Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်
လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )
News Post
Friday, June 14, 2013
Dare Theme in Public Park- Awn Seng
구혜선 > Ku Hye-sun
ကိုကိုမောင်အမှတ်တရအစီအစဉ် Melody World ပြိုင်ပွဲတွင် ထည့်သွင်း
ရန်ကုန်၊ ဇွန်၁၂
ဆိုင်ကယ် မတော်တဆမှုကြောင့် မေလ ၂၇ ရက်နေ့က ကွယ်လွန်သွား ခဲ့သော တေးသံရှင် ကိုကိုမောင်အတွက် အမှတ်တရ အစီအစဉ် တစ်ခုကို ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်လွှင့် ပြသမည့် သံစဉ်များနဲ့ကမ္ဘာ (Melody World) သီချင်းဆိုပြိုင်ပွဲ အစီအစဉ်တွင် ထည့်သွင်းထားကြောင်း ယင်း သီချင်းဆိုပြိုင်ပွဲကို ထုတ်လွှင့်သည့် Zomia Media မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ "ကျွန်တော်တို့ ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်လွှင့်မယ့် Melody World ပြိုင်ပွဲရဲ့ ဆုမပေးခင် ဧည့်သည်တေးသံရှင်တွေ ဖျော်ဖြေမှု အစီအစဉ်မှာ ကိုကိုမောင်ရဲ့ နိုရာ သီချင်းကို ဒီပြိုင်ပွဲမှာ ဆုရခဲ့တဲ့သူတွေဖြစ်တဲ့ ဖြိုးပြည့်စုံ၊ ကျော်သီဟ၊ ထက်လှိုင်ထွန်း၊ Rဝါလင်း၊ ရွှေရည်ဖြိုးမောင်၊ ဝတ်ရည်ထက်၊ အိစက် ညက်ညော၊ လီလီမြင့်၊ လှိုင်းလေးတို့ကနေ Group Song အနေနဲ့ သီဆိုကြ မှာပါ။ ထူးခြားတာကတော့ ဒီအစီအစဉ် ရိုက်ကူးတဲ့အချိန်မှာ မကြာခင်က ကွယ်လွန်သွားခဲ့တဲ့ အကဲဖြတ်ဒိုင် တစ်ဦးဖြစ်တဲ့ ကေအေတီလည်း စင်အောက်မှာရှိတယ်။ သူကိုယ်တိုင်လည်း မျက်ရည်ကျနေပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ကိုကိုမောင် အမှတ်တရအဖြစ် နိုရာသီချင်းကို Group Song ဖျော်ဖြေမှု အစီ အစဉ်တွင် ပါဝင်သည့် တေးသံရှင် ကျော်သီဟကလည်း အရည်အချင်းရှိ သည့် တေးသံရှင် တစ်ယောက်ဖြစ်သော ကိုကိုမောင် ကွယ်လွန်မှုအပေါ် ဝမ်းနည်း စိတ်မကောင်းဖြစ်ရပြီး ကိုယ့်ဘက်က တတ်နိုင်သမျှ ကူညီသည့် အနေနှင့် အမှတ်တရ အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ကိုကိုမောင်သည် Melody World သီချင်းဆိုပြိုင်ပွဲ စတင် ထုတ်လွှင့်သော ၂၀၀၇ ခုနစ်တွင် စတုတ္ထဆု ရရှိခဲ့ပြီး သူသီဆိုခဲ့သော နိုရာ၊ မချစ်နဲ့တော့ စသော သီချင်းများကိုလည်း ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြသည်။
The Voice Weekly

- 
- See more at: http://4wadi.blogspot.com/2013/06/test_8.html#sthash.x5kXvZwl.dpuf