News Post

Sunday, June 9, 2013

နန့်ဆန့်မော်ဒလ်လေးများ ရဲ့ အနပညာ အကြောင်း တစ်စေ့တစောင်း


မော်ဒယ် အေးချိုဖြူ ပါ ။ အသက်ကတော့ ၁၇ နှစ်ကျော
ပါ။ မန်းလေးမှာဆေးကျောင်း ပထမနှစ်တက်နေပါ
တယ် ။ email address က whitecho.3@gmail
.com ဖြစ်ပါတယ် ။facebook လည်းဒီမေးနဲ့ပါဘဲ
ခုဒီဇိုင်းလေးက ဒီဇိုင်းနာ ကိုပြည့်က လုပ်ထားပေးတာ
ပါ။နမ့်ဆန်ရဲ့ ပထမဦှးဆုံးဒီဇိုင်းနာပေါ့။
အားပေးနေတဲ့ ပရိတ်သိတ်တွေအားလုံးရွင်လန်းချမ်း
မြေ့ကြပါစေဆိုလို့ပြောသွားတဲ့
မော်ဒယ် သစ်လေး အေးချိုဖြူ……..
   မော်ဒယ် Bo kun ပါ ။ ဒီတစ်ပတ်မှာတော့ သူသွားလည်ခဲ့တဲ့နေရာလေးတွေကိုကြွားချင်ပါ
တယ်ဆိုတဲ့ မော်ဒယ်တစ်ယောက်ပေါ့ ။…………….
ပိတ်ချင်းမြောင် ကြိုးတံတား မှာ တံတားကျေးကောက်နေတာပါ
ပိတ်ချင်းမြောင်ထဲ့ မှာ အကျွေးသွားတောင်းနေတဲ့ပုံလေးပါ
ဟဲဟဲစိတ်ညစ်နေတဲ့ပုံလေးပါတဲ့
တစ်ခါတစ်လေ သူ ၀က်ရူးပျံထတတ်လို့
သူဝက်ရူးပျံတဲ့အချိန် အမှတ်တရလေးရိုက်ထားပေးတာပါ။သူက တစ်လမှ တစ်ခါလောက်တော့ဖြစ်လေ့ဖြစ်ထ ရှိတယ်လို့ သိရှိရပါတယ်။
မော်ဒယ် စိုးမြတ်သွယ်ပါ


         ဒီတစ်ပတ်မှာ ထွက်ရှိလာတဲ့မော်ဒယ်အသစ်လေးက စိုးမြတ်သွယ် ပါ ။ ရန်ကုန်မှာ ရှိတဲ့ grate star hotal မှာ မန်နေဂျာလုပ်နေ
ပါတယ် ။ အသက်ကတော့ 20 ပါ ။ကျောင်းကတော့  တက်နေဆဲပါတဲ့ ။ email address က  soemyattweal.ygn@gmail.comပါ။
ဖုန်းနံပါတ်တော့ မ၀ယ်ရသေးလို့ပါတဲ့ ။ဝယ်ပြီးရင်ပေးပါမယ်လို့ အင်တာဗျုးချိန်တွင်ပြောသွားပါတယ် ……………………..
မော်ဒယ်ပြည့်စုံချစ် ပါ


မောင်ဒယ်ပြည့်စုံချစ်ပါ ။ တောင်ကြီးမှာနေတာများပါတယ်တဲ့ ။ သဘာဝဆန်တဲ့ ဖက်ရှင် ဒီဇိုင်းတွေကို ပိုကြိုက်
တယ်လို့ပြောပါတယ် ။ သူ emial address က  skyprincess.tgi@gmail.com ဖြစ်ပါတယ်တဲ့။ facebook ကိုလည်း အဲ့အကောင့်
လေးနဲ့ပါဘဲ။ အင်တာနက်တော့ အမြဲသုံးဖြစ်ပါတယ် ။ခရီးသွားရင်းနဲ့လည်း i phone လေးနဲ့ချက်ဖြစ်ပါတယ်………………..
                                                        မော်ဒယ်စိုးပွင့်ဖြူလေးပါ ။ နှလုံးသားထက်ဥိးနှောက်ကို သုံးသွားမယ်ဆိုတဲ့ မော်ဒယ်တစ်ယောက်ပေါ့
သူအလှကို  asia saian မှာ  queen ဆုပေးထားပါတယ် 2011 ရွေးချယ်ပွဲမှာပါ။ အင်တာနက်တော့တက်ဖြစ်ပါတယ်တဲ့ ။gtalk တော့
မသုံးဖြစ်ပါဘူး။  သူ့ email address က whitequeen@yahoo.com ပါ။ facebook အကောင့်က တော့ soepyintphyu
@facebook.comဖုန်းနံပါတ်တော့ မပေးချင်ပါဘူးတဲ့ ပုရိတ်တွေ ဆက်ပြိးကျူလွန်းလို့ပါ တဲ့ ………………………………….
                                                                မော်ဒယ်သဲသဲနဲ့ မော်ဒယ်ဆွဲဆွဲပါ ။အင်တာဗျုးမှာ ဆေးမင်ဆုတ်ထိုးတာ အရမ်း ၀ါသနာပါပါတယ်
လို့ပြောပါတယ် ။ရိုးရှင်းတဲ့ ဘ၀လေးကိုမြတ်နိုးပါတယ်လို့လည်း ပြောပါတယ် ။မော်ဒယ်သဲသဲကတော့ အသက် 45 ။မော်ဒယ်ဆွဲဆွဲက
46 ပါ အမွာပူးပေါ့။ မောင်ဒယ်သဲသဲရဲ့ email address ကတော့  sweetheart@gmail.comပါ မော်ဒယ်ဆွဲဆွဲကတော့  sweetlove
@gmail.com ပါတဲ့။  ဖုန်းကတော့ သူတို့ဖိုးဖွားများ ကိုင်ခွင့်မပြုသောကြောင့် ကိုင်ဆောင်ထားချင်မရှိပါဘူးတဲ့……………..

သူကတော့ အေးပိုချစ် ပါ။ စွဲဆောင်မှု ရှိတဲ့ မြန်မာ မော်ဒယ်မလေး ပါ။ ဖက်ရှင်ပွဲတော်တော်များများမှာ တွေရပေမဲ့
တီဗီဖန်သားပြင်ပေါ်မှာတော့ သရုပ်ဆောင်တစ်ယောက် အနေနဲ့ သိပ်မတွေရပါဘူး။ မော်ဒယ် ဖက်ရှင်ပွဲမှာတော့ခ ဏခဏတွေပါတယ်
သူ့ email address က ayephochit@gmail.com ပါ ။အားပေးနေတဲ့ပုရိတ်သတ်များအားလုံး ကျေးဇူးတင်လျက် …………………
လူသားအကျိုးပြုအလုပ်တွေ လုပ်ချင်ပြီး အဓိကမိဘမဲ့ကလေးတွေကို ပိုပြီးပြုလုပ်ပေးချင်၍ ဖောင်ဒေးရှင်းတည်ထောင်ချင် ကြောင်း မော်ဒယ်သရုပ်ဆောင် ချမ်းမီမီ
ကိုကပြောသည်။”ကိုပြေတီဦး၊ ကိုရဲတိုက်တို့ဆိုရင် ဖောင်ဒေးရှင်းတည်ထောင်ပြီး ပရဟိတလုပ်ကြတယ်။ အားကျတယ်။ နောက်တရားစခန်းတွေမှာ လှူချင်တယ်။ အလှူလုပ်တာ ကိုခန့်စည်သူဆိုရင် အားကျဖို့ ကောင်းတယ်။ ကိုယ့်ရှေ့က စီနီယာကြီးတွေက အဲဒီလိုမွန်မြတ်တဲ့ အလုပ်တွေလုပ်သွားကြသလို သမီးတို့ အငယ်တွေ
အနေနဲ့ လည်း အတုယူပြီး လုပ်သင့်တာပေါ့။ သမီးတို့ ကြိုးစားရမှာပါ” ဟု ချမ်းမီမီကိုက ပြောသည်။ မော်ဒယ်သရုပ်ဆောင် ချမ်းမီမီကို သည် မိုးယံရွှေလမင်းနှင့်
မြတ်ဆုကုဋေ ၂ဝဝ၉ ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့်ဆုငွေကို လှူဒါန်းခဲ့သလို ဇွန်လ ၉ ရက်က ကျရောက်ခဲ့သောမွေးနေ့တွင် မိဘမဲ့ကလေးများကို မနက်နှင့်ည
ထမင်းကျွေးအလှူဒါနပြုခဲ့ကြောင်း သိရသည်။ ယခုလတ်တ လော စိုင်းစိုင်းခမ်းလှိုင်နှင့် ဗီဒီယိုဇာတ်ကား ရိုက်ကူးထားပြီး နိုင်းနိုင်းနှင့် ဆက်လက်ရိုက်ကူးနေကြောင်း၊ ထက်ထက် မြက်မြက်နှင့် အရာရာတွင် ပြီးပြည့်စုံသော မိန်းကလေးတစ်ယောက်ဖြစ်ချင်၍ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ပြီး ယုံ ကြည်မှုရှိ သော မိန်းကလေးအဖြစ် ကြိုးစားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။
ယုသန္တာတင်ပြောတဲ့ မော်ဒယ်လ်ဘဝဖြတ်သန်းမှု
မော်ဒယ်လ်လောကမှာ နေရာတစ်နေရာ ဆုပ်ကိုင်ထားနိုင်ပြီလို့ပြောရမယ့် သူမက သူမဖြတ်သန်းခဲ့ရတဲ့ မော်ဒယ်လ်ဘ၀ဖြတ်သန်းမှုတွေကို မျှဝေခဲ့ပါတယ်သူငယ်ချင်း” သီချင်းထဲမှာ သရုပ်ဆောင်တဲ့ ကောင်မလေးအဖြစ် လူသိများလာပြီး ကုန်ပစ္စည်းကြော်ငြာတွေမှာ ဆွဲဆောင်
မှုရှိတဲ့ မျက်နှာအနေအထားကြောင့် ပရိသတ်တွေ သတိပြုမိလာသူက မော်ဒယ်လ်ယုသန္တာတင်ပါ။ အခုဆိုရင် မော်ဒယ်လ်လောကမှာ
နေရာတစ်နေရာ ဆုပ်ကိုင်ထားနိုင်ပြီလို့ပြောရမယ့် သူမက သူမဖြတ်သန်းခဲ့ရတဲ့ မော်ဒယ်လ်ဘ၀ဖြတ်သန်းမှုတွေကို မျှဝေခဲ့ပါတယ်။
အစတုန်းက မော်ဒယ်လ်လုပ်ဖို့ လုံးဝရည်ရွယ်ချက်မရှိဘူး။ သမီးဆယ်တန်းအောင်တဲ့အချိန်မှာ နိုင်ငံခြားမှာ ကျောင်းသွားတက်တာတွေက အရမ်းခေတ်စားတယ်။ အဲဒါနဲ့ သမီးလည်း နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တယ်လို့ အိမ်ကိုခွင့်တောင်းတယ်။ အိမ်က အစကတော့ ခွင့်မပြုချင်ဘူး။ နောက်ပိုင်းမှ သင်တန်းတွေတက်ခိုင်း၊ စာမေးပွဲဖြေခိုင်းပြီးတော့ အိမ်ကခွင့်ပြုလိုက်တဲ့အချိန်မှာ နိုင်ငံခြားသွားဖို့ အဆင်သင့်ဖြစ်နေပြီ။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားမှာနေတယ်ဆိုရင် နေတတ်စားတတ်ဖို့အတွက် မော်ဒယ်လ်သင်တန်းတက်ဖို့ ပြောတယ်။ ဒါနဲ့ ကိုဂျွန်လွင်ဆီမှာ သင်တန်းတက်ဖြစ်တယ်။ သင်တန်းတက်နေရင်းနဲ့ ကိုဂျွန်က ပွဲတွေမှာလျှောက်ဖို့ ခေါ်တယ်။ သမီး ဒီအလုပ်မလုပ်ဘူး။ နိုင်ငံခြားသွားမှာမို့လို့ မလျှောက်ပါရစေနဲ့လို့ပြောပြီး ငြင်းခဲ့တယ်။ သင်တန်းပြီးသွားတော့ နိုင်ငံခြားသွားဖို့ ကျောင်းက လှမ်းမခေါ်သေးတဲ့အချိန်မှာ ကိုဂျွန်က ကြော်ငြာရိုက်ဖို့ပြောတော့ ကြော်ငြာရိုက်ဖြစ်တယ်။ ကြော်ငြာထဲက ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး အရမ်းသဘောကျသွားတယ်။ ကြော်ငြာကို သုံးခုလောက် ဆက်တိုက်ရိုက်ပြီး ကိုယ့်ပုံတွေကိုယ်ပြန်ကြည့်လိုက်တော့ အရမ်းကြိုက်ပြီး နိုင်ငံခြား လုံးဝမသွားချင်တော့ဘူး။ ကျောင်းတက်ဖို့ ရည်မှန်းချက်ကို စွန့်လွှတ်ပြီးတော့ မော်ဒယ်လ်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ နောက်ပိုင်းမှာ ပြိုင်ပွဲတွေလည်း ၀င်ပြိုင်ကြည့်တယ်။ Now How မှာ 1st Runner Up နဲ့ Most Popular ရတယ်။ ထိုင်းသံရုံးက မယ်တန်ဆောင်တိုင်ပြိုင်ပွဲမှာ ဒုတိယရတယ်။ ခုနောက်ဆုံး Miss ငွေဆောင်ပြိုင်ပွဲမှာ Miss ငွေဆောင်ဆုရခဲ့တယ်။ ဒါက ကျွန်မရဲ့ မော်ဒယ်လ်ဘ၀ဖြတ်သန်းမှုပေါ့။ အရင်တုန်းကထင်ခဲ့တာက မော်ဒယ်လ်ဘ၀မှာ Miss ဆုတွေရသွားပြီဆိုရင် အနုပညာလမ်းကြောင်းကိုဝင်ဖို့ အရမ်းအခက်အခဲမရှိတော့ဘူး။ Miss တစ်ယောက်ဖြစ်တဲ့အတွက် အလုပ်လည်းပိုလုပ်လာရမယ်လို့ပဲ တွက်ထားမိတာ။ ဒါပေမဲ့ သမီးကျတော့ ထူးခြားသွားတာက Miss ငွေဆောင်ဆုရသွားတဲ့အချိန်မှာ ကမ်းခြေရဲ့ကိုယ်စားလှယ် Ambassador အဖြစ် သမီးနဲ့ကိုသြရသနဲ့ကို ခန့်လိုက်တယ်။ ငွေဆောင်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေအားလုံး လုပ်ခွင့်ရှိတယ်။ ကမ်းခြေရဲ့ကိုယ်စားလှယ်ဆိုတော့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ကိုယ်စားပြုအနေနဲ့ ပြည်ပခရီးစဉ်တွေ သွားခွင့်ရခဲ့တယ်။ ပထမဆုံး လေကြောင်းလိုင်းဖွင့်ပွဲအတွက် ကမ္ဘောဒီးယားကို သွားခွင့်ရခဲ့တယ်။ အခု သီရိလင်္ကာနိုင်ငံရဲ့ ဗုဒ္ဓသာသနာနှစ် ၂၆၀၀ ပြည့်ပွဲကြီးကို သွားခွင့်ရခဲ့တယ်။ ခုလိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ပြီး နိုင်ငံခြားခရီးစဉ်တွေ သွားခွင့်ရတာကိုကျေနပ်တယ်။
ကိုယ့်ဘာသာကိုယ်ဆိုလည်း နိုင်ငံခြားကတော့ ရောက်ဖြစ်နေပေမယ့် အခုလို အလုပ်နဲ့သွားရတော့ ကိုယ့်ကိုယ်ကိုယ်ပိုထိန်းကျောင်းရတယ်။ အနေအထိုင်၊ အပြောအဆိုကအစ ကိုယ်လုပ်တဲ့အပြုအမူတွေ အကုန်လုံးက ကိုယ်စားပြုသွားရမယ့်အဖွဲ့အစည်းပေါ် မူတည်နေတော့ အစစအရာရာ ဂရုစိုက်ရတယ်။ လေ့လာမှုတွေလည်း အများကြီးလုပ်ရတယ်။ ပညာတတ်တစ်ယောက် ဖြစ်ချင်တဲ့ရည်မှန်းချက်က အခုထိတော့ရှိသေးပေမယ့် အရင်ကလောက်တော့ အားကြိုးမာန်တက်မဟုတ်တော့ဘူး။ တစ်ဖက်ကလည်း အနုပညာအလုပ်လုပ်နေတော့ ပညာရေးဘက်မှာလည်း ထိုက်သင့်တဲ့ပညာရပ်တစ်ခုကို လေ့လာဖို့စိတ်ကူးတော့ ရှိပါတယ်။ ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်ကိုလည်း ထွန်းထွန်းပေါက်ပေါက်ဖြစ်အောင် ကြိုးစားမယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကိုယ်က Miss ရခဲ့ရင် ကိုယ်ရခဲ့တဲ့ဆုအပေါ် တန်ဖိုးထားပြီး နေတတ်ဖို့လိုပါတယ်။ ဒါမှ ကိုယ့် Role လေးနဲ့ကိုယ်ရှိမှာပေါ့။ အရင်ကတော့ မော်ဒယ်လ်တစ်ယောက်၊ သရုပ်ဆောင်တစ်ယောက်ဆိုတဲ့ ဘ၀လေးကိုပျော်တယ်။ ခုကျတော့ မော်ဒယ်လ်ဘ၀နဲ့သွားရတဲ့ ပြည်ပခရီးစဉ်တွေက များလာတော့ ကိုယ့်မှာ ဗဟုသုတလည်းတိုးလာတယ်။ အသိပညာတွေလည်း တိုးလာတယ်။ သူတို့နိုင်ငံတွေမှာ ဘာလုပ်ငန်းတွေလုပ်ကြလဲ၊ အရမ်းအောင်မြင်နေတဲ့သူတွေ ဘယ်လိုကြိုးစားလဲ၊ ဘယ်လိုအောင်မြင်အောင် လုပ်ကြလဲဆိုတာ သူတို့နဲ့စကားပြောကြည့်ရင်း လေ့လာတယ်။
ပြိုင်ပွဲတွေရဲ့ မသမာမှုတွေကို ကြုံခဲ့ရတဲ့အချိန်တုန်းကတော့ မသိခဲ့ဘူး။ ပွဲပြီးသွားတော့မှပဲ သိလိုက်ရတော့တယ်။ ဒါပေမဲ့ ကိုယ်က အဲဒီအချိန်မှာ အရမ်းစိတ်မကောင်းဖြစ်သွားတယ်။ ကိုယ့်ရဲ့ အနုပညာသက်တမ်းက အရမ်းနုသေးတော့ ဒီဒဏ်တွေကို မခံနိုင်ဘူး။ အခုတော့ သိသွားတယ်။ ကိုယ်နဲ့မထိုက်လို့ အကြောင်းကြောင်းကြောင့် ဖယ်သွားတယ်။ သူများတွေဘယ်လိုလုပ်လုပ် ဒီဆုက ကိုယ်နဲ့ထိုက်ရင် ကိုယ်ရမှာပဲလို့ ဖြေတတ်သွားတယ်။ စိတ်ပျက်တာ၊ အားငယ်တာတွေဖြစ်တယ်။ ဒီလိုမျိုးတွေ ကြုံရတဲ့အခါ လူတစ်ယောက်မှာ စိတ်ဓါတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်သွားတယ်။ ဒီပြိုင်ပွဲမှမဟုတ်ဘူး။ နောက်ပြိုင်ပွဲတွေဝင်တဲ့အခါလည်း အဲဒီလူက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အရမ်းနည်းသွားတယ်။ အဲဒီဒဏ်ကိုတော့ ကြံ့ကြံ့ခံနိုင်ရမှာပေါ့။ ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းထားတာတွေရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် ရုပ်ရှင်ရိုက်ကူးဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ထင်တယ်။ လူကြီးတွေနဲ့လည်း တိုင်ပင်ထားတယ်။ ဒီလောကထဲဝင်မယ့် မျိုးဆက်သစ်မော်ဒယ်လ်လေးတွေကို ဒီကဏ္ဍကနေပြောချင်တာက ကြိုးစားပါ။ ရိုးသားဖို့လည်းလိုတယ်။ ရိုးသားပြီးကြိုးစားတဲ့ လူတစ်ယောက်အတွက်က ချက်ချင်းကြီးမအောင်မြင်ရင်တောင်မှ ရိုးသားမှုကိုအသိအမှတ်ပြုပေးတဲ့ မှတ်တိုင်လေးတစ်ခုတော့ ရှိလာမှာပါလို့။
Credit: ချမ်းခိုက်ခိုက် (7Day News Journal)
ဤသတင်းဆောင်းပါးကို 7Day ဂျာနယ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။

အနုပညာ ပန်းခင်းအတွင်းမှ ပန်းလေးတစ်ပွင့်။ စတင်ပွင့်လန်းရန် အရှိန်ယူနေသည့် ပန်းကလေးဟုဆိုလျှင် ပို၍မှန်ပေလိမ့်မည်။ မော်ဒယ်လ်စင်မြင့်များ ထက်ဆီမှ ကြော်ငြာ၊ billboard များတွင်ပါ တွေ့မြင်လာရသူ။ တစ်နည်းဆိုရသော် Miss ငွေဆောင်ဆုနှင့် ပရိသတ် တွဲဖက်သိမြင်ထားသူ မော်ဒယ်လ် ယုသန္တာတင်သည် ကြော်ငြာသရုပ်ဆောင် တစ်ယောက်အဖြစ်သို့ ယခုနှစ်ပိုင်းအတွင်း စတင်လှုပ်ရှားလာခဲ့ သည်။ ယုသန္တာတင်၏ အနုပညာခရီးလမ်းအစနှင့် အနုပညာအပေါ်သဘောထား၊ ရှေ့ဆက်လျှောက်လှမ်းမည့် ခရီးတို့ကို ယခုတစ်ပတ် အင်တာဗျူးကဏ္ဍအတွက် မေးမြန်းဖြစ်ခဲ့ရာ . . .
မေး ။ မော်ဒယ်လ်လမ်းကြောင်းကနေ စခဲ့တာဆိုတော့ အနုပညာနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်ကရော။
ဖြေ ။ မော်ဒယ်လ်သင်တန်း တက်ဖြစ်တဲ့ ရည်ရွယ်ချက်က နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စီစဉ်ထားတယ်။ အဲဒီအခါ အားနေတဲ့အချိန်လေးမှာ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုလည်း ပိုရချင်တဲ့အတွက် တက်ဖြစ်သွားတာ။ သင်တန်းပြီး သွားချိန်မှာ အသားဖြူဆေး ကြော်ငြာတစ်ခု ရိုက်ဖြစ်တယ်။ အဲဒီကနေ NaturE၊ မီကို Billboard၊ Max အချိုရည်ကြော်ငြာတွေ ရိုက်ဖြစ်တယ်။ နှစ်လလောက်အတွင်းမှာ ကြော်ငြာတွေ ဆက်တိုက်ရိုက်ဖြစ်ရာကနေ ကိုယ့်ပုံလေးတွေ ကိုယ်ပြန်မြင်ခွင့်ရတော့ ကျေနပ်မိတယ်။ အဲဒီကနေမှ ဒီအလုပ်ကို လုပ်ချင်တဲ့ စိတ်တွေဝင်လာပြီး ဆက်လုပ်ဖြစ်သွားတာ။
မေး ။ ကျောင်းသွားတက်ဖို့ စီစဉ်ပြီးခါမှ မော်ဒယ်လ်အလုပ်ကိုဆက်လုပ်ဖြစ်တာဆိုတော့ တစ်ခါတလေ နောင်တရတာမျိုးရော ရှိလား။
ဖြေ ။ ကျောင်းတက်ဖို့ ရည်ရွယ်ရင်းကနေ ဒီအလုပ်လေးလုပ်ခွင့်ရတဲ့အချိန်မှာ လုပ်ကြည့်ချင်တယ်၊ ကြိုးစားကြည့်ချင်တယ် ဆိုတဲ့စိတ်နဲ့ လုပ်ဖြစ်တာဆိုတော့ တစ်ခါတလေ အားငယ်မိတာမျိုး၊ စိတ်ညစ်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် ယု ဆုံးဖြတ်ထားတာက ကိုယ်လုပ်နိုင်တဲ့ အလုပ်တစ်ခုကို အကောင်းဆုံးဖြစ် အောင်တော့လုပ်ကြည့်မယ်။ လုပ်ရင်းနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုရင်တော့ တခြားတိုးတက်ရာ လမ်းကြောင်း တစ်ခုကို ထပ်ရွေးမယ်ဆိုပြီး ခံယူထားတယ်။ ဒါကြောင့် အနုပညာအလုပ် လုပ်စဉ်မှာလည်း တတ်နိုင်သမျှ ကြိုးစားမှာပါ။
မေး ။ မော်ဒယ်လ်ကနေ သရုပ်ဆောင်ဘက်ကို ကူးကြတဲ့သူတွေများတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ကူးပြောင်းဖို့ရော လွယ်ကူခဲ့လား။
ဖြေ ။ ရှိုးပွဲတွေလျှောက်ရင်းကနေ ပရိသတ်မျက်မှန်းတန်းမိလာသလို ဂျာနယ် မဂ္ဂဇင်းတွေမှာ ဓာတ်ပုံတွေပါလာတော့လည်း ပရိသတ်နည်းနည်း သိလာတာပေါ့လေ။ အဲဒီကနေ ဗီစီဒီတို့ကြော်ငြာတို့ ရိုက်ဖို့လာပြောကြတယ်။ ရိုက်ဖြစ်တဲ့ ကြော်ငြာတွေကလည်း ပရိသတ် သတိထားမိသွားစေတယ် ဆိုတော့အရမ်းတော့ မခက်ခဲခဲ့ဘူးလို့ ဆိုရမှာပါ။
မေး ။ ပရိသတ်စပြီးသိလာပြီဆိုတဲ့ အနေအထားကိုရော ကျေနပ်လား။
ဖြေ ။ ကျေနပ်လောက်တဲ့ အနေအထားတော့ မရသေးဘူး။ အပြင်မှာတွေ့ရင် ဟိုကြော်ငြာထဲက မော်ဒယ်လ် လေ၊ ဟို Billboard မှာ သရုပ်ဆောင်ထားတာစသဖြင့် သိစပြုလာတဲ့ အနေအထားတော့ ရောက်ပြီပေါ့လေ။ ဒါပေမယ့် အများကြီး ကြိုး စားရဦးမှာပါ။
မေး ။ အခွင့်အရေးဆိုတာမျိုး ကရော ကိုယ်တိုင်ဖန်တီးယူဖို့ လိုတာလား၊ ရလာမယ့်အချိန်ကိုပဲ စောင့်နေမယ်လို့ ဆုံးဖြတ်ထားတာလား။
ဖြေ ။ မှန်ကန်သော နည်းလမ်းနဲ့တော့ အခွင့်အရေးရချင်ပါတယ်။ တစ်ခါတလေမှ အခွင့်အရေးဆိုတာကို မသိလို့ လက်လွတ်ရတာ မျိုးရှိသလိုနည်းလမ်းမကျတဲ့ အခွင့်အရေး ဖြစ်တဲ့အတွက် လက်လွှတ်ရတာမျိုးလည်း ရှိပါတယ်။ မှန်ကန်သော နည်းလမ်းနဲ့ရလာတဲ့ အခွင့်အရေးမျိုးကိုပဲ လိုချင်ပါတယ်။ ယုရှေ့မှာ တိုင်ပင်ရမယ့် အမေတို့ ဆရာသမားတွေတို့ ကိုယ့်ထက်ဝါရင့်တဲ့စီနီယာတွေကို တိုင်ပင်လို့ရတဲ့အတွက် ဘယ်အလုပ်မဆို ညှိနှိုင်းတိုင်ပင်ပြီးမှပဲ ဆုံးဖြတ်ဖြစ်တယ်။
မေး ။ ဇာတ်ကားတွေရိုက်ဖို့ရော စပြီး လက်ခံဖြစ်နေပြီလား။
ဖြေ ။ ဇာတ်ကားရိုက်ဖို့ စဉ်းစားနေဆဲ ပါပဲ။ လာပြောထားတဲ့ ဇာတ်တွေက အများကြီးရှိပေမယ့် သူတို့ပေးလာတဲ့ ဇာတ်ကောင်စရိုက်က ယုကလုပ်နိုင် မလုပ်နိုင်ဆိုတာ စဉ်းစားနေတာပါ။
မေး ။ ကြော်ငြာတွေက တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့ အမြန်ဆုံးထိတွေ့နိုင်တဲ့ အရာဖြစ်နေတော့ ကြော်ငြာတွေမှာ သရုပ်ဆောင်တဲ့အခါမှာရော သေချာပြင်ဆင်ဖြစ်တာမျိုးရှိလား။
ဖြေ ။ ဟုတ်ပါတယ်။ ယုတို့လို စပြီး ကြိုးစားနေရတဲ့ အနေအထားမှာ ကြော်ငြာတွေက အရေးကြီးပါတယ်။ ကြော်ငြာတစ်ခုက ရိုက်ပြီး တစ်လလောက်အတွင်း ပြန်ထုတ်လွှင့်သလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ထုတ် လွှင့်တဲ့အတွက် ပရိသတ်နဲ့ပိုပြီး ထိတွေ့ခွင့်ရတယ်လေ။ ကြော်ငြာရမယ့် ကုန်ပစ္စည်းနဲ့ လိုက်ဖက်တဲ့ အ၀တ်အစား၊ အပြင်အဆင်ဖြစ်အောင် ကြို ပြင်ဆင်သလို သရုပ်ဆောင်တဲ့အခါမှာ လည်းတစ်ခုနဲ့တစ်ခု မထပ်အောင်ခွဲပြီး သရုပ်ဆောင်ဖြစ်ပါတယ်။
မေး ။ အနုပညာဆိုတာကို ဘယ်လိုနားလည်ထားလဲ။ အနုပညာနဲ့ ပတ်သက်လို့ရော ဘယ်လို ခံယူချက်ထားလဲ။
ဖြေ ။ အနုပညာဆိုတာက သင်ယူ လေ့လာလို့ မဆုံးနိုင်တဲ့ ပညာတစ်ခုပါ။ ဒါကြောင့် ယုအနေနဲ့ တတ်စွမ်းသရွေ့ သင်ယူလေ့လာသွားဖို့ ဆုံးဖြတ်ထားပါတယ်။ နောက်ထပ် ခံယူထားတာ က အနုပညာလမ်းကြောင်းပေါ်မှာ ဖြောင့်မတ် မှန်ကန်သော နည်းလမ်း နဲ့ပဲ လျှောက်လှမ်းဖို့ပါပဲ။
မေး ။ ဒီလမ်းကြောင်းပေါ်လျှောက်ရင် ကိုယ်စွမ်းကိုယ်စ ဆိုတာထက် သူများ အထောက်အပံ့ဆိုတာမျိုး မျှော်ကိုးကြတာတွေ များနေတဲ့ အပေါ်မှာ ညီမလေးက ဘယ်လိုခံယူထားလဲ။
ဖြေ ။ ဘယ်သူတွေ ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်တိုင်းကိုပဲ အကောင်းဆုံးဖြစ်အောင် စဉ်းစားပါတယ်။ လူတွေအားလုံးကတော့ သူ့အကြောင်း တရားနဲ့သူ၊ သူ့ခံယူချက်နဲ့သူပေါ့ လေ။ ယုအနေနဲ့ကတော့ ကိုယ်လုပ် စရာရှိတာလေးလုပ်၊ ကိုယ်နေတတ်သလို အေးအေးဆေးဆေးပဲ နေပြီးအချိန် တန်ရင်တော့ ကိုယ့်ရဲ့အကျင့်စာရိတ္တ၊ ကိုယ့်ရဲ့အနေအထိုင်အပြုအမူကို သိလာလိမ့်မယ်လို့ပဲ ခံယူထားပါတယ်။
မေး ။ လတ်တလော အနုပညာလှုပ်ရှားမှုအနေ နဲ့ ရော။
ဖြေ ။ လတ်တလောက ကုန်ပစ္စည်းပွဲတစ်ခုမှာ မော်ဒယ်လ်လျှောက်ရမယ်။ ကြော်ငြာက Brands ကြက်ပေါင်း ရည်ရိုက်ဖို့ရှိတယ်။ Billboard ကြော်ငြာတစ်ခု ရိုက်ဖို့လည်း ရှိတယ်။
ဤတွေ့ဆုံမေးမြန်းခန်းကို Eleven ဂျာနယ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။


ခင်မောင်တိုး၊ Lလွန်းဝါ၊ ဟဲလေး၊ ချစ်သုဝေ၊ သဇင်၊ ဂျင်းနီတို့ အဆိုတော်ခြောက်ဦးသည် Lazy Club Band နှင့်အ တူ ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၁၈ရက်နေ့တွင် ဖျော်ဖြေရေးခရီးထွက်ခွာသွားခဲ့သည်ဟု သတင်းရရှိသည်။သဇင်တို့ဒီကနေ ၁၈ရက်နေ့ထွက်မယ်။ ဟိုမှာ တကယ်ဆိုမှာကတော့ တစ်ပွဲပါပဲဟု ဖျော်ဖြေရေးတွင် ပါဝင်မည့် အဆို တော်သဇင်က ပြောပြခဲ့သည်။ ဖျော်ဖြေပွဲအား ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ၌ စက်တင်ဘာလ ၂၁ရက်နေ့တွင် ပြုလုပ်မည်ဖြစ် သည်။ခင်မောင်တိုး၊ Lလွန်းဝါ၊ ဟဲလေး၊ ချစ်သုဝေ၊ သဇင်၊ ဂျင်းနီတို့ အဆိုတော်ခြောက်ဦးသည် Lazy Club Band နှင့်အ တူ ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၁၈ရက်နေ့တွင် ဖျော်ဖြေရေးခရီးထွက်ခွာသွားခဲ့သည်ဟု သတင်းရရှိသည်။သဇင်တို့ဒီကနေ ၁၈ရက်နေ့ထွက်မယ်။ ဟိုမှာ တကယ်ဆိုမှာကတော့ တစ်ပွဲပါပဲဟု ဖျော်ဖြေရေးတွင် ပါဝင်မည့် အဆို တော်သဇင်က ပြောပြခဲ့သည်။ ဖျော်ဖြေပွဲအား ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ၌ စက်တင်ဘာလ ၂၁ရက်နေ့တွင် ပြုလုပ်မည်ဖြစ် သည်။
မင်္ဂလာ သတင်းကြားရဖို့ နီးစပ်လာတဲ့ ကြိုးကြာ
မိန်း ကလေး ခံစား ချက် သီချင်း  အေးအေး လေး များဖြင့် ပရိသတ်  ရရှိ ထားသူ တေးသံ ရှင် ကြိုးကြာ က  သူမ ၏ မင်္ဂလာပွဲ နှင့် ပတ်သက်ပြီး  ယခုကဲ့သို့ ပြောကြားသည်။  သမီးရဲ့မင်္ဂလာ သတင်းက  တော့ ပထမ တုန်း ကတော့ ဒီဇင်ဘာ လို့ စီစဉ် ထားခဲ့ပါတယ်။ ဒါပေ  မဲ့ အခု ဒီဇင်ဘာက လည်း ကပ်နေပြီ  ဆိုတော့ နောက်ရွှေ့ဖြစ်မယ်ထင်  တယ်။ သေချာ အတိအကျ ဘယ်ရက် ရယ်လို့ တော့ မပြောချင် သေးဘူး ဟု သူမက ပြောသည်။  ကြိုးကြာ၏ ချစ်သူမှာ အနုပညာ လောကထဲမှပင် ဖြစ်ပြီး  သူမ၏ ချစ်သူကို ဘဝ လက်တွဲဖော်  အဖြစ် မည်သည့် အကြောင်းအ  ချက်များ ကြောင့် ရွေးချယ်ဖြစ်  သည်ကိုလည်း ဘဝ တစ်ခုလုံး  လက်တွဲ သွားဖို့ အတွက် အဓိက  ကတော့ သမီး သူ့အပေါ် ယုံကြည်  တယ်။
အဲဒါကြောင့် လည်း စေ့စပ်  ဖြစ်သွား တာပါ။ နှစ်ယောက်လုံးရဲ့  အလုပ်နဲ့ ပတ်သက်ရင်တော့ သူ့ကို  အဝတ်အစား ပိုင်း အကြံပေးဖြစ်  တယ်။ ကျန်တာ တော့ သိပ်မရှိ  ပါဘူးဟု ချစ်သူနှင့် ပတ်သက်ပြီး  ပြောပြသည်။  ကြိုးကြာက သူမ၏ မင်္ဂလာ  ပွဲကို နံနက်ပိုင်းတွင် ဘုရား  ကျောင်း၌ တစ်ပွဲ ပြုလုပ်ပြီး ညဘက်  တွင် ညစာ စားပွဲတစ်ပွဲ စုစုပေါင်း  နှစ်ပွဲသာ ပြုလုပ်ရန် စဉ်းစား ထား  သည်ဟုဆိုသည်။ လတ်တလော  တွင်ဂီတနှင့် ပတ်သက်၍ ဘုရား  သီချင်းများ သီဆို ဖြစ်နေပြီး အစ်မ  ဖြစ်သူ စင်ဒီ နှင့် နှစ်ယောက်တွဲ  အခွေ စီစဉ်နေသည် မှာလည်း  တစ်ဝက်ခန့် ပြီးစီးသွားပြီဟု ပြော  သည်။ သီချင်း အမျိုးအစားမှာ နှစ်  ယောက်လုံးနှင့် လိုက်ဖက်သည့်  သီချင်းအေးများ ဖြစ်ပြီး R&B  ရောထားသည့် သီချင်း ပုံစံ  လေးများ ထည့်သွင်း ထားသည်ဟု  ဆိုသည်။
လူတိုင်းကိုတော့ ကိုယ်တတ်နိုင်သလောက် အလှူအတန်းလုပ်စေချင်တယ်လို့ ပြောတဲ့ ဖြိုးငွေစိုး
ကျွန်တော် နယ်သွားတုန်းက အလှူလုပ်ဖူးတယ်။ အဲဒါမှတ်မှတ်ရရ တစ်ယောက်တည်း လုပ်ဖြစ်တဲ့ အလှူပေါ့။ မိသားစုနဲ့ကတော့ ခဏခဏလှူဖြစ်တယ်။
အလှူလုပ်တဲ့အခါ ခံစားရတဲ့ကြည်နူးမှုက ဘာနဲ့မှမတူဘူး။ ကျွန်တော့်မွေးနေ့နဲ့ တိုက်ဆိုင်သွားတော့ အဲဒီနယ်ကိုသွားရင်း အလှူလုပ်ဖြစ်သွားတာ။ အဲဒီရွာလေးမှာ လူပေါင်း (၇၀၀)လောက်ရှိမယ်ထင်တယ်။ သူတို့ကို စတုဒီသာ ကျွေးတာ။ ရွာကလူတွေပဲ ဝိုင်းဝန်းပံ့ပိုးကူညီပြီး လုပ်ကိုင်ပေးကြတာလေ။ အရမ်းလည်း ပျော်စရာကောင်းတယ်။
သူတို့က ဟန်ဆောင်တာလည်း မရှိဘူး။ ရိုးသားတဲ့ တောသူတောင်သားတွေဆိုတော့ သူတို့စားနေတာကို ကြည့်ရင်းနဲ့ကို ပီတိတွေဖြစ်လာတယ်။ လှူတန်းတယ်ဆိုတာ အလှူကြီးလုပ်မှမဟုတ်ပါဘူး။ လူတိုင်းကိုတော့ ကိုယ်တတ်နိုင်သလောက် အလှူအတန်းလုပ်စေချင်တယ်။ လှူဒါန်းခွင့်လည်း ရစေချင်တယ်။
ကျွန်တော်ဆိုရင် အနုပညာလောကထဲကို အသက်ငယ်ငယ်နဲ့ ရောက်လာတာဆိုတော့ ပရိသတ်ရဲ့ အားပေးမှု၊ ပြောရမယ်ဆိုရင် ပရိသတ်ရဲ့ ငွေကြေးတွေနဲ့ ရပ်တည်လာတယ်။ အလှူတွေလုပ်တာကလည်း ပရိသတ်ရဲ့ ငွေကြေးတွေနဲ့ပါပဲ။ ကျွန်တော်လှူရင် ကျွန်တော် ကုသိုလ်ရသလို ပရိသတ်လည်းကျွန်တော်နဲ့ ထပ်တူကုသိုလ်ရမှာပဲ လို့ထင်တယ်။
ဒါပေမဲ့ လူတိုင်းကိုတော့ ကိုယ်တတ်နိုင်သလောက် အလှူလေးတွေ လုပ်စေချင်တယ်။ နည်းတာများတာ အဓိက မဟုတ်ပါဘူး။ လှူတတ်ဖို့ အဓိက ကျပါတယ်။
အားနာပြီး ရိုက်ပေးရတာမရှိ ကြိုက်တာသာ ရွေးရိုက်တာရှိတဲ့ လတ်တလော သင့်ကိုချစ်နေရသော အေသင်ချိုဆွေ
လတ်တလောမှာ သရုပ်ဆောင် မိုးအောင်ရင်၊ ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ) နှင့် “သင်ကချစ်၍ သင့်ကိုချစ်ရသော” ဗီဒီယို ရိုက်နေတဲ့ အဆိုတော် အေသင်ချိုဆွေက ဗီဒီယို ၁၀ ကားကျော် ရိုက်ပြီးပါပြီ။ ပရိသတ်ရှေ့ ၅ ကားခန့် ရောက်ရာ ဗီလိန်ဇာတ်ရုပ်ကိုလည်း ပရိသတ်အားပေးမှု ရခဲ့ပါတယ်။
အဆိုတော်ဖြစ်ပြီး မင်းသမီးငယ်တစ်ယောက်အနေနဲ့ ဇာတ်လမ်းရွေးချယ်မှုကိုတော့ “အေသင် ကားရိုက်လည်း နည်းပါသေးတယ်။ အဲဒီအတွက် အားနာပြီး ရိုက်ပေးရတဲ့ ကားလဲ မရှိပါဘူး။ ကြိုက်တဲ့ဇာတ်ကိုပဲ ရွေးရိုက်တာပါ။ အထူးသဖြင့် အေသင်နဲ့လိုက်မယ့် ဇာတ်ရုပ်ကိုပဲ ရိုက်ပါတယ်”လို့ ဆိုပါတယ်။
အေသင်ချိုဆွေလည်း ခပ်ဝဝလေး ဖြစ်နေတာမို့ “ဒါနည်းနည်းပိန်သွားတာ။ ခုလည်း အင်္ကျီပွနေတာရယ်၊ ဦးနဲ့ မဆုံဖြစ်တာကြာသွားတာကြောင့်ရယ် ဝတယ်ထင်တာပါ။ ကားရိုက်ရှိရင်တော့ ဝိတ်ချရပါတယ်။ သမီးက နယ်ရှိုးတွေများတော့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်လည်းသိပ်မရဘူး။ ဒီတော့ ဝလာတယ်။ ကားရိုက်ရှိရင် တစ်ပတ်၊ ဆယ်ရက်လောက် လေ့ကျင့်ခန်းကိုဆက်တိုက်လုပ်တယ်။ အဲဒီအခါ ပိန်သွားတယ်။
ခုလည်း ဝိတ်အတော်ကျသွားပါတယ်”လို့ ရှင်းပြလာပါတယ်။ အေသင်ချိုဆွေရဲ့ ဒုတိယတစ်ကိုယ်တော်စီးရီးလည်း ထွက်ပါတော့မယ်။ စက်တင်ဘာလ ထွက်မှာ ဖြစ်ပြီး စီးရီးတိုင်တယ်ကိုတော့ မသိစေချင်သေးပါတဲ့။
သရုပ်ဆောင်ဘက်ကနေ အခုသီချင်းခွေထွက်ဖို့ လုပ်ရတာ စီးပွားရေးကြောင့်မဟုတ်ပါဘူး ဝါသနာကြောင့်ပါ ဆိုတဲ့ စိုးပြည့်သဇင်
“ချစ်သူရွေးမယ်” ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးထွက်ဖို့ ပြင်ဆင်နေတဲ့ စိုးပြည့်သဇင်က သီချင်းဆိုတာ စီးပွားရေးကြောင့် မဟုတ်ပါဘူး။ ဝါသနာကြောင့်ပါလို့ဆိုပါတယ်။
သူမရဲ့ ချစ်သူရွေးမယ် တေးစီးရီးနဲ့ ပတ်သက်ပြီး . . . “သံစဉ်ကတော့ အစုံပါပဲ၊ အေးတာရော၊ မြူးတာရော၊ ပရိသတ်ကြိုက်မယ့် ပုံစံလေးတွေရောပေါ့။ ပုံစံမျိုးစုံ ခံစားလို့ရအောင် လုပ်ထားတယ်။ တီးဝိုင်းက Lazy Club နဲ့ပါ။ တေးရေးတွေက မြင့်မိုးအောင်၊ မင်းချစ်သူ၊ ဇဝါ၊ Rခိုင်၊ လာဇရု၊ ကေအေတီ တို့ပါတယ်။ အားလုံးပြီးပါပြီ။ ဒါပေမဲ့ Mix Down ဆွဲဖို့ ကျန်သေးတယ်။
အဲဒါကြောင့်ခွေက တစ်ဝက်ကျော်နီးပါးပဲ ပြီးသေးတယ်။ ဘယ်တော့လောက် ဖြန့်မလဲတော့ မပြောနိုင် သေးဘူး။ ဒီနှစ်ထဲမှာတော့ ဖြစ်နိုင်အောင် ကြိုးစားနေပါတယ်” လို့ဆိုသွားပါတယ်။ သူမက သရုပ်ဆောင်ဘက် မှာလည်း တစ်ခါမှ သရုပ်မဆောင်ဘူးသေးတဲ့ ယောက်ျားလေးပုံစံ သရုပ်ဆောင်နိုင်ရန် လေ့ကျင့်နေတယ်လို့ ဆိုသွားပါတယ်။

 from ; heroprince

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More