Facebook ထဲကို ပို့ပေးပါ့မယ် Like လုပ်ခဲ့ပါနော်

လာလည် ကြတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် THANKS You ( Created By-NayMinKha )

News Post

Tuesday, June 11, 2013

အသရေဖျက်မှုဖြင့် The First Weekly ဒဏ်ငွေသုံးသောင်းပေးဆောင်ရန် အမိန့်ချခံရ

အသရေဖျက်မှုဖြင့် The First Weekly ဒဏ်ငွေသုံးသောင်းပေးဆောင်ရန် အမိန့်ချခံရ
....................................................................................
ရန်ကုန်၊ ဇွန် ၁၀

အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တစ်နှစ်နီးပါးကြာ တရားစွဲ ခံထား ရသော The First Weekly ဂျာနယ်က ဒဏ်ငွေ သုံးသောင်းပေးဆောင် ရန် ကျောက်တံတားမြို့နယ် တရားရုံးက ယနေ့ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာချုပ် ဦးအောင်စိုးသူက ပြောကြားသည်။

၂၀၁၂ ခုနှစ် မေလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသော ဂျာနယ်ပါ 'ဒလမြို့နယ်ဆိပ်ကမ်းတွင် ယာဉ်ရပ်နားခများ တိုးမြှင့်ကောက်ခံခြင်းအား ကားသမား အများစု မကျေနပ်' ဆိုသည့် သတင်းနှင့် ပတ်သက်၍ မကျေနပ် သဖြင့် ယာဉ်ရပ်နားခွင့် လေလံအောင်သူ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်သစ်သစ်ဆွေက မြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားရာမှ ရေးသားသူနှင့် အယ်ဒီတာ ချုပ်နှစ်ဦးကို တရားစွဲဆိုခဲ့သော အမှုနှင့်ပတ်သက်ပြီး ထိုသို့ စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်းတွင် နာမည်ခွင့်မတောင်းဘဲ ရေးသားခြင်းနှင့် စည်ပင်မှတစ်နာရီ
၂၀၀ ကောက်ခံရန် တရားဝင်ကြေညာထားသည်ကို သတင်းထောက်က စူးစမ်းမှုမရှိဘဲ ရေးသားသဖြင့် တရားလိုဒေါ်သစ်သစ်ဆွေ အနေနှင့် ထိခိုက် နစ်နာရသည်ဆိုကာ ဒဏ်ငွေသုံးသောင်း ပေးဆောင်ရန်နှင့်
မဆောင်နိုင်ပါက ထောင်ဒဏ် ခြောက်လ ကျခံစေရမည်ဟု စီရင်ချက်ချ ခဲ့ကြောင်း ဦးအောင်စိုးသူ၏ ပြောကြားချက်အရ သိရသည်။

"တရားရုံးရဲ့ စီရင်ချက်အပေါ် မှတ်ချက်မပေးလိုပါဘူး။ ဒီပုဒ်မနဲ့ တရားစွဲ ခံထားရတဲ့ ဂျာနယ်တွေအတွက် အခု စီရင်ချက်ကို စီရင်ထုံးတစ်ခု အနေနဲ့ ဖြစ်သွားမှာစိုးတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်" ဟု ဦးအောင်စိုးသူက ဆိုသည်။

တရားဥပဒေ၏ အကာအကွယ်ကို မျှမျှတတ ခံယူလိုပြီး အစိုးရသစ် လက်ထက် သမ္မတဦးသိန်းစိန် ပြောကြားသည့် ပြည်သူများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသော ကိစ္စများကို မီဒီယာများက ရေးသား
ရန် တိုက်တွန်းခဲ့သည့်အတွက် အဆိုပါ သတင်းကို ဌာနဆိုင်ရာ အရာရှိများ တစ်စုံတစ်ခုဆောင်ရွက်နိုင်ရန် စေတနာဖြင့်သာ ရေးသားခဲ့ခြင်းဖြစ်ကြောင်း
ဦးအောင်စိုးသူက ဆက်လက်ပြောကြားသည်။

လေလံအောင်ကုမ္ပဏီက ယာဉ်ရပ်နားခကို တစ်နာရီလျှင် ငွေကျပ် ၁၀၀ မှ ၂၀၀ သို့ တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်၍ ယာဉ်ရပ်နားခများ တိုးမြှင့်
ကောက်ခံခြင်းအား ကားသမားအများစု မကျေနပ်ဆိုသည့်သတင်းနှင့် ပတ် သက်ပြီး သတင်းထောက်နှင့် အယ်ဒီတာချုပ်တို့သည် တရားရုံးသို့တစ်ဦး လျှင် ငွေကျပ်သုံးသောင်း ပေးဆောင်ခဲ့ရကြောင်း ကာယကံရှင် များ ပြောကြားချက်အရ သိရသည်။

The Voice Weekly

နိုးထလာမည့် မြန်မာနိုင်ငံနှင့် ပါတ်ဝန်းကျင် နိုင်ငံများ၏ တုံ့ပြန်မှုများ

နိုးထလာမည့် မြန်မာနိုင်ငံနှင့် ပါတ်ဝန်းကျင် နိုင်ငံများ၏ တုံ့ပြန်မှုများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

မလေးရှားနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေ အသတ်ခံရခြင်းရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ရှိနေတယ်လို့ မြင်မိပေသည်..... ဘာကြောင့်လည်းဆိုတော့ စနစ်တကျ စီမံကိန်းချပြီး မြန်မာနိုင်ငံသားများကို သတ်နေချိန်နှင့် တပြိုင်နက်တည်း လိုလိုမှာပင် တရားဝင်သော၊ တရားမဝင်သော မြန်မာနိုင်ငံသားများအား ဖမ်းဆီးစစ်ဆေးခြင်းကို ပြုလုပ်နေခြင်းဟာ သာမန်တိုက်ဆိုင်မှု မဟုတ်ပါ......

ထိုကဲ့သို့ပင် မြန်မာနိုင်ငံအတွင်းတွင် ကုလား၊ ဗမာ ဖြစ်ခဲ့သည့် အဓိကရုဏ်းတိုင်းလိုလိုပင် လောင်စာပေါ်သို့ မီးစ စတင် ချပေးခဲ့သည်မှာ ကုလားများသာ ဖြစ်ခြင်းကလည်း အဆိုပါ သံသယကို ကြီးထွားစေပါတယ်..... နမူနာအားဖြင့် မိတ္ထီလာအရေးအခင်း ရွှေဆိုင်တွင် ဆိုင်ပိုင်ရှင်မှ နိုင်ထက်စီးနင်း ဆက်ဆံရာမှ စတင်ခဲ့ပေသည်..... ဥက္ကံအရေးအခင်းတွင် ဆွမ်းခံကြွလာသည့် ကိုရင်လေးအား ဆိုင်ကယ်မှတိုက်မိ၍ ရဲစခန်းတွင် ညှိနှိုင်းပြီးချိန်မှာ ဆိုင်ကယ်ပိုင်ရှင်၏ အမျိုးရောက်လာပီး ကိုရင်လေးနှင့် ဗုဒ္ဓဘာသာအား သိမ်းကြုံးစော်ကားရာမှ အရေးအခင်းဖြစ်ခဲ့ရသည်..... လားရှိုးတွင်လည်း မွတ်စလင် ဘာသာဝင်တစ်ဦးမှ ရှမ်းအမျိုးသမီးတစ်ဦးအား ဓါတ်ဆီလောင်း၍ မီးရှို့ရာမှ အဓိကရုဏ်း စတင်ခဲ့ရပေသည်.....

မလေးရှားတွင် ယခုလက်ရှိ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံသားများ အသတ်ခံရခြင်း၊ စနစ်တကျ စီမံကိန်းများ ချမှတ်၍ မြန်မာနိုင်ငံသား လုပ်သားများအား အရေးယူဆောင်ရွက်နေခြင်းသည် မြန်မာပြည်တွင်းရှိ မြန်မာနိုင်ငံသားများအား ဒေါသသွေး ပွက်ပွက်ဆူလာစေပေသည်..... ထိုသို့ မြန်မာနိုင်ငံသားများမကျေမချမ်း ဖြစ်နေချိန်၊ တနည်းအားဖြင့် လောင်စာ ဆီ အဆင်သင့်ရှိနေချိန်တွင် မီးပွားလေး တစ်ခုသာ အဆိုပါ လောင်စာ ဆီ အပေါ် ကျရောက်သွားပါက တဟုန်းဟုန်း တောက်လောင်မည်မှာ အငြင်းပွားဖွယ် မရှိချေ.......

ထိုကဲ့သို့ အဓိကရုဏ်းများ မကြာခဏ ဖြစ်ပွားနေခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ တည်ငြိမ်ခြင်းမရှိမှုကို လက်ညှိုးထိုးစရာ ဖြစ်နေပေသည်..... မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုမရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လက်တွန့်နေပေမည်...... ၂၀၁၀ နောက်ပိုင်း အစိုးရသစ်အပေါ်တွင် အနောက်နိုင်ငံများမှ နွေးထွေးသည့် ဆက်ဆံမှုမျိုး၊ အများမျှော်လင့်မထားသည့် အခွင့်အရေးများ လျင်မြန်စွာ ဆင်းသက်လာခြင်းနှင့် တစ်ချိန်က သံတမန် ဆက်ဆံရေးပင် မရှိသည့် နိုင်ငံများမှ အရေးတယူ ဆက်ဆံလာခြင်းအပေါ် ပါတ်ဝန်းကျင် နိုင်ငံများသို့ များစွာ ရိုက်ခတ်မှု ရှိပေသည်......

အထူးသဖြင့် အာရှ၏ အိပ်ပျော်နေသည့် ခြင်္သေ့တစ်ကောင်ဖြစ်သော မြန်မာနိုင်ငံ နိုးထလာလျင် မည်သည့်နိုင်ငံများ စီးပွားရေး အကြီးအကျယ် ထိခိုက်သွားမည် ဆိုသည်ကို ချိန်ဆရန် လိုပေသည်..... အထူးသဖြင့် ထားဝယ်ရေနက်စီမံကိန်း ပြီးဆုံးသွားပါက မလ္လက္ကာ ရေလက်ကြားမှ အပင်ပန်းခံ သွားနေရသည့် ကုန်စည်အများစုသည် လျင်မြန် တိုတောင်း၍ လုံခြုံစိတ်ချရသော ထားဝယ်ဆိပ်ကမ်းမှ အများစု ဖြတ်သန်းသွားကြပေမည်..... အာရှ၏ Gateway အသစ်တစ်ခုဟုပင် တင်စားနေကြသည့် ထားဝယ်ဆိပ်ကမ်း စီမံကိန်း အောင်မြင်သွားပါက စီးပွားရေးနှင့် တိုင်းပြည်ဝင်ငွေ အကြီးအကျယ်ထိခိုက်မည့် နိုင်ငံများတွင် စင်္ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ ထိပ်ဆုံးတွင် ပါဝင်နေပေသည်.......

၂၀၁၅ တွင် အာဆီယံနိုင်ငံများအတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို စတင်ဆောင်ရွက်ပေတော့မည်...... ထိုအချိန်တွင် ရေခံ မြေခံကောင်းများစွာ ရှိနေသည့် မြန်မာနိုင်ငံသည် ယနေ့လို အချိန်အခါတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် တိုင်းပြည်အား တည်ဆောက်သွားပါက ဒေသတွင်း အခြားနိုင်ငံများအနေဖြင့် နောက်ကောက်ကျသွားစေမည့် အလားအလာများစွာဖြင့် ရှိနေပေသည်..... ယခုလက်ရှိ အရှေ့တောင်အာရှတွင် ခြေစွာနေသည့် နိုင်ငံများအနေဖြင့် တစ်ချိန်က ထိပ်ဆုံးတွင် ရှိခဲ့ဖူးသည့် မြန်မာနိုင်ငံ၏ အခြေအနေအား တွေးတော၍ ထိတ်လန့်နေခြင်းနှင့် ကြိုတင်ကာကွယ်ရန် ပြင်ဆင်နေမည်ကား သံသယဖြစ်ဖွယ် မရှိချေ......

မြန်မာနိုင်ငံ စီးပွားရေး ပွင့်လင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံသို့ ပြန်လည်၍ စီးဆင်းသွားမည့် လူ့စွမ်းအား အရင်းအမြစ်များမှာလည်း မြန်မာလုပ်သားများအပေါ် မှီခိုအားထားနေရသည့် စင်္ကာပူ၊ မလေးရှားတို့ကဲ့သို့ နိုင်ငံမျိုးအတွက် အကောင်းဆုံးသော ထိုးနှက်ချက် ဖြစ်နေပြန်သည်..... သို့ဖြစ်သည့်အတွက် ၂၀၁၅ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့်စတင်ချိန်တွင် မြန်မာနိုင်ငံအား ၎င်းတို့ ဝေစုခွဲဝေ မပေးနိုင်စေရန်အတွက် မြန်မာနိုင်ငံ စီးပွားရေး ခေါင်းထောင်မလာနိုင်စေရန် ပြုလုပ်လာမည်များကား သံသယဖြစ်ဖွယ်မရှိချေ..... တနည်းအားဖြင့် မြန်မာနိုင်ငံအား ပြည်တွင်းရေး မတည်ငြိမ်မှုများဖြင့် လုံးပန်းနေစေရန် လုပ်ဆောင်လာမည် ဖြစ်ပေသည်......

သို့ဖြစ်သည့်အတွက် မလေးရှားနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသားများ အသတ်ခံရမှု၊ မြန်မာနိုင်ငံသား လုပ်သားများအား ဖမ်းဆီးနေမှုများသည် အချိန်ကိုက် လုပ်ဆောင်နေခြင်းပင် ဖြစ်ပေသည်..... ထိုသို့ ပြုလုပ်ခြင်းကြောင့် ခံပြင်း နာကျဉ်းမှုဖြင့် ပြည့်နှက်နေသည့် မြန်မာနိုင်ငံသားများအား မီးစလေးတစ်ခု အစပျိုးလိုက်သည်နှင့်ပင် တဟုန်းဟုန်းတောက်လောင်မည့် မီးတောက်များ ဖြစ်လာပေတော့မည်...... ထိုသို့ဖြစ်လာပါက မြန်မာနိုင်ငံပြည်တွင်းရေး မတည်ငြိမ် ဖြစ်နေသောကြောင့် ၂၀၁၅ တွင် မြန်မာနိုင်ငံ နလံထူနိုင်မည် မဟုတ်တော့ချေ....... အထူးသဖြင့် မြန်မာနိုင်ငံ ပွင့်လင်းလာသည့်အပေါ် ၎င်းတို့ အကျိုးစီးပွား ထိခိုက်လာမည်ကို စိုးရိမ်၍ တုံ့ပြန်လာမည့် နိုင်ငံများ၏ လုပ်ရပ်အား သတိထားရှုမြင်သင့်ပေသည်.....

သို့ဖြစ်သည့်အတွက် စနစ်တကျ စီမံထားသည့် ထောင်ခြောက် သတ်ကွင်းထဲသို့ မြန်မာနိုင်ငံ မဆင်းသက်မိစေရန်မှာ လွန်စွာ အရေးကြီးပေသည်..... အဆိုပါ သတ်ကွင်းထဲသို့ ဝင်သွားမိပါက အထိနာမည်မှာ လက်ရှိ အစိုးရသာမက မြန်မာနိုင်ငံ တစ်ခုလုံးနှင့် နိုင်ငံသားများပင် ဖြစ်ပေသည်..... အဆိုပါ ပြဿနာများ၏ အကျိုးဆက်အား မပြေလည်မခြင်း ဖြေရှင်းနေရမည်မှာ လက်ရှိအစိုးရသာမက နောင်လာမည့် အစိုးရများတိုင် သက်ရောက်မည် ဖြစ်ပေသည်.....

ထို့ကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး အခွင့်အလမ်းများနှင့် ပါတ်ဝန်းကျင် နိုင်ငံများ၏ အကျိုးသက်ရောက်မှု၊ လွှမ်းမိုးမှုမှသည် အမျိုးသား အကျိုးစီးပွား အားပြိုင်မှုများတွင် မြန်မာနိုင်ငံ နောက်ကောက်ကျ အထိုးမခံရစေရန်မှာ တိုင်းသူ ပြည်သားများ၊ အုပ်ချုပ်သူ အစိုးရသမကာ အတိုက်အခံများပါ ဝိုင်းဝန်းကြိုးပန်းမှသာ ကာကွယ်နိုင်မည် ဖြစ်ပေသည်.....

အထူးသဖြင့် နိုးထလာမည့် မြန်မာနိုင်ငံတည်းဟုသော ခြင်္သေ့အား အင်အားကျုံလှီစေရန် ကြိုးပန်းလာမည်ကို ဝိုင်းဝန်းကာကွယ်နိုင်မှသာ မြန်မာနိုင်ငံ၏ အနာဂါတ် သာယာလှပမည် ဖြစ်သည်ကို သတိပြုသင့်သည်ဟုသာ အသိပေးလိုက်ရပေသည်.....

[James Mint]

""သားထံမှ ဖုန်းမျှော်နေရှာသူ မိခင် ဖခင်တို့ အတွက် စိတ်မကောင်းစရာသတင်းပါ ""

""သားထံမှ ဖုန်းမျှော်နေရှာသူ မိခင် ဖခင်တို့ အတွက်
စိတ်မကောင်းစရာသတင်းပါ ""

(အဖ ဦးစောလှစိန်+အမိဒေါ်နော်ဆဲဖေါ တို့၏သား)

မလေးရှားနိုင်ငံသို့ တရားဝင် လာသည်မှာ
( ၄ ) ရက် သာရှိပါသေးသည်။

ဆလာရန်း ဆေးရုံ ကြီးတွင်အတွင်းလူနာအဖြစ်
အိုင်စီယူ ဌာနတွင် အရေးပေါ်တင်ထားသည့်
Saw Bur Blu Gay passport MA 004462 ဖြစ်ပါသည်။

အသက် (၂၀ ) နှစ် ဧရာဝတီ တိုင်း၊
ငပုတောမြို့နယ်တွင်နေထိုင်ပါသည်။

၈-၆-၂၀၁၃ ရက် ယခုမလေးရှားစံတော်ချိန်( နေ့လည် ၁းနာရီ )
တွင်ဆလာရန်ဆေးရုံကြီး 4B တွင်သေဆုံးသွားခဲ့ပါသည်။

နောက်ထပ်ဝမ်းသာစရာသတင်းလေးတစ်ပုဒ် မလေး ရှားညီအကို မောင်နှမများရေ...။

နောက်ထပ်ဝမ်းသာစရာသတင်းလေးတစ်ပုဒ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မက်စ်မြန်မာကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော်က မလေးရှားနိုင်ငံတွင် အခက်အခဲတွေ့နေသော မြန်မာနိုင်ငံသားများအား လိုအပ်သည်များ ကူညီနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ အမှုဆောင်များအား စေလွှတ်မည်ဖြစ်ပြီး မလေးရှားရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာလိုပါက ဦးရေ (၁၀၀၀) စာ အတွက် လေယာဉ်လက်မှတ် အခမဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မလေးရှားရှိ ကပုန်း နာရေးကူညီမှု အသင်းသို့ ဒေါ်လာ ၂၀၀၀၀ ကို Eleven Media Group မှတစ်ဆင့် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

(မဖြစ်မနေလိုက်နာကြပါရန် တောင်းဆိုအပ်ပါသည်) မလေးရှားမှ ညီအကိုမောင်နှမ များ

"တစ်ဦးဆောင်သော်မရ ၊ တစ်သောင်းဆောင်သော်ရ၏" ဆိုသည့် ဆောင်ပုဒ်အတိုင်း မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့ဘ၀ အခက်အခဲ လုံခြုံမှု နဲ့ အကျပ်အတည်းများကို သက်ဆိုင်ရာ နှစ်ဖက်သော အစိုးရများ အာရုံစိုက်လာသည်အထိ ဆောင်ရွက်ကြပါစို့ -

(မဖြစ်မနေလိုက်နာကြပါရန် တောင်းဆိုအပ်ပါသည်)

မလေးရှားနိုင်ငံတွင်ရှိကြကုန်သော မြန်မာနိုင်ငံသားအပေါင်းတို့ (10.6.2013) တနလာင်္နေ့မှစ၍ အလုပ်မဆင်းကြရန် သတိပေးကြောင်းကြား၍
အသိပေး နှိုးဆော်အပ်ပါသည်။

ယခုမလေးရှားနိုင်ငံအတွင်းတွင် မြန်မာပြည်သားများ နေရာအနှံ့ အသတ်ခံနေရပါသည်။
အိုမြန်မာပြည်သား.... သင့်နေရာတွင် လုံခြုံမှုရှိသည်ဟု သင်ထင်သော်လည်း အခြားသောနေရာများတွင် နေ့တိုင်းခုတ်ထစ် သတ်ဖြတ်ခံနေရသည်ကို
သင်သိပါသလား။

အိုမြန်မာပြည်သား... သင့်နေရာနှင့် ပတ်ဝန်းကျင်တွင် နာစီလာမရောင်းသူ ခေါက်ဆွဲကြော်ရောင်းသူ မျက်နှာစိမ်းများ သင်တို့၏ သွားလာလှုပ်ရှားပုံကို
လေ့လာ၍နေသည်ကို သတိပြုမိပါသလား။

အိုမြန်မာပြည်သား... မလေးရှားအစိုးရမှ မြန်မာအလုပ်သမားများအပေါ် (လုံးဝ) အကာအကွယ် မပေးနိုင်သည်ကို သင်ယုံကြည်ပြီလား။ (ယုံသင့်ပြီ)

အိုမြန်မာပြည်သား... သင့်တွင်ပြဿနာဖြစ်က သင့်သူဌေးများမှလည်း မည်သို့မျှ အကာအကွယ် မပေးနိုင်သည်ကို သင်သိပါသလား။ (သူတို့တာဝန်မယူနိုင်ပါ)

အိုမြန်မာပြည်သား... သင့်ကိုမြန်မာအစိုးရဘက်မှလည်း တာဝန်မယူနိုင်သေးသည်ကို သင်သိပါသလား။

အိုမြန်မာပြည်သား...လူသတ်နေသူများမှာ ပတ်စ်ပို့များ နိုင်ငံသားကဒ်များ ကိုင်ဆောင်ထားပါသဖြင့် ရဲများမှအော်ပရာစီဖမ်းသော်လည်း မမိနိုင်တာ သင်သိပါသလား။

အိုမြန်မာပြည်သား... ဒီမလေးရှားနိုင်ငံတွင် သင့်ကိုဘာအန္တရာယ်မှမဖြစ်စေရပါဘူးဟု ဘယ်သူမှ အာမခံပေးနိုင်သူ မရှိတာသင်သိပါသလား။(သေချာစဉ်းစား)

ထို့ကြောင့်( 10. 6. 2013 ) တနလာင်္နေ့မှစတင်၍ မလေးရှားတွင်ရှိကြသော မြန်မာလေးသိန်းကျော်တို့ တစ်ညီတစ်ညွတ်တည်း အလုပ်မဆင်းဘဲနေကြရန် တောင်းဆိုအပ်ပါသည်။

စည်းလုံးညီညွတ်ကြပါ မြန်မာနိုင်ငံသားအပေါင်းတို့။

ဤစာကို ကျေးဇူးပြု၍ ရှယ်..လိုက် လုပ်ခြင်းဖြင့် ရပ်တန့်မနေကြဘဲ သူငယ်ချင်းအားလုံးသို့ မက်ဆေ့စ် များပေးပို့ခြင်းပြုလုပ်ကြပါရန် တောင်းဆိုအပ်ပါသည်။

(ကောင်းကင် ဆိုသူ မေးလ်မှ ပို့လာသောသတင်း ဖြစ်ပါသည်)
Photo: "တစ်ဦးဆောင်သော်မရ ၊ တစ်သောင်းဆောင်သော်ရ၏" ဆိုသည့် ဆောင်ပုဒ်အတိုင်း မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့ဘ၀ အခက်အခဲ လုံခြုံမှု နဲ့ အကျပ်အတည်းများကို သက်ဆိုင်ရာ နှစ်ဖက်သော အစိုးရများ အာရုံစိုက်လာသည်အထိ ဆောင်ရွက်ကြပါစို့ - (မဖြစ်မနေလိုက်နာကြပါရန် တောင်းဆိုအပ်ပါသည်) မလေးရှားနိုင်ငံတွင်ရှိကြကုန်သော မြန်မာနိုင်ငံသားအပေါင်းတို့ (10.6.2013) တနလာင်္နေ့မှစ၍ အလုပ်မဆင်းကြရန် သတိပေးကြောင်းကြား၍ အသိပေး နှိုးဆော်အပ်ပါသည်။ ယခုမလေးရှားနိုင်ငံအတွင်းတွင် မြန်မာပြည်သားများ နေရာအနှံ့ အသတ်ခံနေရပါသည်။ အိုမြန်မာပြည်သား.... သင့်နေရာတွင် လုံခြုံမှုရှိသည်ဟု သင်ထင်သော်လည်း အခြားသောနေရာများတွင် နေ့တိုင်းခုတ်ထစ် သတ်ဖြတ်ခံနေရသည်ကို သင်သိပါသလား။ အိုမြန်မာပြည်သား... သင့်နေရာနှင့် ပတ်ဝန်းကျင်တွင် နာစီလာမရောင်းသူ ခေါက်ဆွဲကြော်ရောင်းသူ မျက်နှာစိမ်းများ သင်တို့၏ သွားလာလှုပ်ရှားပုံကို လေ့လာ၍နေသည်ကို သတိပြုမိပါသလား။ အိုမြန်မာပြည်သား... မလေးရှားအစိုးရမှ မြန်မာအလုပ်သမားများအပေါ် (လုံးဝ) အကာအကွယ် မပေးနိုင်သည်ကို သင်ယုံကြည်ပြီလား။ (ယုံသင့်ပြီ) အိုမြန်မာပြည်သား... သင့်တွင်ပြဿနာဖြစ်က သင့်သူဌေးများမှလည်း မည်သို့မျှ အကာအကွယ် မပေးနိုင်သည်ကို သင်သိပါသလား။ (သူတို့တာဝန်မယူနိုင်ပါ) အိုမြန်မာပြည်သား... သင့်ကိုမြန်မာအစိုးရဘက်မှလည်း တာဝန်မယူနိုင်သေးသည်ကို သင်သိပါသလား။ အိုမြန်မာပြည်သား...လူသတ်နေသူများမှာ ပတ်စ်ပို့များ နိုင်ငံသားကဒ်များ ကိုင်ဆောင်ထားပါသဖြင့် ရဲများမှအော်ပရာစီဖမ်းသော်လည်း မမိနိုင်တာ သင်သိပါသလား။ အိုမြန်မာပြည်သား... ဒီမလေးရှားနိုင်ငံတွင် သင့်ကိုဘာအန္တရာယ်မှမဖြစ်စေရပါဘူးဟု ဘယ်သူမှ အာမခံပေးနိုင်သူ မရှိတာသင်သိပါသလား။(သေချာစဉ်းစား) ထို့ကြောင့်( 10. 6. 2013 ) တနလာင်္နေ့မှစတင်၍ မလေးရှားတွင်ရှိကြသော မြန်မာလေးသိန်းကျော်တို့ တစ်ညီတစ်ညွတ်တည်း အလုပ်မဆင်းဘဲနေကြရန် တောင်းဆိုအပ်ပါသည်။ စည်းလုံးညီညွတ်ကြပါ မြန်မာနိုင်ငံသားအပေါင်းတို့။ ဤစာကို ကျေးဇူးပြု၍ ရှယ်..လိုက် လုပ်ခြင်းဖြင့် ရပ်တန့်မနေကြဘဲ သူငယ်ချင်းအားလုံးသို့ မက်ဆေ့စ် များပေးပို့ခြင်းပြုလုပ်ကြပါရန် တောင်းဆိုအပ်ပါသည်။ (ကောင်းကင် ဆိုသူ မေးလ်မှ ပို့လာသောသတင်း ဖြစ်ပါသည်)
Like · · Promote · Share
Khine Soe

ဒုက္ခရောက်နေတဲ့ မြန်မာမိန်းခလေးများ အမြန်ဆုံး ဝိုင်းကူညီပေးကြပါ ( အရေးပေါ် သတင်း )

ဒုက္ခရောက်နေတဲ့ မြန်မာမိန်းခလေးများ
အမြန်ဆုံး ဝိုင်းကူညီပေးကြပါ
^^^^^^^^^^^^^^^^^^^^^
၂၀၁၃ဇွန်၉ရက်နေ့ ညနေ ၇နာရီ၁၇မိနှစ် က မ လေးရှား ကွမ်လာလာပူ ၇မိုင် ဘယ်ထူးမြို့  ရှားလမ်းရှိ Cannon ကန်နွန်ကင် မရာ စက် ရုံ မှာအလုပ်လုပ်တဲ့ မသဲသဲက လှန်းဖုန်းဆက် ပါတယ်။
သူတို့ ကိုအမြန်ဆုံးကူညီပေးပါတဲ့ ဒုက္ခ ရောက်နေလိုပါ အပြင် လည်းမထွက် ရဲဘူး ဖြစ်နိုင် မယ်ဆိုရင် မြန်မာပြည်ပဲ ပြန်ခြင် တော့တယ် စားစရာလည်း ရှားနေပါပြီ သူတို့ ဆီမှာ အလုပ်သမ ၃၀၀ ကျော်ရှိတယ် ဝန်ထမ်း ဉီးရေက ၅၀၀ကျော်ရှိတယ်တဲ့ သူမသည် မန္တလေး ပြည်ကြီးတံခွန်မြို့ နယ် နေတံစိပ် ဓါတ်ခဲစက် ရုံမှာ လုပ်ခဲ့တဲ့ ဝန်ထမ်းဟောင်း တစ်ဉီးဖြစ်ပါတယ်။

မလေးရှားက သူမဆက် သွယ်သော ဖုန်းနံပါတ်မှာ
0060169980601 ဖြစ်ပါတယ်
နိုင် ငံခြားနှင့် ချိပ်ဆပ်ကူညီပေးနိုင် မဲ့သူ များ အမြန်ဆုံး ဝိုင်းဝန်းကူညီပေးကြပါ
_______________________
Chitthu Sky ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

Monday, June 10, 2013

May Toe Khaing - Photographer (LMN)

May Toe Khaing - Photographer (LMN)


May Toe Khaing - Photographer (LMN)
May Toe Khaing

May Toe Khaing - Photographer (LMN)
May Toe Khaing - Model Myanmar 

Related Posts Plugin for WordPress, Blogger...

Online Readers:

နိုင်ငံတကာ ရုပ်သံ သတင်းများ ကြည့်ရန် ကလစ်ပါ

Twitter Delicious Facebook Digg Stumbleupon Favorites More