Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Friday, August 30, 2013

Miss Supranational 2013 Poll (August 28 Update)

am back with a quick update on our poll. This comes as we enter the last 2 weeks of the pageant! We have a new lady coming in at number 5 AND a new queen is sitting angelic on the first spot. Here is the update as of today!
Click HERE to VOTE for your favorite Miss Supranational 2013 candidate!
Myanmar (Khin Wint Wah) – 55.95%
Photo Credits: Missosology
Philippines (Mutya Datul) – 27.97%
Latvia (Diana Kubasova) – 9.25%
Thailand (Thanyaporn Srisen) – 1.76%
Australia (Esma Voloder) – 1.10%
Keep voting for your favorite candidate!
Remember, voting is FREE and is UNLIMITED!
–Kattera–

Miss Myanmar မခင်ဝင့်ဝါ ကို ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ

Miss Supranational 2013 ပြိုင်ပွဲဝင် Miss Myanmar ခင်ဝင့်ဝါ (ဓာတ်ပုံ - ခင်ဝင့်ဝါ facebook မှ)
Miss Supranational 2013 ပြိုင်ပွဲဝင် Miss Myanmar ခင်ဝင့်ဝါ (ဓာတ်ပုံ – ခင်ဝင့်ဝါ facebook မှ)

မခင်ဝင့်ဝါကို ကြိုက်လို့မဲပေးတာမဟုတ် လှလို့မဲပေးတာမဟုတ် ( ADMIN ကျူပ်က တော့ နိုင်ငံ ကိုယ်စား
 ကြိုးစား ဂုဏ်ဆောင်တဲ့သူမို့လို့ လေးစားသမှုနဲ့ မဲပေးတာပါ..ဒါဝန်ခံခြင်းပါ )

Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့ ရှေ့ဆုံးတန်းမှာ ပြေးနေပါတယ်။
အဲဒီ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss Myanmar ခင်ဝင့်ဝါဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရုက္ခဗေဒ ကျောင်းသူ တဦးဖြစ်ပြီး မော်ဒယ်လ် တဦးလည်း ဖြစ်သလို Miss Myanmar သရဖူကို ရရှိပြီးချိန်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဘီလာရုစ်မှာ သွားရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံ ဂုဏ်ဆောင် Miss တဦး ဖြစ်ပါတယ်။
သူ့ရဲ့ facebook စာမျက်နှာမှာ ခင်ဝင့်ဝါက “ပရိသတ်ကြီး မင်္ဂလာပါ။ ညီမကို အားပေးတယ်ဆိုရင် အောက်က Link က တဆင့် အနီရောင် စာလုံးကို နှိပ်ခြင်းဖြင့် ညီမကို Vote ပေးနိုင်ပါတယ်။ နေ့စဉ် မဲပေးနိုင်ပါတယ်၊ သြဂုတ် ၂၆ ရက်နေ့က စပြီး စက်တင်ဘာ ၄ ရက်နေ့ည ၁၂ နာရီ အထိ မဲပေးလို့ရပါတယ်။ Chrome ကနေ မဲပေးပြီးပေမယ့် Firefox နဲ့ ဖွင့်ပြီး မဲပေးလို့လည်း ရပါတယ်။ Browser မတူပါက မဲထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ်။ ညီမလေး ကြိုးစား ထားပါတယ်ရှင့်၊ ခင်ဝင့်ဝါရဲ့ ဓာတ်ပုံ (သို့) အမည်ကို Click လုပ်ပြီး နေ့စဉ် စိတ်ကြိုက် မဲပေးနိုင်ပါတယ်” လို့ သူ့ကို အားပေးတဲ့ မြန်မာ ပရိသတ်တွေကို ရေးသား တောင်းဆိုထားတာကို တွေ့ရပါတယ်။
ခင်ဝင့်ဝါဟာ ဒီနေ့ဒီအချိန်အထိ ပရိသတ်တွေက ပေးတဲ့ မဲ အနေနဲ့ ၂၃၄၃၉၁ မဲ ရရှိထားပြီး သူနဲ့ အပြိုင် Miss တွေကတော့ Miss Luxembourg ၂၃၅၇၉၅ မဲ၊ Miss Russia က ၁၂၅၈၁၆ မဲ၊ Miss Sweden က ၁၂၃၄၈၀ မဲ၊ Miss Australia က ၇၀၁၂၂ မဲ၊ Miss Thailand က ၆၉၉၂၈ မဲနဲ့ Miss Philippines က ၅၄၆၄၂ မဲတို့ ဖြစ်ကြပါတယ်။ သြဂုတ် ၂၉ ရက်နေ့ ညကတော့ ခင်ဝင့်ဝါနဲ့ Miss Philippines တို့ဟာ မဲ ၅ သောင်းကျော်နဲ့ အပြိုင်ဖြစ်နေရာက ဒီနေ့ သြဂုတ် ၃၀ ညနေမှာ ခင်ဝင့်ဝါက မဲ အပြတ်အသတ် ကျော်ဖြတ်တက်ခဲ့တာ ဖြစ်ပါတယ်။
ခင်ဝင့်ဝါရဲ့ facebook မှာ သူ့ကို အကဲဖြတ်ဒိုင်များက မေးခွန်းများမေးတဲ့အချိန် သူ ပြန်လည် ဖြေဆိုထားတဲ့ Link တွေကိုလည်း တွေ့ရပါတယ်။
သူ့ရဲ့ ပြိုင်ပွဲအပေါ် စိတ်လှုပ်ရှားမှုကို ဒိုင်တွေက မေးမြန်းတဲ့အခါမှာ “ကျမ အရမ်းကို စိတ်လှုပ်ရှား ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နိုင်ငံရပ်ခြားကို တခါမှ မရောက်ဖူးဘူးလေ” လို့ ဖြေကြားထားတာ တွေ့ရပါတယ်။
ဒါ့အပြင် သူက သူ့ရဲ့ မြန်မာနိုင်ငံနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံ တခုမှာ ခြားနားတဲ့ အရာတွေကို မြင်ရတာ အရမ်းကောင်းတယ် ဆိုတဲ့ အကြောင်း၊ မြန်မာနိုင်ငံက အရမ်းလှပသလို၊ ဘီလာရုစ် ကလည်း အတူတူပဲ ဆိုတဲ့အကြောင်း၊ နှစ်နိုင်ငံ စလုံးမှာ ကောင်းမွန်တဲ့ အရာတွေ၊ သွားရောက်လည်ပတ်ဖို့ ကောင်းတဲ့ နေရာတွေ ရှိတယ် ဆိုတဲ့ အကြောင်းတွေလည်း ပြောကြား ခဲ့ပါတယ်။
မြန်မာနိုင်ငံက လတ်တလော အဟြေင်းအလဲတွေ အကြောင်းကို မေးတဲ့အခါ သူက “ကျမတို့ နိုင်ငံက အခုဆိုရင် ပိုပြီး ပွင့်လင်းလာပါပြီ။ လှပပြီး အရောင်အသွေးစုံတဲ့ ကျမတို့နိုင်ငံကို အလည်လာဖို့ ရှင်တို့ အားလုံးကို ဖိတ်ခေါ်ပါတယ်” လို့ ဆိုပါတယ်။
အကဲဖြတ် ဒိုင်တွေက မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက် လည်ပတ်ဖို့ အကြံပြုချင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူက သွားစရာ နေရာတွေ အများကြီးရှိတဲ့ အကြောင်း၊ ဒါပေမယ့် လာရောက်လည်ပတ် သူတွေ အနေနဲ့ အချိန်နည်းမယ် ဆိုရင်တော့ ရွှေတိဂုံ ဘုရားကို သွားစေချင်တဲ့ အကြောင်း အကြံပြုထားပါတယ်။
“အချိန် ပိုရမယ်ဆိုရင်တော့ မြန်မာဘုရင်တွေရဲ့ ရှေးဟောင်းမြို့တော် ပုဂံကိုသွားပါ။ မြန်မာနိုင်ငံရဲ့လှပမှုတွေ၊ အရောင်အသွေး စုံလင် မှုတွေက ရှင်တို့ကို အံ့သြစေလိမ့်မယ်လို့ ကျမဟြေရဲပါတယ်” လို့လည်း သူက ဆက်ပြော ထားပါတယ်။
ဒါ့အပြင် ခင်ဝင့်ဝါက သူ့ရဲ့ အင်္ဂလိပ်စကား အားနည်းမှုကို ခွင့်လွှတ်ဖို့ ဒိုင်တွေကို တောင်းပန်တဲ့အခါမှာ ဒိုင်တွေက “Miss Supranational 2013 ပြိုင်ပွဲဝင်များထဲမှာ ချစ်စရာ အကောင်းဆုံးနဲ့ အယဉ်ကျေး၊ အသိမ်မွေ့ဆုံး ဖြစ်တဲ့ Miss Myanmar က သူရဲ့ အင်္ဂလိပ်စကား အားနည်းမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်တဲ့ အတွက် ကျနော်တို့က သူရဲ့ အင်္ဂလိပ်စကား အမှန်တကယ် ကောင်းမွန်ပါတယ်” လို့ ပြန်လည် ဟြေဆိုခဲ့ပါတယ်။
အဲဒီလို ဒိုင်တွေက ပြောတဲ့ အခါမှာ သူက ပြုံးလိုက်ပြီး “ကျမ ကျေးဇူးတင်ပါတယ်၊ ကျမ တက္ကသိုလ်မှာ အင်္ဂလိပ်စာ သင်ခဲ့ပါတယ်၊ ဒါပေမယ့် သိပ်ပြီး ချောချောမွေ့မွေ့ မဟြေနိုင်ပါဘူး၊ ကျမထပ်ပြီး သင်ယူချင်ပါ သေးတယ်၊ မနက်ဖြန်မှာ လုပ်မယ့် ပင်ကိုယ်စွမ်းရည် ပြိုင်ပွဲမှာ ကျမတို့ တိုင်းပြည်ရဲ့ ရိုးရာအက ကပြဖို့ ပြင်ဆင်ထားပါတယ်။ ရှင်တို့ သဘောကျမယ်လို့ ကျမ မျှော်လင့်ပါတယ်” လို့ ပြန်ပြောတာ တွေ့ရပါတယ်။
နောက်ဆုံး ပရိသတ်တွေကို စကားဟြေတဲ့ အခါမှာတော့ ခင်ဝင့်ဝါက သူ့ကို အားပေးတဲ့ သူတွေထဲမှာ သူ လုံးဝ မသိတဲ့သူတွေ ပါနေတဲ့အတွက် သူ့ကို ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။
“အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်၊ ကျမ သူတို့ကို သိစေချင်တာက ဒီသရဖူကို မြန်မာနိုင်ငံကို ယူလာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ် ဆိုတာပါပဲ။ ကျမ အားလုံးကို ချစ်ပါတယ်ရှင်” လို့ သူက အားပေးတဲ့ ပရိသတ်တွေကို တလေးတစား ကတိပေး ဖြေကြားတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဘယ်လာရုစ်ရောက် မော်ဒယ်လှလှ ခင်ဝင့်ဝါ မဲဆွယ်နေပါတယ် ( Blog Irraddy ဆိုသလို မျိုးကို ကျူပ် မကြိုက်ပါ )

နိုင်ငံရေးသမားတွေမှ မဲဆွယ်တာ မဟုတ်ပါဘူး။
အလှမယ်တွေလည်း မဲဆွယ်နေပါပြီ။

Miss Supranational ပြိုင်ပွဲဝင်ဖို့ ဘယ်လာရုစ်ကို ရောက်နေတဲ့ မော်ဒယ် ခင်ဝင့်ဝါက သူ့ကို အွန်လိုင်းကနေ မဲပေးကြဖို့ Facebook ကနေ အသိပေးထားပါတယ်။





ဒီက
link လေးကို ဖွင့်ပြီး photo အောက်မှာရှိတဲ့ လေးကို click နှိပ်ပေးပါနော်..♥♥♥
နေ့ စဉ်မဲပေးနိုင်ပါတယ်...
 သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးလို့ ရတာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရပါတယ်...
(Chrome ကနေ မဲပေးပြီးပေမယ့်လည်း Firefox နဲ့ဖွင့်ပြီးမဲ ပေးပါကလည်း မဲပေးလို့ ရ သဖြင့် Browser မတူ ပါက မဲ ထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ် ရှင့်.....)




အဲဒါကတော့ မော်ဒယ်လှလှပပရဲ့ မဲဆွယ်ချက်ပါပဲ။

ဒီအစီအစဉ်ကနေ မဲအများဆုံးရရှိသူဟာ အွန်လိုင်းပရိသတ်အကြိုက်ဆုံးဆု ရမယ်
Miss Supranational 2013 သရဖူ ဘယ်သူဆောင်းမယ် ဆိုတာ ရှေ့တပတ် သောကြာနေ့ (စက်တင်ဘာ ၆) မှာ ကြေညာမယ်လို့ သိရပါတယ်။

သရဖူ ရမယ့်သူအတွက် သတ်မှတ်ထားတဲ့ဆုငွေက ဒေါ်လာ သုံးသောင်း လို့ ဆိုပါတယ်။

ဒါ့အပြင်

  • the first runner-up  $10,000
  • the second runner-up $5,000 
  • the third runner-up  $3,000 
ဆိုတဲ့ ဆုတွေရယ်၊ ပရိသတ်အနှစ်သက်ဆုံးဆု၊ ရေကူးဝတ်စုံဆု၊ ညနေခင်းဝတ်စုံဆု၊ အကောင်းဆုံး အဝတ်အစားဆုတွေလည်း ပေးပါမယ် တဲ့။

လတ်တလော ပြိုင်ပွဲမှာ အပြိုင်ကြဲနေတဲ့ ခင်ဝင့်ဝါ ဘာဆု ချိတ်မလဲ။ သိပ်မကြာခင် အဖြေသိရပါမယ်။


Miss Supranational ပြိုင်ပွဲကို ၂၀၀၉ မှာ အစပြုခဲ့တယ်၊ ပထမဆုံး အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့နိုင်ငံကတော့ ပိုလန်နိုင်ငံပါ။

ကနေ့ခေတ် နိုင်ငံ အလှမယ်ပြိုင်ပွဲကို မြန်မာပြည်က အလှမယ်တွေ ဝင်ပြိုင်တာ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
မနှစ်က ဂျပန်မှာလုပ်တဲ့ မယ်ပြိုင်ပွဲကြီးတခုကို သွားရောက်ယှဉ်ပြိုင်ခဲ့သူကတော့ နန်းခင်ဇေယျာ ဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ ဘီကီနီဖက်ရှင်

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတခုဝင်နေတဲ့ မော်ဒယ် ခင်ဝင့်ဝါရဲ့ ဘီကီနီပုံတွေကို သူ့ရဲ့ Facebook ကနေ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။  
 -
 



ပြိုင်ပွဲရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ရေကူးဝတ်စုံ အလှဝတ်ပြိုင်ပွဲအတွက် နိုင်ငံတကာမယ်များနည်းတူ ခင်ဝင့်ဝါလည်း ဘီကီနီ ဆင်မြန်းရပါတယ်။


ရေကူးဝတ်စုံအလှဆုံးမယ်ဆုကို သူတို့ထဲက ဘယ်သူ ရမယ် ဆိုတာကတော့ ရှေ့တပတ်ထဲ အဖြေပေါ်ပါလိမ့်မယ်။

အလှမယ်ပြိုင်ပွဲမှာ ရေကူးဝတ်စုံ ဝတ်ဆင်တာကို နိုင်ငံတချို့မှာတော့ ကန့်ကွက်ခံရဖွယ် ရှိပါတယ်။


ဂျပန်မှာ မယ်ပြိုင်ပွဲသွားဝင်ခဲ့တဲ့ နန်းခင်ဇေယျာ လည်း ဘီကီနီဝတ်ပြီး ယှဉ်ပြိုင်ခဲ့ရတာနဲ့ ကြုံခဲ့ရဖူးပါတယ်။

ဒီလို နိုင်ငံတကာပွဲတွေကို မြန်မာပြည်မှာ လက်ခံ ကျင်းပမယ် ဆိုရင်လည်း ရေကူးဝတ်စုံအလှအပ အစီအစဉ်တွေ သေချာပေါက် ပါဝင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ တချိန်က ဒါတွေကို  မစဉ်းစားခဲ့ကြပေမယ့် အနာဂတ်မှာတော့ ဒီလို ပြိုင်ပွဲအတွင်း ဝတ်ဆင်မှုကို ခွင့်ပြုလာဖွယ် ရှိပါတယ်။

Miss Supranational 2013 ပြိုင်ပွဲမှာ ဆုလေးဆုတော့ ပေးသွားပါပြီ ( မခင်ဝင့်ဝါ ကြိုးစားနေသလို ကျွန်တော်တို့လည်း Vote ပေးပြီး ကူညီနေပါတယ် )

မနေ့ကအထိတော့ Miss Supranational 2013 ပြိုင်ပွဲရဲ့ Special awards တွေထဲကမှ ဆု(၄)ဆုကတော့ သူများတွေ ရသွားပါပြီ။

~~ Miss Supranational Eleganceဆုကို Miss Sweden
~~ Miss Supranational Personalityဆုကို  Miss Philipines ( 1st runner-upက Myanmarပါ။ ဒိုင်တွေရဲ့ 1 vote အကွာနဲ့ runner-up ဖြစ်သွားတာပါ။ Just 1 vote to Miss Phillipines ^^ )
~~ Miss Supranational Top Modelဆုကို Miss Moldova
~~ Miss Supranational Photogenicဆုကို Miss Pureto Rico တို့က ရသွားကြပါတယ်။

ဆုရသွားတဲ့ အလှမယ်တွေ
ကျန်နေသေးတဲ့ဆုတွေကတော့ Miss Internet, Miss Freindship, Miss Sti.George, Best National Dress နဲ့  Miss Talentဆုတို့ပဲ ဖြစ်ပါတယ်။ မနေ့ကကျင်းပတဲ့ပွဲမှာ finalပွဲအတွက် stand outဖြစ်တဲ့ list ထဲမှာ Myanmar ပါပါတယ်။  Global Beauties က ခင်ဝင့်ဝါကို အင်တာဗျူးပြီးတဲ့အခါမှာ.. ခင်ဝင့်ဝါဟာ အယဉ်ကျေးဆုံး၊ အချိုသားဆုံး အလှမယ်တွေထဲက တစ်ယောက်ပါပဲလို့ မှတ်ချက်ချပါတယ်။ သူ့ကိုယ်သူ အင်္ဂလိပ်စာ မကောင်းဘူး၊ ခွင့်လွှတ်ပါလို့ ပြောပေမဲ့ တကယ်တော့ သူ့အင်္ဂလိပ်စာဟာ ကောင်းပါတယ်လို့လည်း ပြောသေးပါတယ်။ နောက်ဆုံးသူတို့ပေးတဲ့ မှတ်ချက်ကတော့ သူမဟာ မြန်မာပြည်ရဲ့ တကယ့် သံတမန်ကောင်းတစ်ယောက်ပါပဲတဲ့။ ( Pagentry လောကမှာ နိုင်ငံအသီးသီးက အလှမယ်တွေကို သံတမန်လို့ ခေါ်ကြပါတယ်။)
ခင်ဝင့်ဝါကိုကြိုက်တဲ့ အချက်တစ်ချက်က နေရာတော်တော်များများမှာ ရိုးရာဝတ်စုံလေးတွေဝတ်တာကိုပါပဲ။ ဒီနေ့ သြဂုတ်လ (၂၉ )ရက်နေ့မှာ ကျင်းပမဲ့ talent ပြိုင်ပွဲမှာတော့ မြန်မာအက.. ကပြီး ယှဉ်ပြိုင်မယ်လို့သိရပါတယ်။ ဘယ်အက ကမလဲမသိဘူး။ များသောအားဖြင့်တော့ မြန်မာပြည်ကဝင်ပြိုင်ရင် ပုဂံအကနဲ့ ပြိုင်တတ်ကြပါတယ်။ သူ့ကို နတ်ကတဲ့ဝတ်စုံနဲ့ပုံတစ်ပုံတွေ့ဖူးတော့ နတ်ကကမလားလည်း မပြောတတ်ပါဘူး။ ဆီမီးခွက်အကလည်း ဆန်းမယ်ထင်ပါတယ်။ ခြေချိုး၊လက်ချိုး၊ ခါးချိုးပိုင်ရင်တော့ မြန်မာအကကို ငြိမ့်ငြိမ့်လေးကရင်လည်း လှပါတယ်။ ဘာပဲဖြစ်ဖြစ် သူများနိုင်ငံက အကတွေကိုလည်း လျှော့တွက်လိုမရတာ Miss Worldရဲ့ Dances of the Worldကို ကြည့်ဖူးတဲ့သူတိုင်း သိကြပါတယ်။ talent competition မှာ ကတာမဟုတ်ဘဲ တခြားဟာတွေနဲ့လည်း ယှဉ်လို့ရတော့ သူ့အတွက် နည်းနည်း ပူမိပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာအကကပြီး Miss Myanmarတစ်ယောက် Miss Talentဆုကိုရခဲ့ရင်ဆိုပြီး စိတ်ကူးယဉ်ကြည့်တာနဲ့တင် တော်တော်ပျော်ဖို့ကောင်းနေပါပြီ။ :P

 အောက်ကပုံတွေကတော့ ပြိုင်ပွဲအတွက် camp သွင်းပြီး ပါဝင်ရတဲ့ eventတွေ၊ ပြိုင်ပွဲတွေမှာပါတဲ့ ခင်ဝင့်ဝါရဲ့ပုံတစ်ချို့ ပါ။
ရှမ်းဝတ်စုံလေးနဲ့
ပါးကွက်ကလေးနဲ့၊ ကချင်လုံချည်အဖြူလေးနဲ့ =)
With Miss Belarus 
နောက်ဆုံးနေ့ပွဲအတွက်လေ့ကျင့်နေကြတာ။
လူကောင်သေးပေမဲ့၊ ကလေးလေးနဲ့တူပေမဲ့ ကိုယ်လုံးရှိတယ်။

ဘာပဲဖြစ်ဖြစ် top-20 နဲ့ သူ့ဘာသာပြိုင်ပြီးမှရမဲ့ဆုတွေမှာ ခင်ဝင့်ဝါ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နေတာကတော့ pagaentry portal တွေက ခင်ဝင့်ဝါအပေါ်ပေးတဲ့ မှတ်ချက်တွေမှာ မြင်နိုင်ပါတယ်။ ကိုယ်တွေဘက်ကတော့ မဲပေးဖို့ပဲကျန်ပါတယ်။ တစ်နေ့ကိုတစ်ခါ မဲပေးလို့ရတယ်ပြောပါတယ်။ ဒီနေရာမှာ ပေးရမှာပါ။ ခင်ဝင့်ဝါရဲ့ဓါတ်ပုံ၊ ဒါမှမဟုတ် နာမည်ကို click ပြီး vote လုပ်ရပါတယ်။  Голосов ဆိုတာလေးကို နှိပ်ရမှာပါ။ လက်ရှိတော့ ခင်ဝင့်ဝါက မဲအများဆုံး ရထားပါတယ်။ ဒါပေမဲ့ တကယ့်ပွဲက စက်တင်ဘာလ(၆)ရက်နေ့မို့ ရက်ကျန်သေးတာကြောင့် ဆက်ပြီးမဲပေးကြပါဦးလို့။

Missosologyကပေးတဲ့ People's Choice Awardအတွက် like & shareလုပ်ပေးရမှာကတော့ ဒီနေရာမှာ ပါ။  ဖိလစ်ပိုင်ပရိသတ်တွေကတော့ ထုံးစံအတိုင်း မြန်မာမယ်ကို ရစရာမရှိအောင် ပြောနေကြပါတယ်။ ဒါပေမဲ့ သူတို့နဲပြိုင် ရန်မဖြစ်ပါနဲ့။ အရင်နှစ်တွေကလည်း fan များတဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနဲ့ အင်ဒီးယားနိုင်ငံတွေကမယ်တွေကို ဆဲနေကြပါ။ Miss Supranational official Page က adminတွေဟာ သူတို့ကို ရိုင်းလို့ဆိုပြီး blockပစ်ပါတယ်။ ဒါကြောင့် သူတို့ကို ဂရုမစိုက်ပါနဲ့။ သူများနိုင်ငံကအလှမယ်တွေကို အနှောင့်အယှက်မပေးဘဲ ကိုယ့်မယ်ကိုသာ အေးအေးဆေးဆေး ယဉ်ယဉ်ကျေးကျေးနဲ့ အားပေးအထောက်အကူပြုကြပါလို့။

Regards, witch83 (29/08/2013; 1:37 PM; GMT+8)

Miss  Supranational - Myanmar Girl Khin Wint Wah (ခင်ဝင့်ဝါ)

Miss  Supranational - Myanmar Girl Khin Wint Wah
 Miss  Supranational - Myanmar Girl Khin Wint Wah.


Miss  Supranational - Myanmar Girl Khin Wint Wah

Miss  Supranational - Myanmar Girl Khin Wint Wah



Miss  Supranational - Myanmar Girl Khin Wint Wah

Miss  Supranational - Myanmar Girl Khin Wint Wah


Miss  Supranational - Myanmar Girl Khin Wint Wah

မခင်ဝင့်ဝါကို Vote ပေးရတာ မပင်ပန်းဘူး ( ဒါပေမယ့် ချစ်သူတော့ စိတ်ဆိုးနေတယ် )

Miss Supranational Myanmar 2013 - Khin Wint Wah Snapshots
 Miss Supranational Myanmar 2013 - Khin Wint Wah Snapshots

Miss Supranational Myanmar 2013 - Khin Wint Wah Snapshots

Miss Supranational Myanmar 2013 - Khin Wint Wah Snapshots

Miss Supranational Myanmar 2013 - Khin Wint Wah Snapshots

Miss Supranational Myanmar 2013 - Khin Wint Wah Snapshots

Miss Supranational Myanmar 2013 - Khin Wint Wah Snapshots

Miss Supranational Myanmar 2013 - Khin Wint Wah Snapshots

Miss Supranational Myanmar 2013 - Khin Wint Wah Snapshots
                Miss Supranational Myanmar 2013 - Khin Wint Wah Snapshots
      

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More