News Post

Sunday, June 9, 2013

နန်းခင်ဇေယျာနှင့် ယဉ်ကျေးမှုတိုက်ပွဲအစ ( old post )

သူမအရင် ၀တ်ဆင်ခဲ့သော တိုင်းရင်းသားဝတ်စုံနှင့် လွန်စွာခြားနားလှသော ရင်သားကလေး မလုံ့တလုံ၊ တင်ပါး ကလေး မလုံ့တလုံဖြင့် ကမ္ဘာ့ စာမျက်နှာတွင် ဒါဟာမြန်မာပါဟု မခို့တရို့အပြုံး ကလေးဖြင့် ကြွေးကြော် ယှဉ်ပြိုင်နေသူကတော့ တောင်ကြီးသူလေး နန်းခင်ဇေယျာပင်ဖြစ်သည်။ သူမသည် လှပပေ၏။ သူမသည် ထူးချွန်ပါပေ၏။သို့သော် သူမသည် အရှက်ကို အသက်ထက် တန်ဖိုးထားသော မြန်မာ မိန်းကလေး တစ်ဦး ပင် ဖြစ်သည်။
သူမထက်အရင် ရေကူးဝတ်စုံဖြင့် ပြိုင်ပွဲဝင်ခဲ့သူရှိသော်လည်း တရားဝင်မြန်မာကိုယ်စားပြုမဟုတ်

အမြင် ကျဉ်းမြောင်းသည်ပဲ ဆိုဆို၊ ခောတ်နောက်ပြန် ဆွဲသည်လို့ပဲ ဆိုဆို မြန်မာ မိန်းကလေးများ ကမ္ဘာ့ စာမျက်နှာ တွင် ရေကူးဝတ်စုံများဖြင့် ပြုံးရွှင်စွာ ဓာတ်ပုံအရိုက်ခံနေ သည်ကို ကျွန်တော့် အနေဖြင့် လက်ခံနိုင်စရာ မရှိ။ ဘာသာရေးကို ဦးစားပေးသော နိုင်ငံများမှ ကမ္ဘာ့ အားကစား ပြိုင်ပွဲများ ဖြစ်သော အားကစား ပြိုင်ပွဲများ တွင် ၄င်းတို့ နိုင်ငံ များ၏ အမျိုးသမီးများအား ၀တ်စုံ ကန့်သတ်ချက်များဖြင့် ယှဉ်ပြိုင်ခွင့် ရနိုင်စေရန် ကြိုးစားနေကြချိန်တွင် ယဉ်ကျေးမှုကို ဦးစားပေး ရမည့် ကျွန်တော်တို့ နိုင်ငံအနေဖြင့် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများ အစား အခြားနိုင်ငံ့ ဂုဏ်ဆောင်စရာ ပြိုင်ပွဲများစွာ ရှိပေသည်။
ရှက်စရာမဟုတ်လျှင် ဘာကြောင့်ရှက်ရမည်နည်း။
သူမကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများ ခေတ်စားလာခြင်းကို ခွင့်ပြု ပါမည်လား။ သတင်းဂျာနယ်များတွင် ထိုသို့သောပုံများ ပါလာခြင်းကို လက်ခံပါမည်လား။ မြန်မာ မိန်းကလေးတို့၏ ဆွဲဆောင်မှုသည် မြန်မာမိန်းကလေးတို့၏ အရှက်ကို တန်ဖိုးထားမှုပင် ဆက်လက်ဖြစ်နေ သင့်ပေသည်။ နာမည်ကြီး စာရေးဆရာမကြီးတစ်ဦးသည် ပြည်ပ၌ ပညာသင်နေချိန်တွင် ရင်ဖုံးနှင့်ထမီကို ၀တ်ခဲ့၍ နိုင်ငံနှင့် မြန်မာ အမျိုးသမီး များအပေါ် သူများအထင်ကြီးလေးစားမှုကို ရရှိခဲ့ကြောင်း ဖော်ပြခဲ့ဖူး သည်။ ယခု နန်းခင်ဇေယျာ ဘီကီနီဖြင့် ယှဉ်ပြိုင် ရန် လူသောင်းပေါင်း များစွာက အားပေးနေကြ သည်ကို သိလျှင် ထိုဆရာမကြီးတို့ ထိန်းသိမ်းခဲ့ ရသမျှ မြန်မာ အမျိုးသမီး တို့၏ ဂုဏ်အင်အတွက် လွန်စွာ ယူကြုံးမရ ဖြစ်ပေလိမ့်မည်။
ခောတ်အလိုက်ပြောင်းလာသည်မှန်သော်လည်း ဤအဆင့်တွင်သာရပ်သင့်ပါသည်
မြန်မာမိန်းကလေးများသည် အလွန်အတုခိုးမြန်၏။ ပြည်ပနိုင်ငံများမှ ယဉ်ကျေးမှုစီးဆင်းမှုအရ စကဒ်ကို၊ အင်္ကျီတိုများ ၀တ်ဆင်ကြ၏။ သို့သော် ရင်တစ်ခြမ်း၊ တင်တစ်ခြမ်းနှင့် အရှက်လုံရုံသာ ၀တ်ဆင်၍ လူရှေ့ ထွက်ခြင်း ကို ရှက်ရွံ့ဆဲပင်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း သရုပ်ပျက်မှုများ အတွက် မြန်မာတို့သည် ထိန်းသိမ်းနေ ရသည်။ ဘုရားရင်ပြင်တော် များတွင် အမျိုးသမီးများ ၀တ်စားဆင်ယင်မှု အတွက် ကန့်သတ်နေရသည်။ မီဒီယာ ဂျာနယ်များ တွင် ဆောင်းပါးများဖြင့်၊ ရုပ်သံ အစီအစဉ်များတွင် ပညာပေး အစီအစဉ်များဖြင့်၊ နှစ်စဉ် ၀တ်စားဆင်ယင်မှု ပြပွဲများဖြင့် နည်းလမ်း အမျိုးမျိုးကြိုးစား ထိန်းသိမ်းနေရ ချိန်တွင် သူမကို အကြောင်းပြု၍ ယဉ်ကျေးမှုကို လွတ်လပ်မှု ဖြင့် အစားထိုးဖို့ သင့်တော်မည် မဟုတ်ပါ။
နန်းခင်ဇေယျာသည် မြန်မာနိုင်ငံကိုယ်စားပြုသည့် ၀တ်လစ်စလစ်နီးပါး ပုံဖြင့် ကမ္ဘာကျော်အောင်ကြိုးစား ချင်သည့် တစ်ဦး တည်းသော တရားဝင် အလှမယ်တစ်ဦးဖြစ်လာလေပြီ။ ပြီးခဲ့သည့် သင်္ကြန်ကာလတွင် မင်းသမီး တစ်ဦး ခေတ်မီဝတ်စား ဆင်ယင်မှုများအတွက် ခေါ်ယူ သတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။ ယခု နန်းခင်ဇေယျာခွေဟု ဆိုကာ နန်းခင်ဇေယျာ ပုံများဖြင့် ရောင်းမလောက်ခွေများ ထပ်ထွက်လာလျှင် သူမအား မည်သူခေါ်ယူ သတိပေးမည်နည်း။ မည်သူ့တွင် တာဝန်ရှိသနည်း။ ထိုသို့သော ဘီကီနီဝတ်စုံဖြင့် ပြိုင်ပွဲ ၀င်ခြင်းကို ခွင့်ပြုပါလျှင် ထိုသို့သော ၀တ်စုံဖြင့် ရုပ်ရှင် ရိုက်ခြင်းကိုလည်း ခွင့်ပြုရပေမည်။ ၁၈ နှစ်အထက်ဆိုသော စာတမ်းများ အား မြန်မာနိုင်ငံတွင် နေရာယူလာပေတော့မည်။ သို့ပါဆိုလျှင် မြန်မာ မိန်းကလေးများ၏ ယဉ်ကျေးမှု ဆိုသည်ကို မည်သည့်အရာနှင့် တိုင်းတာမည်နည်း။
 ဤစားသောက်ဆိုင်များတွင် ဘယ်လိုဝတ်စုံမျိုးများ ဖြစ်လာမလဲ..


ခေတ်ကာလပြောင်းလဲ လာသည်နှင့်အမျှ လူတို့အနေဖြင့် လွတ်လပ်မှုကို တောင့်တကြသည်မှာ အမှန်ပင်ဖြစ်သည်။ ပူအိုက်သော ရာသီတွင် ဘောင်းဘီတို၊ စကပ်တိုများ ၀တ်ဆင်ချင်ကြသည်။ ကမ်းခြေတွင် ရေကူးလျှင် ရေကူးဝတ်စုံ ဖြင့်သာ ကူးချင်ကြသည်။လွတ်လပ်မည်သာ ဆိုပါက အရာအားလုံး ကို ဖွင့်ဟဖို့ အမြဲအဆင်သင့်ဖြစ်နေကြပေသည်။


မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်စားသော မိန်းကလေးများစွာနှင့် ထိုလုပ်ငန်း လုပ်သော နေရာပေါင်း များစွာ ရှိသည်။ အားလုံးလဲ သိကြသည်။ သို့သော် လုပ်သားထုတစ်ရပ် အနေဖြင့် ထိုမိန်းကလေးများ အား သတ်မှတ်ပေးရန် မလိုအပ်ပါ။ အခြားနိုင်ငံများတွင် ခွင့်ပြုသဖြင့် မြန်မာနိုင်ငံတွင်လည်း ခွင့်ပြုရမည် မဟုတ်ပါ။ မြန်မာသည် မြန်မာပင်ဖြစ်သည်။ ကျွန်တော်၏ ညီမဖြစ်စေ၊ သမီးလေးများဖြစ်စေ၊ လူပုံ အလယ်တွင် ထိုသို့သော ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုချင်သလို၊ နန်းခင်ဇေယျာ ဆိုသော မြန်မာ မိန်းကလေး တစ်ယောက်၏ အရှက်ကုန်ခမ်းမှုကို ကျွန်တော်အနေဖြင့်လည်း စိတ်မကောင်း ကြီးစွာ ဖြစ်မိပါသည်။ 

0 comments:

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More