Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Tuesday, June 11, 2013

သူပုန်မလေး

သူပုန်မလေး

Poe Ei Phyu Zin


Poe Ei Phyu Zin

အခုတစ်လောနာမည်ကြီးနေတဲ့.ထိုင်းသရဲကားဖြစ်ပါတယ်.... MP4 နဲ့ရော Online ပေါ်မှာပါ ရရှိလာပါပြီ




အခုတစ်လောနာမည်ကြီးနေတဲ့.ထိုင်းသရဲကားဖြစ်ပါတယ်.... MP4 နဲ့ရော Online ပေါ်မှာပါ ရရှိလာပါပြီ အောက်ဆုံးမှာ Youtube Full Movie Link လေးပါ ထည့်ပေးထားပါတယ်-- MP4 ဆိုတော့ MKV မဟုတ်တဲ့ အတွက် file Size နည်းလို့ သိပ်ပြီးမကြည်တာ တောင်းပန်ပါတယ်နော်-- ဒီထက်ကောင်းတာတွေ့ရင် ထပ်တင်ပေးပါဦးမယ် Watch Movie ကနေဒါင်းမယ်ဆိုရင်တော့ မိမိစက်မှာ Internet Download Manager နောက်ဆုံးVersion ဒါလေးကိုနှိပ်ကာ သွားဒေါင်းပြီး ထည့်ထားဖို့တော့လိုပါမယ်...ဒေါင်းနည်းကတော့မခက်ပါဘူး.. သူတင်ပေးထားတဲ့ Video ကို Clickလိုက်တာနဲ့ Internet Download Manager က ဒေါင်းဖို့ အချက်ပြပါလိမ့်မယ်..ဒေါင်းလိုက်ရုံပါဘဲ..ကဲ..အဆင်ပြေပါစေခင်မျာ။ လိုချင်သူများ မြန်မြန်ဒေါင်းထားဖို့ တော့ သတိပေးပါရစေ..လင့်သေသွား၇င် ပြန်တင်ဖို့လုံးဝအဆင်မပြေလို့ပါခင်မျာ... :-)
Movie: Pee Mak Phra Khanong Thai: พี่มากพระโขนง Director: Banjong Pisanthanakun Writer: Banjong Pisanthanakun , Chantavit Dhanasevi Producer: Release Date: March 28, 2013 (Thailand) Runtime: 118 min. Genre: Comedy / Horror Distributor: GTH Language: Thai, English Subtitle Country: Thailand Review >> ew horror-comedy from Banjong Pisanthanakun, the director of "Shutter", "Alone", "Phobia", and "Hello Stranger". In the Rattanakosin Kingdom, Mak (Mario Maurer) leaves his pregnant wife Nak (Davika Hoorne) to join the war and meets four soldiers who become his best friends. During this time, his wife Nak struggles to give birth to their baby. When the war ends, Mak invites his friends to visit Phra Khanong and meet his beautiful wife Nak. Meanwhile, rumors fly around town that Nak is a ghost. His four friends and villagers trying to tell Mak that his wife is already dead.0 Download Here(MP4) or Watch Online {Can Download With IDM} ကျွန်တော် တော့ ဒေါင်းပြီး ပြီးပြီ :D သေချာ နားထောင် မိတယ် Pee Mak အစမှာ တုံးခေါက်ပြီးတော့ နမောဒဿ ဆိုတယ် မြန်မာတွေ ဆိုတဲ့ အတိုင်း နမော ဒစ ဘက ၀တော၊ အရဟ တော လို့ ဆိုလို့ ကြားဖူးပါတယ်လို့တွေးနေတာ မယုံမရှိနဲ့ အခုလေးတင် ဒေါင်းပြီးလို့ ကြည့်ကြည့်တာ ထိုင်းကလဲ တို့လိုမျိုးပဲနော်-- အကယ်လို့ you tube ကနေ ကြည့် ပြီး Full Movie ဒေါင်းချင်ရင်တော့ ချင်ရင်တော့ အောက်မှာ ၂လင့်ပေးထားတယ် အောက်ကဟာလေးက က နည်းနည်း ဝေးဝေးကရိုက်ထားတာ သိပ်မကြည်ဘူး ဒါပေမဲ့ Streaming မြန်တယ်-- IDM ပုံလေးပေါ်လိုက်ရင် Download နှိပ်ပြီး ကြိုက်တဲ့ Format ရွေးပေးလိုရုံပါ့ပဲ-- အောက်မှာ ကလစ်နှိပ်ပြီး ကြည့်လိုက်နော် စာတန်းထိုးရောပါလိုချင်ရင်တော့ အောက်က ကောင်မှာ မှာ Full Movie သွားကြည့် ကြီးပြီး IDM လေးပေါ်လာရင် ဒေါင်းနိုင်ပါတယ် ဒါပေမဲ့ အောက်ကကောင်က တော့ Nang Nak နော် တကယ့်သူရဲကား ဟာသကား မဟုတ်ဘူး :) ဒီကောင်လေးက နည်းနည်း နီးနီးကနေရိုက်ထားတယ် အပေါ်ကလင့်ထက် နည်းနည်း ပိုကြည်တယ်-- Streaming နည်းနည်း လေး ပိုကြာတယ်--

အားလုံးပဲ ရယ်မောနိုင်ကြပါစေဗျာ-- Steel Jelly Chief Editor Of Full Premium Now Free http://www.fullpremiumnowfree.com/2013/06/download-movie-pee-mak-phra-kanong-500.html

Patricia (Sue Sha Naing)


Patricia (Sue Sha Naing)

Mae Nak 3D (2012) + English Subtitles



Language: Thai Subtitle: English, Malay, Chinese Genre: Horror, comedy Running Time: 1 Hour 34 Minutes Director: Chotiphun Nithiwuchara Cast: Bongkot Kongmalai, Chumporn Theppitak, Rangsiroj Panpeng Synopsis: The story of Mae Nak Phrakhanong, a figure of horror and despair from one of Thailand's most enduring ghost legends, has been told through movie for decades. Now Mae Nak will appear in a very different way this time in 3D experience. Nak, a heavily pregnant woman, dies with her stillborn child while her husband, Mak, is away at war. When Mak returns, he doesn't know that his family is dead and continues to live with Nak unaware that she is actually a ghost" (Rainfilm Sdn Bhd).

လူပြောသူပြောများတဲ့နဂါးနိုင်ဓား

နဂါးနိုင်ဓားဇာတ်ကားဟာ Copy လားဆိုပြီးမေးမြန်း သံသယရှိသူတွေကို လည်းဒါရိုက်တာလွင်ဗိုက ” နဂါးနိုင်ဓားဇာတ်ကားကမထင် မှတ်ပဲစိတ်ဝင်စားတဲ့သူတွေများ တာတွေ့ရတာဝမ်းသာပါတယ်။

အဲဒီမှာကွန်မန့်လေးတွေလည်းအများကြီးတက်လာတော့ ကျွန်တော့ အနေနဲ့ပြောပြစရာလေးတွေရှိလာပါတယ်။ တကယ်တော့ဒီကားရဲ့ ဇာတ်လမ်းကကော်ပီလုံးဝမဟုတ်ဘူး ဆိုတာအာမခံပါတယ်ဗျာ။ နာမည်ကတော့နဂါးနိုင်ဓားဆိုတဲ့ တရုတ်သိုင်းဇာတ်လမ်းတွဲနာမည် နဲ့တူပါတယ်။ ဒါက လည်း မြန်မာလိုပြန် လိုက်စဉ် ခေါ်လို့ကောင်းမယ့် နာမည်မျိုးဖြစ်ပါလိမ့်မယ်။ နဂါးကိုနိုင်တဲ့ဓား၊နဂါးကြောက်သောဓား စသဖြင့်ပေးရင်လည်း ရပေမယ့်ခေါ်လို့ မကောင်းပြန်ဘူးဗျ။ဒီတော့ လူတွေနားယဉ်ပြီးသားနဂါးနိုင်ဓားဆိုပြီးနာမည်ပေးလိုက် ရတာခွင့်လွှတ်နားလည်ပေးကြပါဗျာ” လို့ဖေ့စ်ဘုတ်စာမျက်နှာ ထက် မှာ ရေးသား ထားပြီး သူ့ရဲ့ဇာတ်ကားဖန်တီးမှုအပေါ် ” နောက်ပြီးနဂါးဆိုတဲ့ သတ္တဝါဟာ တရုတ်မှာပဲရှိတာမဟုတ်ဘူး ။မြန်မာမှာလည်း ကိုယ့်ရိုးရာနဂါး လေးရှိနေတော့ ဒီလိုနာမည်ပေး လိုက်ခြင်းဟာ ပရိသတ်တွေအ တွက်စိတ် အနှောင့်အယှက်မဖြစ်လောက်ဘူးလို့ ယူဆမိလို့ပါ။ မြန်မာမှာလည်း နဂါးနိုင် မင်းပေါက်ကြိုင်းလို ဇာတ်တွေလည်းရှိနေတာပဲ မဟုတ်လားခင်ဗျာ။

ဇာတ်လမ်းကကိုယ်ပိုင်စဉ်းစားတာဆိုပေမယ့်တချို့ sub plot တွေ မှာ တရုတ်နဲ့ နိုင်ငံခြားကားတွေကို reference ယူရတာကိုတော့ ကျွန်တော်ဝန်ခံရပါလိမ့်မယ်။ ဓားပျံပစ်တဲ့အိုင်ဒီယာဆိုရင် ဂျက်လီ ရဲ့ Flying sword of dragon gate ထဲက စတိုင်လေးကိုအတု ယူပါတယ်။ နဂါးပေါ်လာပုံလေးဆိုရင် dragon war,နောက် ဒါပေမဲ့ ကျွန်တော်တို့မြန်မာ VFX artist တွေ ဒီကားလေးကို ဒီလောက် လေးထွက်လာဖို့ မရယ်နိုင်ခဲ့ ပါဘူး။ မြန်မာနဂါးဆိုတာ ပန်းချီတွေ၊ ဘုရားတွေမှာသာ မြင်ခဲ့ဖူးပေမယ့် ဘယ်လိုလှုပ် ရှားလဲဆိုတာ မတွေ့ဖူးကြဘူး။ ဒီလိုနဲ့နဂါး Animation ဖန်တီးတဲ့ကိုဇော်ရဲမြင့်တို့အဖွဲ့နဲ့ ခေါင်းချင်းဆိုင်ပြီး ခန့်မှန်းယူဆ ဖန်တီးခဲ့ကြရပါတယ်။

ကျွန်တော်တို့အားလုံးသိပ်စိတ်တိုင်းမကျလှပေမယ့်ရသလောက်လုပ်နိုင်သလောက်လေးတွေနဲ့ နောက်ဆိုဒီထက်ပိုကောင်းဖို့ပဲရှိပါ တယ်ကွာဆိုပြီး အချင်းချင်း အားပေးကာ ဆက် လက်ချီတက် ခဲ့ကြရပါတယ်။ ဒီအပေါ်မှာအပြစ်မြင်ကြတဲ့သူတွေကိုလည်း ကျွန်တော်အနေနဲ့ အပြစ် မမြင် ရက်ဘူး။ ကျွန်တော် သိပါတယ် ခင်ဗျားတို့ဟာ မြန်မာပြည် က မြန်မာလူမျိုးတွေလုပ်တဲ့ ဖန်တီး မှုတွေကိုခြောက်ပြစ်ကင်း သဲ လည်းစင်ဖြစ် စေချင်ကြတယ်။

ဒါမြန်မာပြည်က လုပ်တာကွ ဆိုပြီး နိုင်ငံတကာကလူတွေ ကြားမှာ ဂုဏ်ယူချင်ကြတယ်။အဲဒီ လိုဖြစ်မလာနိုင်တော့ ကရုဏာ ဒေါသနဲ့ပြောကြ ဆိုကြတယ်။ ဘယ်လိုပဲ ပြောပြော အားလုံးရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်တွေအပြည့်ရှိ တယ်ဆို တာ ကျွန်တော်အကြွင်းမဲ့ ယုံ ကြည်တယ်” လိုလည်း ရင်ဖွင့်ထားပါတယ်။

နဂါးနိုင်ဓားလည်း ဆင်ဆာတော့ အနည်းငယ်ဖြတ် တောက်ခံခဲ့ရ

အွန်လိုင်းဖေ့ဘုတ်စ် စာ မျက်နှာထက်မှာနဂါးနိုင်ဓား ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကတရုတ်ဇာတ် ကားကော်ပီ ကူးတယ်ပြောတဲ့အ ပေါ်သရုပ်ဆောင်နေထူးနိုင်က"
တကယ်တမ်းကျတော့နဂါးနိုင်ဓားဇာတ်ကားကိုမကြည့်ဖူးသလိုမသိဘူး။ ဒါပေမဲ့"နဂါး" ဇာတ်ကားကို ရိုက်မယ်ပြောကြ တော့ဘယ်လိုနာ မည်ပေးရမှာ မသိဘူး။ စဉ်းစားရင်းနဲ့ ဒါရိုက်တာပေးတာကတစမျိုး၊ ကျွန်တော်က "နဂါးနိုင်ဓား" ဆိုပြီး ပေးလိုက်တာ။ကျွန်တော်တို့ ဇာတ်ကားရိုက်ပြီးမှအဲဒီကား တရုတ် ကားရှိတယ်ပြောကြတယ်။

တရုတ်ကားနဂါးနိုင်ဓားက နဂါးပါလားမပါလား မသိ ဘူး။
ကျွန်တော့်ကား ကတော့နဂါး အန်နီမေးရှင်းကိုဆက်တာ ၇လ လောက် ကြာတယ်။ ဒီနဂါးနိုင်ဓားဇာတ်ကားကအန်နီမေးရှင်းသုံးတာနဲ့ ပတ်သက်ပြီး ပီပြင်တယ်လို့ ပြောသံကြား တယ်။ ဒီလိုပီပြင်အောင်လည်း အချိန်ပေးခဲ့ရတယ်။အယ်နီမေးရှင်းနဲ့ပတ်သက် ပြီး နိုင်ငံတကာလောက်မလုပ်နိုင်သေးပေမယ့် မြန်မာနိုင်ငံအနေနဲ့တင့်တယ် ပြီးကြည်လို့ရအောင် လုပ်နေပါပြီ။အဲဒီလို ကြိုးစားနေတဲ့ အချိန်မှာပရိုဂျူဆာတွေမှာတော့ စကားတွေများရတယ်။ ဘယ်လိုလဲဆိုတော့အချိန်ကြာရင်သူတို့ရဲ့ဝင်ငွေတက်မှာကို ထိခိုက်တယ်။ အတိုးနဲ့ တွက်ရင်မကိုက်ဘူး။ သူတို့တွေ ဘယ်လိုပဲပြောပြောပရိသတ်အတွက်စေတ နာထားပြီးလုပ်ကြတယ်။

အဓိကကတော့ဒီနဂါးနိုင်ဓား ကိုရိုက်ကူးအချိန်ပေးတဲ့ကြောင်
ကမ္ဘာထုတ်လုပ်ရေးကို ကျေးဇူးတင်တယ်။အချိန်တွေ အများကြီးပေးပြီးကြောင် ကမ္ဘာထုတ်လုပ်ရေးက အဲလိုအန်နီမေးရှင်းဇာတ်ကား ကိုပဲရိုက်တာ ၁ဝကား ကျော်တယ်။

နဂါးနိုင်ဓား ဇာတ်ကားမှာအန်နီမေးရှင်း တွေတော်တော်လေးကို ပီပြင်တယ်" လို့ပြောပါတယ်။ဆင်ဆာခွင့်ပြုချက်ဘက်မှာကောဖြတ်တာမျိုးရှိလားလို့ မေးကြည့်တော့ " အဲဒီ နဂါးနိုင် ဓားဇာတ်ကားမှာ "အခိုင်းအစေ တစ်ယောက်ကသိုင်းပညာသင်ခွင့်မရှိဘူး" အဲဒီစကား ဘာကြောင့်ဖြတ်လဲ ကျွန်တော်လည်းမသိဘူး။ ဒါပေမဲ့သူက အကြံပြုတာကရှေ့ပိုင်းမှာ သိုင်းကျင့်တာအားမာန်မပါဘူး" ပြောပြန်ရော၊အခိုင်းအစေကသိုင်းပညာသင်ခွင့်မရပါဘူးဆိုမှတော့ဘယ်လိုလုပ် အားပါမှာလဲ။

ကျွန်တော်စဉ်း စားမိတယ်။ကျွန်တော်ကားက ဘာမဟုတ်တဲ့ ဒီဟာကိုဘာလို့ ဆင်ဆာဖြတ်လဲစဉ်းစားလို့ကိုမရဘူး။ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ကားတချို့ ကိုတော့ဘာလို့ခွင့်ပြုတာလဲ စဉ်းစားမရဘူး" လို့ပြောတဲ့နေထူးနိုင်က

" ကျွန်တော့်ကားဟာအိမ်တစ်အိမ်တည်းမှာပဲအပြီးရိုက်တဲ့ကားမဟုတ်ဘူး။ တကယ့်နေပူမရှောင်ဘဲ အပင်ပန်းခံရိုက်ထားတဲ့ကားပါ" လို့ပြောပါတယ်။ ရုပ်ရှင်ဗီဒီယို ဈေးကွက်မှာအပေါ်ကား၊အောက်ကားဆိုတဲ့စကားကိုကောဘယ်လိုမြင်လဲလို့မေးကြည့်တော့" ကျွန်တော်သိချင်တာက အပေါ်ကားလို့သတ်မှတ်ထားတဲ့ မင်းသားတွေက လက်သီးမထိုးဘူးလား၊

သေနတ်မပစ်ဘူးလား။ ကျွန်တော်တို့အောက်ကားလို့ သတ်မှတ်ထားတဲ့ မင်းသားတွေကော အချစ်ကား၊ ဒရာမာ၊ဟာသကား မရိုက်ဘူးလား။ဒီဟာကို သတ်မှတ်တဲ့သူကို ကျွန်တော်လည်းမသိဘူး။ ကျွန်တော်မြင်တာက အနုပညာအလုပ်လုပ်တဲ့အခါမှာ အပေါ်ရယ်အောက်ရယ်လို့ မသတ်မှတ်ဘူး။
ကျွန်တော်ကိုယ်တိုင်ကျွန်တော့်ကိုယ်ကျွန်တော်အနုပညာသမားလို့ပဲ သတ်မှတ်တယ်"လို့ သူ့အမြင်ကိုဆိုပါတယ်။

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More