Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Thursday, May 30, 2013

သင်ဇာနွယ်ဝင်း ရဲ့ ဓာတ်ပုံ စုစည်းမှု


ထူးထူးခြားခြား ရေအောက်တွင် လက်ထပ်ခွင့် တောင်းခံခဲ့သည့် အမေရိကန် နိုင်ငံမှ အမျိုးသား

ဝါရှင်တန် မေ ၂၂
အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ် လန့်ခ်ျဘာ့ဂ် မြို့မှ ဂျက်ဆီကာ ဖော်ဘီစ် ဆိုသော အမျိုးသမီးငယ် လေးသည် သူမ ချစ်သူ၏ လက်ထပ်ခွင့် တောင်း နည်းကြောင့်   စိတ်လှုပ်ရှား အံ့သြရကြောင်း သိရသည်။
ဂျက်ဆီကာ၏ ချစ်သူသည် သူမထက်  နှစ်နှစ်နီးပါး အသက်ကြီးသည့် အသက် ၂၃ နှစ်အရွယ်  ဂျိုးဇက်ဟောက်စ် ဆိုသူဖြစ်ပြီး ၎င်းက ဂျက်ဆီကာအား ကာရစ်ဘီယံ ပင်လယ်ရေအောက် ကြမ်းပြင်တွင် ရေငုပ်ရင်း လက်ထပ်ခွင့် တောင်းခံခဲ့သည်။
ဂျိုးဇက်သည် ဂျက်ဆီကာနှင့် အတူ ရေငုပ်ရင်း ပင်လယ် ကြမ်းပြင်အောက် တစ်နေရာတွင် ဒူးထောက်ကာ လက်ဟန်ခြေဟန် ပြ၍ ဂျက်ဆီကာ၏ လက်ကိုတောင်း ပြီး စေ့စပ်လက်စွပ် စွပ်ပေးခဲ့သည်။
ထို့နောက် ရေစိုခံ ပင်လယ်ကြမ်းပြင် မြေပုံကို ဂျက်ဆီကာအား ပြသခဲ့သည်။ မြေပုံ၏ အောက်ခြေနားတွင် ““ကိုယ့်ကို လက်ထပ် နိုင်မလား”” ဟု ရေးသား ထားခဲ့သည်။ သို့ရာတွင်၊  စေ့စပ်လက်စွပ်၊ ပျောက်မည် စိုးသဖြင့် ဂျိုးဇက်က သူ၏ရေကူး ၀တ်စုံတွင် ပိုးမျှင်ဖြင့် ချည်နှောင် ထားခဲ့သည်။
ရေငုပ်ရာမှ ပြန်လည် တက်ရောက်ပြီး မိမိလက်ကို ကြည့်မှသာလျှင် စေ့စပ် လက်စွပ်မှန်း သိခဲ့ရကြောင်း၊ ဂျိုးဇက်၏ အပြု အမူသည် မိမိအတွက် တစ်သက် မမေ့စရာ ရင်ခုန် စိတ်လှုပ်ရှား ရသော အဖြစ်အပျက်ပင် ဖြစ်ကြောင်း ဂျက်ဆီကာက သူမ၏ ရင်ခုန်သံကို ပြန်လည် ပြောကြားခဲ့သည်။ ထူးခြားစွာ စေ့စပ်ခဲ့သည့် ဂျိုးဇက်တို့ စုံတွဲသည် ဂျက်ဆီကာ ကျောင်းမပြီး သေးသည့်အတွက် လက်ထပ်မည့် ရက်ကို မသတ်မှတ် ရသေးကြောင်း သိရသည်။

သွားလေရာ နေရာတိုင်းသို့ အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် အိမ်ကို တရုတ် အမျိုးသား တစ်ဦး သယ်ဆောင်

ပေကျင်း မေ ၂၆
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်းရှီး ပြည်နယ်မှ လျူလင်ချိုး အမည်ရှိ အမျိုးသား တစ်ဦးသည် ၎င်း၏ စိတ်ကူးဖြင့် ဖန်တီးထားသော အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် အိမ်ကလေးကို
သွားလေရာသို့ သယ်ဆောင်သွားလေ့ ရှိကြောင်း သိရသည်။ လျူသည် ပြန်လည်ပြုပြင် အသုံး ပြုနိုင်သော အချိုရည် ပုလင်းခွံ များကို လှည့်လည် ရောင်းဝယ်သည့် အရောင်းအ၀ယ် သမား တစ်ဦးဖြစ်ပြီး ၎င်း၏ အိမ်လေးကို လွန်ခဲ့သော ငါးနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအိမ်လေးသည် မိမိ သွားလေရာ နေရာတိုင်းသို့ အလွယ်တကူ သယ်ဆောင်နိုင်ပြီး  ယင်းကဲ့သို့ သယ်ဆောင် နိုင်သောကြောင့် ခရီးသွားရာ လမ်းတစ်လျှောက်တွင် ငွေကြေး အကုန်အကျ သက်သာကြောင်း၊ ၎င်းအိမ်လေးကို ၀ါးတိုင်များ၊ ပလတ်စတစ် ပြားများနှင့် ဆောက်လုပ်ထားပြီး အိမ်လေး၏ အလေးချိန်မှာ ၆၀ ကီလိုဂရမ် ၀န်းကျင်ရှိကြောင်း လျူ၏ ပြောကြားချက်များ အရ သိရသည်။

ဂီတပညာရှင် ဘရက်ဒ်ကာတာ ဦးနှောက် ခွဲစိတ်မှု ခံယူစဉ် ဂီတာ တီးခတ်ခဲ့

လော့စ်အိန်ဂျလိစ် မေ ၂၆
အမေရိကန် ပြည်ထောင်စုမှ ဂီတ ပညာရှင် ဘရက်ဒ်ကာတာ အမည်ရှိ အသက် ၃၉ နှစ် အရွယ် အမျိုးသားသည် လော့စ်အိန်ဂျလိစ် မြို့ရှိ ဆေးရုံ၌ မေ ၂၃ ရက်က ဦးနှောက် ခွဲစိတ်မှု ခံယူစဉ် ဂီတာ တီးခတ်ခဲ့ကြောင်း သိရသည်။
ကာတာသည် ၂၀၀၆ ခုနှစ်က ခံစား ခဲ့ရသော ပါကင်ဆင် ရောဂါကြောင့် ဖြစ်ပေါ်လာသည့် တုန်တုန်ယင်ယင် ဖြစ်ခြင်းနှင့် အခြား အခြေအနေ များကို ကုသရန် အတွက် ဆရာဝန် များက ၎င်း၏ ဦးနှောက်အား ခွဲစိတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ခွဲစိတ် ဆရာဝန် များသည် ကာတာ၏ ဦးခေါင်း အတွင်းသို့   ဦးနှောက်ကို အလုပ် လုပ်စေရန် အထောက်အကူ ပြုစေသည့် အီလက်ထရွန်နစ် ကိရိယာ ထည့်သွင်းပြီး နောက်တွင် ဦးခေါင်း အတွင်းသို့ လျှပ်ခေါင်းများကို နေရာ မှန်ကန်စွာ ချနိုင်ရေး အတွက် လှုံ့ဆော်မှု ပေးနိုင်စေရန် ဆရာဝန် များက ကာတာအား ဂီတာ တီးခတ်ရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ကာတာသည် ဆရာဝန် များက ဦးနှောက် အတွင်းသို့ လျှပ်ခေါင်းများ နေရာ ချပြီးသည့် အချိန်အထိ ဂီတာ တီးခတ်ခဲ့သည့် အပြင် ၎င်းနှစ်သက်သည့် တေးသီ ချင်းများ ကိုပါ သီဆို ခဲ့ကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်မှုသည် UCLA ဆေးဘက်ဆိုင်ရာ ဌာန၏ အကြိမ်(၅၀၀) မြောက် ဦးနှောက် ခွဲစိတ်မှု တစ်ရပ်ဖြစ်ပြီး ၎င်းဌာန၏ အကြိမ် (၅၀၀)မြောက် ခွဲစိတ်မှု အထိမ်း အမှတ်အဖြစ် အဆိုပါ ခွဲစိတ်မှုကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့် ပြသခဲ့သည်။ မိမိ အနေဖြင့် ကိုယ်ပိုင် တေး သီချင်း ဖြစ်သော ''Drunk again" ကိုတီးခတ်ရန် စိတ်အား ထက်သန်လျက် ရှိကြောင်း ကာတာက ကင်မရာမှ တစ်ဆင့် ပြောကြားခဲ့သည်။ ယင်းအမျိုးသားသည် ခွဲစိတ်မှု ပြုလုပ်စဉ် ဂီတာတီးသည့် ပထမဆုံး အမျိုးသား ဖြစ်လာခဲ့ကြောင်း သိရသည်။

ဘောလုံးဟာသ များး

















မေးလ်မှ တဆင့် ပြန်လည် ကူးယူ ဖော်ပြလိုက်တာပါ

ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်သော မြန်မာနှစ်သစ်ကူး စာပေ ဟောပြောပွဲ -(ရုပ်/သံ)ဆရာမဂျူး၊ဆရာ အော်ပီကျယ်




အလင်းအိမ် မိသားစုမှ ကြီးမှူးကျင်းပတဲ့ မြန်မာနှစ်သစ်ကူး စာပေ ဟောပြောပွဲ
ဆရာမဂျူးမှ စာပေ၏ အခန်းကဏ္ဍနှင့် ဆရာအော်ပီကျယ်မှ ဤခရီးနီးသလား ခေါင်းစဉ်များဖြင့် ဟောပြောသွားခဲ့သည်..

Video..zayyar20283

နံရံတွင် သမ္မတပုံဆွဲသူ ဒဏ်ငွေ ၁ သိန်း ချမှတ်ခံရ

သမ္မတဦးသိန်းစိန်ရဲ့ပုံကို နံရံမှာ ဂရပ်ဗတီ ပန်းချီရေးဆွဲခဲ့တဲ့ ကိုအာကာကျော် ဒဏ်ငွေ ၁ သိန်း ပေးဆောင်လိုက်ရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ပုံကို ချော်တွင်းကုန်း မီးပွိုင့်အနီးက အုတ်နံရံမှာ ဂရပ်ဗတီ လို့ အမည်တွင်တဲ့ နံရံပေါ်ပန်းချီရေးဆွဲခဲ့တဲ့ ကိုအာကာကျော်ကို လှိုင်မြို့နယ် စည်ပင်တရားရုံးက ဒီကနေ့ ဒဏ်ငွေ ၁ သိန်း ချမှတ်လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo_ Arker Kyaw Facebook

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More