အဲဒီအစား လမ်းလျှောက်ရင်း ဆေးလိပ်သောက်တာမျိုးပေါ့။

၁၇။ သင့်သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်ရှင်၊ သင့်မိသားစုနဲ့ ကလေးတွေကိုပြောပြလိုက်ပါ။ စီးကရက်လျှော့သောက်လိုက်လို့ သင်ဘယ်လို အကျိုးရှိခဲ့တယ် ဆိုတာတွေပေါ့။

၁၈။ အထက်က အဆင့်တွေ လုပ်ကိုင်နေရင်းနဲ့ သင်လုံးဝ မနေနိုင်လို့ ဆေးလိပ်ကို အရင်အတိုင်း ပြန်သောက်မိနေရင် အထက်က အဆင့်တွေကို အရင်အတိုင်း ထပ်လုပ်လိုက်ပါဦး။ ဒါဟာ သင့်ကျန်းမာရေးအတွက် ဖြစ်ပြီး လူ့ဘဝမှာ အချိန်ကြာကြာနေဖို့ အခွင့်အရေးတစ်ခု ဖြစ်နေလို့ပါပဲ။

၁၉။ စီးကရက်မသောက်ဖြစ်လို့ မသုံးဖြစ်တဲ့ ပိုက်ဆံတွေကို စုဘူးကြီးတစ်ခုနဲ့ စုထားလိုက်ပါ။

၂ဝ။ လက်ဖက်ရည်၊ ကော်ဖီစတဲ့ ကဖင်းဓာတ်ပါတဲ့ အရာတွေကို သောက်တာလည်း လျှော့ပါဦး။ အဆိုပါ ကဖင်းဓာတ်တွေက စီးကရက်ဆာတဲ့ အဓိကအကြောင်းရင်း ဖြစ်နေလို့ပါပဲ။

၂၁။ Smoking-Free ဇုန်တွေမှာ တကယ်ပဲ Smoking မလုပ်မိအောင် ကိုယ့်ကိုယ်ကို ထိန်းပါ။ ကိုယ့် ပတ်ဝန်းကျင်မှာလည်း ဆေးလိပ်စွဲတဲ့လူတွေ ရှိရင် ၎င်းတို့ကို ဆေးလိပ်မသောက်အောင် စည်းရုံးရေးဆင်းဖို့ လိုပါတယ်။

၂၂။ ဆေးလိပ်ကိုအားတိုင်း သောက်နေမယ့်အစား Snack Food တစ်ခုခုနဲ့ အစားထိုးလိုက်ပါ။ တစ်ချို့ Snack Food လေးတွေဟာ အရသာလည်း ရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တာကို တွေ့ရပါတယ်။

၂၃။ စီးကရက်တွေ တော်တော်လျှော့လာနိုင်တဲ့အခါ Stamina တွေကောင်းလာပါပြီ။ အမောခံနိုင်လာပြီ ဖြစ်တဲ့အတွက် အားကစားတွေ လုပ်ပါ။ မိမိကိုယ်မိမိ ကြံ့ခိုင်နေခြင်းအားဖြင့် သာယာတဲ့ဘဝလေးကို ရယူလိုက်ပါ။

၂၄။စီးကရက်မသောက်ဘဲလည်း တော်တော်လေး နေနိုင်လာပြီဆိုရင်တော့ ဆေးလိပ်ကို လုံးဝ စွန့်လွတ်လိုက်ပါတော့။

၂၅။ နောက်ဆုံးမှာတော့ စီးကရက်တွေသောက်လို့ ကျန်းမာရေးမကောင်း ဖြစ်နေတဲ့ လူမဟုတ်တော့ဘဲ စီးကရက်ကိုလုံးဝ စွန့်လွတ်ပြီး လူသစ်၊ စိတ်သစ်ဖြစ်သွားပြီ ဆိုတဲ့အကြောင်း သင့်ပတ်ဝန်းကျင်ကို အသိပေးလိုက်ပါ။ ဒါဟာသင့်ကို ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ အသစ် အသစ်တွေချည်းပဲ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Myanmar ICT

စမတ်ကျကျ လမ်းလျှောက်ကြည့်ပါ



ချက်ကို ကျောရိုးဖက်သို့ ဆွဲ ဆန့်ပြီး လမ်းလျှောက်ကြည့်ပါ။ သင်၏ ဝမ်းဗိုက်
ကြွက်သားများကို တည် ငြိမ်စေရန် ခါးစည်း၊ ဗိုက်စည်းဖြင့် ထိန်း၍ ခပ်မတ်မတ် လျှောက်ပါ။ လမ်းလျှောက်စဉ် လက်ကိုလွှဲပါ။ တင်၊ပေါင်မှ
ကြွက်သားများကို ခြေနှင့်တတန်းတည်းဆန့်၍ လျှောက်ပါ။ ပေါင်အတွင်း
ဖက်ကြွက်သားများကို ဒူးနှင့်တတန်းတည်းထား၍ လျှောက် ခြင်းဖြင့်
ခြေထောက်၏ တည်ငြိမ်မှုကို ရရှိစေပြီး ခြေခွင်ခြင်း မဖြစ်စေပါ။

ခါးကို မတ်၍ လျှောက်မိ စေဖို့ အမြဲဂရုစိုက်ပါ။ ခါးမတ်ခြင်းဖြင့် ဝမ်းဗိုက်
သည်လည်း တပါးတည်း ဖြောင့်တန်းလာပြီး အပြင်တွင် တက် ကြွသည့်
အသွင်ကို ဆောင်စေပါမည်။ ခါးကိုင်းလျှောက်မိလျှင် မိမိ ကိုယ်ကို ချက်ချင်းပြုပြင်လိုက်ပါ။

ခြေဖျားကို ရှေ့သို့ ပစ်၍ လျှောက်ပါ။ ဘေးဘက်ကို ကားပြီးဘဲ သွား သွားသလို မလျှောက် မိစေဖို့ သတိပြုပါ။ ခြေလှမ်းတိုင်း ခန္ဓာကိုယ်
နှင့်ခြေထောက်ကို တတန်းတည်း ဖြစ် ပါစေ။ ခြေထောက်က ခန္ဓာကိုယ်၏အရှေ့ကို အရင်ရောက်နေသည့် ပုံစံ မျိုးမဖြစ်စေရန် ထိန်းလျှောက်ပါ။ Cat walk ပုံစံ မျဉ်းတပြေးတည်း လျှောက်ခြင်းမျိုးကို ကြိုးစားလျှောက် ခြင်းထက် ပုံမှန်ပခုံးကို ဖွင့်၍လျှောက်ပါ။ ဦးခေါင်း
အတွက် ခေါင်းပေါ်တွင် စာအုပ်ကိုတင်၍ လျှောက်ခြင်းကလည်း ခေါင်း၏
အနေအထားကို ကြည့်ကောင်းစေသဖြင့် လေ့ကျင့် လျှောက်လှမ်းကြည့်ပါ။

ထူး
Health Updates Journal

ကျန်းမာရေး အတွက် ချစ်ခြင်းမေတ္တာ၏ အသုံးဝင်ပုံများ

ကျန်းမာရေး အတွက် ချစ်ခြင်းမေတ္တာ၏ အသုံးဝင်ပုံများချစ်ခြင်း မေတ္တာက ပုံသဏ္ဌာန်အမျိုး မျိုးနဲ့ ရှိပါတယ်။ ချစ်သူရဲ့  ချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ဖက်ရဲ့ ချစ်ခြင်းမေတ္တာ၊ မိဘ ဆွေမျိုးတွေရဲ့ ချစ်ခြင်းမေတ္တာ၊ မောင်နှမ တွေရဲ့ ချစ်ခြင်း မေတ္တာနဲ့ မိတ်ဆွေသူငယ် ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာ ဆိုပြီး ပုံစံ အမျိုးမျိုး ရှိတဲ့အနက် ချစ်ခြင်းမေတ္တာ ပုံစံအားလုံးဟာ သင့်ဘဝကို ပိုပြီး ပျော် ရွှင်မှု ရရှိစေပြီး ပိုမိုကျန်းမာ စေပါတယ်။

သွေးတိုးကို ကျစေပါတယ်

ချစ်ခြင်းမေတ္တာဟာ သွေးတိုးကို ကျ စေပြီး စိတ်ဖိစီးမှု အဆင့်ကို လျော့ပါးစေ ပါတယ်။ ၂၀ဝ၇ လေ့လာမှုတစ်ခုအရ ပျော်ရွှင်တဲ့ လက်ထပ်ပြီး စုံတွဲတွေဟာ လက်မထပ်ထားတဲ့ လူတွေထက် သွေး တိုးကို ကျစေပြီး မပျော်ရွှင်တဲ့ အိမ်ထောင် သည်စုံတွဲတွေက တခြားအိမ်ထောင် သည်စုံတွဲတွေထက် သွေးတိုးစေကြောင်း သိရပါတယ်။

အိမ်ထောင်သည် တွေမှာသာမက တစ်ဦးနဲ့ တစ်ဦး ရင်းနှီးချစ်ခင်ကြတဲ့ စုံ တွဲတွေမှာလည်း အလားတူအာနိသင်မျိုး ရနိုင်ပါတယ်။ ၂၀၁၀ လေ့လာမှုတစ်ရပ် အရ တစ်ဦးနဲ့ တစ်ဦးရင်းနှီးချစ်ခင်မှု အ ပြည့် ရှိတဲ့ ချစ်သူရီးစားတွေဟာ မရှိသူ တွေထက် သွေးတိုးကျစေကြောင်း သိရ ပါတယ်။

လေ့လာမှုအရ အထီးကျန်းဆုံး လူတွေဟာ တခြားသူတွေနဲ့ ယှဉ်ရင် အပေါ် သွေးဖိအား ၁၄ ဒသမ ၄ မှတ် ပိုမို မြင့် တက်နေကြောင်း သိရပါတယ်။

စိတ်ဓာတ်ကျ ဝေဒနာကို သက်သာစေပါတယ်

စိတ်ဓာတ်ကျ ချင်သလိုလို ဖြစ်နေ သူတွေရဲ့ စိတ်ကျဝေဒနာကို သက်သာ စေတာကလည်း ချစ်ခြင်း မေတ္တာရဲ့ အ စွမ်းပါပဲ။ လတ်တလော လေ့လာမှုတစ် ရပ်အရ မကြာသေးခင်က လက်ထပ်ထား တဲ့ အိမ်ထောင်သည်တွေမှာ တစ်ကိုယ် တည်း နေထိုင်သူတွေထက် စိတ်ဓာတ် ကျမှုအဆင့် လျော့နည်းကြောင်း တွေ့ရှိ ရပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ အတူနေထိုင် တဲ့ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေ လျော့နည်းတတ် ပါတယ်။

ကိုယ်ခံ စွမ်းအားစနစ် မြင့်တက်စေပါတယ်

ပျော်ရွှင်တဲ့ စုံတွဲတွေဟာ ချစ်ခြင်း မေတ္တာမရှိတဲ့ စုံတွဲတွေထက် ဆရာဝန်ထံ သွားပြနှုန်း လျော့နည်းပါတယ်။ ဝိုက်ခ် တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရတစ် ပတ်မှာ အနည်းဆုံးတစ်ကြိမှ်နထ ရှိတဲ့ စုံတွဲတွေမှာ နာမကျန်းမှုကို တွန်းလှန်နိုင် တဲ့ ပဋိပစ္စည်း IgA အဆင့်မြင့်တက်မှု ရှိပြီး ကျန်းမာရေးကောင်းမွန်တာကို တွေ့ ရှိရပါတယ်။ ချစ်တဲ့သူတွေကို နမ်းတာ၊ ပွေ့ဖက်တာတွေကြောင့် ထွက်လာတဲ့ အောက်ဆီတိုစင်ဟော်မုန်းဟာ စိတ်ဖိစီး မှုဟော်မုန်းကို ချိုးနှိမ်လိုက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပါ တယ်။

ပုံမှန် Sex ရှိတာကြောင့်သာမက ချစ်သူခင်သူ အချင်းချင်း ရင်းရင်းနှီးနှီး ပွေ့ဖက် တာကြောင့်လည်း ကိုယ်ခံစွမ်း အားစနစ် မြင့်တက်မှု ရှိပါတယ်။ ဒါကြောင့် သင်ချစ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မကြာခဏ ချိန်းဆိုပြီး ပျော်ရွှင်ကြည်နူး စွာ အချိန်ကုန်ဆုံးလိုက်ပါ။

သက်ရှည်ကျန်းမာ စေပါတယ်

ယေဘုယျ အားဖြင့် လက်ထပ်ထားတဲ့ စုံတွဲတွေဟာ လက်မထပ်ထားသူတွေ ထက် ဘဝသက်တမ်း ပိုရှည်ရှည်နေရ တယ်လို့ နိုင်ငံတကာ အသက်ရှင်နှုန်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ လက်ထပ်ထားတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါထနိုင်ခြေ ထက်ဝက်နီးပါး လျော့နည်းပါတယ်။

တချို့လေ့လာမှုတွေ အရ အိမ်ထောင်သည် အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ အဆုတ်ရောဂါတို့လို ပြင်းထန်တဲ့ ရောဂါ ဝေဒနာ ဖြစ်နှုန်းကို သိသိသာသာ လျော့ ကျစေတယ်လို့ သိရပါတယ်။

ခန္ဓာကိုယ် အချိုးအစား လှပကြည့်ကောင်းစေပါတယ်

အိမ်ထောင်သည် တွေတွေမှာ Sex ကြောင့် မိနစ် ၃၀ ကြာတိုင်း ၈၅ ကယ်လိုရီနဲ့ အ ထက် လောင်ကျွမ်းမှုရှိတယ်လို့ ကျွမ်း ကျင်သူတွေက ဆိုပါတယ်။ ဒါ့အပြင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဟာ နှစ်နှစ် ခြိုက်ခြိုက် အိပ်မော ကျစေပြီး နာကျင် ကိုက်ခဲမှု ဝေဒနာကို လျော့ပါးစေကာ အမျိုးသားတွေမှာ ဆီးကျိတ် ကင်ဆာဖြစ် နိုင်ခြေကို လျှော့ချနိုင်ကြောင်း ဟားဗတ် လေ့လာမှုအရ သိရပါတယ်။

ကြယ်စင် - By Good Health

အရက်ဖြူ သောက်၍ လူနှစ်ဦး သေဆုံးမှု စတင် စစ်ဆေး

ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်တွင် အရက်ဖြူ သောက်သုံး၍ ဇူလိုင်လ ၁၇ နှင့် ၁၉ ရက်တွင် လူနှစ်ဦး သေဆုံးပြီး လေးဦး ဆေးရုံတင် ကုသခဲ့ရသည့် အမှုကို စစ်ဆေးနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ထုတ်ပြန်သည်။ ပေါက်တောမြို့နယ် ပိန္နဲချောင်း ကျေးရွာတွင် နေထိုင်သူ ငါးဦးသည် စစ်တွေမြို့က ဝယ်ယူလာသည့် အရက်ဖြူကို ဇူလိုင်လ ၁၄ ရက်နေ့ က သောက်သုံးခဲ့ပြီး မူးဝေ အော့အန်၍ စစ်တွေမြို့ ဆေးရုံသို့ ပို့ဆောင် ကုသစဉ် ဇူလိုင်လ ၁၇ ရက်နေ့တွင် တစ်ဦး သေဆုံးခဲ့ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






ပါရမီ/အဓိပတိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား အရေးယူပေးပါရန်

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင် (၈) မိုင် မီးပွိုင်အနီး မီးပွိုင့် မိနေစဉ်အတွင်း ပါရမီ/အဓိပတိလိုင်း ယာဉ်နံပါတ် (၁ဂ/၂၉၁၃) သည် Taxi တစ်စီးနှင့် ချိတ်မိမလိုဖြစ်ကာ ယာဉ်နောက် လိုက် တစ်ဦးနှင့် Taxi သမားတို့ စကားများ အချေအတင်ဖြစ်ခဲ့သည်။ ယာဉ်ပေါ်မှ ခရီးသည်များလည်း အထိတ်တ လန့်ဖြစ်ခဲ့ကြရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဌာနေ ပြန်ချင်တဲ့ မလေးရှားရောက် မြန်မာတွေ အခက်တွေ့နေ

မလေးရှားနိုင်ငံမှာ မြန်မာ အလုပ်သမား တခိျု့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် သေဆုံးသူ ဒဏ်ရာရသူတွေ ရှိနေတဲ့အတွက် စိုးရိမ်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ လုပ်နေကြသူ အလုပ်သမားတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မလေးရှားမှာ တရားမဝင် အလုပ်လုပ်နေသူ မြန်မာ အလုပ်သမားတွေဟာ မြန်မာနိုင်ငံကို ပြန်လာဖို့ အတွက် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ မှာ ဒဏ်ငွေ ဆောင်ရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မလေးရှားကနေ ပြန်လာတဲ့ မြန်မာ အလုပ်သမားပေါင်း ၃ထောင်နီးပါး ရှိ

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More