Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်
လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )
News Post
Saturday, July 20, 2013
Monday, July 15, 2013
လမ်းပြ မကောင်းသော အနုပညာရှင်တွေကြောင့် လူငယ်တွေ ၀တ်စားဆင်ယင်မှု ပျက်စီး
![]() |
ကျနော်တို့ ခေတ်ပေါ့နော်...အခုခေတ်ပဲပေါ့...မြန်မာ မိန်းခလေးတွေများ
ဝတ်စားထားကြတာ မမြင်ချင်ရင် မျက်စိမှိတ်နေမှပဲ
မမြင်ပဲနေမယ်..ဘယ်လိုပြောရမလဲ..ခေတ်ရေစီးကြောင်းနောက်
လိုက်သတဲ့...ပေါင်လုံးပေါ်ရုံမကပဲ တင်ပါးတွေတောင်
ပေါ်ကုန်ကြပြီ..၀တ်စားထားကြတာများ.
.ကျနော်တို့ ဘိုးဘေး တွေ မြင်ရင်ဘယ်လိုများနေမလဲမသိဘူး...ကျနော် ကြားဖူးတာက
တော့ ဟိုတုန်းက မြန်မာအမျိုးသမီးတွေဟာ ခြေမျက်စိ ဖုံး တဲ့ အထိ
ထဘီဝတ်ကြတယ်တဲ့...ခုခေတ်မှာတော့ အဲလို မဟုတ်တော့ပါဘူး...ခြေမျက်စိလည်း မလုံးတော့ဘူး...ဒူးခေါင်းလည်းမလုံ..ပေါင်လုံး လည်းမလုံ ၀တ်စားမှ လှတယ်ထင် လာကြတယ်.....
ဆံပင်တွေဆိုလည်း လုပ်ထားလိုက်ကြတာ လူရိုင်းမတွေ ဆံပင်လားထင်ရတယ်...ကောက်လိုက် ကျိုက်လိုက်..လိမ်ကွေး...ရှုပ်နေတာပဲ...ခေတ်နဲ့တော့ ညီတာပေါ့နော်..
ဒီလိုတွေ မြန်မာမိန်းခလေးတွေ ၀တ်စားလာကြတာ ဘယ်သူ့မှာ တာဝန် အရှိဆုံးလို့ပြောမလဲ..ဘယ်သူတွေက သင်ပြပေးလို့ဖြစ်မလဲ.. ပတ်ဝန်းကျင်က သင်ပေးလို့အဲလိုတွေ ၀တ်လာကြတာ ဆိုရအောင်လည်း မြန်မာပြည်ဟာ ထဘီကိုပဲ မြန်မာအမျိုးသမီးများ စွဲမြဲစွာဝတ်စားတက်ကြတဲ့ နိုင်ငံဆိုတော့......ဘယ်ကမှ မဟုတ်ပါဘူး...လူငယ်တွေ သင်ယူနေတာ အဝေးကြီးနေရာမှာ မဟုတ်ပါဘူး....မိမိတို့ အိမ်ခန်းထဲက တီဗွီ ဖန်သားပြင်ပေါ်ကသာသင်ပြီး ၀တ်စားလာကြတာဖြစ်ပါတယ်။ ဒီတော့ တာဝန်ရှိသူတွေ သင်ပြသူတွေဟာလည်း အနုပညာရှင် လောကသားတွေပဲလို့ မြင်လာမိပါတယ်။
မင်းသား မင်းသမီး ၀တ်တာကို ခေတ်လူငယ်တွေ လိုက်လုပ်ကြတာပဲ မဟုတ်လား.......
ခုခေတ် မင်းသားမင်းသမီးတွေ နဲ့ မော်ဒယ်တွေဟာလည်း မြင်မကောင်းအောင် ဖေါ်ချွတ်ပြီး အနုပညာလောကထဲမှာ နေရာရဖို့ တိုးဝင်လာကြပါတယ်။ မသိရင် သူဖေါ် ငါဖေါ် ပြိုင်ပြီး ဖေါ်ချွတ်ခန်းတွေ နဲ့ အနုပညာကို ဘန်းပြပြီး လူငယ်တွေကို လမ်းမှားပို့ဆောင်နေတဲ့ ဗိုင်းရပ် တစ်မျိုးအဖြစ် မြင်လာမိပါတယ်။
ရှေးဘိုးဘေးတွေဒီလိုဝတ်စားခဲ့ကြပေမယ့်....
အနုပညာလောကသားတွေဟာ လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြဆိုလည်း မမှားပါဘူး..ဒီတော့
သူတို့ လမ်းပြမှုကောင်းမှ လူငယ်တွေလည်း လမ်းကောင်းလျှောက်နိုင်ကြမှာပါ။
မြန်မာစကားပုံရှိတယ်..သားသမီးမကောင်းတော့ မိဘ ခေါင်းတဲ့..သားသမီး ဆိုးရင်
မိဘတွေ မဆုံးမလို့ပဲ ပြောကြတယ်။ ခုခေတ်ဝတ်စားလာကြတာ မိဘ တွေ တားဆီး၍
မရနိုင်အောင်ပါပဲ...သူတို့ရဲ့ လမ်းပြကြယ်တွေ ကလပ်ထဲက မီးလုံးတွေလို
အရောင်မျိုးစုံတွေနဲ့လေ..
အကယ်ဒမီမင်းသမီး မယ်လိုဒီရဲ့ဒေါ်လာစားပုံရိပ်တချို့
.ဒီတော့ လူငယ်တွေ အားကျပြီး လိုက်လုပ်ကြတယ်။ ရှေ့ကနွား ဖြောင့်ဖြောင့်မသွားရင် နောက်လိုက်နွားလည်းဖြောင့်အောင် မသွားဘူးတဲ့(ခိုင်းနှိုင်းချက်ရိုင်းရင်ခွင့်လွှတ်ပါ) ..ဒီတော့ လမ်းပြတွေ မမှားဖို့လိုတာပေါ့နော်..
သူလေးကဘူလေးလဲ
ပြီးတော့ လူငယ်တွေ သမီးရည်းစားဘ၀မှာ
စည်းမစောင့်ကြတော့ပါဘူး..သမီးရည်းစားဖြစ်တာနဲ့ အတူနေထိုင်ကြတယ်။ ဒီလိုတွေ
ဖြစ်လာတာဟာလည်း ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ ဥရောပ ကို လိုက်ပြီး လုပ်ရင်တောင်
တစ်ချက်စဉ်းစားသင့်တာက ငါတို့က ကမ္ဘာမှာ ယဉ်ကျေးတဲ့ လူမျိုးဖြစ်တဲ့ မြန်မာ
ဆိုတဲ့ အသိလေးတွေ ၀င်သင့်လာပြီ....ကြားလိုက်ပါသေးတယ်...ရုပ်ရှင်တကားမှာ
နမ်းပြီး အဖေါ်အချွတ်တွေရိုက်ဖို့ထိ လုပ်ပြီးသွားပြီဆိုလားပဲ..မြန်မာ့
အနုပညာလောကအတွက်လည်း ရင်လေးစရာဖြစ်လာမှာပါ။
သူလေးကနမ်းရမယ့်အခန်းစိတ်ဝင်စားတယ်ဆိုပဲ
လူငယ်တွေအနေနဲ့လည်း ကောင်းတာလေးတွေ အတုယူပြီး မကောင်းတာတွေလိုက်မလုပ်မိဖို့
စဉ်းစားဆင်ခြင်သင့်တဲ့ ခေတ်ကာလတစ်ခုကိုရောက်နေပါပြီ..သူလုပ်လို့ငါလုပ်တယ်
မဖြစ်စေချင်ဘူး..
မြန်မာသင်္ကြန်ပုံရိပ်တချို့
ပွင့်လင်းမြင်သာမှုရှိတဲ့ အလှ
ဖေါ်ချွတ်ပြမှ လည်း လှတာမဟုတ်ပါဘူး...အလှတရားကို မဖေါ်မချွတ် မခြယ်မလိမ်းပဲ ထားသူမှာလည်း ပင်ကိုယ်ရိုးရာ အလှတရား ကိုယ်စီနဲ့ဆိုတာကို သိထားသင့်ပါတယ်။
အနုပညာရှင်တွေပြောလေ့စကားတွေရှိကြတယ်..သူတို့တွေ အပြင်လောကသားတွေလောက် မလွတ်လပ်ကြဘူးတဲ့..စာရေးသူအနေနဲ့ အဲလို မထင်မြင်မိပါဘူး...ဘာလို့လဲဆိုတော့ သူတို့လည်း အပြင်လောကသားတွေလို တန်းတူ လှုပ်ရှားနေကြတယ်လို့ထင်လို့ပါပဲ..ပိုရင်တောင်မှ ပိုနေပါအုန်းမည်။
ဘီယာတွေရမယ် ဘီယာတွေ
ဘီလီယက် စနုကာတွေအတူးထိုးမယ်
ကားတွေဝယ်တယ်ရောင်းတယ်
ရည်းစားနဲ့ အတူအိပ်တဲ့ ဗွီဒီယိုဖိုင်တွေတောင် အွန်လိုင်းမှာ
ပလူပျံသေးတာပဲမဟုတ်လား...သူတို့အတွက် မထူးဆန်းပေမယ့်လည်း
မြန်မာယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောင့်သူတွေအတွက်ကတော့
ရှက်စရာမြင်ကွင်းတစ်ခုအဖြစ် မြင်မနေဘူးလားနော်....တစ်ချို့ကြော်ငြာတွေဆိုရင်လည်း ကုန်ပစ္စည်းကိုကြော်ငြာနေတာနဲ့မတူတော့ပဲ မိန်းခလေးတွေရဲ့ ကာမ ကိုဖေါ်ဆောင်နေသလား ထင်ရလောက်အောင်ပါပဲ..ဒီလိုအနုပညာဖန်တီးမှုမျိုးကို စိတ်ကူးမိတာလည်း ချီးကျူး မိပါရဲ့...
ဒီတော့ အနုပညာရှင် များအနေနဲ့လည်း ကိုလူမင်းပြောသလိုပေါ့ ကိုယ့်ဝတ်စားဆင်ယင်မှုကို ကိုယ်တာဝန်ယူသင့်တယ်။ မီဒီယာ တွေဆိုတာကလည်း ခုခေတ်မှာ ပေါသား...အ၀တ်အစား မတော်တရော် ၀တ်မိတာနဲ့ မိနစ်ပိုင်းအတွင် အွန်လိုင်းရောက်တာပဲလေ..ဒီတော့ မြန်မာလူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြနေတဲ့ အနုပညာပညာရှင်တွေအနေနဲ့လည်း မထူးကဲ..မပိုလွန်းစေဖို့ အထူးသတိထားဝတ်စားဆင်ယင်ပြီး လမ်းပြမှုကောင်းသော မျိုးချစ် အနုပညာရှင်တွေအဖြစ်နဲ့ပဲရပ်တည်ပေးကြပါလို့ပြောကြားရင်းနဲ့ပဲ လူငယ်တွေ ဆင်ခြင်သင့်တာတွေ ဆင်ခြင်နိုင်ကြပါစေ...
![]() |

![]() |
မြန်မာ့ယဉ်ကျေးမှုကို တိုက်ရိုက် ဖျက်ဆီးနေသော သရုပ်ပျက် မော်ဒယ် နန်းသီရိမောင် ၏ ရုပ်ပုံအားအောနှ
လုံးနာစွာဖြင့် တင်ပြပေးလိုက်ပါတယ်
ကြမ်းပိုးလေး
RND: 22.2.2013
၁၃-၇-၂၀၁၃ မြန်မာယဉ်ထိမ်းရဲ ဂမ်းနားစတိုင်လ်(သရုပ်ဆောင်သတင်းဗွီဒီယို)
ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး
တပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအား အရေးယူ ရန်ကုန်၊ ဇူလိုင်
၁၃ ၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊
အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် facebook တွင်
ယာဉ်ထိန်းရဲ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့်
ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းလယ်တွင်
ယာဉ်ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင့် သရုပ်ပျက်ကခုန်
လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်စုံစမ်းရာ အဆိုပါသူမှာ
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆိုသူဖြစ်ပြီး
(Mango)ကုမ္မဏီ၏ ဗီတာမင်(စီ) ကြော်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ
စီစဉ်ရိုက်ကူးကြောင်း၊
သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်း ရဲတပ်ဖွဲ့
ဝတ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း
စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ
တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်
တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများ
စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင်
ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ
အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင်
မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍
ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။
၂၀၁၃ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံကြွယ် သူဌေးလေးများ
No.1
Dustin Moskovitz

အသက် - ၂၈ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ
ဒပ်စတင် မော့စ်ကိုဗစ် ဆိုတာက မာ့ခ် ဇူကာဘတ်နဲ့တစ်ချိန်က တစ်ခန်းတည်းအတူနေသူငယ်ချင်းပါ။ Facebook ကို အတူတူတွဲထောင်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ်ကစပြီး လမ်းခွဲလိုက်ပြီ။ Facebook ရဲ့ Share ၇ ဒသမ ၆ ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားတယ်။ ပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့ Good Ventures ကို ရီးစားဖြစ်သူနဲ့ တွဲပြီး ထူထောင်ထားတယ်။ အခြား နာမည်ကျော် ပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့ GiveWell နဲ့လည်း တွဲဖက်ပြီးတော့ လူမှုရေးလုပ်ငန်းတွေ လိုက်လုပ်နေတယ်။
No.2
Mark Zuckerberg

အသက် - ၂၈ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံ
ဇူကာဘတ်က မော့စ်ကိုဗစ်ထက် ၈ ရက်လောက်ကြီးတဲ့အတွက် ဒုတိယနေရာရောက်သွားတယ်။ ဒီအရွယ်နဲ့ CEO ဆိုတာတော့ အတော်လေးရှားမယ်ထင်တယ်။ ၂၀၁၂ ခုနှစ် မေလမှာ Facebook ကို အများပိုင်ကုမ္ပဏီတစ်ခုအနေနဲ့ ပြောင်းလဲလိုက်ပြီး နောက်တစ်နေ့မှာ လက်ထပ်တယ်။ အရွယ်ငယ်ငယ် ကိုယ်ပိုင်အားထုတ်မှုနဲ့ တကယ့်ကို ကြွယ်ဝခဲ့ရတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။
No.3
Albert von Thurn und Taxis

အသက် - ၂၉ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ
အဲလ်ဘတ်ဟာ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းကို အသက် ၈ နှစ်သားလောက် ကတည်း က ရောက်ခဲ့သူဖြစ်ပါ တယ်။ ဒါပေမဲ့ တရားဝင်အမွေကိုတော့ ၂၀၀၁ ခုနှစ်မှ ဆက်ခံခဲ့ရ သူဖြစ် တယ်။ လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး ပြိုင်ကား မောင်းတာကို ဝါသနာထုံတယ်။
No.4
Scott Duncan

အသက် - ၃၀ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ
စကော့ ဒန်ကင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော် စွမ်းအင်ပိုက်လိုင်းသူဌေးကြီး ဒင် ဒန်ကင်ရဲ့ အမွေဆက်ခံသူ သားသမီး လေးဦးအနက် အငယ်ဆုံးသားတစ်ယောက်ဖြစ်ပါတယ်။ သူ့ဖခင်ဟာ Enterprise Products Partners ကုမ္ပဏီကြီးကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ယနေ့ အဲဒီကုမ္ပဏီပိုင်ဆိုင်တဲ့ သဘာဝဓာတ်ငွေ့၊ ရေနံနဲ့ ရေနံဓာတုပိုက်လိုင်း အရှည်ဟာ မိုင်ပေါင်း ၅၀၀၀၀ ခန့်ရှိပါတယ်။
No. 5
Eduardo Saverin

အသက် - ၃၀ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ
Facebook ကိုပူးတွဲတည်ထောင်သူတွေထဲကတစ်ယောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကမှ အမေရိကန်နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အခွန်ရှောင်တိမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နိုင်ငံသားအဖြစ်က စွန့်သွား တယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ မာ့ခ် ဇူကာဘတ်နဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ပြီး Facebook ကို စတင်ထူထောင်စဉ်က အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သူတွေဖြစ်ပါတယ်။ Facebook ရဲ့ Share ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ခုတော့ ဘရားဇီးလ်နိုင်ငံသားအဖြစ် ခံယူထားပြီး၊ စင်ကာပူနိုင်ငံမှာ နေထိုင်တယ်။ လုပ်ငန်းသစ်တွေလုပ်ဖို့ ပြင်ဆင်နေတယ်။
No.6
Huiyan Yang

အသက် - ၃၁ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ
ယန်းဟာ Country Garden Holdings ကုမ္ပဏီကြီးကို ထူထောင်သူရဲ့ သမီးဖြစ်ပါတယ်။ အိမ်မြေယာရောင်းဝယ်ရေး အကျိုးဆောင်ကုမ္ပဏီကြီးတစ်ခုအနေနဲ့ တရုတ်ပြည်မှာထင်ရှားပါတယ်။ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး အမျိုးသမီးတစ် ယောက်လို့လည်း ဆိုနိုင်တယ်။ သူ့ဖခင်က ယန်းကို အမေရိကန်ပြည်ထောင်စုက အိုဟိုင်းအိုပြည်နယ် အိမ်ခြံမြေလုပ်ငန်းကြီးကို ၂၀၀၇ ခုနှစ်ကတည်းက လွှဲပေးထားတယ်။
No.7
Fahd Hariri

အသက် - ၃၂ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ
အသတ်ခံလိုက်ရတဲ့ လက်ဘနွန် ဝန်ကြီးချုပ် ရာဖစ် ဟာရီရီ ရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ Ecole Spéciale d'Architecture de Paris တက္ကသိုလ်ကနေ ၂၀၀၄ ခုနှစ်က ဘွဲ့ရခဲ့တယ်။ မြို့ဆင်ခြေဖုံးမှာ အဝတ်အထည် ဒီဇိုင်းစတူဒီယိုတစ်ခုထောင်ထားတယ်။ ဆော်ဒီ အာရေးဗီးယားက သူ့ဖောက်သည်တွေဆီကို ပရိဘောဂပစ္စည်း တွေ တင်ပို့ပေးတယ်။
No. 8
Marie Besnier Beauvalot

အသက် - ၃၂ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ
အသက် ၄၂ နှစ်အရွယ် အီမန်နျူရယ်၊ အသက် ၄၅ နှစ်အရွယ် ဂျင်း မစ်ချယ်တို့ရဲ့ ညီမဖြစ်ပြီးတော့ ပြင်သစ် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Lactalis ကို ပူးတွဲပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Président ဆိုတဲ့အမည်နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ နို့၊ ဒိန်ချဉ်တွေကို ထုတ်လုပ်ပါတယ်။
No. 9
Sean Parker

အသက် - ၃၃ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၂ ဘီလီယံ
ရှောင် ပါကာဟာ Airtime ဆိုတဲ့ ဗီဒီယို chatting လုပ်တဲ့ site ကို အခြား Web ကုမ္ပဏီတွေထက် ပိုပြီးကောင်းမွန် အောင် ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ အသက် ၁၉ နှစ်မှာ ပါကာဟာ ကောလိပ်တက်နေရာက ထွက်လိုက်ပါတယ်။ သူ့ရည်ရွယ်ချက်က တေးသံသွင်း လုပ်ငန်းတွေလုပ်နေတဲ့ Napster လို site မျိုးနဲ့အပြိုင် ဂီတ Website ကြီးတစ်ခုကို ထူထောင်ဖို့ဖြစ်ပါတယ်။ အသက် ၂၄ နှစ်မှာ Facebook ရဲ့ ပထမဦးဆုံး ဥက္ကဌအဖြစ် တာဝန်ယူခဲ့တယ်။
No. 10
Ayman Hariri

အသက် - ၃၄ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ
သူလည်း လုပ်ကြံခံရတဲ့ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း ရာဖစ် ဟာရီရီရဲ့ သားတစ်ယောက်ဖြစ်ပါ တယ်။ ဆော်ဒီ အာရေးဗီးယားမှာ အကြီးဆုံး ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Saudi Oger ကုမ္ပဏီကို တာဝန်ယူပြီး လုပ်ဆောင်နေသူဖြစ်ပါတယ်။ ဟာရီရီ အမွေဆက်ခံသူတစ်ယောက်ဖြစ်ပါတယ်။
From:မောက္ခDustin Moskovitz

- 
- See more at: http://4wadi.blogspot.com/2013/06/test_8.html#sthash.x5kXvZwl.dpuf